Provérbios 11

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 မမှန်ကန်သောချိန်ခွင်သည် ထာ၀ရဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ တရားမျှတ သောအလေးချိန်သည်ကား ကိုယ်တော်ကျေနပ်နှစ် သက်ဖွယ်ရာဖြစ်၏။-
1 A balança fraudulenta é abominada pelo Senhor, mas o peso justo lhe é agradável.
2 မာနထောင်လွှားခြင်းရောက်လာ သောအခါ အသရေပျက်ခြင်းသည်လည်း လိုက်ပါလာ၏။ ဉာဏ်ပညာမူကား နှိမ့်ချသော သူတို့နှင့်အတူလာ ၏။-
2 Vindo o orgulho, virá também a ignomínia, mas a sabedoria mora com os humildes.
3 ဖြောင့်မတ်သူတို့၏အပြစ်ကင်းစင်မှုသည် သူတို့ကို ဦးဆောင်လမ်းညွှန်၏။ သစ္စာဖောက်သူတို့၏ကောက် ကျစ်မှုသည်ကား သူတို့ကိုဖျက်ဆီးလေ၏။-
3 A integridade dos justos serve-lhes de guia; mas a perversidade dos pérfidos arrasta-os à ruína.
4 အမျက်တော်သင့်သည့်နေ့တွင် ချမ်းသာကြွယ်၀မှုသည် အကျိုးပြုမည်မဟုတ်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်းသည် သေခြင်းမှလွတ်မြောက်စေ၏။-
4 No dia da cólera a riqueza não terá proveito, mas a justiça salva da morte.
5 အပြစ်တင်ခွင့်ကင်းသူ တို့၏ဖြောင့်မတ်မှန်ကန်မှုသည် သူတို့၏လမ်းစဉ်ကို ဖြောင့်တန်းစေ၏။ ဆိုးယုတ်သောသူတို့မူကား မိမိတို့ ၏ဆိုးယုတ်မှုကြောင့်ပင် ပြိုလဲရ၏။-
5 A justiça do homem íntegro aplana-lhe o caminho, mas o ímpio se abisma em sua própria impiedade.
6 ဘဖြောင့်မတ်သူတို့၏ ဖြောင့်မတ်မှန်ကန်မှုသည် သူတို့ကို ကယ်တင်၏။ သစ္စာ ဖောက်သောသူတို့မူကား မိမိတို့မကောင်းစိတ် ၏ကျောကွင်း၌ ဖမ်းဆီးခြင်းခံကြရ၏။
6 A justiça dos retos os salva, mas em sua própria cobiça os pérfidos se prendem.
7 ဆိုးယုတ်သောသူတစ်ဦးသေသောအခါ သူ၏မျှော်လင့်ခြင်းသည် ပျောက်ကွယ်သွား၏။ ဘုရားတရား မဲ့သူ၏မျှော်လင့် ချက်သည် အချည်းနှီးသာဖြစ်လာရ၏။-
7 Morto o ímpio, desaparece sua esperança, a esperança dos iníquos perecerá.
8 ဖြောင့်မတ်သောသူသည် ဒုက္ခဆင်းရဲမှလွတ်မြောက်ပြီး သူ့နေရာ၌ ဆိုးယုတ်သောသူသည် အစားထိုးဝင်ရောက်ရ၏။-
8 O justo livra-se da angústia; em seu lugar cai o malvado.
9 ဘုရားမဲ့သူသည် မိမိ၏နှုတ်ဖြင့် အိမ်နီးချင်းတို့ကို ဖျက်ဆီး၏။ သို့သော် ဖြောင့်မတ်သူတို့သည် အသိပညာအားဖြင့် လွတ်မြောက်ကြ၏။-
9 Com os lábios, o hipócrita arruína o seu próximo, mas os justos serão salvos pela ciência.
10 ဖြောင့်မတ်သောသူတို့ ကောင်းစားသောအခါ တစ်မြို့လုံးရွှင်လန်းဝမ်းမြောက်ကြ၏။ ဆိုးယုတ်သော သူတို့ပျက်စီးသော အခါ၌လည်း မြူးထူးအော်ဟစ်ကြ၏။-
10 Com a felicidade dos justos, exulta a cidade; com a perdição dos ímpios solta brados de alegria.
11 ဖြောင့်မတ်သောသူ၏ကောင်း ချီးမင်္ဂလာအားဖြင့် မြို့တစ်မြို့သည် ချီးမြှင့်ခြင်းခံရ၏။ သို့သော် ဆိုးယုတ်သော သူ၏ နှုတ်အားဖြင့်မြို့သည် ဖျက်ဆီး ခြင်းခံရ၏။-
11 Uma cidade prospera pela bênção dos justos, mas é destruída pelas palavras dos maus.
12 စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့သူသည် မိမိ နှင့်နီးစပ်သောသူကို လှောင်ပြောင်ကဲ့ရဲ့တတ်၏။ ဉာဏ် အမြော်အမြင်ရှိသူမူကား မိမိ၏နှုတ်လျှာကိုထိန်း၏။-
12 Quem despreza seu próximo demonstra falta de senso; o homem sábio guarda silêncio.
13 အတင်းအဖျင်းပြောတတ်သူသည် ယုံကြည်စိတ်ချစွာ အသိပေးထားသည့်အမှုကို သစ္စာဖောက်တတ်၏။ ယုံကြည်ထိုက် သော သူမူကား လျှို့ဝှက်ချက်ကို စောင့်ထိန်းတတ်၏။-
13 O perverso trai os segredos, enquanto um coração leal os mantém ocultos.
14 လမ်းညွှန်မှုကင်းမဲ့ခြင်းကြောင့် လူမျိုးတစ်မျိုးသည် ကျဆုံးရ၏။ အကြံဉာဏ်ပေးနိုင်သူအမြောက် အမြားရှိခြင်းသည်ကား ဘေးကင်းလုံခြုံမှုကို ဆောင်ကြဉ်းပေး၏။-
14 Por falta de direção cai um povo; onde há muitos conselheiros, ali haverá salvação.
15 သူစိမ်းတစ်ဦးအတွက် အာမခံပေးသူသည် ဒုက္ခခံစားရမည်မှာ သေချာ၏။ အာမခံပေးရန် ငြင်းဆိုသောသူမူကား ဘေးကင်း လုံခြုံ၏။-
15 Quem fica por fiador de um estranho cairá na desventura; o que evita os laços viverá tranqüilo.
16 ဂုဏ်ကျက်သရေ ရှိသောအမျိုးသမီးတစ်ဦးသည် ရိုသေလေးစားခြင်းခံရ၏။-
16 Uma mulher graciosa obtém honras, mas os laboriosos alcançam fortuna.
17 ရက်စက်ကြမ်းကြုတ်သောသူတို့သည် ကြွယ်၀ချမ်းသာကြ၏။ သနားကြင်နာတတ်သောသူတို့သည် မိမိတို့ကိုယ်ကို အကျိုးပြု၏။ ရက်စက်ကြမ်းကြုတ်သော သူမူကား မိမိကိုယ်ကို အန္တရာယ်ပြုတတ်၏။-
17 O homem liberal faz bem a si próprio, mas o cruel prejudica a sua própria carne.
18 ဆိုးယုတ် သောသူသည် မတည်မြဲသောဥစ္စာဓနကို ခံစားရ၏။ ရိုးသားဖြောင့်မတ်သူမူကား သေချာသောကောင်းကျိုး ချမ်းသာကို ဧကန်မုချခံစားရ၏။-
18 O ímpio obtém um lucro falaz, mas o que semeia justiça receberá uma recompensa certa.
19 ရိုးသားဖြောင့်မတ်စွာ နေထိုင်သောသူသည် အသက်ရှင်ရလိမ့်မည်။ သို့သော် ဒုစရိုက်လမ်းအတိုင်းလိုက်သောသူမူကား သေဘေးနှင့် ကြုံရမည်။-
19 Quem pratica a justiça o faz para a vida, mas quem segue o mal corre para a morte.
20 ထာ၀ရဘုရားသခင်သည် စိတ်ထားယုတ် ညံ့သူများကို မုန်းတီးစက်ဆုပ်တော်မူ၏။ သို့သော် ကိုယ် တော်သည် ရိုးသား ဖြောင့်မတ်စွာ နေထိုင်သူတို့ကို နှစ်သက်အားရတော်မူ၏။-
20 Os homens de coração perverso são odiosos ao Senhor; os de conduta íntegra são objeto de seus favores.
21 ဆိုးယုတ်သောသူတို့သည် အပြစ်ဒဏ်မခံရဘဲ နေမည်မဟုတ်သော်လည်း ဖြောင့် မတ်သောသူတို့မူကား ကယ်တင်ခြင်းခံရ မည်မှာ ဧကန် အမှန်ပင်ဖြစ်၏။-
21 Na verdade, o iníquo não ficará impune, mas a posteridade dos justos será salva.
22 ဆင်ခြင်တုံတရားကင်းမဲ့သည့် လှပ သောအမျိုးသမီးသည် ဝက်နှုတ်သီးတွင် တပ်ထားသည့် ရွှေလက်စွပ်နှင့်တူ၏။-
22 Um anel de ouro no focinho de um porco: tal é a mulher formosa e insensata.
23 ဖြောင့်မတ်သောသူတို့သည် ကုသိုလ်ကောင်းမှုပြုရန်သာ အလိုရှိကြ၏။ သူယုတ်မာ တို့၏လိုလားတောင့်တမှုသည်ကား အမျက်ဒေါသဖြစ်၏။-
23 O desejo dos justos é unicamente o bem; o que espera os ímpios é a cólera.
24 လူတစ်ဦးသည် ရက်ရောစွာပေးကမ်းသော်လည်း ဥစ္စာတိုးပွား၏။ အခြားတစ်ဦးမှာ ပေးကမ်းရမည်ကို လွန်စွာနှမြော တွန့်တိုသောကြောင့် ဆင်းရဲခြင်းသို့သာရောက်ရ၏။-
24 Há quem dá com liberalidade e obtém mais. Outros poupam demais e vivem na indigência.
25 ရက်ရောစွာ ပေးကမ်းသောသူသည် ကြီးပွားတိုးတက်လိမ့်မည်။ သူတစ်ပါးတို့အား စိတ်ရွှင်လန်းစေသော သူသည် မိမိကိုယ်တိုင်စိတ်ရွှင်လန်းလိမ့်မည်။-
25 A alma generosa será cumulada de bens; e o que largamente dá, largamente receberá.
26 လူတို့သည် ကောက်ပဲသီးနှံသိုလှောင်ထားသောသူကိုကျိန်ဆဲကြ၏။ လိုလိုလားလားရောင်းချပေးသူကိုမူကား ဘုရား သခင်သည် ကောင်းချီးမင်္ဂလာဖြင့် ပြည့်စုံစေ၏။-
26 O povo amaldiçoa o que esconde o trigo, mas a bênção virá sobre a cabeça dos que o vendem.
27 ကောင်း မှုပြုရန် ကြိုးစားသောသူသည် ကောင်းကျိုးကို ခံစားရ၏။ မကောင်းမှုပြုရန် အားသန်သူသည်ကား ထိုမကောင်းမှု ၏အကျိုးဆက်ကို ခံရတတ်၏။-
27 Quem investiga o bem busca o favor; o que busca o mal será por ele oprimido.
28 မိမိ၏ဥစ္စာကြွယ်၀မှုကို အားကိုးအားထားပြုသူသည် ကျရှုံးရလိမ့်မည်။ ဖြောင့်မတ်သောသူမူကား ရွက်သစ်များ ဖြာထွက် သကဲ့သို့ ကြီး ပွားလိမ့်မည်။-
28 Quem confia em sua riqueza cairá, enquanto os justos reverdecerão como a folhagem.
29 မိမိ၏မိသားစုကို ဒုက္ခပေးသောသူသည် လေကိုသာလျှင် အမွေခံရလိမ့်မည်။ ပညာမဲ့သူသည်လည်း ပညာရှိသူ၏အစေခံ ဖြစ်လိမ့်မည်။-
29 O que perturba sua casa herda o vento, e o néscio será escravo do sábio.
30 ဖြောင့်မတ်သူ ရရှိသည့်အကျိုးမှာ အသက်၏သစ်ပင်ဖြစ်၏။ ဆိုးယုတ် သူတို့မှာမူ အသက်ကို ဖယ်ရှားပစ်ကြ၏။-
30 O fruto do justo é uma árvore de vida; o que conquista as almas é sábio.
31 အကယ်၍ ဖြောင့်မတ်သူတို့သည် မိမိတို့နှင့်ထိုက်သင့်သည့်အပြစ် ဒဏ်ကို ဤလောက၌ ခံယူကြရလျှင် ဘုရားတရားမဲ့သူ တို့နှင့် အပြစ်ကျူးလွန်သူတို့သည် မည်မျှပိုမိုပေးဆပ်ကြ ရမည်နည်း။
31 Se o justo recebe na terra sua recompensa, quanto mais o perverso e o pecador!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.