Provérbios 14

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဉာဏ်ပညာသည် မိမိအတွက် အိမ်ကိုတည်ဆောက်၏။ မိုက်မဲခြင်းသည်ကား မိမိ၏အိမ်ကို မိမိကိုယ်တိုင်ဖြိုဖျက်၏။-
1 A mulher sábia edifica o lar, mas a insensata o destrói com as próprias mãos.
2 ဖြောင့်မတ်သောလမ်းကို လျှောက်လှမ်းသောသူသည် ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၏။ မရိုးသားသော လမ်းစဉ် များကို ကျင့်သုံးသူသည်ကား ကိုယ်တော့်ကို မထီမဲ့မြင်ပြု၏။-
2 Quem anda pelo caminho reto teme o S enhor ; quem escolhe estradas tortuosas o despreza.
3 လူမိုက်၏မောက်မာထောင်လွှားသောစကားများသည် သူ့ကိုပင် ပြန်၍ဘေးသင့်စေ၏။ ပညာရှိသူ၏စကားများသည်ကား သူ့ကိုကာကွယ်စောင့်ရှောက်၏။-
3 A conversa arrogante do insensato se torna uma vara que o castiga, mas as palavras do sábio o protegem.
4 ခိုင်းနွားများ မရှိသည့်လယ်သမား၌ ဝမ်းစာစပါးပင်မရှိချေ။ ခိုင်းနွား၏ ခွန်အားဖြင့် ကောက်ပဲသီးနှံများစွာကို ရိတ်သိမ်းရ၏။-
4 Um estábulo sem bois permanece limpo, mas é a força do boi que provê a colheita farta.
5 ဖြောင့်မတ်မှန်ကန်သောသက်သေတစ်ဦးသည် လိမ်လည်ပြောဆိုခြင်းမပြုပေ။ မမှန်သောသက်သေတစ်ဦးမူကား မုသား စကားများကို အသက်ရှူသွင်းတိုင်း ထွက်ဆိုတတ်၏။-
5 A testemunha honesta não mente; a testemunha falsa respira mentiras.
6 သူတစ်ပါးကို ပြက်ရယ်ပြုတတ်သောသူ သည် ဉာဏ်ပညာကို ရှာဖွေမတွေ့နိုင်ချေ။ ပညာ၏တန် ဖိုးကို နားလည်သူသည်ကား အသိပညာကို လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်၏။-
6 O zombador procura sabedoria e nunca a encontra, mas para o que tem discernimento o conhecimento vem fácil.
7 လူမိုက်နှင့်မပေါင်းသင်း လေနှင့်။ အကြောင်းမူကား သူပြောသမျှစကားများထဲ တွင် အသိပညာရစရာတစ်ခွန်းမျှမပါပေ။-
7 Afaste-se do tolo, pois em seus lábios não achará conhecimento.
8 အမြော်အမြင် ရှိသူတို့သည် မိမိတို့၏ဉာဏ်ပညာကို အသုံးချခြင်းဖြင့် မိမိတို့၏ဘ၀ခရီးလမ်းကိုနားလည်သဘောပေါက်ကြ ၏။ ပညာမဲ့သူတို့၏မိုက်မဲမှုသည်ကား သူတို့အား လှည့်ဖြားခြင်းပေတည်း။-
8 O prudente sabe para onde vai, mas os insensatos enganam a si mesmos.
9 မိုက်မဲသောသူတို့သည် အပြစ် မကောင်းမှုကို လှောင်ပြောင်ကြ၏။ ဖြောင့်မတ်သော သူတို့မူကား ဘုရားသခင်၏ရှေ့တော်၌ မျက်နှာရ၏။-
9 Os insensatos zombam da própria culpa, mas os justos a reconhecem e buscam reconciliação.
10 လူ၏စိတ်နှလုံးသည် မိမိ၏ခါးသီးနာကြည်းမှုကိုသိ၏။ မည်သည့်သူစိမ်းတရံကမျှ ၎င်း၏ပျော်ရွှင်ခြင်းကို ဝေမျှခံစားခြင်း မရှိချေ။-
10 Cada coração conhece sua própria amargura, e ninguém pode compartilhar de toda a sua alegria.
11 ဆိုးယုတ်သောသူ၏အိမ်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြောင့်မတ်သောသူ၏တဲမူကား ကြီးပွားတိုးတက်လိမ့်မည်။-
11 A casa dos perversos será destruída, mas a tenda dos justos florescerá.
12 လမ်းစဉ်တစ်ခုသည် လူတစ်ဦးအတွက် မှန်နေဟန်ရှိသော်လည်း အဆုံးတွင်မူ သေမင်းနှင့်ရင်ဆိုင်ရမည့်လမ်းစဉ်ဖြစ်နေ တတ်၏။-
12 Há caminhos que a pessoa considera corretos, mas que acabam levando à estrada da morte.
13 ရယ်မောနေစဉ်တွင်ပင် နှလုံးသားသည် ဝမ်းနည်းပူဆွေးလျက် ရှိပြီး ရွှင်လန်းချမ်းမြေ့ခြင်းသည်လည်း ပူဆွေးဝမ်းနည်း ခြင်းနှင့် အဆုံးသတ်ရ၏။-
13 O riso pode esconder o coração aflito, mas, quando a alegria se extingue, a dor permanece.
14 ဖောက်ပြန်သောသူသည် မိမိ၏လမ်းစဉ်များအတွက် အပြည့်အဝပြန်လည်ပေးဆပ်ရလိမ့်မည်။ သူတော်ကောင်း တစ်ဦးသည်လည်း မိမိ၏ကောင်းမှုများအတွက် ထိုက်တန်သောဆုလာဘ်ကို ရရှိလိမ့်မည်။-
14 O desleal recebe o que merece, mas a pessoa de bem é recompensada.
15 ရိုးအသောသူသည် မည်သည့်အရာကို မဆို ယုံကြည်၏။ အမြော်အမြင်ရှိသူမူကား မိမိ၏ခြေ လှမ်းများကိုဆင်ခြင်၏။-
15 O ingênuo acredita em tudo que ouve; o prudente examina seus passos com cuidado.
16 ပညာရှိသူသည် သတိရှိပြီး မကောင်းမှုကို ရှောင်ကြဉ်၏။ ရူးမိုက်သောသူမူကား မိမိ၏စိတ်အလိုကိုလိုက်လျက် ပေါ့ဆစွာ နေတတ်၏။
16 O sábio é cauteloso e evita o perigo; o tolo confia demais em si mesmo e se precipita.
17 စိတ်တိုသောသူသည် မိုက်မဲသောအရာများကို လုပ်ဆောင်၏။ ကောက်ကျစ်စဉ်းလဲသောသူသည်လည်း မုန်းတီးခြင်း ခံရ၏။-
17 Quem se ira com facilidade faz coisas tolas; quem trama o mal é odiado.
18 ရိုးအသောသူတို့သည် မိုက်မဲမှုကိုအမွေခံကြရ၏။ အမြော်အမြင်ရှိသောသူတို့မူကား အသိပညာကို သရဖူဆောင်းကြရ လိမ့်မည်။-
18 Os ingênuos são revestidos de insensatez, enquanto os prudentes são coroados de conhecimento.
19 ဆိုးသွမ်း သောသူတို့သည် ကောင်းမြတ်သောသူတို့၏ရှေ့မှောက် တွင်လည်းကောင်း၊ ဆိုးယုတ်သောသူတို့သည် ဖြောင့် မတ်သောသူတို့၏တံခါး၀တွင်လည်းကောင်း ဦးညွတ် ကြရလိမ့်မည်။-
19 Os maus se prostrarão diante dos bons; os perversos se curvarão à porta dos justos.
20 ဆင်းရဲသောသူတို့ကို မိမိတို့၏အိမ်နီး ချင်းများကပင် မုန်းတီးကြ၏။ ချမ်းသာသောသူတို့တွင်မူကား မိတ်ဆွေများ စွာရှိကြ၏။-
20 Os pobres são desprezados pelos vizinhos, enquanto os ricos têm muitos amigos.
21 မိမိ၏အိမ်နီးချင်းကို ပြက်ရယ်ပြုသောသူသည် အပြစ်ကျူးလွန်သူဖြစ်၏။ ချို့တဲ့သူတို့အပေါ် သနားကြင်နာသူသည်ကား မင်္ဂလာရှိ၏။-
21 É pecado desprezar o próximo; feliz o que ajuda os pobres.
22 မကောင်းမှုကို ကြံစည်သောသူတို့သည် လမ်းလွဲ သွားကြသည်မဟုတ်လော။ ကောင်းရာကို ကြံစည်ကြ သူတို့သည်ကား သနားကရုဏာနှင့် သစ္စာတရားကို တွေ့ရှိကြ၏။-
22 Os que tramam fazer o mal se perdem, mas os que planejam fazer o bem encontram amor e fidelidade.
23 ပင်ပန်းစွာလုပ်ကိုင်ရသောအလုပ်မှန်သမျှသည် အကျိုးအမြတ်ကိုရစေ၏။ အပြောသက်သက်မူကား ဆင်းရဲခြင်းသို့ ပို့ဆောင်၏။-
23 O trabalho árduo produz lucro, mas a conversa fiada leva à pobreza.
24 ပညာရှိတို့၏သရဖူသည် သူတို့၏စည်းစိမ်ဥစ္စာဖြစ်၏။ ရူးမိုက်သူတို့၏မိုက်မဲမှုကား ဆင်ခြင်ဉာဏ်ကင်းမဲ့ခြင်းဖြစ်၏။-
24 A riqueza é coroa para os sábios, mas a insensatez dos tolos só resulta em mais insensatez.
25 မှန်ကန်သော သက်သေတစ်ဦးသည် အသက်များစွာကို ကယ်ဆယ် ၏။ မမှန်သောသက်သေမူကား လှည့်ဖြားသောသူဖြစ် ၏။-
25 A testemunha confiável salva vidas, mas a testemunha falsa é traidora.
26 ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ ၌လုံခြုံသောခိုလှုံရာရှိ၏။ သူသည် မိမိ၏သားသမီးများ အတွက်လည်း ခိုလှုံရာဖြစ်လိမ့်မည်။-
26 Quem teme o S enhor está seguro; ele é refúgio para seus filhos.
27 ထာ၀ရဘုရား သခင်ကိုကြောက်ရွံ့ရိုသေခြင်းသည် အသက်၏စမ်းအိုင် တစ်ခုဖြစ်၍ လူတစ်ဦးအား သေခြင်း၏ကျော့ကွင်း တို့မှ ရှောင်လွှဲစေနိုင်၏။-
27 O temor do S enhor é fonte de vida; ajuda a escapar das armadilhas da morte.
28 လူဦးရေများပြားခြင်းသည် ဘုရင် တစ်ပါး၏ဘုန်းကျက်သရေဖြစ်၏။ လက်အောက်ခံများ မရှိသောမင်းသားတစ်ပါးသည် ပျက်စီးခြင်းသို့ရောက်ရ၏။-
28 Uma população que cresce é a glória do rei, mas a falta de súditos é a ruína do príncipe.
29 စိတ်ရှည်သည်းခံတတ်သောသူသည် လွန်စွာနားလည်တတ်၏။ စိတ်တိုတတ်သောသူမူကား မိုက်မဲမှုကိုပြ၏။-
29 Quem tem entendimento controla sua raiva; quem se ira facilmente demonstra grande insensatez.
30 တည်ငြိမ်အေးချမ်းသောစိတ်သည် ကိုယ်ခန္ဓာ၏ အသက်ဖြစ်၏။ သို့သော် အလိုရမ္မက်ကြီးခြင်းသည် အရိုး များကို ပုပ်ဆွေးစေ၏။-
30 O contentamento dá saúde ao corpo; a inveja é como câncer nos ossos.
31 ဆင်းရဲသားတို့ကို ဖိနှိပ်သူသည် မိမိ၏ဖန်ဆင်းရှင်အား စော်ကားခြင်းဖြစ်၏။ ချို့တဲ့သူတို့ အပေါ် သနားကြင်နာတတ်သူ သည် ဘုရားသခင်ကို ဂုဏ်ပြုခြင်းဖြစ်၏။-
31 Quem oprime o pobre insulta seu Criador, mas quem ajuda o necessitado honra a Deus.
32 ယုတ်မာသောသူသည် မိမိပြုလုပ်ခဲ့ သည့်မကောင်းမှုကြောင့် ဘေးသင့်ရ၏။ ဖြောင့်မတ်သော သူမူကား သေသောအခါ၌ လည်း ခိုလှုံရာရှိလိမ့်မည်။-
32 O perverso é destruído por sua maldade, mas o justo encontra refúgio mesmo na hora da morte.
33 ဉာဏ်ပညာသည် စဉ်းစားချင့်ချိန်တတ်သောနှလုံးသားတွင် ကိန်းအောင်း၍ ရူးမိုက်သောသူတို့၏နှလုံးသားတွင် မတွေ့ရချေ။-
33 A sabedoria é preservada no coração sensato; não
34 ဖြောင့်မတ်မှန်ကန်မှုသည် လူမျိုးတစ်မျိုးကို ချီးမြှောက်၏။ အပြစ်ဒုစရိုက်သည်ကား မည်သည့် လူမျိုးအတွက်မဆို ရှက်ဖွယ် ရာဖြစ်၏။-
34 A justiça engrandece a nação, mas o pecado é vergonha para qualquer povo.
35 ပညာအမြော် အမြင်ရှိသောအမှုထမ်းသည် ဘုရင်၏ရှေ့တော်၌ မျက်နှာ ရ၏။ ဘုရင်ကို အရှက်ရစေသော အမှုထမ်း အပေါ်၌မူကား အမျက်တော်ကျရောက်လေ၏။
35 O rei se alegra em seus servos prudentes, mas se enfurece contra os que o envergonham.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.