Provérbios 20
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 စပျစ်ရည်သည် မထီမဲ့မြင်ပြုတတ်၏။ သေရည်သေရက်သည် ရုန်းရင်းဆန်ခတ်ဖြစ်စေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူသည် အသိပညာမရှိပေ။-
1 Zombeteiro é o vinho e amotinadora a cerveja: quem quer que se apegue a isto não será sábio.
2 ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့တစ်ကောင်၏ဟိန်းဟောက်သံနှင့်တူ၏။ ရှင်ဘုရင်ကိုအမျက်ထွက်စေသော သူသည် လည်း မိမိ၏အသက်ကိုဆုံးရှုံးရ၏။-
2 O furor do rei é como um rugido de leão: aquele que o provoca, prejudica-se a si mesmo.
3 ခိုက်ရန်ဒေါသကို ရှောင်ရှားနိုင်သောသူသည် ဂုဏ်သရေရှိ၏။ မိုက်မဲသောသူတိုင်းသည် ခိုက်ရန်ဒေါသဖြစ်လွယ်၏။-
3 É uma glória para o homem abster-se de contendas; o tolo, porém, é o único que as procura.
4 ပျင်းရိသူသည် ဆောင်းရာသီတွင် မထွန်ယက်။ သို့ဖြစ်၍ ကောက်ရိတ်သိမ်းချိန်တွင် သူသည် မည်သည့် အသီးအနှံကို မျှမရချေ။-
4 Desde o outono o preguiçoso não trabalha: mendigará no tempo da colheita, mas não terá nada.
5 လူ၏အတွင်းစိတ်ထဲရှိ အကြံအစည်တို့သည် နက်ရှိုင်းသောသမုဒ္ဒရာရေနှင့်တူ၏။ သို့သော် အသိဉာဏ်ရှိသောသူသည် ၎င်းတို့ကို ခပ်ယူ၏။-
5 Água profunda é o conselho no íntimo do homem; o homem inteligente sabe haurir dela.
6 များစွာသောလူတို့သည် မိမိကိုယ်မိမိ သစ္စာရှိသည်ဟု ကြွေးကြော်တတ်ကြ၏။ ယုံကြည်ထိုက်သောသူကိုမူကား မည်သူရှာဖွေ တွေ့ရှိနိုင်ပါသနည်း။-
6 Muitos homens apregoam a sua bondade, mas quem achará um homem verdadeiramente fiel?
7 ဖြောင့်မတ် သောသူသည် အပြစ်ကင်းမဲ့စွာနေထိုင်၏။ သူ၏သားစဉ် မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။-
7 O justo caminha na integridade; ditosos os filhos que o seguirem!
8 ရှင်ဘုရင်သည် တရားပလ္လင်ပေါ်တွင်ထိုင်သောအခါ မကောင်းသောအမှု မှန်သမျှတို့ကို မိမိ၏မျက်စိများဖြင့် ဖယ်ရှားတတ် ၏။-
8 O rei, que está sentado no trono da justiça, só com seu olhar dissipa todo o mal.
9 ငါသည် ငါ၏စိတ်နှလုံးကို စင်ကြယ်စေပြီ။ ငါသည် အပြစ် နှင့်ကင်းလွတ်သောသူဖြစ်၏ဟူ၍ မည်သူဆိုနိုင်မည်နည်း။-
9 Quem pode dizer: Meu coração está puro, estou limpo de pecado?
10 မမှန်ကန်သောအလေးချိန်ခွင်များနှင့် မမှန်ကန်သောအတိုင်းအတာများကို ထာ၀ရဘုရားသခင်စက် ဆုပ်ရွံရှာတော်မူ၏။-
10 Ter dois pesos e duas medidas é objeto de abominação para o Senhor.
11 ကလေးသူငယ်တစ်ဦးပင်လျှင် မိမိ ၏အကျင့်စာရိတ္တဖြူစင်ခြင်းရှိ၊ မရှိကို မိမိ၏အပြုအမူအား ဖြင့်သိနိုင်၏။-
11 O menino manifesta logo por seus atos se seu proceder será puro e reto.
12 ကြားတတ်သော နားနှင့် မြင်တတ်သော မျက်စိတို့ကို ထာ၀ရဘုရားသခင်ဖန်ဆင်းတော်မူ၏။-
12 O ouvido que ouve, o olho que vê, ambas estas coisas fez o Senhor.
13 အအိပ်မက်သောသူသည် ဆင်းရဲဒုက္ခရောက်လိမ့်မည်။ နိုးကြားစွာနေလော့။ သင့်တွင် ဝမ်းစာအလျှံပယ်ပေါများ လိမ့်မည်။-
13 Não sejas amigo do sono, para que não te tornes pobre: abre os olhos e terás pão à vontade.
14 ပစ္စည်းမကောင်းပါ၊ မကောင်းပါဟု ဈေးဝယ် သူက ဆိုတတ်၏။ သို့သော် သူသည် ဈေးဝယ်ပြီး ပြန်သောအခါ မိမိဝယ်ယူ သောပစ္စည်းမည်မျှကောင်းကြောင်း ကို ဝါကြွားပြောဆိုတတ်၏။-
14 Mau, mau! diz o comprador. Mas se gloria ao se retirar.
15 ရွှေရှိ၏။ အဖိုးတန်ရတနာ များလည်းများစွာရှိ၏။ သို့ရာတွင် ပညာသတိနှင့်ပြည့်စုံ သောနှုတ်သည် ရှားပါးသော အဖိုးတန် ရတနာတစ်ပါးဖြစ်၏။-
15 Há ouro, há pérola em abundância; jóia rara é a boca sábia.
16 သူစိမ်းအတွက် အာမခံသောသူ၏ဝတ်ရုံကို ယူထားလော့။ လူမျိုးခြားတို့အတွက် အာမခံခြင်းဖြစ်လျှင် ယင်းကို အပေါင် ပစ္စည်းအဖြစ်သိမ်းထားလော့။
16 Toma-lhe a roupa, porque ele respondeu por outrem; exige dele um penhor em proveito dos estranhos.
17 မသမာသောနည်းဖြင့်ရရှိသောအစားအစာသည် စားသောက်သူအတွက် ချိုမြိန်သော်လည်း အဆုံးတွင် ထိုသူ၏ခံတွင်းသည် ကျောက်စရစ်ခဲများနှင့်ပြည့်နှက် နေလိမ့်မည်။-
17 Saboroso é para o homem o pão defraudado, mas depois terá a boca cheia de cascalhos.
18 အကြံကောင်းဉာဏ်ကောင်းကို ရှာဖွေခြင်းအားဖြင့် စီမံကိန်းများပြုလုပ်လော့။ ကောင်းသော လမ်းညွှန်ခြင်းကို ရယူပြီးမှ စစ်ခင်းလော့။-
18 Os projetos triunfam pelo conselho; é com prudência que deve ser dirigida a guerra.
19 အတင်းအဖျင်း ပြောဆိုတတ်သူသည် လျှို့ဝှက်သောအရာတို့ကိုဖော်ထုတ်၏။ ထို့ကြောင့် မိုက်မဲစွာစကားပြောဆိုသော သူကို ရှောင်ကြဉ်လော့။-
19 O mexiriqueiro trai os segredos: não te familiarizes com um falador.
20 လူတစ်ဦးသည် မိမိ၏အမိ၊ သို့မဟုတ် အဖအား ကျိန်ဆဲလျှင် ထိုသူ၏မီးခွက်သည် ထူထပ်သောအမှောင်ထုတွင် ငြိမ်းသွား ရလိမ့်မည်။-
20 Quem amaldiçoa seu pai ou sua mãe {verá} apagar-se sua luz no meio de densas trevas.
21 အစဦး၌ လွယ်ကူလျင်မြန်စွာရရှိသောဥစ္စာဓနသည် နောက်ဆုံးတွင် အမင်္ဂလာဖြစ်လိမ့်မည်။-
21 Herança muito depressa adquirida no princípio não será abençoada no fim.
22 ငါရန်တုံ့ပြန်မည်ဟူ၍ မဆိုလေနှင့်။ ထာ၀ရဘုရားသခင်ကို စောင့်ငံ့လော့။ ကိုယ်တော်သည် သင့်ကိုကယ်တင်တော် မူလိမ့်မည်။-
22 Não digas: Eu me vingarei! Coloca tua esperança no Senhor, ele te salvará.
23 မမှန်ကန်သောအလေးများကို ထာ၀ရဘုရားသခင်စက်ဆုပ် ရွံရှာ၍ မဖြောင့်မတ်သောချိန်ခွင်များကိုလည်း ကိုယ်တော် နှစ်သက်တော်မမူ။-
23 Ter dois pesos é abominação para o Senhor; uma balança falsa não é coisa boa.
24 လူတစ်ဦးလျှောက်လှမ်းရမည့် လမ်းတို့ကို ထာ၀ရဘုရားသခင်စီရင်တော်မူသည်ဖြစ်၍ လူသည် မိမိလျှောက်လှမ်းရာလမ်းကို မည်သို့နားလည် နိုင်မည်နည်း။-
24 O Senhor é quem dirige os passos do homem: como poderá o homem compreender seu caminho?
25 တစ်စုံတစ်ခုကို မဆင်ခြင်ဘဲ ဘုရားသခင်အား ဆက်ကပ်ပူဇော်ပြီးမှ မိမိ၏ကတိသစ္စာများကို ထောက်ရှုဆင်ခြင်ခြင်းသည် လူတစ်ဦးအတွက် ကျော့ကွင်းတစ်ခုသဖွယ်ဖြစ်၏။-
25 É um laço dizer inconsideradamente: Consagrado! e não refletir antes de ter emitido um voto.
26 ပညာရှိသောရှင်ဘုရင်သည် လူမိုက်တို့ကိုခွဲခြားနုတ်ပယ်၍ သူတို့အား စပါးလှေ့သော ဘီးနှင့်ဖိနင်းလိမ့်မည်။-
26 O rei sábio joeira os ímpios, faz passar sobre eles a roda.
27 လူသား၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်၏မီးခွက်ဖြစ်၏။ ၎င်းသည် လူ၏အတွင်း စိတ်ထဲ၌ရှိသမျှတို့ကို မတွေ့တွေ့ အောင်ရှာဖွေတတ်၏။-
27 O espírito do homem é uma lâmpada do Senhor: ela penetra os mais íntimos recantos das entranhas.
28 မေတ္တာနှင့်သစ္စာတရားသည် ရှင်ဘုရင်ကို စောင့်ရှောက်၏။ သူသည် မိမိ၏ရာဇပလ္လင်ကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့် ပိုမိုခိုင်မြဲစေ၏။-
28 Bondade e fidelidade montam guarda ao rei; pela justiça firma-se seu trono.
29 လူငယ်တို့၏ဘုန်းသည်ကား သူတို့၏လက်ရုံးရည်ဖြစ်ပြီး လူအိုတို့၏လှပတင့်တယ်ခြင်းကား သူတို့၏ဆံဖြူခြင်း ပေတည်း။-
29 A força é o ornato dos jovens; o ornamento dos anciãos são os cabelos brancos.
30 အနာတရဖြစ်စေ သောရိုက်နှက်ခြင်းသည် မကောင်းမှုကို သန့်စင်စေပြီး ကြိမ်ဒဏ်သည် အတွင်းစိတ်ကိုသန့်ရှင်းစေ၏။
30 A ferida sangrenta cura o mal; também os golpes, no mais íntimo do corpo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.