Provérbios 7
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 ငါ့သား၊ ငါ့စကားကို မှတ်သားထားပါလော့။ ငါ၏သွန်သင်ချက်တို့ကို အစဉ်ထိန်းသိမ်းလိုက်နာလော့။-
1 Meu filho, guarda as minhas palavras, e conserva contigo os meus mandamentos.
2 ငါ၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်း၍ အသက်ရှင်ပါလော့။ ငါ၏သွန်သင်ချက်များကို သင်၏ မျက်စိထဲမှ မျက်လုံးကဲ့သို့စောင့်ရှောက်ပါလော့။-
2 Guarda os meus mandamentos e vive; e a minha lei como a menina dos teus olhos.
3 ပညတ်တော်တို့ကို သင်၏လက်ချောင်းတို့၌ချည်နှောင်ထား၍ သင့်နှလုံးသားပေါ်၌ ရေးမှတ်ထားလော့။-
3 Ata-os aos teus dedos, escreve-os sobre a tábua do teu coração.
4 ဉာဏ်ပညာကို သင်၏နှမကဲ့သို့လည်းကောင်း၊ ထိုးထွင်းဉာဏ်ကို သင် ၏မိတ်ဆွေကဲ့သို့လည်းကောင်း သဘောထားလော့။-
4 Dize à sabedoria: Tu és minha irmã; e ao entendimento chama de teu parente;
5 ယင်းတို့သည် သင့်အား ကိုယ်ကျင့်တရားဖောက်ပြန် သောအမျိုးသမီး၏ဘေးမှလည်းကောင်း၊ ချိုသာသော စကားလုံးများ ဖြင့် သွေးဆောင်ဖြားယောင်းတတ်သည့် အမျိုးသမီး၏အန္တရာယ်မှလည်းကောင်း ကာကွယ်စောင့် ရှောက်လိမ့်မည်။
5 para que eles possam te guardar da mulher estranha, da estranha que lisonjeia com as suas palavras.
6 အကြောင်းမူကား ငါ၏အိမ်ပြတင်းပေါက်သံတိုင် များအကြားမှ အပြင်သို့ ငါလှမ်းကြည့်လိုက်ရာ၊-
6 Porque da janela da minha casa, olhei por minhas frestas,
7 လူငယ် လူရွယ်တို့ အကြားတွင် ရိုးသားပွင့်လင်းပြီး ကိုယ်ပိုင် အသိဉာဏ်ကင်းမဲ့သောလူငယ်တစ်ယောက်ကို ငါတွေ့ မြင်ခဲ့၏။-
7 e contemplei entre os simples, discerni entre os jovens, um jovem homem vazio de entendimento,
8 ထိုလူငယ်သည် အမျိုးသမီးရှိရာ လမ်းထောင့် အနီးမှ သူမ၏အိမ်သို့ရှေးရှုလျှောက်သွားလေ၏။-
8 passando pela rua junto à sua esquina, e seguia o caminho da sua casa;
9 နေဝင်ချိန်ဖြစ်သောကြောင့် အလင်းရောင်ကွယ်ပျောက်၍ ညအမှောင်လည်း ကျရောက်နေလေပြီ။
9 no crepúsculo, à tarde, na escuridão e trevas da noite;
10 ထိုအချိန်တွင် ပြည့်တန်ဆာမတစ်ဦးကဲ့သို့ဝတ်စား ဆင်ယင်ထားသောအမျိုးသမီးတစ်ဦးသည် အပြင်သို့ ထွက်လာပြီးလျှင် ဆွဲဆောင်ချော့မြှူလျက် ထိုလူငယ်ကို ကြိုဆိုလေ၏။-
10 e eis que, ele encontrou uma mulher com vestimenta de prostituta, e sutil de coração.
11 သူမသည် ရဲတင်းပြီး အရှက်ကင်းမဲ့သူ ပီပီ သူမ၏ အိမ်ထဲတွင် ဣန္ဒြေရှိစွာနေ၍မရ။-
11 (Ela é espalhafatosa e teimosa; seus pés não habitam em sua casa,
12 သူမသည် ယခုတွင်ပင် လမ်းပေါ် ၌၊ ယခုတွင်ပင် ဈေးလယ်၌ ရောက် နေတတ်ပြီး လမ်းထောင့်တိုင်း၌ အခါမလပ်စောင့်မျှော် ကြည့်ရှုနေတတ်၏။-
12 ora ela está fora, ora nas ruas, à espreita em cada esquina).
13 သူမသည် လူငယ်ကို ဆွဲကိုင်၍ နမ်းရှုပ်ပြီး ရဲတင်းစွာဆိုသည်ကား၊-
13 Então ela o pegou, e o beijou, e com face impudente lhe disse:
14 ကျွန်မသည် အိမ်တွင် မိတ်သဟာယယဇ်ကိုပူဇော်ခဲ့ပါပြီ။ ယနေ့ ကျွန်မ၏ အဓိဋ္ဌာန်ကိုလည်း ပြုခဲ့ပြီးပါပြီ။-
14 Tenho ofertas de paz comigo; hoje paguei os meus votos.
15 ထို့ကြောင့် ကျွန်မသည် သင့်ကိုတွေ့လိုသောကြောင့် ထွက်၍ သင့်ကိုရှာနေခဲ့ရာ ယခုတွေ့ပါပြီ။-
15 Por isto vim ao teu encontro, a buscar diligentemente a tua face, e te achei.
16 ကျွန်မသည် ကျွန်မ၏အိပ်ရာကို အီဂျစ် ပြည်မှ အကောင်းဆုံးအိပ်ရာခင်းဖြင့် ဖုံးအုပ်ထားပါ၏။-
16 Enfeitei minha cama com cobertas de tapeçaria, com obras esculpidas, com linho fino do Egito.
17 ကျွန်မ၏ အိပ်ရာကို မုရန်၊ အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့် ထုံသင်းမွှေးကြိုင်စေပါ၏။-
17 Perfumei minha cama com mirra, aloés e canela.
18 လာပါလော့၊ ကျွန်မတို့သည် နံနက်မိုးလင်းသည့်အထိ ချစ်တင်းနှော၍ မွေ့လျော်ကြကုန်အံ့။ တစ်ဦးနှင့် တစ်ဦးဖက်ယမ်းလျက် ပျော်ကြကုန်အံ့။-
18 Vem, vamos nos encher de amor até a manhã; confortemo-nos com amores.
19 အကြောင်းမူကား ကျွန်မ၏ခင်ပွန်းသည် ယခုအိမ်၌မရှိပါ။ သူသည် ခရီးရှည်ထွက်ခွာသွားပါ၏။-
19 Porque meu marido não está em casa; foi fazer uma longa viagem;
20 သူသည် ပိုက်ဆံအပြည့်ပါသောငွေအိတ်ကို ယူဆောင်သွားသည် ဖြစ်၍ လပြည့်နေ့အထိ ပြန်လာလိမ့်မည်မဟုတ်ဟုဆို၏။
20 levou um saquitel de dinheiro com ele, e virá para casa no dia marcado.
21 သူမသည် ထိုလူငယ်ကို သာယာမိန်းမောသွားစေမည့်စကားများဖြင့် ဆွဲဆောင်၍ ချိုမြချောမွေ့သောစကားတို့ဖြင့် သွေးဆောင်ဖြားယောင်းလေရာ၊-
21 Com seu muito bom discurso ela o fez render-se, com a lisonja de seus lábios ela o forçou.
22 ထိုသူသည် သားသတ်သမားရှိရာသို့သွားနေသည့် နွားကဲ့သို့လည်းကောင်း၊ မိမိ၏အသည်းနှလုံးများကို မြားဖြင့် ဖောက်ထွင်း ခံရန် ကွင်းလျောထဲသို့ ခုန်ပေါက်ဝင်သွားသည့် သမင် ကဲ့သို့လည်းကောင်း၊-
22 E ele logo a segue, como o boi que vai para o matadouro, ou como o tolo para a correção dos estúpidos;
23 ကျော့ကွင်းထဲသို့ တစ်ဟုန်ထိုး တိုးဝင်သည့်ငှက်ငယ်ကဲ့သို့လည်းကောင်း မိမိ၏အသက် အန္တရာယ်ကိုပင် အမှုမထားနိုင်အား ဘဲ ထိုအမျိုးသမီး နောက်သို့ မဆိုင်းမတွပင် လိုက်သွားလေ၏။
23 até que a flecha lhe atravesse o fígado; como um pássaro se apressa para o laço, e não sabe que é para tomar-lhe a vida.
24 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါပြောမည့်စကားကို အလေးထားကြလော့။-
24 Ouvi-me, pois, agora, ó vós filhos, dai-me ouvidos, e atentai para as palavras da minha boca.
25 ဤ ကဲ့သို့သောအမျိုးသမီးကို စွဲလမ်းခြင်းမရှိလေနှင့်။ သူမ၏နောက်သို့လည်း မလိုက်ကြလေနှင့်။-
25 Não permita que teu coração desvie para seus caminhos, não te percas em suas veredas.
26 သူမသည် လူ ပေါင်းများစွာကို ဖျက်ဆီးခဲ့လေပြီ။ အားကောင်းမောင်း သန်ယောက်ျားပေါင်းများစွာတို့သည် သူမကြောင့် သေ ကြေပျက်စီးခဲ့ကြရလေပြီ။-
26 Porque ela humilhou muitos feridos; sim, muitos homens fortes foram mortos por ela.
27 သူမ၏အိမ်သည် မရဏသို့ သွားရာလမ်းဖြစ်၍ သေခြင်းတံခါး၀ပင်ဖြစ်သတည်း။
27 A sua casa é o caminho para o inferno, que desce para as câmaras da morte.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.