Provérbios 16
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 လူသည် စိတ်နှလုံး၏အကြံအစည်များကို ပိုင်ဆိုင်၏။ သို့သော် နှုတ်ဖြင့်တုံ့ပြန်ခြင်းသည်ကား ထာ၀ရဘုရားသခင်အထံတော် မှလာ၏။-
1 É da natureza humana fazer planos, mas a resposta certa vem do S
2 လူတစ်ဦး သည် မိမိပြုမူလုပ်ဆောင်သောအရာများမှာ အပြစ်ကင်း သည်ဟု ထင်နေလေ့ရှိ၏။ သို့သော် ထာ၀ရဘုရားသခင် သည် အတွင်းစိတ်ကိုစစ်ကြောတော်မူ၏။-
2 Ainda que as pessoas se considerem puras, o S
3 သင်ပြုလုပ် သမျှသောအမှုတို့ကို ထာ၀ရဘုရားသခင်အထံတော်၌ အပ်နှံလော့။ ဤသို့ပြုလျှင် သင်၏အကြံအစည်တို့သည် ထမြောက်အောင်မြင်လိမ့်မည်။-
3 Confie ao S enhor tudo que você faz, e seus planos serão bem-sucedidos.
4 ထာ၀ရဘုရားသခင် သည် ခပ်သိမ်းသောအရာတို့ကို ရည်ရွယ်ချက်အသီးသီး အတွက် ဖန်ဆင်းတော်မူ၏။ ဆိုးသွမ်းသော သူကိုပင်လျှင် ဘေးဒဏ်ခံရသောနေ့ရက်အတွက် ဖန်ဆင်းတော်မူ၏။-
4 O S enhor fez tudo com propósito, até mesmo o perverso para o dia da calamidade.
5 ထာ၀ရဘုရားသခင်သည် စိတ်နှလုံး၌ မာန်မာနကြီးသောသူအပေါင်းတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အပြစ်ဒဏ်မခံရဘဲနေရလိမ့်မည်မဟုတ်။ ဤအချက်သည် သေချာ၏။-
5 Os orgulhosos são detestáveis para o S enhor ; certamente serão castigados.
6 မေတ္တာနှင့် သစ္စာတရားအား ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုခံရ၏။ ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့် လူသည် ဒုစရိုက်မကောင်းမှုကို ရှောင်ရှားတတ်၏။-
6 Amor e fidelidade fazem expiação pelo pecado; o temor do S
7 ထာ၀ရဘုရားသခင်သည် လူ၏ပြု မူကျင့်ကြံချက်များကို နှစ်သက်မြတ်နိုးသောအခါ သူ၏ ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။-
7 Quando a vida de uma pessoa agrada o S enhor , até seus inimigos vivem em paz com ela.
8 ဖြောင့်မတ်ခြင်းဖြင့်ရရှိသောငွေကြေးဥစ္စာအနည်းငယ်သည် မတရားသဖြင့်ရရှိသောငွေကြေးဥစ္စာများစွာထက် ပို၍ ကောင်း မြတ်၏။-
8 É melhor ter pouco com justiça que ser rico com desonestidade.
9 လူသည် မိမိသွားရမည့်ခရီးလမ်းကို သူ၏အတွင်းစိတ်ထဲ၌ ကြံစည်၏။ သို့သော် ဘုရားသခင် သည် သူ၏ခြေလှမ်းများကို သတ်မှတ်ပေးတော်မူ၏။-
9 É da natureza humana fazer planos, mas é o S
10 ရှင်ဘုရင်တို့၏နှုတ်မှ ပြောဆိုချက်များသည် ဗျာဒိတ် တော်ကဲ့သို့ဖြစ်၍ သူ၏နှုတ်သည် တရားစီရင်ခြင်း၌ သစ္စာ မဖောက်ပေ။-
10 As decisões do rei têm grande autoridade; ele nunca deve julgar de modo injusto.
11 မှန်ကန်သောအလေးနှင့် မှန်ကန်သော ချိန်ခွင်သည် ထာ၀ရဘုရားသခင်ထံတော်မှဖြစ်ကြ၏။ အလေးအိတ်၌ ပါရှိသမျှသော အလေးတို့သည် ကိုယ်တော်စီရင်တော်မူသည့်အရာများဖြစ်ကြ၏။-
11 O S enhor exige balanças e pesos exatos; ele determina os padrões da imparcialidade.
12 ရှင်ဘုရင် တို့သည် မကောင်းသောအမှုများကို စက်ဆုပ်ရွံရှာကြ၏။ အကြောင်းမူကား ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်း တရားအားဖြင့် တည်ထားသောကြောင့်ဖြစ်၏။-
12 A maldade é detestável para o rei, pois seu governo é estabelecido sobre a justiça.
13 ရှင်ဘုရင်သည် ဖြောင့်မတ်သောနှုတ်တို့ကို နှစ်သက်၏။ မှန် ရာကိုပြောဆိုလေ့ရှိသူတို့ကို ရှင်ဘုရင်သည် တန်ဖိုးထား၏။-
13 O rei se agrada de palavras que vêm de lábios justos e ama quem fala o que é certo.
14 ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ဖြစ်၏။ သို့ရာတွင် ပညာသတိရှိသောသူသည် အမျက်တော်ကို ပြေငြိမ်းစေလိမ့်မည်။-
14 A ira do rei é como uma sentença de morte, mas o sábio procura acalmá-lo.
15 ရှင်ဘုရင်၏မျက်နှာရွှင်လန်း တောက်ပခြင်း၌ အသက်ရှင်ခြင်းတည်ရှိ၏။ သူ၏ချီးမြှောက်ခြင်းသည် နွေဦးရာသီတွင် မိုးရွာစေသောတိမ် တိုက်နှင့်တူ၏။
15 Quando o rei sorri, há vida; seu favor refresca como chuva de primavera.
16 ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် သာ၍ကောင်းမွန်၏။ ငွေထက် အသိတရားကို ရွေးချယ် ခြင်းသည် သာ၍ကောင်းမွန်၏။-
16 É melhor adquirir sabedoria que ouro, e é melhor obter discernimento que prata.
17 ဖြောင့်မတ်သောသူတို့ လျှောက်လှမ်းသောလမ်းမူကား ဒုစရိုက်အမှုကို ရှောင်ရှားခြင်းပင်ဖြစ်လေ၏။ ထိုလမ်းအတိုင်း လျှောက်လှမ်း သောသူသည် မိမိ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်၏။-
17 O caminho dos justos os afasta do mal; quem segue esse caminho está seguro.
18 မာန်မာနသည် ပျက်စီးဆုံးပါးခြင်း၏အကြောင်းတရားဖြစ်၏။ မောက်မာခြင်းသည်လည်း ပြိုလဲပျက်စီး ခြင်း၏အကြောင်း တရားပင်ဖြစ်၏။-
18 O orgulho precede a destruição; a arrogância precede a queda.
19 ဆင်းရဲသားတို့ အလယ် တွင် စိတ်နှလုံးနှိမ့်ချစွာနေရခြင်းသည် လုယက် ၍ရသောဥစ္စာတို့ကို မာန်မာနထောင်လွှားသူတို့နှင့် အတူ ခွဲဝေယူရခြင်းထက် သာ၍ကောင်း၏။-
19 É melhor viver humildemente com os pobres que repartir o despojo com os orgulhosos.
20 သွန်သင်ဆုံးမ ခြင်းကို ဂရုပြုတတ်သောသူတို့သည် တိုးတက်အောင် မြင်လိမ့်မည်။ ထာ၀ရဘုရားသခင်ကို ယုံကြည်ကိုးစား သောသူသည်လည်း မင်္ဂလာရှိ၏။-
20 Quem ouve a instrução prospera; quem confia no S
21 ဉာဏ်ပညာရှိသော သူသည် ပညာသတိရှိသောသူဟူ၍ ထင်ပေါ်ကျော်ကြား လိမ့်မည်။ နားဝင်ချိုစေသောစကား ကိုပြော တတ်ခြင်း သည်လည်း လေ့လာသင်ယူနိုင်စွမ်းကို မြှင့်တင်ပေး၏။-
21 O sábio é conhecido por seu discernimento; palavras agradáveis são convincentes.
22 ဉာဏ်ပညာကိုရရှိသောသူသည် အသက်၏စမ်းရေတွင်း ကိုပိုင်ဆိုင်၏။ မိုက်မဲခြင်းသည်ကား လူမိုက်များအတွက် အပြစ်ဒဏ်စီရင်ခြင်းကို ယူဆောင်ပေး၏။-
22 A sensatez é fonte de vida para quem a possui, mas é desperdício disciplinar os insensatos.
23 ပညာဉာဏ် ရှိသူသည် ချင့်ချိန်ပြီးမှ စကားပြောလေ့ရှိ၏။ သူ၏စကား များသည် ပို၍ဆွဲဆောင်နိုင်စွမ်းရှိကြ၏။-
23 Da mente sábia vêm conselhos sábios; as palavras dos sábios são convincentes.
24 သာယာနာ ပျော်ဖွယ်စကားလုံးတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍ ကြားရ သူတို့အား ကာယနှင့် ဝိညာဉ်ကိုကျန်းမာချမ်းသာ စေကြ ၏။
24 Palavras bondosas são como mel: doces para a alma e saudáveis para o corpo.
25 လူတစ်ယောက်အတွက် မှန်ကန်သည်ဟု ထင်မှတ် ထားသောလမ်းတစ်လမ်းရှိသော်လည်း နောက်ဆုံး၌ ထို လမ်းသည် သေခြင်းသို့ရောက်မည့်လမ်းဖြစ်၏။-
25 Há caminhos que a pessoa considera corretos, mas acabam levando à estrada da morte.
26 အလုပ်သမားတစ်ဦး၏အလိုဆန္ဒသည် မိမိအတွက် အလုပ်ကို လုပ်ဆောင်စေ၏။ သူ၏ဆာလောင်ခြင်းသည် သူ့ကို တွန်းအား ပေး၏။-
26 É bom que os trabalhadores tenham apetite; o estômago vazio os impulsiona.
27 ဆိုးယုတ်သောသူသည် မကောင်းသောအမှုကိုကြံစည်တတ်၏။ သူ၏စကားများသည် ခြစ်ခြစ်တောက်ပူလောင်သော မီးကဲ့သို့ဖြစ်၏။-
27 A pessoa sem caráter cria problemas; suas palavras são fogo destruidor.
28 စဉ်းလဲဖောက်ပြန်သောသူသည် ရန်မျိုးစေ့ကိုကြဲတတ်၏။ ရန်တိုက်ပေးသောသူသည်လည်း ရင်းနှီးသောမိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။-
28 O perverso semeia discórdia; o difamador separa até os melhores amigos.
29 ရက်စက်ကြမ်းတမ်းသော သူသည် မိမိ၏အိမ်နီးချင်းကို ချော့မော့၍ မကောင်းသော လမ်းအတွင်းသို့ သွေးဆောင်တတ်၏။-
29 A pessoa violenta engana os companheiros e os leva para o mau caminho.
30 မျက်စပစ်သော သူသည် ကောက်ကျစ်သောအကြံအစည်ကို ကြံစည်နေ၏။ နှုတ်ခမ်းများကို စေ့ထားသောသူသည်လည်း မကောင်းမှုပြုလုပ်ပြီးဖြစ်၏။-
30 Com olhos semicerrados as pessoas tramam o mal; com sorriso malicioso o põem em prática.
31 ဆံပင်ဖြူခြင်းသည် ဘုန်းကျက်သရေနှင့်ပြည့်စုံသောသရဖူပင်ဖြစ်၏။ ထိုအရာကို ဖြောင့်မတ်စွာ အသက်မွေးခြင်းဖြင့်သာ ရယူနိုင်ခြင်းဖြစ်၏။-
31 Os cabelos brancos são coroa de glória, para quem andou nos caminhos da justiça.
32 စိတ်ရှည်သည်းခံသောသူသည် ခွန်အားကြီးသော သူထက်လည်းကောင်း၊ မိမိ၏စိတ်ကိုချုပ်တည်းသော သူသည် မြို့ကိုသိမ်းယူသောသူထက်လည်းကောင်း ပို၍ကောင်းမြတ်၏။-
32 É melhor ser paciente que poderoso; é melhor ter autocontrole que conquistar uma cidade.
33 လူတို့သည် မဲပေးရွေးချယ်ခြင်းကိုပြုကြ၏။ သို့သော် ဆုံးဖြတ်ချက်သည် ထာ၀ရဘုရားသခင် ထံတော်မှသာ လာခြင်းဖြစ် ၏။
33 As pessoas podem lançar as sortes, mas quem determina o resultado é o S
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.