Provérbios 10

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ပညာရှိသောသားသည် မိမိ၏ဖခင်အား ကြည်နူးဝမ်းမြောက်ဖွယ်ရာအကြောင်းဖြစ်စေတတ်၏။ သို့သော် မိုက်မဲသော သားသည် မိမိ၏မိခင်အား ပူဆွေးသောကရောက်စေတတ်၏။-
1 O filho sábio é a alegria de seu pai; o insensato, porém, a aflição de sua mãe.
2 မတရားသောနည်းလမ်းဖြင့်ရရှိသည့် ဥစ္စာဘဏ္ဍာသည် တန်ဖိုးမရှိ။ သို့သော် ဖြောင့်မတ်ခြင်းသည် သေခြင်းမှ ကယ်ဆယ် တတ်၏။-
2 Tesouros mal adquiridos de nada servem, mas a justiça livra da morte.
3 ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်မှန်ကန်သူတို့ကို ငတ်မွတ်သည့်အခြေအနေသို့ ရောက်စေတော်မမူချေ။ သို့ရာတွင် ကိုယ်တော်သည် ဆိုးယုတ်သောသူတို့၏လို အင်ဆန္ဒများကို တားဆီးတော်မူ၏။-
3 O Senhor não deixa o justo passar fome, mas repele a cobiça do ímpio.
4 ပျင်းရိသောလက်များသည် လူတစ်ယောက်ကို ဆင်းရဲမွဲတေစေ၏။ လုံ့လဝီရိယရှိသောလက်များသည်ကား ကြွယ်၀ခြင်းကို ဖြစ်စေ၏။-
4 A mão preguiçosa causa a indigência; a mão diligente se enriquece.
5 နွေရာသီ၌ သီးနှံများကို စုသိမ်းသောသားသည် ပညာသတိရှိသူဖြစ်၏။ ကောက်ရိတ်ချိန်၌ အိပ်စက်နေ တတ်သောသားမူကား ရှက်ဖွယ်ကောင်းသောသူဖြစ်၏။-
5 Quem recolhe no verão é um filho prudente; quem dorme na ceifa merece a vergonha.
6 ကောင်းချီးမင်္ဂလာသည် ဖြောင့်မတ်သောသူတို့၏ ဦးခေါင်းပေါ် ၌ တည်လျက်ရှိ၏။ ဆိုးယုတ်သောသူတို့ ၏နှုတ်ကိုမူကား အကြမ်းဖက်မှု ဖုံးလွှမ်းလိမ့်မည်။-
6 As bênçãos descansam sobre a cabeça do justo, mas a boca dos maus oculta a injustiça.
7 ဖြောင့်မတ်သောသူတို့ကို အောက်မေ့သတိရခြင်းကား ကောင်းချီးမင်္ဂလာတစ်ပါးပေတည်း။ သို့ရာတွင် ဆိုးယုတ် သောသူ၏ အမည်ကား မေ့ပျောက်ခြင်းခံရလိမ့်မည်။-
7 A memória do justo alcança as bênçãos; o nome dos ímpios apodrecerá.
8 စိတ်နှလုံး၌ ပညာရှိသူသည် ပညတ်တရားကို လက်ခံတတ်၏။ သို့ရာတွင် စကားမဆင်မခြင်ပြောတတ်သည့် မိုက်မဲသော သူသည် ဆုံးပါးပျက်စီးရလိမ့်မည်။-
8 O sábio de coração recebe os preceitos, mas o insensato caminha para a ruína.
9 ဖြောင့် မတ်သောသူသည် ဘေးကင်းလုံခြုံစွာလျှောက်လှမ်းရ ၏။ ကောက်ကျစ်သောလမ်းကိုလိုက်သောသူ၏လမ်း စဉ်သည် ပေါ်လွင်ထင်ရှားလာလိမ့်မည်။-
9 Quem anda na integridade caminha com segurança, mas quem emprega astúcias será descoberto.
10 မလိုတမာစိတ် နှင့် မျက်စိမှိတ်ပြသောသူသည် ပူဆွေးသောကရောက်ရ ၏။ ပွင့်လင်းစွာဝေဖန်ပြောဆိုတတ်သောသူမူကား ငြိမ်း ချမ်းမှုကိုပြုစုပေးသောသူဖြစ်၏။-
10 Quem pisca os olhos traz desgosto, mas o que repreende com franqueza procura a paz.
11 ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရှင်ခြင်း၏စမ်းရေတွင်းသဖွယ်ဖြစ်၏။ သို့ရာတွင် အကြမ်းဖက်မှုသည် ဆိုးယုတ်သော သူ၏နှုတ်ကို လွှမ်းမိုးထားတတ်၏။
11 A boca do justo é uma fonte de vida; a do ímpio, porém, esconde injustiça.
12 မုန်းတီးခြင်းသည် ပဋိပက္ခကို လှုံ့ဆော်ပေးတတ်၏။ မေတ္တာတရားမူကား အပြစ်တို့ကို ဖုံးအုပ်တတ်၏။-
12 O ódio desperta rixas; a caridade, porém, supre todas as faltas.
13 သိမြင်နားလည်တတ်သူ၏နှုတ်ခမ်းတွင် ဉာဏ်ပညာကိုတွေ့ရှိရ၏။ သို့ရာတွင် စဉ်းစားဉာဏ်ကင်းမဲ့သောသူ၏ ကျောကုန်း အတွက် ကြိမ်လုံးသာရှိ၏။-
13 Nos lábios do sábio encontra-se a sabedoria; no dorso do insensato a correção.
14 ဉာဏ်ပညာရှိ သူသည် အသိပညာကို ဆည်းပူးတတ်၏။ မိုက်မဲသော သူတို့၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။-
14 Os sábios entesouram a sabedoria, mas a boca do tolo é uma desgraça sempre ameaçadora.
15 ကြွယ်၀ သူတို့၏စည်းစိမ်ကား သူတို့၏ခိုင်ခံ့သောမြို့တော်ဖြစ်၏။ ဆင်းရဲသားတို့၏မွဲတေခြင်းကား သူတို့၏ပျက်စီးခြင်းပင် ဖြစ်၏။-
15 A fortuna do rico é a sua cidade forte; a pobreza dos indigentes ocasiona-lhes ruína.
16 ဖြောင့်မတ်သောသူတို့၏လုပ်ခသည် သူတို့အား အသက်ရှင်ခြင်းသို့ပို့ဆောင်၏။ ဆိုးယုတ်သောသူတို့၏ အကျိုးအမြတ် မူကား အပြစ်ဒဏ်ဖြစ်၏။-
16 O salário do justo é para a vida; o fruto do ímpio produz o pecado.
17 ပဲ့ပြင်သွန်သင်မှုကို ခံယူတတ်သူတို့သည် အသက်ရှင်ခြင်းလမ်းပေါ်၌ ရှိကြ၏။ ဆုံးမပဲ့ပြင်မှုကို ငြင်းပယ်သူတို့သည် လမ်းလွဲသွား တတ်ကြ၏။-
17 O que observa a disciplina está no caminho da vida; anda errado o que esquece a repressão.
18 မုန်းတီးခြင်းကို ဖုံးကွယ်ထားသောသူ၌ မုသားစကားပြောတတ်သောနှုတ်ခမ်းများရှိ၏။ အသရေပျက်အောင် ပြောတတ် သော သူသည် မိုက်မဲသောသူဖြစ်၏။-
18 Quem dissimula o ódio é um mistificador; um insensato o que profere calúnias.
19 စကားများများပြောသောအခါ အပြစ်ပါလာတတ်၏။ သို့ရာတွင် မိမိ၏နှုတ်ကိုချုပ်တည်းသော သူသည် ပညာရှိဖြစ်၏။-
19 Não pode faltar o pecado num caudal de palavras; quem modera os lábios é um homem prudente.
20 ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးယုတ်သောသူ၏စိတ်အကြံအစည်မူကား တန်ဖိုးမရှိပေ။-
20 A língua do justo é prata finíssima; o coração dos maus, porém, para nada serve.
21 ဖြောင့်မတ်သောသူ၏နှုတ်ခမ်းတို့သည် လူအမြောက်အမြားတို့အား ကျွေးမွေးတတ်၏။ သို့ရာ တွင် ဆိုးယုတ်သော သူတို့သည် စဉ်းစားဉာဏ်ကင်းမဲ့ သောကြောင့် သေကြလိမ့်မည်။-
21 Os lábios dos justos nutrem a muitos; mas os néscios perecem por falta de inteligência.
22 ထာ၀ရဘုရားသခင်၏ ကောင်းချီးတော်သည် ချမ်းသာကြွယ်၀ခြင်းကို ဖြစ်စေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်၀ခြင်း ကို ဝမ်းနည်းပူ ဆွေးခြင်းနှင့် ရောနှောတော်မမူ။-
22 É a bênção do Senhor que enriquece; o labor nada acrescenta a ela.
23 မိုက်မဲသောသူသည် အပြစ်ပြုခြင်း၌ ပျော်မွေ့တတ်၏။ သို့ရာတွင် နားလည် တတ်သောသူသည် ဉာဏ်ပညာတော်၌ ကြည်နူးဝမ်းမြောက်တတ်၏။-
23 É um divertimento para o ímpio praticar o mal; e para o sensato, ser sábio.
24 ကြောက်မက်ဖွယ်ကောင်းသောအမှုသည် ဆိုးယုတ်သောသူတို့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် မိမိတို့၏အလိုဆန္ဒများ ပြည့်၀ကြလိမ့်မည်။-
24 O que receia o mal, este cai sobre ele. O desejo do justo lhe é concedido.
25 မုန်တိုင်းကျပြီးသောအခါ ယုတ်မာသောသူတို့သည် မရှိကြတော့ချေ။ ဖြောင့်မတ်သောသူ တို့မူကား ထာ၀စဉ်ခိုင်မြဲစွာ ရပ်တည်ကြလိမ့်မည်။-
25 Quando passa a tormenta, desaparece o perverso, mas o justo descansa sobre fundamentos duráveis.
26 ပုန်းရည်သည် သွားကိုလည်းကောင်း၊ မီးခိုးသည် မျက်စိကိုလည်းကောင်း ကျိန်းစပ်စေသကဲ့သို့ လူပျင်းသည် မိမိ ၏ အလုပ်ရှင်အား အနှောင့်အယှက်ဖြစ်စေ၏။-
26 Como o vinagre nos dentes e a fumaça nos olhos, assim é o preguiçoso para os que o mandam.
27 ထာ၀ရ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေ၏။ သူယုတ်မာတို့၏နှစ်ကာလမူကား တိုတောင်း လိမ့်မည်။-
27 O temor do Senhor prolonga os dias, mas os anos dos ímpios serão abreviados.
28 ဖြောင့်မတ်သောသူ၏မျှော်လင့်ချက်သည် ဝမ်းမြောက်ခြင်းဖြစ်၏။ သူယုတ်မာတို့၏မျှော်မှန်းချက် မူကား ကွယ်ပျောက်ရ လိမ့်မည်။-
28 A expectativa dos justos causa alegria; a esperança dos ímpios, porém, perecerá.
29 ထာ၀ရဘုရားသခင်၏ လမ်းစဉ်သည် ဖြောင့်မတ်သောသူတို့အတွက် အကာ အကွယ်ဖြစ်၍ ဒုစရိုက်သားများအတွက်မူကား ပျက်စီးခြင်းသာဖြစ်၏။-
29 Para o homem íntegro o Senhor é uma fortaleza, mas é a ruína dos que fazem o mal.
30 ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှ ဖယ်ရှားပစ်ခြင်းခံရလိမ့်မည်မဟုတ်။ ဆိုးယုတ်သောသူတို့မူကား နိုင်ငံတော်တွင် အစဉ်နေကြရလိမ့် မည်မဟုတ်။-
30 Jamais o justo será abalado, mas os ímpios não habitarão a terra.
31 ဖြောင့်မတ်သောသူတို့၏နှုတ်သည် ဉာဏ် ပညာတော်ကို မြွက်ဆိုတတ်၏။ ကောက်ကျစ်သော သူတို့၏လျှာများမူကား ဖြတ်တောက်ပစ်ခြင်းခံရလိမ့် မည်။-
31 A boca do justo produz sabedoria, mas a língua perversa será arrancada.
32 ဖြောင့်မတ်သောသူတို့၏နှုတ်ခမ်းများသည် နှစ်သက်လက်ခံဖွယ်သောအရာကို သိနားလည်၏။ ယုတ်မာသောသူတို့၏ နှုတ်မူကား ကောက်ကျစ်သောစကား ကိုသာ ပြောဆိုတတ်၏။
32 Os lábios do justo sabem dizer o que é agradável; a boca dos maus, o que é mal.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.