Provérbios 27
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 မနက်ဖြန်အတွက် ကြွားဝါခြင်းမပြုလေနှင့်။ အ ကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ် လာမည်ကို သင်မသိနိုင်သော ကြောင့်ဖြစ်၏။-
1 Não te glories do dia de amanhã; porque não sabes o que produzirá o dia.
2 အခြားသူ တစ်ဦးက သင့်ကိုချီးမွမ်းပါစေ။ သင်၏နှုတ်မှ သင့်ကိုယ် သင်မချီးမွမ်းလေနှင့်။ သူစိမ်းတစ်ဦးက သင့်ကိုချီးမွမ်းပါ စေ။ မိမိကိုယ်ကိုမချီးမွမ်းလေနှင့်။-
2 Seja outro o que te louve, e não a tua boca; o estranho, e não os teus lábios.
3 ကျောက်တုံးနှင့်သဲတို့သည် လေးလံကြ၏။ သို့သော် မိုက်မဲသောသူ၏ဒေါသသည် ထိုအရာနှစ်ခုလုံးထက် ပို၍လေးလံ၏။-
3 Pesada é a pedra, e a areia também; mas a ira do insensato é mais pesada do que elas ambas.
4 အမျက်ဒေါသသည် ရက်စက်ကြမ်းကြုတ်၍ မခံမရပ်နိုင်လောက်အောင် ဖိစီးတတ်၏။ သို့သော် မနာလိုစိတ်ကို မည်သူခံ နိုင်ပါမည်နည်း။-
4 Cruel é o furor, e impetuosa é a ira; mas quem pode resistir à inveja?
5 ပွင့်လင်းစွာပြောဆိုဆုံးမခြင်းသည် ဖုံးကွယ်ထားသောချစ်ခြင်းထက် ပို၍ကောင်း၏။-
5 Melhor é a repreensão aberta do que o amor encoberto.
6 မိတ်ဆွေဖြစ်သူက မိမိကိုထိခိုက်နာကျင်သွားသည်အထိ ပြစ်တင်ဆုံးမခြင်းသည် မိမိအပေါ် သစ္စာရှိသောစေတနာဖြင့် ပြုပြင် ပေးခြင်းဖြစ်၏။ ရန်သူက မိမိကိုနမ်းခြင်းသည်ကား လှည့်စားခြင်းဖြစ်၏။-
6 Fiéis são as feridas dum amigo; mas os beijos dum inimigo são enganosos.
7 အစာစားပြီး၍ အားရကျေနပ်နေသူသည် ပျားရည်ကို လှည့်မကြည့်လိုတော့ချေ။ ဆာလောင် မွတ်သိပ်နေသူအတွက်မူကား ခါးသီးသောအစားအစာသည်လည်း ချိုမြိန်သည်ဟု ခံစားရ၏။-
7 O que está farto despreza o favo de mel; mas para o faminto todo amargo é doce.
8 မိမိ၏အိုးအိမ်နှင့် ဝေးကွာနေသောသူသည် မိမိ၏အသိုက်နှင့်ဝေးရာတွင် လမ်းမှားနေသောငှက်နှင့်တူ၏။-
8 Qual a ave que vagueia longe do seu ninho, tal é o homem que anda vagueando longe do seu lugar.
9 နံ့သာဆီနှင့် လော်ဗန်မွှေးသည် စိတ်နှလုံးကို ရွှင်လန်းစေ၏။ သို့သော် မိတ်ဆွေကောင်းတစ်ဦး၏အကြံဉာဏ်သည် မိမိ၏ကိုယ်ပိုင်စိတ်ကူးထက် ပို၍ချိုမြ၏။-
9 O óleo e o perfume alegram o coração; assim é o doce conselho do homem para o seu amigo.
10 သင့်မိတ်ဆွေနှင့် သင့်ဖခင်၏မိတ် ဆွေကို မစွန့်ခွာလေနှင့်။ ဆင်းရဲဒုက္ခရောက်သောနေ့၌ သင့်ညီအစ်ကို၏အိမ်သို့ မသွား လေနှင့်။ သင့်အနားရှိ အိမ်နီးချင်းသည် ရပ်ဝေး၌ရှိသောညီအစ်ကိုထက် ပို၍အားကိုးထိုက်၏။-
10 Não abandones o teu amigo, nem o amigo de teu pai; nem entres na casa de teu irmão no dia de tua adversidade. Mais vale um vizinho que está perto do que um irmão que está longe.
11 ငါ့သား၊ ပညာသတိရှိလော့။ ငါ၏စိတ် နှလုံးကို ဝမ်းမြောက်ရွှင်လန်းစေလော့။ သို့မှသာလျှင် ငါ့ကိုဝေဖန်ပြောဆိုသော သူအား ငါပြန်လည်ချေပနိုင်လိမ့်မည်။-
11 Sê sábio, filho meu, e alegra o meu coração, para que eu tenha o que responder àquele que me vituperar.
12 သမ္မာသတိရှိသောသူသည် ဘေးအန္တရာယ်ကို မြင်၍ တိမ်းရှောင်တတ်၏။ ရိုးအသောသူမူကား မတိမ်း ရှောင်တတ်သော ကြောင့် ဘေးဒုက္ခရောက်ရ၏။-
12 O prudente vê o mal e se esconde; mas os insensatos passam adiante e sofrem a pena.
13 ဧည့်သည်သူစိမ်းအတွက် တာဝန်ယူထားသောသူ၏အဝတ် အစားကို အာမခံပစ္စည်းအဖြစ်ယူလော့။ လူမျိုးခြားတို့ အတွက် အာမခံလျှင် ထိုသူ့ကို အာမခံပစ္စည်းအဖြစ် ထိန်းသိမ်းထားလေလော့။-
13 Tira a roupa àquele que fica por fiador do estranho, e toma penhor daquele que se obriga por uma estrangeira.
14 နံနက်စောစောထ၍ မိမိ၏အိမ်နီးချင်းကို ကျယ်လောင်စွာ ကောင်းချီးပေးပါက ကျိန်ဆဲသည်ဟု သတ်မှတ်လိမ့်မည်။-
14 O que bendiz ao seu amigo em alta voz, levantando-se de madrugada, isso lhe será contado como maldição.
15 ရန်တွေ့တတ်သောမိန်းမသည် မိုးရွာသောနေ့တွင် အဆက်မပြတ်ကျသောမိုးရေ စက်များနှင့်တူ၏။-
15 A goteira contínua num dia chuvoso e a mulher rixosa são semelhantes;
16 သူမကိုထိန်းချုပ်ရခြင်းသည် လေကို ဖမ်းရသည်နှင့်တူ၏။ သို့မဟုတ် ဆီကို မိမိ၏လက်ယာ လက်ဖြင့်ဆုပ်ထားရသည် နှင့်တူ၏။-
16 retê-la é reter o vento, ou segurar o óleo com a destra.
17 သံကို သံဖြင့် သွေးရင်း ချွန်ထက်လာစေသကဲ့သို့ လူတစ်ဦးသည်လည်း အခြားသူတစ်ဦး၏အားပေးကူညီမှုဖြင့် ထက်မြက် လာရ၏။-
17 Afia-se o ferro com o ferro; assim o homem afia o rosto do seu amigo.
18 သဖန်းပင်ကို ပြုစုစောင့်ရှောက်သောသူသည် သဖန်းသီးကို စားရလိမ့်မည်။ မိမိ၏ဆရာသခင်ကို ပြုစု သောသူသည်လည်း ဂုဏ်ပြုချီးမြှင့်ခြင်းခံရလိမ့်မည်။-
18 O que cuida da figueira comerá do fruto dela; e o que vela pelo seu senhor será honrado.
19 ရေပြင်ကိုကြည့်လျှင် မိမိ၏မျက်နှာကိုပြန်မြင်ရသကဲ့သို့ လူတစ်ဦး၏စိတ်ထားသည် အခြားလူတစ်ဦး၏စိတ်တွင် ထင်ဟပ် တတ်၏။-
19 Como na água o rosto corresponde ao rosto, assim o coração do homem ao homem.
20 မရဏနိုင်ငံနှင့် အနိမ့်ဆုံးအရပ်တို့သည် မည်သည့်အခါ မျှအလိုဆန္ဒမပြည့်ကြသကဲ့သို့ လူ၏မျက်စိတို့သည်လည်း အလိုပြည့်လိမ့်မည်မဟုတ်။-
20 O Seol e o Abadom nunca se fartam, e os olhos do homem nunca se satisfazem.
21 ငွေကို လုံတွင်လည်းကောင်း၊ ရွှေကို မီးဖိုတွင်လည်းကောင်း စမ်းသပ်စစ်ဆေးရသကဲ့သို့ လူကိုလည်း ချီး မွမ်းခြင်းဖြင့် စမ်းသပ်စစ်ဆေးနိုင်၏။-
21 O crisol é para a prata, e o forno para o ouro, e o homem é provado pelos louvores que recebe.
22 လူမိုက်ကို စပါးနှင့်အတူ ဆုံတွင်ထည့်၍ ကြိတ်ခွဲထုထောင်းပါသော်လည်း မိုက်မဲမှုကို သူ့ထံမှ ဖယ်ရှားနိုင်လိမ့်မည်မဟုတ်။
22 Ainda que pisasses o insensato no gral entre grãos pilados, contudo não se apartaria dele a sua estultícia.
23 သင်၏သိုးအုပ်များအကြောင်းကို ကောင်းစွာသိနိုင်ရန် ကြိုးစားလော့။ ကျွဲ၊ နွားတို့ကိုလည်း ဂရုတစိုက်ကြည့်ရှုလော့။-
23 Procura conhecer o estado das tuas ovelhas; cuida bem dos teus rebanhos;
24 အကြောင်းမူကား ဥစ္စာကြွယ်၀ချမ်းသာခြင်းသည် အစဉ်တည်မြဲတတ်သည်မဟုတ်။ သရဖူဆောင်း ရခြင်းသည်လည်း အမျိုးအနွယ်အဆက်ဆက်တည်တံ့သည်မဟုတ်။-
24 porque as riquezas não duram para sempre; e duraria a coroa de geração em geração?
25 မြက်ပင်များကုန်သွား၍ အပင်သစ် ပေါက်လာလျက် တောင်ကုန်းပေါ်မှမြက်ပင်များကိုရိတ် သိမ်းသောအခါ၊-
25 Quando o feno é removido, e aparece a erva verde, e recolhem-se as ervas dos montes,
26 သိုးတို့သည် သင့်အတွက် ဝတ်စရာ အဝတ်ကိုလည်းကောင်း၊ ဆိတ်တို့သည် လယ်မြေဝယ် ရန် အဖိုးအခကိုလည်းကောင်း သင့်အား ပေးလိမ့်မည်။-
26 os cordeiros te proverão de vestes, e os bodes, do preço do campo.
27 သင်နှင့် သင်၏အိမ်သူအိမ်သားများစားရန်အတွက် လည်းကောင်း၊ သင်၏အစေခံအမျိုးသမီးများကို ကျွေး မွေးရန်အတွက် လည်းကောင်း ဆိတ်နို့အလုံအလောက် ရှိလိမ့်မည်။
27 E haverá bastante leite de cabras para o teu sustento, para o sustento da tua casa e das tuas criadas.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.