Romanos 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ထို့ကြောင့် သင်သည် မည်သူပင်ဖြစ်စေကာမူ သူတစ်ပါးအား တရားစီရင်နိုင်သောအခွင့်မရှိပေ။ အကြောင်းမူကား တရားစီရင်သူဖြစ်သော သင်သည် တူညီသောအပြစ်များကို ကျူးလွန်ပါလျက်နှင့် သူတစ်ပါးကို အပြစ်စီရင်လျှင် မိမိကိုယ်တိုင် ကိုလည်း အပြစ်စီရင်ရာရောက်၏။-
1 Portanto, você, que julga, os outros é indesculpável; pois está condenando a si mesmo naquilo em que julga, visto que você, que julga, pratica as mesmas coisas.
2 ဘုရားသခင်၏စီရင်ချက်သည် ထိုကဲ့သို့သောအကျင့်များကို ပြုသူတို့အပေါ်သို့ ဖြောင့်မတ်မှန်ကန်စွာ ကျရောက်တတ် ကြောင်းကို ငါတို့အသိပင်ဖြစ်၏။-
2 Sabemos que o juízo de Deus contra os que praticam tais coisas é conforme a verdade.
3 ထိုသို့သောအမှုတို့ကို သင်ကိုယ်တိုင်ပြုလုပ်နေပါလျက်နှင့် သူတစ်ပါးပြုလုပ်သည်ကို စစ်ကြောစီရင်သောအခါ သင်သည် ဘုရားသခင်၏ စီရင်တော်မူခြင်းမှ ကင်းလွတ်လိမ့်မည်ဟု ထင်မှတ်သလော။-
3 Assim, quando você, um simples homem, os julga, mas pratica as mesmas coisas, pensa que escapará do juízo de Deus?
4 သို့မဟုတ်ပါကလည်း သင်သည် ဘုရားသခင်၏ကြွယ်၀သော သနားကရုဏာတော်၊ သည်းခံခြင်းနှင့် စိတ်ရှည်တော်မူခြင်း တို့ကို လျစ်လျူရှုထားပါသလော။ ဘုရားသခင်၏ သနားကရုဏာတော်သည် သင့်အား နောင်တသံဝေဂရစေရန် ပို့ဆောင် ပေးလျက်ရှိသည်ကို သင်မသိပါသလော။-
4 Ou será que você despreza as riquezas da sua bondade, tolerância e paciência, não reconhecendo que a bondade de Deus o leva ao arrependimento?
5 သို့ရာတွင် ခက်ထန်မာကျော၍ နောင်တမရသော သင်၏စိတ်နှလုံးအားဖြင့် သင်သည် ဘုရားသခင်၏ ဖြောင့်မှန်သောတရား စီရင်ချက်ထင်ရှားလာမည့် အမျက်တော်သင့်သောနေ့၌ သင့်အတွက် အမျက်တော်ကိုစုဆောင်းနေလေပြီ။-
5 Contudo, por causa da sua teimosia e do seu coração obstinado, você está acumulando ira contra si mesmo, para o dia da ira de Deus, quando se revelará o seu justo julgamento.
6 အကြောင်းမူကား ထိုနေ့ရက်၌ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့၏အကျင့်နှင့် ထိုက်တန်သည့်အတိုင်း ပေးအပ်တော်မူလိမ့်မည်။-
6 Deus "retribuirá a cada um conforme o seu procedimento".
7 ကောင်းသောအကျင့်ကို စွဲစွဲမြဲမြဲကျင့်ကြံလျက် ဘုန်းတော်ထွန်းလင်းခြင်းကိုလည်းကောင်း၊ ဂုဏ်တော်တိုးပွားစေခြင်း ကိုလည်းကောင်း၊ မသေမပျောက်နိုင်သော ဘ၀ကိုလည်းကောင်း ရှာကြသောသူတို့အား ဘုရားသခင်သည် ထာ၀ရအသက်ကို ပေးတော်မူလိမ့်မည်။-
7 Ele dará vida eterna aos que, persistindo em fazer o bem, buscam glória, honra e imortalidade.
8 သို့ရာတွင် တစ်ကိုယ်ကောင်းဆန်၍ အမှန်တရားကိုမလိုက်ဘဲ မတရားသဖြင့်ကျင့်သော သူတို့အပေါ် အမျက်တော်နှင့် အပြစ်ဒဏ်သက်ရောက်လိမ့်မည်။-
8 Mas haverá ira e indignação para os que são egoístas, que rejeitam a verdade e seguem a injustiça.
9 ဦးစွာပထမ ဂျူးလူမျိုးများ၊ ထို့နောက် ဂရိလူမျိုးတို့တွင် မကောင်းမှုပြုသူအပေါင်းတို့သည် ဆင်းရဲဒုက္ခနှင့် ပူပန်သောက ရောက်ကြလိမ့်မည်။-
9 Haverá tribulação e angústia para todo ser humano que pratica o mal: primeiro para o judeu, depois para o grego;
10 ကောင်းမှုပြုသောသူတို့မူကား ဘုန်းသရေကိုလည်းကောင်း၊ လေးစားဂုဏ်ပြုခြင်းကိုလည်းကောင်း၊ ငြိမ်းချမ်းသာယာခြင်းကိုလည်းကောင်း ခံစားကြရလိမ့်မည်။ ထိုသို့ခံစားကြသူတို့မှာ ဦးစွာပထမဂျူးလူမျိုးများဖြစ်ပြီး ထို့နောက် ဂရိလူမျိုးများလည်း ပါဝင်ကြလိမ့်မည်။-
10 mas glória, honra e paz para todo o que pratica o bem: primeiro para o judeu, depois para o grego.
11 အကြောင်းမူကား ဘုရား သခင်သည် ဘက်လိုက်ခြင်းမရှိသောကြောင့်တည်း။
11 Pois em Deus não há parcialidade.
12 ပညတ်တရားမရှိဘဲ အပြစ်ကျူးလွန်သောသူအားလုံးတို့သည် ပညတ်တရားမပါဘဲ ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ်တရားကိုသိလျက်နှင့် အပြစ်ကျူးလွန်သောသူတို့သည်ကား ပညတ်တရားဖြင့်စီရင်ခြင်းကို ခံကြရလိမ့်မည်။-
12 Todo aquele que pecar sem a lei, sem a lei também perecerá, e todo aquele que pecar sob a lei, pela lei será julgado.
13 အကြောင်းမူကား ပညတ်တရားကို ကြားနာသောသူတို့သည် ဘုရားသခင်၏ရှေ့မှောက်၌ ဖြောင့်မတ်ကြသည်မဟုတ်ဘဲ ပညတ်တရားကို ကျင့်ကြံသောသူတို့သည်သာ ဖြောင့်မတ်ကြလိမ့်မည်။-
13 Porque não são os que ouvem a Lei que são justos aos olhos de Deus; mas os que obedecem à lei, estes serão declarados justos.
14 လူမျိုးခြားတို့၌ ပညတ်တရားမရှိသော်လည်း ပညတ်တရား၏ပြဋ္ဌာန်းချက်များကို သဘာ၀အလျောက်ပြုကျင့်ကြသောအခါ ယင်းတို့သည် သူတို့အတွက် ပညတ်တရားဖြစ်လာ၏။-
14 ( De fato, quando os gentios, que não têm a lei, praticam naturalmente o que ela ordena, tornam-se lei para si mesmos, embora não possuam a lei;
15 ပညတ်တရား၏ပြဋ္ဌာန်းချက်များသည် သူတို့၏နှလုံးသားတွင် ရေးသားထားလျက်ရှိကြောင်း သူတို့ပြသကြ၏။ သူတို့၏ အသိစိတ်သည်လည်း သက်သေခံလေ၏။ အကြောင်းမူကား သူတို့၏အတွေးတို့သည် သူတို့အား တစ်ခါတစ်ရံ အပြစ်တင် လျက်ရှိပြီး တစ်ခါတစ်ရံ ခွင့်လွှတ်လျက်ရှိသောကြောင့်ဖြစ်၏။-
15 pois mostram que as exigências da lei estão gravadas em seus corações. Disso dão testemunho também a consciência e os pensamentos deles, ora acusando-os, ora defendendo-os. )
16 တရားစီရင်တော်မူသောနေ့၌ ငါဟောပြောသော ဧဝံဂေလိသတင်းကောင်းအတိုင်း ဘုရားသခင်သည် ယေဇူးခရစ်တော် အားဖြင့် လူခပ်သိမ်းတို့၏ လျှို့ဝှက်သောအကြံအစည်များ ကို စစ်ဆေးစီရင်တော်မူလိမ့်မည်။
16 Isso acontecerá no dia em que Deus julgar os segredos dos homens, mediante Jesus Cristo, conforme o declara o meu evangelho.
17 သင်သည် မိမိကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆို၍ ပညတ်တရားကိုအားကိုးလျက် ဘုရားသခင်နှင့် သင်၏ဆက်နွယ်မှုကို ကြွားဝါလျှင်လည်းကောင်း၊-
17 Ora, você que leva o nome de judeu, apóia-se na lei e orgulha-se em Deus;
18 သင်သည် ကိုယ်တော်၏အလိုတော်ကိုသိ၍ ပညတ်တရား၏ သွန်သင်လမ်းညွန်မှုအားဖြင့် အမှားအမှန်ကို သိမြင်သောသူ ဟူ၍လည်းကောင်း၊-
18 se você conhece a vontade de Deus e aprova o que é superior, porque é instruído pela lei;
19 မိမိသည် မျက်မမြင်တို့၏လမ်းပြ၊ အမှောင်တွင်ရှိသောသူတို့၏အလင်း၊-
19 se está convencido de que é guia de cegos, luz para os que estão em trevas,
20 လူမိုက်တို့ကို ဆုံးမပဲ့ပြင်သောသူ၊ ငယ်ရွယ်သူတို့ကို သွန်သင်သောဆရာ ဖြစ်သည်ဟူ၍လည်းကောင်း အမှန်ပင်ယုံကြည်ပြီး ပညတ်တရား၌ အသိပညာနှင့် သမ္မာတရားအလုံးစုံတို့ ပါဝင်သည်ကိုလည်း သေချာစွာသိပါလျှင်၊-
20 instrutor de insensatos, mestre de crianças, porque tem na lei a expressão do conhecimento e da verdade;
21 သင်သည် သူ တစ်ပါးတို့အား သွန်သင်ဆုံးမသူဖြစ်လျက်နှင့် အဘယ်ကြောင့် သင့်ကိုယ်သင် သွန်သင်ဆုံးမခြင်းမရှိသနည်း။ ခိုးယူခြင်းမပြုရန် သင်သွန်သင်ဆုံးမလျက်ပင် အဘယ်ကြောင့် သင်ကိုယ်တိုင်ခိုးယူပါသနည်း။-
21 então você, que ensina os outros, não ensina a si mesmo? Você, que prega contra o furto, furta?
22 သူ၏မယားကို မပြစ်မှားနှင့်ဟု သင်ဆိုလျက် အဘယ်ကြောင့် သင်ကိုယ်တိုင်ပြစ်မှားပါသနည်း။ ရုပ်တုကို စက်ဆုပ်ရွံရှာလျက်နှင့်ပင် အဘယ်ကြောင့် ဗိမာန်တော်များကို လုယူဖျက်ဆီးပါသနည်း။-
22 Você, que diz que não se deve adulterar, adultera? Você, que detesta ídolos, rouba-lhes os templos?
23 သင်သည် ပညတ်တရားကိုအမှီပြု၍ ဂုဏ်ယူဝါကြွားလျက်ပင် အဘယ်ကြောင့် ပညတ်တရားကို ချိုးဖောက်ခြင်းအားဖြင့် ဘုရားသခင်၏ ဂုဏ်သရေတော်ကို ရှုတ်ချပါသနည်း။-
23 Você, que se orgulha na lei, desonra a Deus, desobedecendo à lei?
24 အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား လူမျိုးခြားတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ နာမတော်ကို ထိခိုက်စော်ကားကြ၏ ဟူ၍ဖြစ်သတည်း။
24 Como está escrito: "O nome de Deus é blasfemado entre os gentios por causa de vocês".
25 သင်သည် ပညတ်တရားကို လိုက်နာစောင့်ထိန်းသူဖြစ်ပါလျှင် သင်၏အရေဖျားလှီးခြင်းမင်္ဂလာသည် အကျိုးရှိ၏။ သို့ရာတွင် သင်သည် ပညတ်တရားကို ချိုးဖောက်လျှင်မှု အရေဖျားလှီးခံခြင်းသည် အရေဖျားလှီး မခံခြင်းကဲ့သို့ပင်ဖြစ်လိမ့်မည်။-
25 A circuncisão tem valor se você obedece à lei; mas, se você desobedece à lei, a sua circuncisão já se tornou incircuncisão.
26 ထို့ကြောင့် အရေဖျားလှီးခြင်းကို မခံသောလူမျိုးခြားတစ်ဦးသည် ပညတ်တရား၏ ပြဋ္ဌာန်းချက်များကို ထိန်းသိမ်း လိုက်နာခဲ့ပါလျှင် အရေဖျားလှီးခြင်းမခံသောထိုသူကို အရေဖျားလှီးခြင်းခံယူသူကဲ့သို့ မှတ်ယူရမည်မဟုတ်လော။-
26 Se aqueles que não são circuncidados obedecem aos preceitos da lei, não serão eles considerados circuncidados?
27 သင်တို့၌ ရေးသားထားသော ပညတ်တရားရှိ၍ အရေဖျားလှီးခြင်းခံယူကြသော်လည်း ပညတ်တရားကို သင်တို့ချိုးဖောက်ကြ၏။ သို့ဖြစ်၍ ကိုယ်ကာယ၌ အရေဖျားလှီးခြင်းကိုမခံသော်လည်း ပညတ်တရားကို ကျင့်ကြံသော သူတို့သည် သင်တို့ကို အပြစ်စီရင်ကြလိမ့်မည်။-
27 Aquele que não é circuncidado fisicamente, mas obedece à lei, condenará você que, tendo a lei escrita e a circuncisão, é transgressor da lei.
28 အကြောင်းမူကား အပြင်အပအားဖြင့် ဂျူးလူမျိုးဖြစ်သော သူတစ်ဦးသည် ဂျူးလူမျိုး အစစ်အမှန်မဟုတ်ချေ။ အပြင်အပ အားဖြင့်သာ မိမိအသားကို အရေဖျားလှီးခြင်းသည်လည်း အရေဖျားလှီးခြင်း မင်္ဂလာအစစ်အမှန်မဟုတ်ချေ။-
28 Não é judeu quem o é apenas exteriormente, nem é circuncisão a que é meramente exterior e física.
29 အတွင်းစိတ်အားဖြင့် ဂျူးလူမျိုးဖြစ်သောသူသည် ဂျူးလူမျိုးအမှန်ဖြစ်၏။ စစ်မှန်သော အရေဖျားလှီးခြင်းသည်လည်း စိတ်နှလုံးနှင့် သက်ဆိုင်သောအရာဖြစ်၏။ ၎င်းသည် ရေးထားသော ပညတ်တရားကြောင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် ဖြစ်၏။ ထိုသူခံရသည့်ချီးမွမ်းခြင်းသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှဖြစ်၏။
29 Não! Judeu é quem o é interiormente, e circuncisão é a operada no coração, pelo Espírito, e não pela lei escrita. Para estes o louvor não provém dos homens, mas de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.