Provérbios 9

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ဉာဏ်ပညာသည် တိုင်ခုနစ်တိုင်ကိုစိုက်ထူ၍ မိမိ ၏ဗိမာန်ကိုတည်ဆောက်လေ၏။-
1 A Sabedoria edificou a sua casa, lavrou as suas sete colunas.
2 သူမသည် မိမိ၏တိရစ္ဆာန်များကိုသတ်ဖြတ်ပြင်ဆင်၍ စပျစ်ရည်ကို ရောစပ်ပြီးလျှင် စားပွဲကိုလည်း ခင်းကျင်းထား၏။-
2 Carneou os seus animais, misturou o seu vinho e arrumou a sua mesa.
3 သူမသည် မိမိ၏အစေခံအမျိုးသမီးတို့ကို စေလွှတ်ကာမြို့အတွင်းရှိ အမြင့်ဆုံးသောအရပ်များမှနေ၍၊-
3 Já deu ordens às suas criadas e, assim, convida desde as alturas da cidade:
4 အသိဉာဏ် နည်းပါးသောသူတို့၊ ဤနေရာသို့လာကြလော့ဟု ဟစ်ခေါ်စေ၏။ ဆင်ခြင်တုံတရားကင်းမဲ့သောသူတို့အား လည်း ဆိုသည်မှာ၊-
4 Quem é simples, volte-se para aqui. Aos faltos de senso diz:
5 လာကြလော့။ ငါ၏ပေါင်မုန့်ကို စား ကြလော့။ ငါရောစပ်ထားသောစပျစ်ရည်ကို သောက်ကြ လော့။-
5 Vinde, comei do meu pão e bebei do vinho que misturei.
6 မိုက်မဲသောလမ်းစဉ်ကို စွန့်ခွာ၍ အသက်ရှင်ကြ လော့။ အသိပညာလမ်းကိုလိုက်လော့ဟုဆိုလေ၏။
6 Deixai os insensatos e vivei; andai pelo caminho do entendimento.
7 လှောင်ပြောင်သရော်တတ်သူတို့ကို ဆုံးမပဲ့ပြင်သူသည် စော်ကားခြင်းခံရလိမ့်မည်။ ဆိုးညစ်သူကို ပြစ်တင် ကြိမ်းမောင်းသော သူသည် ထိခိုက်ဒဏ်ရာရလိမ့်မည်။-
7 O que repreende o escarnecedor traz afronta sobre si; e o que censura o perverso a si mesmo se injuria.
8 လှောင်ပြောင်သရော်တတ်သောသူကို ဆုံးမပဲ့ပြင်ပေးလျှင် ထိုသူသည် သင့်ကို မုန်းတီးလိမ့်မည်။ ဉာဏ်ပညာ ရှိသူကို ဆုံးမပဲ့ပြင်လျှင် သူသည် သင့်ကိုချစ်လိမ့်မည်။-
8 Não repreendas o escarnecedor, para que te não aborreça; repreende o sábio, e ele te amará.
9 ဉာဏ်ပညာရှိသူကို သွန်သင်လော့။ ထိုသူသည် ပို၍ပင် ဉာဏ်ပညာရှိလာပေလိမ့်မည်။ ဖြောင့်မတ်သောသူတို့ကို သွန်သင်လော့။ ထိုသူတို့သည် ပိုမိုလေ့လာသင်ယူလိမ့်မည်။-
9 Dá instrução ao sábio, e ele se fará mais sábio ainda; ensina ao justo, e ele crescerá em prudência.
10 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏မူလအစဖြစ်၏။ သန့်ရှင်းမြင့်မြတ်တော် မူသောအရှင်၏ အသိပညာသည် နားလည်တတ်ခြင်းဖြစ်၏။-
10 O temor do Senhor é o princípio da sabedoria, e o conhecimento do Santo é prudência.
11 အကြောင်းမူကား ငါ့အားဖြင့် သင်၏အသက် တာနေ့ရက်တို့သည် တိုးပွားများပြားလိမ့်မည်။ နှစ်ကာလ တို့သည်လည်း ထပ်မံတိုးပေးခြင်းခံရ၍ သင်၏အသက်ကို ပို၍ရှည်စေလိမ့်မည်။-
11 Porque por mim se multiplicam os teus dias, e anos de vida se te acrescentarão.
12 သင်သည် ဉာဏ်ပညာရှိပါလျှင် သင်၏ဉာဏ်ပညာသည် သင့်အတွက်ဖြစ်လိမ့်မည်။ သင်သည် လှောင်ပြောင်သရော်သူဖြစ် ပါမူ သင်သာလျှင် ဒုက္ခဝေဒနာခံစားရလိမ့်မည်။
12 Se és sábio, para ti mesmo o és; se és escarnecedor, tu só o suportarás.
13 မိုက်မဲသောအမျိုးသမီး၏အသံသည် ဆူညံကျယ်လောင်၏။ သူမသည် အသိဉာဏ်အလွန်နည်း၍ ရှက်ကြောက်ခြင်းမရှိ။-
13 A loucura é mulher apaixonada, é ignorante e não sabe coisa alguma.
14 သူမသည် မိမိ၏အိမ်တံခါး၀၌လည်းကောင်း၊ မြို့၏အမြင့်ဆုံးသောအငူ၏အခင်းပြင်၌လည်းကောင်း ထိုင်လျက်၊-
14 Assenta-se à porta de sua casa, nas alturas da cidade, toma uma cadeira,
15 မိမိတို့၏လမ်းခရီးကို ဖြောင့်တန်းစွာ သွားလာနေသောခရီးသွားတို့အားခေါ်၍၊-
15 para dizer aos que passam e seguem direito o seu caminho:
16 အသိဉာဏ် ကင်းမဲ့သောသူဟူသမျှ ဤနေရာသို့လာပါစေဟု ဆို လေ၏။-
16 Quem é simples, volte-se para aqui. E aos faltos de senso diz:
17 ဆင်ခြင်တုံတရားကင်းမဲ့သောသူအား သူမဆိုသည်ကား ခိုး၍ သောက်ရသောရေသည်ချို၏၊ တိတ် တဆိတ်စားရသော မုန့်သည် ပို၍အရသာရှိ၏ဟူ၍ဖြစ်သတည်း။-
17 As águas roubadas são doces, e o pão comido às ocultas é agradável.
18 သို့ရာတွင် ထိုအရပ်၌ သေခြင်းရှိကြောင်းကိုလည်းကောင်း၊ ထိုမိန်းမ၏ ဧည့်သည်များသည် မရဏနိုင်ငံ၏နက်ရှိုင်းရာ အရပ်၌တည်ရှိနေကြောင်းကိုလည်း ကောင်း ထိုသူမသိချေ။
18 Eles, porém, não sabem que ali estão os mortos, que os seus convidados estão nas profundezas do inferno.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.