Provérbios 17

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ခမ်းနားစွာကျင်းပသောစားသောက်ပွဲတွင် ခိုက်ရန်ဖြစ်လျက် စားရခြင်းထက် ပေါင်မုန့်ခြောက် တစ်ခုကို အေးချမ်းငြိမ်သက် စွာ စားရခြင်းက ပို၍ကောင်း၏။-
1 É melhor um pedaço de pão seco e paz que uma casa cheia de banquetes e conflitos.
2 ဉာဏ်ပညာရှိသောအစေခံသည် အရှက်မရှိသော သားကို အုပ်ချုပ်ရလိမ့်မည်။ သူသည် ပစ္စည်းဥစ္စာတို့ကို လည်း အိမ်သား တစ်ဦးနည်းတူ အမွေခံရတတ်၏။-
2 O servo prudente governará sobre o filho que envergonha o pai e terá parte na herança com os filhos de seu senhor.
3 ငွေကို လုံဖြင့်လည်းကောင်း၊ ရွှေကို မီးဖြင့်လည်းကောင်း စမ်းသပ်စစ်ဆေးရ၏။ စိတ်နှလုံးကိုမူကား ထာ၀ရဘုရား သခင်စစ်ဆေးတော်မူ၏။-
3 O fogo prova a pureza da prata e do ouro, mas o S
4 မကောင်းမှုကိုကျူးလွန်သော သူသည် မုသားစကားကိုယုံကြည်တတ်၏။ မုသားသုံးသောသူသည်လည်း အကျိုးမဲ့ပျက်စီး စေသောစကား တို့ကိုနားထောင်တတ်၏။-
4 A pessoa má gosta de ouvir maldades; o mentiroso dá atenção a palavras destrutivas.
5 ဆင်းရဲသောသူတို့ကို ပြက်ရယ်ပြုသူများသည် မိမိတို့၏ဖန်ဆင်းရှင်ကို စော်ကားခြင်းဖြစ်၏။ သူတစ်ပါးဘေးဒုက္ခ ရောက်သည် ကိုဝမ်းမြောက် သူတို့သည်လည်း အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည် မဟုတ်။-
5 Quem zomba do pobre insulta seu Criador; quem se alegra com a desgraça alheia será castigado.
6 မြေးတို့သည် သက်ကြီးရွယ်အိုတို့၏သရဖူဖြစ်၏။ မိဘတို့သည် သားသမီးတို့အတွက် ဂုဏ်ယူဝင့်ကြွားရာဖြစ်၏။-
6 Os netos são coroa de honra para os idosos; os pais são o orgulho de seus filhos.
7 လူမိုက်တစ်ဦး၏နှုတ်မှကောင်းသောစကား များထွက်လာလေ့မရှိ။ မြင့်မြတ်သူသည်ကား မုသား စကားကို ပြောဆိုခဲ၏။-
7 Não convém ao tolo falar com eloquência, e muito menos ao governante mentir.
8 တံစိုးလက်ဆောင်သည် မျက်လှည့်ပြသကဲ့သို့အောင်မြင်စေနိုင်သည်ဟု ပေးသူတို့ကမြင်ကြ၏။ ထိုသူတို့သည် မိမိတို့ သွားလေရာရာတွင် အောင်မြင်မည်ဟု ထင်မှတ်ကြ၏။-
8 O suborno é como um amuleto da sorte; quem o oferece sempre alcança o que quer.
9 သူတစ်ပါး၏အပြစ်ကို ခွင့်လွှတ်တတ်သူသည် မေတ္တာတရားကို တိုးပွားစေ၏။ ထိုအပြစ်ကို ထပ်တလဲလဲထုတ်ဖော် တတ်သူမူကား ရင်းနှီးသောမိတ်ဆွေတို့ကို ကွဲစေတတ်၏။-
9 Quem perdoa a ofensa mostra amor, mas quem insiste nela separa amigos.
10 အသိဉာဏ် ရှိသူကို အပြစ်တင်ဆုံးမခြင်းသည် လူမိုက်တစ်ယောက် ကို ကြိမ်ဒဏ်အချက်တစ်ရာရိုက်သည်ထက်ပင် ပို၍ ထိရောက်၏။-
10 Uma repreensão é mais eficaz para o prudente que cem açoites para o tolo.
11 ဆိုးယုတ်သောသူသည် ပုန်ကန်တော် လှန်ရန်ကိုသာ အာရုံစူးစိုက်တတ်၏။ ထို့ကြောင့် သနား ညှာတာခြင်းကင်းမဲ့သော စေတမန်သည် သူ့ထံသို့ စေလွှတ်ခြင်းခံရလိမ့်မည်။-
11 A pessoa má sempre procura razão para se rebelar, por isso será severamente castigada.
12 မိမိ၏သားငယ်များလုယူခြင်းခံ ရသောဝက်ဝံမနှင့် တွေ့ဆုံရခြင်းက ဆိုးမိုက်နေဆဲဖြစ် သောလူမိုက်နှင့် ထိပ်တိုက်တွေ့ ရခြင်းထက်ပို၍ကောင်း၏။-
12 É melhor deparar com uma ursa da qual roubaram os filhotes que confrontar um tolo em sua insensatez.
13 အကယ်၍ လူတစ်ဦးသည် အကောင်းကို အဆိုးဖြင့် တုံ့ပြန်ပါက အဆိုးသည် သူ၏အိမ်မှ မည်သည့်အခါမျှ ထွက်ခွာ လိမ့်မည်မဟုတ်။-
13 Quem paga o bem com o mal sempre terá o mal em sua casa.
14 ရန်ပွဲကိုစတင်ခြင်းသည် တာတမံတစ်ခုကျိုးပေါက်ခြင်းနှင့်တူသောကြောင့် ရန်ပွဲ မဖြစ်မီကပင် ရှောင်ရှားလော့။-
14 Começar uma briga é como abrir a comporta de uma represa; portanto, pare antes que irrompa a discussão.
15 မတရားသောသူတို့ကို အပြစ်ဒဏ်မှလွတ်စေသောသူနှင့် တရားဖြောင့်မတ်သောသူတို့ကို ပြစ်ဒဏ်စီရင်သောသူနှစ်ဦး စလုံးကို ထာ၀ရဘုရားသခင်စက်ဆုပ်ရွံရှာတော်မူ၏။
15 Absolver o culpado e condenar o inocente são duas coisas detestáveis para o S
16 မိုက်မဲသောသူသည် ဉာဏ်ပညာကိုအလိုမရှိသောကြောင့် ထိုသူ၏လက်ထဲ၌ ငွေကြေးရှိခြင်းမှာ အဘယ်အကျိုးရှိသနည်း။-
16 De nada adianta pagar para instruir o tolo, pois ele não tem vontade de aprender.
17 အဆွေခင်ပွန်းသည် အချိန်အခါမရွေးချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခဆင်းရဲကို မျှဝေခံစားရန် မွေးဖွားလာခြင်းဖြစ်၏။-
17 O amigo é sempre leal, e um irmão nasce na hora da dificuldade.
18 အသိဉာဏ်ကင်းမဲ့သောသူ သည် မိမိ၏အိမ်နီးချင်းအတွက် အလွယ်တကူ အာမခံတတ်၏။-
18 É falta de juízo dar garantia pela dívida de alguém ou aceitar ser fiador de um amigo.
19 မကောင်းမှုကို နှစ်သက်သော သူသည် ခိုက် ရန်ဖြစ်ပွားခြင်းကိုလည်း နှစ်သက်၏။ မိမိ၏အိမ်အဝင် တံခါးခုံကို မြင့်မားစွာ တည်ဆောက်သောသူသည် ထိခိုက်ပျက်စီးခြင်းကိုရှာခြင်းဖြစ်၏။-
19 Quem gosta de brigar ama o pecado; quem confia em muralhas procura a própria ruína.
20 ကောက်ကျစ်စဉ်းလဲ သောသူသည် ကြီးပွားချမ်းသာမည်မဟုတ်။ လိမ်ညာလှည့်ဖြားသောသူသည်လည်း ဘေးဥပဒ် အန္တရာယ် တွင်းသို့ သက်ဆင်းရတတ်၏။-
20 O coração perverso não prospera; a língua mentirosa se mete em dificuldades.
21 ဆိုးမိုက်သောသားသည် ဖခင်ကို ဝမ်းနည်းစေ၏။ ရူးမိုက်သူ၏ဖခင်သည်လည်း ရွှင်လန်းချမ်းမြေ့မှုမရှိနိုင်။-
21 O filho tolo causa tristeza ao pai; não há alegria para o pai de um rebelde.
22 စိတ်နှလုံးရွှင်လန်း ဝမ်းမြောက်ခြင်းသည် ဆေးကောင်းတစ်ခွက်ဖြစ်၏။ စိတ်ဖိစီးနှိပ်စက်ခြင်းခံရသောသူသည် အရိုးများကို သွေ့ ခြောက်စေတတ်၏။-
22 O coração alegre é um bom remédio, mas o espírito abatido consome as forças.
23 ဆိုးညစ်သောသူသည် တရားမျှတစွာစီရင်ခြင်းလမ်းမှသွေဖည်စေရန်အတွက် တံစိုးလက်ဆောင်များကို လျှို့ဝှက်စွာ လက်ခံ၏။-
23 O perverso recebe suborno em segredo, para desviar o rumo da justiça.
24 အသိဉာဏ်ရှိ သောသူသည် ဉာဏ်ပညာကို အစဉ်မျက်မှောက်ပြုတတ်၏။ ရူးမိုက်သောသူ၏မျက်စိတို့သည် ကမ္ဘာမြေကြီး စွန်းတိုင်အောင် ကြည့်ရှု၏။-
24 O sensato mantém os olhos fixos na sabedoria, mas os olhos do tolo vagueiam até os confins da terra.
25 သားမိုက်သည် သူ၏ဖခင်အား ပူဆွေးသောကရောက်စေသကဲ့သို့ မွေးထုတ်ပေးသော မိခင်အားလည်း ရင်နာစေတတ်၏။-
25 O filho tolo causa tristeza a seu pai e amargura àquela que o deu à luz.
26 ဖြောင့်မတ်သူတို့အား ဒဏ်ငွေတပ်ခြင်းသည် တရားမျှတမှုမရှိ။ မြင့်မြတ် သောသူတို့အား ကြိမ်ဒဏ်စီရင်ခြင်းသည်လည်း မှန်ကန် မှုမရှိချေ။-
26 É errado castigar os justos por serem bons e açoitar os líderes por serem honestos.
27 မိမိ၏စကားများကို ထိန်းချုပ်ပြောဆိုသော သူသည် ပညာသတိရှိသူဖြစ်၍ တည်ငြိမ်အေးဆေးစွာ နေထိုင်သောသူသည် သိမြင်နားလည်တတ်သောသူ ဖြစ်၏။-
27 Quem é verdadeiramente sábio usa poucas palavras; quem tem entendimento controla suas emoções.
28 မိုက်မဲသူတို့ပင်လျှင် တိတ်ဆိတ်စွာနေပါက ပညာရှိသူဟုထင်မှတ်ခြင်းခံရ၏။ သူသည် ရေငုံနှုတ်ပိတ် နေသောအခါ သူ့အား ဆင်ခြင်တတ်သောသူဟု မှတ်ယူ တတ်ကြ၏။
28 Até o insensato passa por sábio quando fica calado; de boca fechada, até parece inteligente.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.