Provérbios 28

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဆိုးယုတ်သောသူသည် နောက်မှလိုက်နေသူမရှိသော်လည်း ထွက်ပြေးတတ်၏။ ဖြောင့်မတ် သောသူမူကား ခြင်္သေ့ကဲ့ သို့ရဲရင့်၏။-
1 Os perversos fogem mesmo quando ninguém os persegue, mas o justo é valente como o leão.
2 တိုင်းနိုင်ငံတစ်ခု သည် ပုန်ကန်ထကြွသောအခါ အုပ်ချုပ်သူများပြားလာလိမ့်မည်။ သို့သော် အမြော်အမြင်ကြီးမားသည့် အုပ် ချုပ်သူတစ်ဦးရှိလျှင် ကြာရှည်စွာတည်ငြိမ်အေးချမ်းလိမ့်မည်။-
2 A corrupção moral de uma nação faz cair seu governo, mas o líder sábio e prudente traz estabilidade.
3 ဆင်းရဲသားကို ဖိနှိပ်သောဆင်းရဲသားသည် ဝမ်းစာပင်မကျန်အောင် စိုက်ခင်းများကို ဖျက်ဆီးပစ်သော မိုးနှင့်တူ၏။-
3 O pobre que oprime os pobres é como a chuva torrencial que destrói a plantação.
4 ပညတ်တရားကို ပစ်ပယ်သူတို့သည် ဆိုးယုတ်သောသူတို့ကို ချီးမွမ်း၏။ ပညတ်တရားကိုလိုက်နာစောင့်ထိန်းသူတို့မူကား ဆိုးယုတ်သောသူတို့ကို ဆန့်ကျင်ကြ၏။-
4 Quem despreza a lei exalta os perversos; quem obedece à lei luta contra eles.
5 မကောင်းမှုပြုသောသူတို့သည် တရားမျှတခြင်းကို နားမလည်ကြချေ။ ထာ၀ရဘုရားသခင်ကို ရှာဖွေကြသောသူတို့မူကား တရားမျှတခြင်းကို အပြည့်အဝနားလည်ကြ၏။-
5 Os que praticam o mal não compreendem a justiça, mas os que buscam o S
6 ရိုးသားဖြောင့်မှန်သောလမ်း၌ လျှောက်လှမ်းသောဆင်းရဲသားသည် ဖောက်ပြန်သောလမ်းကို လျှောက်သောသူဌေးထက် ပို၍မြတ်၏။-
6 É melhor ser pobre e honesto que ser rico e desonesto.
7 ပညတ်တရား ကိုစောင့်ထိန်းသောသားသည် ပညာသတိရှိ၍ အစား ကြူးသောသူတို့နှင့်ပေါင်းဖော်သောသူသည်ကား မိမိ၏ ဖခင်ကို အရှက်ရစေ၏။-
7 O filho que obedece à lei demonstra prudência; aquele que anda com libertinos envergonha seu pai.
8 ငွေတိုးပေးစား၍ ကြွယ်၀ချမ်းသာလာသူသည် ဆင်းရဲသားတို့အပေါ် သနားတတ်သူအတွက် စုဆောင်းရှာဖွေပေးခြင်း သာဖြစ်၏။-
8 O lucro obtido da cobrança de juros altos terminará no bolso de alguém que trata os pobres com bondade.
9 အကြင်သူသည် ပညတ်တရားကို နားမထောင်ဘဲနေပါလျှင် ထိုသူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။-
9 As orações de quem se recusa a ouvir a lei são detestáveis para Deus.
10 ဖြောင့်မတ်သောသူကို လမ်းလွဲစေ၍ မကောင်းသောလမ်းသို့ သွေးဆောင်သောသူသည် မိမိတူးထားသောတွင်းထဲသို့ ကျလိမ့်မည်။ အပြစ်ကင်းသောသူမူကား ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။-
10 Quem leva os justos para o mau caminho cairá na própria armadilha, mas os íntegros herdarão o bem.
11 ချမ်းသာကြွယ်၀သောသူသည် မိမိကိုယ်ကို ပညာရှိဖြစ်သည်၏ဟု ထင်တတ်၏။ ပညာရှိသောဆင်းရဲသားသည်ကား သူ၏ဇာတိအမှန်ကို ဖော်ထုတ်လိမ့်မည်။-
11 O rico pode se considerar sábio, mas não engana o pobre que tem discernimento.
12 ဖြောင့်မတ်သောသူတို့အောင်ပွဲခံသောအခါ လွန်စွာဝမ်းမြောက်ကြလိမ့်မည်။ မတရားသောသူတို့အုပ်စိုးသောအခါ လူတို့ သည် ပုန်းရှောင်ကြလိမ့်မည်။-
12 Quando os justos são bem-sucedidos, todos se alegram; quando os perversos assumem o poder, as pessoas se escondem.
13 မိမိ၏အပြစ်နှင့်မကောင်းမှုကို ဖုံးကွယ်ထားသောသူသည် ကြီးပွားချမ်းသာလိမ့်မည်မဟုတ်။ မိမိ၏အပြစ်ကိုဝန်ခံ၍ စွန့်လွှတ်သောသူသည် သနားကရုဏာကို ခံစားရလိမ့်မည်။-
13 Quem oculta seus pecados não prospera; quem os confessa e os abandona recebe misericórdia.
14 ထာ၀ရဘုရားသခင်ကို အစဉ်မပြတ်ကြောက်ရွံ့ရိုသေသောသူသည် မင်္ဂလာရှိ၏။ ညှာတာစိတ်ကင်းမဲ့သူမူကား ဘေးဒုက္ခသို့ ကျရောက်လိမ့်မည်။-
14 Quem teme fazer o mal é feliz, mas quem endurece o coração cai em desgraça.
15 ဆင်းရဲသားတို့ကို ဖိနှိပ်အုပ်ချုပ်သောမင်းဆိုးမင်းယုတ်သည် ဟိန်းဟောက်နေသောခြင်္သေ့၊ သို့မဟုတ် ရန်လိုနေသော ဝက်ဝံတစ်ကောင်နှင့်တူ၏။-
15 O governante perverso é tão perigoso para os pobres quanto o leão que ruge ou o urso que ataca.
16 အသိတရားမရှိသောမင်းသည် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်သူဖြစ်၏။ မတရားသဖြင့်ရသောအကျိုးအမြတ်တို့ကို ရွံရှာမုန်းတီးသူမူကား အသက်ရှည်လိမ့်မည်။-
16 O governante que não tem entendimento oprime seu povo, mas o que odeia a corrupção tem vida longa.
17 သူတစ်ပါး၏သွေးဖြင့် စွန်းထင်းသောသူသည် သေသည့်တိုင်အောင် ထွက်ပြေးနေရပါစေ။ မည်သူမျှလည်း သူ့ကို မကူညီ စေနှင့်။
17 A consciência atormentada do assassino o levará à sepultura; ninguém tente detê-lo.
18 ဖြောင့်မှန်သောလမ်း၌ လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ဖောက်ပြန်သောသူတို့၏လမ်းကို လိုက်သူသည် တွင်းထဲသို့ကျလိမ့်မည်။-
18 O íntegro será salvo do perigo, mas o perverso será destruído repentinamente.
19 မိမိ၏လယ်တွင် ထွန်ယက်စိုက်ပျိုးသောသူသည် စားစရာပေါများလိမ့်မည်။ အကျိုးမဲ့သောဥစ္စာစည်းစိမ်ကို မဆင်မခြင် လိုက်လံရှာဖွေသောသူသည်ကား ဆင်းရဲမွဲတေရလိမ့်မည်။-
19 Quem trabalha com dedicação tem fartura de alimento, mas quem corre atrás de fantasias acaba na miséria.
20 သစ္စာစောင့်သိသောသူသည် ကောင်း ချီးမင်္ဂလာများစွာခံစားရလိမ့်မည်။ ချမ်းသာကြွယ်၀ရန် ဖြတ်လမ်းမှ ကြိုးစားသူသည် အပြစ်ဒဏ်မှ ကင်းလွတ်လိမ့်မည်မဟုတ်။-
20 A pessoa fiel obterá grande recompensa, mas o que deseja enriquecer depressa se meterá em apuros.
21 မျက်နှာလိုက်ခြင်းသည် ကောင်းသောအမှုမဟုတ်ပေ။ သို့သော် လူသည် မုန့်တစ်ဖဲ့အတွက်ပင် အမှားပြုမိတတ်၏။-
21 Nunca é bom agir com parcialidade, mas há quem faça o mal até por um pedaço de pão.
22 နှမြောတွန့်တိုသောသူသည် အချိန်တိုတိုနှင့် ကြွယ်၀ချမ်းသာလာရန် ကြိုးစားတတ်ပြီး သူ့အပေါ်သို့ ဆင်းရဲမွဲတေခြင်း ကျရောက်မည် ကိုမသိချေ။-
22 O ganancioso tenta enriquecer depressa, mas não percebe que caminha para a pobreza.
23 လူတစ်ယောက်ကို ပြစ်တင်ဆုံးမသောသူ သည် ထိုသူကိုပင် နှုတ်ဖြင့် မြှောက်ပင့်ပြောဆိုသော သူထက် နောင်တစ်ချိန်တွင် ပိုမိုအရေးပေးခံရမည်။-
23 No fim, as pessoas apreciam a crítica honesta muito mais que a bajulação.
24 မိဘ၏ပစ္စည်းကိုခိုးယူပြီးနောက် ဤအမှုသည် ပြစ်မှုကျူးလွန်ခြင်းမဟုတ်ဟု ပြောဆိုသောသူသည် ခိုးဆိုးလု ယက်တတ် သော သူ၏အပေါင်းအဖော်ဖြစ်၏။-
24 Quem rouba de seu pai e de sua mãe e diz: “Que mal há nisso?”, não é melhor que o assassino.
25 လောဘ ကြီးသောသူသည် ခိုက်ရန်ဖြစ်ပွားစေရန် လှုံ့ဆော်တတ်၏။ ထာ၀ရဘုရားသခင်၌ ယုံကြည်အားကိုးသောသူမူ ကား ချမ်းသာကြွယ်၀လိမ့်မည်။-
25 A ganância provoca brigas; a confiança no S
26 မိမိ၏စိတ်နှလုံးကိုသာ ယုံကြည်အားကိုးသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ် ပညာကို အားကိုးလျှောက်လှမ်းသော သူမူကား ဘေးအန္တရာယ်ကင်းလိမ့်မည်။-
26 Quem confia no próprio entendimento é tolo; quem anda com sabedoria está seguro.
27 ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲသောသူသည် နွမ်းပါးချို့တဲ့လိမ့်မည်မဟုတ်။ ဆင်းရဲသားတို့ကို မျက်နှာလွှဲသော သူမူကား လူအများ၏ကျိန် ဆဲခြင်းကို ခံရလိမ့်မည်။-
27 Quem ajuda os pobres não passará necessidade, mas quem fecha os olhos para a pobreza será amaldiçoado.
28 လူယုတ်မာတို့အောင်ပွဲခံသော အခါ လူတို့သည် ပုန်းရှောင်ကြ၏။ သို့သော် ထိုသူတို့ သေကြေပျက်စီးသောအခါ ဖြောင့်မတ် သော သူတို့သည် တိုးတက်များပြားလာကြလိမ့်မည်။
28 Quando os perversos assumem o poder, as pessoas se escondem; quando eles são destruídos, os justos prosperam.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.