Romanos 14
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ယုံကြည်ခြင်း၌ အားနည်းသောသူကို လက်ခံကြလော့။ သို့သော် သူ၏ခံယူချက်များအပေါ် ဆွေးနွေးငြင်းခုံခြင်း မပြုကြနှင့်။-
1 Acolham quem é fraco na fé, não, porém, para discutir opiniões.
2 တစ်ဦးတစ်ယောက်က သူသည် မည်သည့်အစားအစာကိုမဆို စားနိုင်သည်ဟု ယုံကြည်သော်လည်း ယုံကြည်ခြင်း အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာလျှင် စား၏။-
2 Um crê que pode comer de tudo, mas quem é fraco na fé come legumes.
3 အမျိုးမျိုးသော အစားအစာကို စားကြသောသူသည် အစားအစာကို ရှောင်ကြဉ်သောသူအား မထီမဲ့မြင်မပြုစေနှင့်။ အစာကို ရှောင်ကြဉ်သောသူသည်လည်း အစာစားသောသူအား ပြစ်တင်ဝေဖန်ခြင်းမပြုစေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ထိုသူ့ကို လက်ခံတော်မူခဲ့ပြီးဖြစ်၏။-
3 Quem come de tudo não deve desprezar o que não come; e o que não come não deve julgar o que come de tudo, porque Deus o acolheu.
4 သင်သည် မည်သို့သောသူဖြစ်၍ အခြားသူတစ်ဦး၏အစေခံကို စီရင်ဆုံးဖြတ်သနည်း။ ထိုသူအောင်မြင်သည်၊ မအောင်မြင်သည်ကို သူ၏သခင်စီရင်ဆုံးဖြတ်လိမ့်မည်။ သို့ရာတွင် သူသည် အောင်မြင်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကို အောင်မြင်စေခြင်းငှာ တတ်နိုင်တော်မူ၏။
4 Quem é você para julgar o servo alheio? Para o seu próprio dono é que ele está em pé ou cai; mas ficará em pé, porque o Senhor é poderoso para o manter em pé.
5 တစ်ယောက်သောသူက နေ့ရက်တစ်ရက်သည် အခြားနေ့ရက်တစ်ရက်ထက် သာ၍ကောင်းမြတ်သည်ဟု ယူဆနေချိန်တွင် အခြားသူတစ်ယောက်က နေ့ရက်အားလုံး ညီတူညီမျှဖြစ်သည်ဟု ယူဆ၏။ လူတိုင်းသည် မိမိတို့ထင်မြင်ယူဆချက်အပေါ် အပြည့်အဝယုံကြည်ကြပါစေ။-
5 Alguns pensam que certos dias são mais importantes do que os demais, mas outros pensam que todos os dias são iguais. Cada um tenha opinião bem-definida em sua própria mente.
6 နေ့ရက်တစ်ရက်ကို စောင့်ထိန်းသောသူသည် ဘုရားသခင်၏ဂုဏ်တော်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ အစာစားသော သူသည်လည်း ဘုရားသခင်၏ဂုဏ်တော်အတွက် အစာစားခြင်းဖြစ်၏။ အကြောင်းမူကား သူသည် သခင်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ အစာရှောင်သောသူသည်လည်း သခင်ဘုရား၏ဂုဏ်တော်အတွက် အစာရှောင်ခြင်းဖြစ်၍ သူသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလေ၏။-
6 Quem pensa que certos dias são mais importantes faz isso para o Senhor. Quem come de tudo faz isso para o Senhor, porque dá graças a Deus. E quem não come de tudo é para o Senhor que não come e dá graças a Deus.
7 ငါတို့တွင် မည်သူမျှ မိမိအတွက်သာ အသက်ရှင်သည်မဟုတ်။ မည်သူမျှလည်း မိမိအတွက် အသက်သေသည်မဟုတ်။-
7 Porque nenhum de nós vive para si mesmo, nem morre para si.
8 ငါတို့သည် အသက်ရှင်ကြလျှင် သခင်ဘုရားအတွက် အသက်ရှင်ခြင်းဖြစ်၍ သေကြလျှင်လည်း သခင်ဘုရားအတွက် သေခြင်းဖြစ်၏။ ထို့ကြောင့် ငါတို့အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါတို့သည် သခင်ဘုရားပိုင်ဆိုင်သော သူများဖြစ်ကြ၏။-
8 Porque, se vivemos, é para o Senhor que vivemos; se morremos, é para o Senhor que morremos. Quer, pois, vivamos ou morramos, somos do Senhor.
9 ထိုအကြောင်းကြောင့်ပင် ခရစ်တော်သည် သေသူရှင်သူတို့၏ အရှင်သခင်ဖြစ်အံ့သောငှာ အသေခံပြီးမှ တစ်ဖန် အသက်ပြန်ရှင်တော်မူ၏။
9 Foi precisamente para esse fim que Cristo morreu e tornou a viver: para ser Senhor tanto de mortos como de vivos.
10 သို့ဖြစ်လျှင် သင်သည် သင်၏ညီအစ်ကိုအပေါ် အဘယ်ကြောင့် အပြစ်စီရင်သနည်း။ သင်သည် အဘယ်ကြောင့် သင်၏ ညီအစ်ကိုအား မထီမဲ့မြင်ပြုသနည်း။ အကြောင်းမူကား ငါတို့အားလုံးသည် ဘုရားသခင်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ကြရမည်ဖြစ်၏။-
10 Você, porém, por que julga o seu irmão? E você, por que despreza o seu irmão? Pois todos temos de comparecer diante do tribunal de Deus.
11 ကျမ်းစာလာသည်ကား ငါသည် အသက်ရှင်သောဘုရား ဖြစ်တော်မူ ၍ ငါ၏အထံတော်၌ လူတိုင်းဒူးတုပ်ပျပ်ဝပ်ရလိမ့်မည်။ လူတိုင်းသည် ဘုရားသခင်အား မိမိတို့၏နှုတ်ဖြင့် ချီးမွမ်းထောမနာပြုရမည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏ ဟူ၍ဖြစ်၏။-
11 Como está escrito: “Por minha vida, diz o Senhor, diante de mim se dobrará todo joelho, e toda língua dará louvores a Deus.”
12 သို့ဖြစ်၍ ငါတို့အသီးသီးသည် ကိုယ်တိုင်ကျင့်သောအမှုတို့အတွက် ဘုရားသခင်အား ကိုယ်တိုင် အစီရင်ခံကြရလိမ့်မည်။
12 Assim, pois, cada um de nós prestará contas de si mesmo diante de Deus.
13 ထို့ကြောင့် ငါတို့သည် အချင်းချင်းအပြစ်စီရင်ခြင်း မပြုဘဲနေကြစို့။ ထိုသို့ပြုလုပ်မည့်အစား ညီအစ်ကိုအား လမ်းမှားသို့ ကျရောက်စေမည့်အပြုအမူကိုမလုပ်ရန်နှင့် ညီအစ်ကိုတစ်ဦး၏လမ်းတွင် အတားအဆီးမဖြစ်ကြစေရန် ရှောင်ကြဉ်ကြကုန်စို့။-
13 Portanto, deixemos de julgar uns aos outros. Pelo contrário, tomem a decisão de não pôr tropeço ou escândalo diante do irmão.
14 မည်သည့်အစားအစာမျှ ၎င်း၏ပကတိအနေနှင့် မညစ်ညူးကြောင်းကို ငါသည် ယေဇူးသခင်ကိုအမှီပြုလျက် သိရှိလက်ခံပြီးဖြစ်၏။ သို့သော်လည်း ထိုအစားအစာကို ညစ်ညူးသည်ဟု ထင်မြင်ယူဆသူတို့အတွက် ယင်းသည် ညစ်ညူး၏။-
14 Eu sei e estou persuadido, no Senhor Jesus, de que nada é impuro em si mesmo, a não ser para aquele que pensa que alguma coisa é impura; para esse é impura.
15 အကယ်၍ သင်၏ညီအစ်ကိုသည် သင်စားသောအစားအစာကြောင့် စိတ်ထိခိုက်ရလျှင် သင်သည် မေတ္တာတရားနှင့်အညီ ကျင့်နေသည်မဟုတ်။ သင်၏အစာစားခြင်းသည် ခရစ်တော်အသက်ပေး၍ ကယ်တင်တော်မူသောသူအတွက် ဆုံးရှုံးနစ်နာမှု မဖြစ်စေနှင့်။-
15 Se o seu irmão fica triste por causa do que você come, você já não anda segundo o amor. Não faça perecer, por causa daquilo que você come, aquele por quem Cristo morreu.
16 သို့ဖြစ်၍ သင်တို့၏ကောင်းမှုသည် မကောင်းမှုအဖြစ် ပြောဆိုခြင်း မခံရပါစေနှင့်။-
16 Não seja, pois, difamado aquilo que vocês consideram bom.
17 အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်းနှင့် သောက်ခြင်းမဟုတ်ဘဲ ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းသာ ယာခြင်းနှင့် ဝိညာဉ်တော်မြတ်၌ ဝမ်းမြောက်ရွှင်လန်းခြင်းတို့ပင်ဖြစ်၏။-
17 Porque o Reino de Deus não é comida nem bebida, mas justiça, paz e alegria no Espírito Santo.
18 ခရစ်တော်ကို ဤကဲ့သို့အစေခံသောသူသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်၍ လူတို့၏ချီးမွမ်းခြင်းကိုလည်း ခံရ၏။-
18 Aquele que deste modo serve a Cristo é agradável a Deus e aprovado pelas pessoas.
19 ထို့ကြောင့် ငြိမ်းချမ်းခြင်းနှင့် အချင်းချင်းထောက်ပံ့ကူညီမှု ရှိစေသည့်အရာများကို လုပ်ဆောင်ကြကုန်စို့။-
19 Assim, pois, sigamos as coisas que contribuem para a paz e também as que são para a edificação mútua.
20 အစားအစာအတွက်ကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးလေနှင့်။ အစား အစာဟူသမျှသည် အမှန်ပင် စင်ကြယ်၏။ သို့ရာတွင် တစ်စုံတစ်ယောက်သည် မိမိစားသောအစာကြောင့် အခြားသူတို့အား လမ်းမှားသို့ရောက်စေလျှင် မှားယွင်းလေ၏။-
20 Não destrua a obra de Deus por causa da comida. Todas as coisas, na verdade, são puras, mas não é bom quando alguém come algo que causa escândalo.
21 သင်၏ညီအစ်ကိုအား လမ်းမှားသို့ရောက်စေသည့် အသားစားခြင်းနှင့် စပျစ်ရည်သောက်ခြင်းမှစ၍ မည်သည့် အပြုအမူကိုမဆို မပြုလုပ်လျှင် မှန်ကန်သင့်မြတ်ပေ၏။
21 É bom não comer carne, nem beber vinho, nem fazer qualquer outra coisa que leve um irmão a tropeçar.
22 သင်၌ရှိသောယုံကြည်ခြင်းကို ဘုရားသခင်နှင့် သင်သာသိပါစေ။ မိမိလက်ခံသောအရာအားဖြင့် မိမိကိုယ်ကို မစီရင်ရသောသူသည် မင်္ဂလာရှိ၏။-
22 A fé que você tem, guarde-a para você mesmo diante de Deus. Bem-aventurado é aquele que não se condena naquilo que aprova.
23 သို့သော် ယုံမှားသံသယရှိလျက် အစားအစာတစ်စုံတစ်ခုကို စားသုံးလျှင် ထိုသူသည် အပြစ်စီရင်ခြင်းခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယုံကြည်ခြင်းဖြင့်ပြုလုပ်ခြင်း မဟုတ်သောကြောင့်ဖြစ်၏။ အကြောင်းမူကား ယုံကြည်ခြင်းမရှိဘဲ ပြုမူကျင့်ကြံသမျှသည် အပြစ်ဖြစ်၏။
23 Mas aquele que tem dúvidas é condenado se comer, pois o que ele faz não provém de fé; e tudo o que não provém de fé é pecado.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.