Romanos 13
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 လူတိုင်းသည် အုပ်ချုပ်သူအစိုးရမင်းတို့ကို ကျိုးနွံနာခံကြပါစေ။ အကြောင်းမူကား ဘုရားသခင်အထံတော်မှ မဟုတ်လျှင် မည်သည့်အစိုးရမင်း၏ ဩဇာအာဏာမျှမတည်ရှိနိုင်။ တည်ရှိနေသောအစိုးရတို့သည် ဘုရားသခင်အားဖြင့် ခန့်ထားခြင်းခံရ၏။-
1 Toda a alma esteja sujeita às potestades superiores; porque não há potestade que não venha de Deus; e as potestades que há foram ordenadas por Deus.
2 ထို့ကြောင့် အုပ်ချုပ်သူများကို ဆန့်ကျင်သောသူသည် ဘုရားသခင်စီမံတော်မူရာကို ဆန့်ကျင်သောသူဖြစ်၍ ထိုသို့ဆန့်ကျင် သောသူတို့သည် စီရင်ခြင်းခံရလိမ့်မည်။-
2 Por isso quem resiste à potestade resiste à ordenação de Deus; e os que resistem trarão sobre si mesmos a condenação.
3 အကြောင်းမူကား ကောင်းမှုပြုလုပ်သော သူတို့အတွက် အုပ်ချုပ်သူတို့သည် ကြောက်ရွံ့စရာမဟုတ်ပေ။ ဆိုးသွမ်းသောသူတို့ သာလျှင် ထိုသူတို့ကို ကြောက်ရွံ့၏။ သင်သည် အုပ်ချုပ်သောသူကို မကြောက်ရွံ့ဘဲ နေလိုသလော။ သို့ဖြစ်လျှင် ကောင်းမှုကိုပြုလော့။ ထိုအခါ သင်သည် သူ၏ချီးမွမ်းခြင်းကို ခံရလိမ့်မည်။-
3 Porque os magistrados não são terror para as boas obras, mas para as más. Queres tu, pois, não temer a potestade? Faze o bem, e terás louvor dela.
4 အကြောင်းမူကား သူသည် သင်တို့၏ ကောင်းကျိုးကိုရည်ရွယ်သော ဘုရားသခင်၏အစေခံဖြစ်၏။ သို့သော် သင်တို့သည် မကောင်းသော အကျင့်ကိုကျင့်လျှင် ကြောက်ရွံ့ခြင်းရှိကြလော့။ အကြောင်းမူကား သူသည် ဓားလက်နက်ကို အကျိုးမဲ့ဆောင် ထားသည်မဟုတ်။ သူသည် မကောင်းမှုပြုသောသူတို့အား ထိုက်သင့်သောအပြစ်ဒဏ်ပေးမည့် ဘုရားသခင်၏အစေခံဖြစ်၏။-
4 Porque ela é ministro de Deus para teu bem. Mas, se fizeres o mal, teme, pois não traz debalde a espada; porque é ministro de Deus, e vingador para castigar o que faz o mal.
5 ထို့ကြောင့် သင်တို့သည် အပြစ်ဒဏ်စီရင်ခြင်းခံရမည့် အရေးကြောင့်သာမဟုတ်ဘဲ မိမိ၏အသိတရားကို ထောက်ခြင်း အားဖြင့်လည်း နာခံရမည်။-
5 Portanto é necessário que lhe estejais sujeitos, não somente pelo castigo, mas também pela consciência.
6 ဤအကြောင်းကြောင့်ပင် သင်တို့သည် အုပ်ချုပ်သူတို့အား အခွန်ကိုလည်း ပေးဆောင်ကြခြင်းဖြစ်၏။ အကြောင်းမူကား အုပ်ချုပ်သူတို့သည် ဤတာဝန်ကို ဆောင်ရွက်နေကြသော ဘုရားသခင်၏ အစေခံများဖြစ်ကြ၏။-
6 Por esta razão também pagais tributos, porque são ministros de Deus, atendendo sempre a isto mesmo.
7 ထိုသူအားလုံးတို့အား ၎င်းတို့ရသင့်သည့်အတိုင်း ပေးအပ်ကြလော့။ အခွန်အကောက်ပေးထိုက်သူအား အခွန်အကောက်ကို ပေးကြလော့။ ရိုသေထိုက်သူအား ရိုသေကြလော့။ ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုကြလော့။
7 Portanto, dai a cada um o que deveis: a quem tributo, tributo; a quem imposto, imposto; a quem temor, temor; a quem honra, honra.
8 သင်တို့အချင်းချင်းအပေါ်၌ ချစ်ခြင်းမေတ္တာကြွေးမှ တစ်ပါးမည်သည့်အကြွေးမျှ မတင်စေနှင့်။ မိမိနှင့်နီးစပ်သူကို ချစ်သောသူသည် ပညတ်တရားကို ပြည့်စုံစေလေပြီ။-
8 A ninguém devais coisa alguma, a não ser o amor com que vos ameis uns aos outros; porque quem ama aos outros cumpriu a lei.
9 အကြောင်းမူကား သူ၏မယားကို မပြစ်မှားနှင့်၊ သူ့အသက်ကိုမသတ်နှင့်၊ သူ၏ပစ္စည်းဥစ္စာကို ခိုးယူခြင်းမပြုနှင့်၊ မမှန်သော သက်သေခံခြင်းမပြုနှင့်၊ သူ၏ပစ္စည်းဥစ္စာကို လိုချင်သောလောဘစိတ် မရှိစေနှင့်ဟူသော ပညတ်တော်များနှင့် အခြားပညတ် တို့သည် သင်နှင့်နီးစပ်သောသူအား သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟူသည့် ပညတ်တော်၌ ပေါင်းချုပ်ထားခြင်းဖြစ်၏။-
9 Com efeito: Não adulterarás, não matarás, não furtarás, não darás falso testemunho, não cobiçarás; e se há algum outro mandamento, tudo nesta palavra se resume: Amarás ao teu próximo como a ti mesmo.
10 ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့်နီးစပ်သောသူကို မထိခိုက်တတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရားကို ပြည့်စုံစေလေ၏။
10 O amor não faz mal ao próximo. De sorte que o cumprimento da lei é o amor.
11 ထို့ပြင် ယခုအချိန်သည် သင်တို့အိပ်ရာမှ နိုးထရမည့်အချိန်ဖြစ်ကြောင်း သင်တို့အသိပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ကယ်တင်ခြင်းသည် ငါတို့ယုံကြည်သူများ ဖြစ်လာခဲ့ကြသည့် ပထမဆုံးနေ့ရက်ထက် ပို၍နီးကပ်လာ သောကြောင့်ဖြစ်၏။-
11 E isto digo, conhecendo o tempo, que já é hora de despertarmos do sono; porque a nossa salvação está agora mais perto de nós do que quando aceitamos a fé.
12 ညအချိန် ကုန်လုပြီဖြစ်၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်နှင့်ဆိုင်သော အကျင့်ကိုစွန့်ပယ်၍ အလင်းတရားနှင့်ဆိုင်သော လက်နက်တန်ဆာကို ဝတ်ဆင်ကြပါစို့။-
12 A noite é passada, e o dia é chegado. Rejeitemos, pois, as obras das trevas, e vistamo-nos das armas da luz.
13 နေ့အချိန်အလင်းရောင်အောက်၌ ပြုလုပ်သကဲ့သို့ ငါတို့သည် သင့်တင့်လျောက်ပတ်စွာ ပြုကျင့်နေထိုင်ကြပါစို့။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာအမှု၌ညစ်ညူးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြပါစို့။-
13 Andemos honestamente, como de dia; não em glutonarias, nem em bebedeiras, nem em desonestidades, nem em dissoluções, nem em contendas e inveja.
14 သို့သော်လည်း ယေဇူးခရစ်တော်သခင်ကိုမူ ဆင်မြန်းကြလော့။ ကိုယ်ကာယ၏တပ်မက်မှု အလိုဆန္ဒကို မည်သို့ ဖြည့်ဆည်းမည့်အကြောင်း မတွေးတောကြနှင့်။
14 Mas revesti-vos do Senhor Jesus Cristo, e não tenhais cuidado da carne em suas concupiscências.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Romanos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.