Provérbios 21

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ရှင်ဘုရင်၏စိတ်နှလုံးသည် ထာ၀ရဘုရားသခင်၏လက်တော်တွင်ရှိသော ရေစီးသည့်ချောင်း ကဲ့သို့ဖြစ်၍ ကိုယ်တော်သည် မိမိအလိုရှိသောနေရာသို့ ယင်းကို လှည့်စေတော်မူ၏။-
1 O coração do rei é como um rio controlado pelo Senhor; ele o dirige para onde quer.
2 လူသည် မိမိပြုလုပ်သမျှ မှန်ကန်သည်ဟုမြင်တတ်၏။ ထာ၀ရဘုရားသခင်သည် ကား စိတ်နှလုံးကို တိုင်းတာတော်မူ၏။-
2 Todos os caminhos do homem lhe parecem justos, mas o Senhor pesa o coração.
3 ထာ၀ရဘုရား သခင်သည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်မှန်ကန်ခြင်း နှင့် တရားမျှတစွာကျင့်ကြံခြင်းကို ပို၍နှစ်သက် တော်မူ၏။-
3 Fazer o que é justo e certo é mais aceitável ao Senhor do que oferecer sacrifícios.
4 ယုတ်မာသောသူတို့၏အလင်းတည်းဟူသော မောက်မာထောင်လွှားသည့်အကြည့်နှင့် မာနကြီးသော နှလုံးသားတို့သည် အပြစ်ဒုစရိုက်ဖြစ်၏။-
4 A vida de pecado dos ímpios se vê no olhar orgulhoso e no coração arrogante,
5 သတိဝီရိယ ရှိသူ၏အကြံအစည်တို့သည် ကြွယ်၀ချမ်းသာခြင်းသို့ မလွဲမသွေရောက်စေ၍ စိတ်လိုက်မာန်ပါပြုတတ်သူမှန် သမျှသည် ချို့တဲ့နွမ်းပါးနေမည်သာဖြစ်၏။-
5 Os planos bem elaborados levam à fartura; mas o apressado sempre acaba na miséria.
6 လိမ်လည်၍ ရှာဖွေစုဆောင်းထားသောစီးပွားဥစ္စာသည် တစ်ခဏအတွင်း လွင့်ပြယ်သွားသောရေခိုးရေငွေ့နှင့် သေမင်း၏ ကျော့ကွင်းဖြစ်၏။-
6 A fortuna obtida com língua mentirosa é ilusão fugidia e armadilha mortal.
7 လူယုတ်မာတို့သည် တရားမျှတသည့်လုပ်ရပ်ကိုပြုမူရန် ငြင်းဆန်သောကြောင့် သူတို့၏ ဆိုးသွမ်းရမ်းကားခြင်းသည် သူတို့ကို ပြန်၍သုတ်သင် ဖယ်ရှားပစ်လိမ့်မည်။-
7 A violência dos ímpios os arrastará, pois recusam-se a agir corretamente.
8 အပြစ်ရှိသောသူ၏လမ်းစဉ်သည် ကွေ့ကောက်၍ စင်ကြယ်သောသူ၏အကျင့်သည် မှန်ကန်၏။-
8 O caminho do culpado é tortuoso, mas a conduta do inocente é reta.
9 ရန်တွေ့တတ်သော မိန်းမတစ်ဦးနှင့် တစ်အိမ် တည်းအတူနေရခြင်းထက် အိမ်အမိုးပေါ်ရှိ ထောင့်တစ် နေရာ၌ နေရသည်က ပို၍ကောင်း၏။-
9 Melhor é viver num canto sob o telhado do que repartir a casa com uma mulher briguenta.
10 လူယုတ်မာတို့၏ စိတ်နှလုံးသည် မကောင်းမှုကို အလိုရှိ၏။ သူ၏အိမ်နီး ချင်းသည် သူ၏မျက်လုံးများထဲတွင် သနားကြင်နာခြင်းကို ရှာမတွေ့ချေ။-
10 O desejo do perverso é fazer o mal; ele não tem dó do próximo.
11 မထီမဲ့မြင်ပြုသောသူတစ်ဦး အပြစ်ပေးခံရသောအခါ အသိတရားနည်းသောသူသည် ပညာသတိရှိလာ၏။ ပညာရှိသော သူသည် သွန်သင်ခြင်းခံရ သောအခါ သူ၌ အသိပညာတိုးပွားလာ၏။-
11 Quando o zombador é castigado, o inexperiente obtém sabedoria; quando o sábio recebe instrução, obtém conhecimento.
12 ဖြောင့်မတ် သောသူသည် ဆိုးယုတ်သောသူ၏အိမ်ကိုကြည့်ရှုအကဲ ခတ်ပြီး ထိုဆိုးယုတ်သောသူတို့ကို ပျက်စီးခြင်းသို့ရောက် စေ၏။-
12 O justo observa a casa dos ímpios e os faz cair na desgraça.
13 ဆင်းရဲသားတို့၏အော်ဟစ်သံကို မကြားလို၍ မိမိ၏နားကိုပိတ်ထားသောသူသည် ကိုယ်တိုင်အော် ဟစ်ရလိမ့်မည်။ သို့သော် သူ၏အော်ဟစ်သံကို မည်သူ မျှကြားလိမ့်မည်မဟုတ်ချေ။-
13 Quem fecha os ouvidos ao clamor dos pobres também clamará e não terá resposta.
14 တိတ်တဆိတ်ပေးသော လက်ဆောင်သည် ဒေါသကိုပြေပျောက်စေ၍ လျှို့ဝှက်စွာ ပေးသောတံစိုးလက်ဆောင်သည်လည်း ပြင်းထန်သော အမျက်ကိုငြိမ်းစေ၏။-
14 O presente que se faz em segredo acalma a ira, e o suborno oferecido às ocultas apazigua a maior fúria.
15 တရားသဖြင့် စီရင်သောအခါ ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်ကြ၍ မကောင်း မှုကျူးလွန်သူတို့မူကား စိတ်ပျက်ကြ၏။-
15 Quando se faz justiça, o justo se alegra, mas os malfeitores se apavoram.
16 ဉာဏ်ပညာ ၏လမ်းမှလွဲသွားသောသူသည် သေသူတို့၏အစုအဝေး တွင် နားခိုရလိမ့်မည်။
16 Quem se afasta do caminho da sensatez repousará na companhia dos mortos.
17 အပျော်အပါးလိုက်စားသောသူသည် ဆင်းရဲချို့တဲ့လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို စွဲလမ်းသောသူသည် ကြွယ်၀ချမ်းသာ လိမ့်မည်မဟုတ်။-
17 Quem se entrega aos prazeres passará necessidade; quem se apega ao vinho e ao azeite jamais será rico.
18 ဆိုးယုတ်သောသူသည် တရားမျှတသူတို့အတွက်လည်းကောင်း၊ သစ္စာမရှိသောသူသည် ဖြောင့်မတ်သူအတွက် လည်းကောင်း ရွေးနုတ်ရန်အဖိုးအခဖြစ်လိမ့်မည်။-
18 O ímpio serve de resgate para o justo, e o infiel, para o homem íntegro.
19 ရန်လို၍ နားပူနားဆာလုပ်လေ့ရှိသောမိန်းမနှင့် အတူနေရခြင်းထက် လူသူကင်းဝေးရာအရပ်တွင် နေရခြင်းက ပို၍ကောင်း၏။-
19 Melhor é viver no deserto do que com uma mulher briguenta e amargurada.
20 ပညာရှိ၏အိမ်တွင်ရှိသောအဖိုးတန်ပစ္စည်းဥစ္စာသည် တည်မြဲ၏။ မိုက်မဲသူသည်ကား ပစ္စည်းဥစ္စာကို ကုန်ခန်း စေတတ်၏။-
20 Na casa do sábio há comida e azeite armazenados, mas o tolo devora tudo o que pode.
21 ဖြောင့်မတ်ခြင်းတရားနှင့် ကရုဏာတရား ကိုရှာဖွေသောသူသည် အသက်နှင့် ဂုဏ်ကျက်သရေ ကိုတွေ့လိမ့်မည်။-
21 Quem segue a justiça e a lealdade encontra vida, justiça e honra.
22 ပညာရှိသောသူသည် အင်အားကြီး သူတို့၏မြို့ကိုချီတက်တိုက်ခိုက်၍ ထိုသူတို့အားထား သောခံတပ်ကို ဖြိုဖျက်တတ်၏။-
22 O sábio conquista a cidade dos valentes e derruba a fortaleza em que eles confiam.
23 မိမိ၏နှုတ်နှင့်လျှာကို စောင့်ထိန်းသောသူသည် မိမိကိုယ်ကို ဒုက္ခမှ ကင်းဝေးစေ၏။-
23 Quem é cuidadoso no que fala evita muito sofrimento.
24 မောက်မာထောင်လွှားသဖြင့် မထီမဲ့မြင်ပြုသူဟု အမည်တွင်သောသူသည် ခက်ထန်သောမာနဖြင့် ပြုမူဆက်ဆံ၏။-
24 O vaidoso e arrogante, chama-se zombador; ele age com extremo orgulho.
25 ပျင်းရိသောသူ၏အလိုဆန္ဒသည် သူ့ကိုသေစေ၏။ အကြောင်းမူကား သူ၏လက်တို့သည် အလုပ်လုပ်ရန် ငြင်းဆန်ကြ သောကြောင့်တည်း။-
25 O preguiçoso morre de tanto desejar e de nunca pôr as mãos no trabalho.
26 ဆိုးယုတ်သောသူတို့သည် တစ်နေကုန် သူတစ်ပါး၏ပစ္စည်း ဥစ္စာကို လိုချင်သောလောဘစိတ်ဖြင့် ပြည့်နှက်နေကြ၏။ ဖြောင့်မတ်သောသူသည်ကား နှမြောတွန့်တိုခြင်း ကင်းမဲ့စွာ ပေးကမ်းတတ်၏။-
26 O dia inteiro ele deseja mais e mais, enquanto o justo reparte sem cessar.
27 ဆိုးယုတ်သောသူတို့၏ ပူဇော်သကာသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ မကောင်းသောရည်ရွယ်ချက်ဖြင့် ပူဇော်သော အခါတွင်မူကား ပို၍ပင်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။-
27 O sacrifício dos ímpios já por si é detestável; quanto mais quando oferecido com más intenções.
28 မမှန်ကန်သောသက် သေထွက်ဆိုချက်သည် ကွယ်ပျောက်လိမ့်မည်။ နာခံတတ်သောသူ၏စကားသည်ကား တည်လိမ့် မည်။-
28 A testemunha falsa perecerá, mas o testemunho do homem bem informado permanecerá.
29 ဆိုးယုတ်သောသူသည် မျက်နှာကို တင်းထားတတ်၏။ ဖြောင့်မတ်သောသူမူကား မိမိ၏လမ်းစဉ်ကို စဉ်းစာဆင်ခြင်၏။-
29 O ímpio mostra no rosto a sua arrogância, mas o justo mantém em ordem o seu caminho.
30 မည်သည့် ဉာဏ်ပညာ၊ အသိတရားနှင့် အကြံအစည်မျှ ထာ၀ရဘုရားသခင်ကို ဆန့်ကျင်အံတုခြင်းမပြုနိုင်ပေ။-
30 Não há sabedoria alguma, nem discernimento algum, nem plano algum que possa opor-se ao Senhor.
31 စစ်တိုက်ရမည့်နေ့တွင် မြင်းများကို အသင့်ပြင် ဆင်ထားသော်လည်း အောင်ပွဲသည် ထာ၀ရဘုရား သခင်နှင့် သက်ဆိုင်၏။
31 Prepara-se o cavalo para o dia da batalha, mas o Senhor é que dá a vitória.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.