Provérbios 24
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ဆိုးယုတ်သောသူများကို မနာလိုမရှုစိမ့်မဖြစ်လေနှင့်။ သူတို့နှင့် မိတ်ဖွဲ့ရန်လည်း မကြိုးစား လေနှင့်။-
1 Não tenhas inveja dos homens malignos; nem desejes estar com eles;
2 အကြောင်းမူကား သူတို့သည် ရန်မူအကြမ်း ဖက်ခြင်းကိုသာ စိတ်ထဲ၌ကြံစည်ကြ၍ နှုတ်မှလည်း သူ နစ်နာမည့်စကားကိုသာ ပြောဆိုကြ၏။
2 porque o seu coração medita a violência; e os seus lábios falam maliciosamente.
3 ဉာဏ်ပညာဖြင့် အိမ်တစ်ဆောင်တည်ဆောက်၍ သိနားလည်ခြင်းဖြင့် ယင်းကို ခိုင်ခံ့အောင်ထိန်းသိမ်းရ၏။-
3 Com a sabedoria se edifica a casa, e com o entendimento ela se estabelece;
4 အသိအမြင်ဗဟုသုတအားဖြင့် အိမ်ခန်းတို့ကို တန်ဖိုးကြီး၍ နှစ်သက်ဖွယ်ဖြစ်သောကြွယ်၀မှုတို့ဖြင့် ပြည့်စေကြ၏။-
4 e pelo conhecimento se encherão as câmaras de todas as riquezas preciosas e deleitáveis.
5 ပညာသတိရှိသူသည် ခွန်အားကြီးသူထက် ပို၍ကြံ့ခိုင်၏။ အသိအမြင်ဗဟုသုတကြွယ်၀သူသည် ခွန်အားရှိသူထက် ပို၍စွမ်း ဆောင်နိုင်၏။-
5 O sábio é mais poderoso do que o forte; e o inteligente do que o que possui a força.
6 အကြောင်း မူကား ပညာသတိရှိသူ၏လမ်းညွှန်မှုဖြင့် သင်သည် စစ်ပွဲကို ပြင်ဆင်နိုင်၏။ အကြံပေးနိုင်သူမြောက်မြားစွာရှိခြင်း ကြောင့် အောင်ပွဲခံရ၏။-
6 Porque com conselhos prudentes tu podes fazer a guerra; e há vitória na multidão dos conselheiros.
7 မိုက်မဲသောသူအတွက် ဉာဏ်ပညာသည် လက်လှမ်းမီရန် ခဲယဉ်းလှ၏။ သူသည် မြို့တံခါး၀ရောက်လျှင်ပင် ပါးစပ်မဟ တော့ပေ။
7 A sabedoria é alta demais para o insensato; ele não abre a sua boca na porta.
8 မကောင်းမှုပြုရန် ကြံစည်နေသောသူကို မသမာ သောသူဟု ခေါ်ကြလိမ့်မည်။-
8 Aquele que cuida em fazer o mal, mestre de maus intentos o chamarão.
9 ဆိုးသွမ်းမိုက်မဲမှုကိုကြံ စည်ခြင်းသည် အပြစ်ဖြစ်၏။ မထီမဲ့မြင်ပြုလေ့ရှိသော သူကိုလည်း လူအများက ရွံရှာမုန်းတီးကြ၏။
9 O desígnio do insensato é pecado; e abominável aos homens é o escarnecedor.
10 ဘေးအန္တရာယ်နှင့်ကြုံရသောအချိန်တွင် ချည့်နဲ့ ယိမ်းယိုင်နေပါက သင်သည် အမှန်ပင် အင်အားမရှိပျော့ ညံ့သူဖြစ်၏။-
10 Se enfraqueces no dia da angústia, a tua força é pequena.
11 အသေသတ်ရန် ဆွဲခေါ်သွားခြင်းခံရသူ တို့ကိုကယ်တင်လော့။ သေဒဏ်စီရင်ခြင်းခံရသူတို့ကို ကယ်တင်ရန် မနှောင့်နှေး နှင့်။-
11 Livra os que estão sendo levados à morte, detém os que vão tropeçando para a matança.
12 ဤအမှုကို ငါတို့မသိဟု သင်ဆိုသော်လည်း စိတ်နှလုံးကို စမ်းသပ်သိမြင်တော်မူ သောအရှင်သည် သိမြင်တော်မူသည် မဟုတ်လော။ သင်၏စိတ်ဝိညာဉ်ကို စောင့်ကြည့်တော်မူသောကိုယ် တော်သည် သိမြင်သဖြင့် လူတစ်ဦးစီကို သူတို့၏အကျင့် အကြံအတိုင်း စီရင်တော်မူမည်မဟုတ်လော။
12 Se disseres: Eis que não o sabemos; porventura aquele que pesa os corações não o percebe? e aquele que guarda a tua vida não o sabe? e não retribuirá a cada um conforme a sua obra?
13 ငါ့သား၊ ပျားရည်ကို စားသုံးလော့။ အကြောင်းမူကား ယင်းသည် ကောင်းသောအရသာရှိ၏။ ပျားလပို့မှ ကျလာသော ပျားရည်စက်တို့သည်လည်း သင့်အား ချိုမြိန်သောအရသာကို ပေး၏။-
13 Come mel, filho meu, porque é bom, e do favo de mel, que é doce ao teu paladar.
14 ထိုနည်းတူပင် ဉာဏ်ပညာသည် သင်၏ ဝိညာဉ်အတွက်အရသာနှင့်ပြည့်စုံကြောင်း သင်သိပါလော့။ သင်သည် ဉာဏ်ပညာကိုတွေ့ရှိသောအခါ သင်၏အနာဂတ်ကို သာယာစေမည်။ သင်၏မျှော် လင့်ချက်သည်လည်း ပျောက်ကွယ် လိမ့်မည်မဟုတ်။
14 Sabe que é assim a sabedoria para a tua alma: se a achares, haverá para ti recompensa, e não será malograda a tua esperança.
15 သင်သည် ဒုစရိုက်သားတစ်ဦးကဲ့သို့ ဖြောင့်မတ်သူ ၏အိမ်ကိုချောင်းမြောင်း၍ တိုက်ခိုက်လုယက်ရန် မကြံ စည်လေနှင့်။ သူ၏အိမ်ကို အကြမ်းဖက်ခြင်းမပြုနှင့်။-
15 Não te ponhas de emboscada, ó ímpio, contra a habitação do justo; nem assoles a sua pousada.
16 အကြောင်းမူကား ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ် လဲကျသော်လည်း ပြန်ထလိမ့်မည်။ ဆိုးယုတ်သောသူမူ ကား ဘေးဒုက္ခရောက်သောအခါ ပြိုလဲကျရှုံးလိမ့်မည်။
16 Porque sete vezes cai o justo, e se levanta; mas os ímpios são derribados pela calamidade.
17 သင်၏ရန်သူကျရှုံးသောအခါ ဝမ်းမြောက်ပျော်ရွှင် ခြင်းမဖြစ်လေနှင့်။ သူပြိုလဲသောအခါ သင်၏စိတ်နှလုံးထဲ၌ ရွှင်လန်း အားရ ခြင်းမဖြစ်လေနှင့်။-
17 Quando cair o teu inimigo, não te alegres, e quando tropeçar, não se regozije o teu coração;
18 ထိုသို့ပြုလုပ်လျှင် ထာ၀ရဘုရားသခင်သိမြင်တော်မူသဖြင့် နှစ်သက်မည် မဟုတ်ဘဲ ထိုသူ့ထံမှလည်း မိမိ၏အမျက်တော် ကိုလွှဲ ဖယ်တော်မူလိမ့်မည်။
18 para que o Senhor não o veja, e isso seja mau aos seus olhos, e desvie dele, a sua ira.
19 မကောင်းမှုကိုပြုသောသူတို့ကြောင့် အမျက်ဒေါသ မထွက်နှင့်။ ဆိုးယုတ်သောသူတို့အပေါ် မနာလိုမရှုစိမ့် မဖြစ်နှင့်။-
19 Não te aflijas por causa dos malfeitores; nem tenhas inveja dos ímpios;
20 အကြောင်းမူကား မကောင်းမှုကိုပြုသောသူ အတွက် အနာဂတ်ဟူ၍မရှိချေ။ ဆိုးမိုက်သောသူ၏မီး ခွက်သည် ငြှိမ်းသတ် ခြင်းခံရလိမ့်မည်။
20 porque o maligno não tem futuro; e a lâmpada dos ímpios se apagará.
21 ငါ့သား၊ ထာ၀ရဘုရားသခင်နှင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေပါလော့။ ထိုနှစ်ပါးစလုံးကို မနာခံဘဲမနေ လေနှင့်။-
21 Filho meu, teme ao Senhor, e ao rei; e não te entremetas com os que gostam de mudanças.
22 အကြောင်းမူကား သူတို့ထံမှ ဘေးအန္တရာယ်သည် ရုတ်တရက်ကျရောက်တတ်၏။ ထိုနှစ်ပါးစလုံး ထံမှရောက်ရှိလာမည့် ဘေးဒုက္ခကို မည်သူသိနိုင်ပါသ နည်း။ ပညာရှိတို့၏အခြားသောဆိုရိုးစကားများ
22 Porque de repente se levantará a sua calamidade; e a ruína deles, quem a conhecerá?
23 ဤသည်တို့ကား ပညာရှိတို့၏ဆုံးမစကားများဖြစ် ကြသတည်း။ တရားစီရင်ရာ၌ ဘက်လိုက်ခြင်းသည် မကောင်း ပေ။-
23 Também estes são provérbios dos sábios: Fazer acepção de pessoas no juízo não é bom.
24 အပြစ်ရှိသူအားသင်သည် အပြစ်ကင်းစင်သည် ဟုဆိုသူတိုင်းကို လူအများက ကျိန်ဆဲကြ၍ တိုင်းနိုင်ငံ များကလည်း ရွံရှာမုန်းတီးကြလိမ့်မည်။-
24 Aquele que disser ao ímpio: Justo és; os povos o amaldiçoarão, as nações o detestarão;
25 အပြစ်ရှိသူကို ပြစ်တင်ရှုတ်ချသောသူတို့ကိုမူကား ရွှင်လန်းဝမ်းမြောက်စေလျက် ကောင်းချီးမင်္ဂလာသည် သူတို့အပေါ်သို့ သက်ရောက်လိမ့်မည်။-
25 mas para os que julgam retamente haverá delícias, e sobre eles virá copiosa bênção.
26 ရိုးသားသောအဖြေကိုပေးသူသည် နှုတ်ခမ်းပေါ်တွင် နမ်းခြင်းနှင့်တူ၏။
26 O que responde com palavras retas beija os lábios.
27 သင်၏လုပ်ငန်းကို ကွင်းပြင်၌ ကြိုတင်ပြင်ဆင်ပါလော့။ သင်၏လယ်ကွင်းထဲတွင် အရာရာကို အသင့်ပြင် ဆင်ထားပါလော့။ ထို့နောက် သင်နေထိုင်ရန် အိမ်ကို ဆောက်လုပ်ပါလော့။
27 Prepara os teus trabalhos de fora, apronta bem o teu campo; e depois edifica a tua casa.
28 သင်၏အိမ်နီးချင်းကို ဆန့်ကျင်၍ သက်သေထွက်ဆိုခြင်းကိုလည်း မပြုလေနှင့်။ သင်၏နှုတ်ဖြင့် လိမ်လည်ထွက်ဆိုခြင်း မပြုနှင့်။-
28 Não sejas testemunha sem causa contra o teu próximo; e não enganes com os teus lábios.
29 ငါ့အပေါ် သူပြုမူခဲ့သည့်အတိုင်း သူ့အပေါ် ငါပြုမူမည်၊ ငါခံစားခဲ့ရသည်နှင့် ထပ်တူထပ်မျှ သူ့ကို ခံစားစေမည်ဟု မဆို လေနှင့်။
29 Não digas: Como ele me fez a mim, assim lhe farei a ele; pagarei a cada um segundo a sua obra.
30 ငါသည် ပျင်းရိသောသူ၏လယ်အနီးမှလည်းကောင်း၊ စဉ်းစားဉာဏ်မရှိသောသူ၏စပျစ်ခြံအနီးမှလည်းကောင်း ဖြတ်သန်း လာခဲ့၏။-
30 Passei junto ao campo do preguiçoso, e junto à vinha do homem falto de entendimento;
31 ယင်းတို့သည် ဆူးချုံများ အောက်တွင် ပျောက်ကွယ်နေပြီး မြေပြင်သည်လည်း ပေါင်းပင်များနှင့် ဖုံးအုပ်လျက်ရှိကာ ယင်း၏ကျောက်တံတိုင်းသည်လည်း ပြိုလဲလျက်ရှိသည်ကို ငါတွေ့ခဲ့ရ ၏။-
31 e eis que tudo estava cheio de cardos, e a sua superfície coberta de urtigas, e o seu muro de pedra estava derrubado.
32 ထိုအခါ ငါသည် ကြည့်ရှု၍ ဤအဖြစ်ကို ဆင်ခြင်သုံးသပ်ကြည့်သောအခါ သင်ခန်းစာကို ရခဲ့ပါ၏။-
32 O que tendo eu visto, o considerei; e, vendo-o, recebi instrução.
33 တစ်ခဏမျှအိပ်စက်ခြင်း၊ တစ်ခဏမျှငိုက်မျဉ်းခြင်း၊ တစ်ခဏမျှ လက်ပိုက်အနားယူခြင်းတို့ကြောင့်၊-
33 Um pouco para dormir, um pouco para toscanejar, um pouco para cruzar os braços em repouso;
34 ဆင်းရဲနွမ်းပါးခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ဥစ္စာချို့တဲ့ခြင်းသည် လက်နက်ကိုင်စစ်သူရဲကဲ့သို့လည်းကောင်း သင့် ထံသို့ ရောက်လာလိမ့်မည်။
34 assim sobrevirá a tua pobreza como um salteador, e a tua necessidade como um homem armado.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.