Provérbios 15
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 နူးညံ့သိမ်မွေ့သောအဖြေတစ်ခုသည် အမျက်ဒေါသကို ဖယ်ရှားပစ်၏။ ကြမ်းတမ်းပြင်းထန် သောစကားတစ်ခွန်းမူကား အမျက်ဒေါသကို လှုံ့ဆော်ပေး၏။-
1 A resposta branda desvia o furor, mas a palavra dura suscita a ira.
2 ပညာရှိ၏လျှာသည် အသိပညာကို ချီးကျူး၏။ ရူးမိုက်သူ၏နှုတ်မူကား မိုက်မဲသောအရာများကို ထုတ် ဖော်ပြ၏။-
2 A língua dos sábios adorna o conhecimento, mas a boca dos insensatos derrama tolices.
3 ထာ၀ရဘုရားသခင်၏မျက်စိတော်များသည် နေရာတိုင်းတွင်ရှိပြီး လူဆိုးနှင့် လူကောင်းတို့ကိုအခါ မလပ်စောင့်ကြည့်လျက် နေတော်မူ၏။-
3 Os olhos do Senhor estão em todo lugar, contemplando os maus e os bons.
4 နူးညံ့သိမ်မွေ့ စွာပြောဆိုတတ်သောလျှာသည် အသက်၏သစ်ပင် ဖြစ်၏။ လိမ်လည်လှည့်ဖြားတတ်သောလျှာမူကား စိတ် နှလုံးကိုပျက်ပြားစေ၏။-
4 A língua serena é árvore de vida, mas a língua perversa esmaga o espírito.
5 ရူးမိုက်သူတစ်ဦးသည် မိမိဖခင်၏ဆုံးမသွန်သင်မှုကို မထီလေးစားပြု၏။ သို့သော် ဆုံးမ ပဲ့ပြင်မှုကိုနာယူသူဟူသမျှသည် ပညာအမြော်အမြင်ရှိ ခြင်းကိုပြ၏။-
5 O insensato despreza a instrução de seu pai, mas o que aceita a repreensão consegue a prudência.
6 ဖြောင့်မတ်သောသူ၏အိမ်တွင် အဖိုးတန်ရတနာများစွာရှိ၏။ ယုတ်မာသောသူတို့၏ဥစ္စာသည်ကား သူတို့ကို ဘေးဒုက္ခ ရောက်စေ၏။-
6 Na casa do justo há grande tesouro, mas no lucro dos ímpios há infelicidade.
7 ပညာအမြော်အမြင်ရှိသောသူ၏နှုတ်ခမ်းများသည် အသိပညာကိုပျံ့နှံ့စေ၏။ ရူးမိုက်သောသူတို့၏နှလုံးသားမူကား ထိုသို့ မဟုတ်ပေ။-
7 As palavras dos sábios difundem o conhecimento, mas o coração dos insensatos não procede assim.
8 ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သော သူတို့၏ယဇ်ပူဇော်ခြင်းကို ရွံရှာမုန်းတီးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ဆုတောင်း ပတ္ထနာသည်ကား ကိုယ်တော့်ကိုကျေနပ်နှစ်သက်စေ၏။-
8 O Senhor detesta o sacrifício dos ímpios, mas a oração dos retos é o seu prazer.
9 ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူ၏လမ်းစဉ်ကို ရွံရှာမုန်းတီးတော်မူ၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ် မှန်ကန်မှုနောက် သို့လိုက်သောသူကို ချစ်မြတ်နိုးတော်မူ၏။-
9 O Senhor detesta o caminho do ímpio, mas ama o que segue a justiça.
10 လမ်းမှန်ကို စွန့်ခွာသူအတွက် တင်းကျပ်သောထိန်းကျောင်းသွန်သင်ခြင်းရှိ၏။ ဆုံးမပဲ့ပြင်မှုကို မုန်းတီးသူသည် သေရလိမ့် မည်။-
10 Disciplina rigorosa há para o que abandona o caminho, e quem odeia a repreensão morrerá.
11 သေခြင်းနှင့် ပျက်စီးခြင်းတို့သည် ထာ၀ရဘုရား သခင်၏မျက်မှောက်တော်တွင် သိသာထင်ရှားစွာရှိနေ သည်ဖြစ်၍ လူသားတို့၏နှလုံးသားများအတွက် မည်မျှလောက်ပို၍ သိသာထင်ရှားပါမည်နည်း။-
11 O mundo dos mortos e o abismo estão expostos diante do quanto mais o coração dos filhos dos homens!
12 မထီလေးစား ပြုသောသူသည် ဆုံးမပဲ့ပြင်မှုကို မခံယူလိုချေ။ သူသည် ပညာရှိတို့ထံ ချဉ်းကပ်လိမ့်မည်မဟုတ်ပေ။-
12 O zombador não gosta de quem o repreende, nem se aproxima dos sábios.
13 ပျော်ရွှင် သောနှလုံးသားသည် မျက်နှာကို ရွှင်လန်းစေ၏။ သို့သော် စိတ်နှလုံးကြေကွဲမှုကြောင့် စိတ်ဓာတ်ပျက်ပြားရ၏။-
13 O coração alegre embeleza o rosto, mas com a tristeza do coração o espírito se abate.
14 အသိဉာဏ်ရှိသောနှလုံးသားသည် အသိတရားကို ရှာ ဖွေ၏။ ရူးမိုက်သောသူ၏နှုတ်မူကား မိုက်မဲမှုကိုသာ မှီ၍ ရှင်သန်၏။-
14 O coração sábio busca o conhecimento, mas a boca dos insensatos se alimenta de estupidez.
15 ဆင်းရဲဒုက္ခရောက်သော သူတို့၏နေ့ရက်တိုင်းသည် မကောင်းချေ။ အစဉ်ပျော်ရွှင်တတ်သောသူ ၏စိတ်နှလုံး၌မူကား အမြဲတစေပွဲကျင်းပလျက်ရှိ၏။-
15 Para quem está aflito, todos os dias são maus, mas a vida de quem tem o coração alegre é uma festa contínua.
16 ပစ္စည်းဥစ္စာအနည်းငယ်သာရှိပြီး ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ပစ္စည်းဥစ္စာကြွယ်၀ပြီး ပူပင်သောကရောက် နေသည့်ဘ၀ထက် ပို၍ကောင်း၏။-
16 Melhor é o pouco, havendo o temor do do que um grande tesouro onde há inquietação.
17 မိမိအပေါ် မေတ္တာထားသူများနှင့်အတူ အသီးအရွက်ဟင်းကိုစား ရခြင်းသည် မိမိအပေါ် ရန်လိုမုန်းထားသူများနှင့်အတူ အမဲဟင်းလျာကိုစားရခြင်းထက် ပို၍ကောင်း၏။-
17 Melhor é um prato de legumes onde há amor do que um boi inteiro acompanhado de ódio.
18 ဒေါသကြီးသူသည် ပြင်းထန်သောသဘောကွဲလွဲမှုများဖြစ် ပေါ်စေရန် နှိုးဆွပေး၏။ စိတ်ရှည်သည်းခံသောသူသည် ကား အငြင်းပွားမှုကို ချုပ်ငြိမ်းစေ၏။
18 Quem se irrita facilmente provoca discórdia, mas quem é tardio em ficar irado acalma os conflitos.
19 ပျင်းရိသောသူ၏ခရီးလမ်းသည် ဆူးညှောင့်ပေါများ လှ၏။ ဖြောင့်မတ်သောသူ၏ခရီးလမ်းမူကား ညီညာပြန့်ပြူးသော လမ်းမကြီးပင်ဖြစ်သတည်း။-
19 O caminho do preguiçoso é como que cercado de espinhos, mas a vereda dos justos é plana.
20 ပညာရှိသော သားသည် မိမိဖခင်၏ပျော်ရွှင်ခြင်းဖြစ်၏။ ရူးမိုက်သော သားမူကား မိမိ၏မိခင်ကို ရှုတ်ချပစ်ပယ်၏။-
20 O filho sábio alegra o seu pai, mas o insensato despreza a sua mãe.
21 ရူးမိုက်သော အရာသည် အသိဉာဏ်ကင်းမဲ့သူကို အားရနှစ်သက်စေ ၏။ နားလည်သိမြင်တတ်သူမူကား ဖြောင့်မတ်သော လမ်းစဉ်အတိုင်း လျှောက်လှမ်း၏။-
21 Quem não tem juízo se alegra com a sua tolice, mas quem é sábio anda retamente.
22 အကြံဉာဏ်ပေးမှု မရှိသောစီမံကိန်းများသည် ပျက်ပြားတတ်ပြီး အကြံပေး သူအမြောက်အမြားရှိပါက အောင်မြင်တတ်၏။-
22 Sem conselhos os projetos fracassam, mas com muitos conselheiros há sucesso.
23 ဆီလျော်သောအဖြေကို ပေးနိုင်သူတစ်ဦးသည် ဝမ်းသာကြည်နူးမှုကိုတွေ့ရှိသည်ဖြစ်၍ အချိန်အခါနှင့်ကိုက်ညီ စွာထွက်ဆို သော စကားတစ်ခွန်းသည် ကောင်းမွန်လှပေ၏။-
23 Que alegria é ter a resposta adequada! Como é boa a palavra dita na hora certa!
24 ပညာရှိသည် ဘ၀လမ်းကြောင်းရွေးချယ်ရာ၌ သူ့အား မရဏနိုင်ငံသို့ သက်ဆင်းစေမည့်လမ်းကို ရှောင် ကွင်းနိုင်ခြင်းငှာ အထက်သို့ရောက်စေမည့်လမ်းကိုသာ လိုက်လေ့ရှိ၏။-
24 Para o sábio, o caminho da vida leva para cima, para desviar do inferno, embaixo.
25 ထာ၀ရဘုရားသခင်သည် မာနထောင် လွှားသူ၏အိမ်ကို ဖြိုချတော်မူ၏။ သို့သော် ကိုယ်တော် သည် မုဆိုးမ၏အိုးအိမ်ကို ကာကွယ်စောင့်ရှောက်တော်မူ၏။-
25 O Senhor derruba a casa dos orgulhosos, mas preserva a herança da viúva.
26 ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့၏ အကြံအစည်များကို ရွံရှာမုန်းတီးတော်မူ၏။ ဖြူစင်သန့်ရှင်းသော သူတို့၏အကြံအစည်တို့သည်ကား ကိုယ်တော့်ကို နှစ်သက်ကျေနပ်စေ၏။-
26 O Senhor detesta os planos dos maus, mas as palavras bondosas lhe são aprazíveis.
27 မတရားသဖြင့်ရသော အကျိုးအမြတ်၌ လောဘကြီးသူများသည် မိမိတို့၏အိမ်ထောင်စုကိုဒုက္ခရောက်စေ၏။ တံစိုး လက်ဆောင်များကို လက်မခံလိုသောသူသည်ကား အသက်ရှင်လိမ့်မည်။-
27 Quem é ávido por lucro desonesto arruína a sua casa, mas o que odeia o suborno, esse viverá.
28 ဖြောင့်မတ်သောသူသည် အဖြေပေးရန် စဉ်းစားချင့်ချိန်၏။ ဆိုးယုတ်သောသူသည်ကား အကျိုးယုတ်စေမည့်စကား များထွက်လာတတ်၏။-
28 O coração do justo medita o que há de responder, mas a boca dos ímpios derrama maldades.
29 ထာ၀ရဘုရားသခင်သည် ဆိုးယုတ်သောသူတို့နှင့် လွန်စွာပင် ဝေးကွာတော်မူ၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏ဆု တောင်းသံကို နားညောင်းတော်မူ၏။-
29 O Senhor está longe dos ímpios, mas ouve a oração dos justos.
30 မျက်စိအလင်းသည် နှလုံးသားကို ရွှင်လန်းဝမ်းမြောက်စေပြီး သတင်းကောင်းသည်လည်း အရိုးများကိုအား ဖြည့်တင်း ပေး၏။-
30 O brilho nos olhos alegra o coração; uma boa notícia fortalece até os ossos.
31 အသက်ရှင်ခြင်းကိုပေးသောပဲ့ပြင်ဆုံးမမှုကို နားထောင်သူသည် ပညာရှိတို့အလယ်၌ နေရတတ်၏။-
31 Quem dá ouvidos à repreensão construtiva terá a sua morada no meio dos sábios.
32 ဆုံးမသွန် သင်မှုကိုဥပေက္ခာပြုသူသည် မိမိကိုယ်ကို မလေးမစား ပြုရာရောက်၏။ ပဲ့ပြင်ဆုံးမမှုကို နာခံသောသူမူကား သိ နားလည်ခြင်းကိုရ၏။-
32 Quem rejeita a disciplina despreza a si mesmo, mas o que aceita a repreensão adquire entendimento.
33 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းသည် ဉာဏ်ပညာကို သင်ယူခြင်းပင်ဖြစ်၏။ ဂုဏ်ပြုခြင်းကိုမခံယူမီ နှိမ့်ချခြင်း ရှိရမည်ဖြစ်၏။
33 O temor do Senhor é instrução na sabedoria, e a humildade precede a honra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Provérbios 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.