Mateus 9

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ကိုယ်တော်သည် လှေပေါ်သို့ တက်တော်မူ၍ ပင်လယ်ကိုဖြတ်ကူးပြီးနောက် မိမိ၏နေရင်းမြို့ သို့ရောက်တော်မူ၏။-
1 Entrando Jesus num barco, passou para o outro lado e foi para a sua própria cidade.
2 ထိုအခါ အိပ်ရာပေါ်တွင်လဲနေသည့် လေဖြတ်နေသောသူတစ်ဦးကို ကိုယ်တော့်ထံသို့ သယ်ဆောင်လာကြလေ၏။ ယေဇူးသည်လည်း ထို သူတို့၏ယုံကြည်ခြင်းကို မြင်တော်မူလျှင် လေဖြတ်နေ သောသူအား ငါ့သား၊ အားမငယ်နှင့်၊ သင်၏အပြစ်များ ခွင့်လွှတ်ခြင်းခံရလေပြီဟုမိန့်တော်မူ၏။-
2 E eis que lhe trouxeram um paralítico deitado num leito. Vendo-lhes a fé, Jesus disse ao paralítico: Tem bom ânimo, filho; estão perdoados os teus pecados.
3 ထိုအခါ ကျမ်း တတ်ဆရာအချို့တို့က ဤသူသည် ဘုရားသခင်ကို ထိခိုက်၍ပြောဆိုသည်ဟု မိမိတို့စိတ်ထဲ၌ဆိုကြ၏။-
3 Mas alguns escribas diziam consigo: Este blasfema.
4 သို့ ရာတွင် ယေဇူးသည် ထိုသူတို့၏စိတ်ထဲမှအတွေးကို သိမြင်တော်မူ၍ သင်တို့သည် အဘယ်ကြောင့် စိတ်ထဲ၌ အဆိုးမြင်ကြ သနည်း။-
4 Jesus, porém, conhecendo-lhes os pensamentos, disse: Por que cogitais o mal no vosso coração?
5 မည်သည့်စကားသည် ပြောရန် သာ၍လွယ်ကူသနည်း။ သင်၏အပြစ်များ ခွင့်လွှတ်ခြင်း ခံရပြီဟု ဆိုခြင်း လော၊ သို့မဟုတ် ထ၍ လှမ်းသွားလော့ဟု ဆိုခြင်းလော။-
5 Pois qual é mais fácil? Dizer: Estão perdoados os teus pecados, ou dizer: Levanta-te e anda?
6 သို့ရာတွင် လူသားသည် လောက တွင် အပြစ်များကိုခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိ မြင်စေရမည်ဟု ဆိုပြီးမှ လေဖြတ်နေသောသူအား ထလော့၊ သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
6 Ora, para que saibais que o Filho do Homem tem sobre a terra autoridade para perdoar pecados — disse, então, ao paralítico: Levanta-te, toma o teu leito e vai para tua casa.
7 ထိုသူသည်လည်း ထ၍ မိမိ၏အိမ်သို့ ပြန်သွားလေ၏။-
7 E, levantando-se, partiu para sua casa.
8 လူအစုအဝေးတို့သည် ထိုအခြင်းအရာ ကိုမြင်သောအခါ ထိတ်လန့်ကြ၍ လူသားတို့အား ဤသို့ သောအခွင့် အာဏာကိုပေး တော်မူသည့် ဘုရားသခင် ၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းကြလေ၏။
8 Vendo isto, as multidões, possuídas de temor, glorificaram a Deus, que dera tal autoridade aos homens.
9 ယေဇူးသည် ထိုနေရာမှ ကြွသွားစဉ် မာတေးဦး အမည်ရှိသောသူတစ်ယောက်သည် အခွန်ရုံးတွင် ထိုင် နေသည်ကိုမြင်၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့် တော်မူ၏။ သူသည်လည်း ထ၍ နောက်တော်သို့လိုက် လေ၏။
9 Partindo Jesus dali, viu um homem chamado Mateus sentado na coletoria e disse-lhe: Segue-me! Ele se levantou e o seguiu.
10 ကိုယ်တော်သည် အိမ်တွင် စားပွဲ၌ထိုင်တော်မူစဉ် များစွာသော အခွန်ခံသူတို့နှင့် အပြစ်ရှိသူတို့သည် လာကြ ၍ တပည့်တော်တို့ နှင့်တကွ ယေဇူးနှင့်အတူ ထိုင်ကြလေ၏။-
10 E sucedeu que, estando ele em casa, à mesa, muitos publicanos e pecadores vieram e tomaram lugares com Jesus e seus discípulos.
11 ထိုအခါ ဖာရီဇေးဦးတို့သည် ဤအခြင်းအရာ ကိုမြင်ကြလျှင် သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ပါသနည်းဟု တပည့်တော်တို့အား ဆိုကြ၏။-
11 Ora, vendo isto, os fariseus perguntavam aos discípulos: Por que come o vosso Mestre com os publicanos e pecadores?
12 သို့ရာတွင် ထိုစကားကို ကိုယ်တော်ကြားတော်မူသောအခါ သူတို့အား မိန့်တော်မူ သည်ကား ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်၊ ဖျားနာသောသူတို့သာလျှင် လိုအပ်၏။-
12 Mas Jesus, ouvindo, disse: Os sãos não precisam de médico, e sim os doentes.
13 ငါအလိုရှိသည်ကား ယဇ်ပူဇော်ခြင်းမဟုတ်၊ ကရုဏာသနားခြင်းသာဖြစ်၏ဟူသော ကျမ်းစကားသည် မည်သည့်အရာကို ဆိုလိုကြောင်း သွား၍ သင်ယူ ကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကို ခေါ်ရန် ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူ တို့ကို ခေါ် ရန်သာ ငါလာသည်ဟု မိန့်တော်မူ၏။
13 Ide, porém, e aprendei o que significa:
14 ထိုအခါ ယောဟန်၏တပည့်တို့သည် ကိုယ်တော့် ထံသို့ချဉ်းကပ်၍ အကျွန်ုပ်တို့နှင့် ဖာရီဇေးဦးတို့သည် ကြိမ်ဖန်များစွာ အစာရှောင်ကြ၍ ကိုယ်တော်၏တပည့် တော်တို့မူကား အဘယ်ကြောင့် အစာမရှောင်ဘဲနေကြပါသနည်းဟု မေးလျှောက်ကြ၏။-
14 Vieram, depois, os discípulos de João e lhe perguntaram: Por que jejuamos nós, e os fariseus [muitas vezes], e teus discípulos não jejuam?
15 ထိုအခါ ယေဇူးက မင်္ဂလာဆောင်သတို့သား၏အပေါင်းအဖော်တို့သည် မိမိတို့နှင့်အတူ သတို့သားရှိနေစဉ် ဝမ်းနည်းပူဆွေးကြ ပါမည်လော။ သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွား မည့်နေ့ရက်များရောက်လာသောအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။-
15 Respondeu-lhes Jesus: Podem, acaso, estar tristes os convidados para o casamento, enquanto o noivo está com eles? Dias virão, contudo, em que lhes será tirado o noivo, e nesses dias hão de jejuar.
16 မည်သူမျှ အဝတ်ဟောင်းကို ပိတ်စ သစ်နှင့် ဖာ ထေးလေ့မရှိ။ ထိုသို့ပြုလျှင် ပိတ်စသစ်သည် အဝတ်မှရုန်းသဖြင့် စုတ်ပြဲသည့်နေရာမှာ ပို၍ကျယ်လာတတ်၏။-
16 Ninguém põe remendo de pano novo em veste velha; porque o remendo tira parte da veste, e fica maior a rotura.
17 ထို့ပြင် မည်သူမျှ စပျစ်ရည်သစ်ကို သားရေဘူး ဟောင်းတွင် ထည့်လေ့မရှိ။ ထည့်ခဲ့ပါလျှင် သားရေဘူး ပေါက်သဖြင့် စပျစ်ရည်ယိုဖိတ်ကာ သားရေဘူးလည်း ပျက်စီးတတ်၏။ စပျစ်ရည်သစ်ကို သားရေဘူးသစ်၌ ထည့်သောအခါတွင်မူကား နှစ်မျိုး စလုံးမပျက်စီးဘဲ ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
17 Nem se põe vinho novo em odres velhos; do contrário, rompem-se os odres, derrama-se o vinho, e os odres se perdem. Mas põe-se vinho novo em odres novos, e ambos se conservam.
18 ကိုယ်တော်သည် သူတို့အား ထိုသို့မိန့်တော်မူစဉ် အရာရှိတစ်ယောက်သည် အထံတော်သို့ချဉ်းကပ်၍ ရှေ့ တော်၌ပျပ်ဝပ်လျက် အကျွန်ုပ်၏သမီးသည် ယခုပင်သေ ဆုံးသွားပါပြီ၊ သို့သော် ကိုယ်တော်ကြွလာတော်မူ၍ သူမအပေါ်၌ ကိုယ်တော်၏ လက်တော် ကိုတင်တော်မူ ပါလျှင် သူမသည် အသက်ပြန်ရှင်လာပါလိမ့်မည်ဟုလျှောက်ထားလေ၏။-
18 Enquanto estas coisas lhes dizia, eis que um chefe, aproximando-se, o adorou e disse: Minha filha faleceu agora mesmo; mas vem, impõe a mão sobre ela, e viverá.
19 ယေဇူးသည်လည်း ထ၍ တပည့် တော်တို့နှင့်အတူ ထိုသူ၏နောက်သို့လိုက်တော်မူ၏။
19 E Jesus, levantando-se, o seguia, e também os seus discípulos.
20 ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲ ကပ်နေသောအမျိုးသမီးတစ်ယောက်သည် ကိုယ်တော် ၏နောက်မှချဉ်းကပ်၍ ဝတ်ရုံတော်၏အနားစကို တို့လေ၏။-
20 E eis que uma mulher, que durante doze anos vinha padecendo de uma hemorragia, veio por trás dele e lhe tocou na orla da veste;
21 အကြောင်းမူကား သူမက ငါသည် ကိုယ်တော် ၏ဝတ်ရုံတော်ကိုသာ တို့ထိရပါလျှင် ကျန်းမာလာလိမ့် မည်ဟု မိမိစိတ်ထဲတွင် ဆိုသောကြောင့်ဖြစ်၏။-
21 porque dizia consigo mesma: Se eu apenas lhe tocar a veste, ficarei curada.
22 ယေဇူးသည် လှည့်၍ကြည့်တော်မူလျှင် သူမကို မြင်သဖြင့် သမီး၊ အားမငယ်နှင့်၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်း မာစေပြီဟု မိန့်တော်မူ၏။ ထိုအချိန်နာရီမှစ၍ ထိုအမျိုး သမီးသည် ရောဂါပျောက်ကင်းသွားလေ၏။
22 E Jesus, voltando-se e vendo-a, disse: Tem bom ânimo, filha, a tua fé te salvou. E, desde aquele instante, a mulher ficou sã.
23 ယေဇူးသည် အရာရှိ၏အိမ်သို့ရောက်သောအခါ တီးမှုတ်သောသူများနှင့်အတူ အုတ်အုတ်ကျက်ကျက် ဖြစ်နေသော လူပရိသတ် ကို မြင်တော်မူ၏။-
23 Tendo Jesus chegado à casa do chefe e vendo os tocadores de flauta e o povo em alvoroço, disse:
24 ထိုအခါ ကိုယ် တော်က နောက်ဆုတ်ကြလော့၊ သူငယ်မသည် သေ သည်မဟုတ်၊ အိပ်ပျော်လျက်သာရှိသည်ဟု မိန့်တော် မူလျှင် ထိုသူတို့သည် ကိုယ်တော့်ကို လှောင်ပြောင်ရယ် မောကြ၏။-
24 Retirai-vos, porque não está morta a menina, mas dorme. E riam-se dele.
25 သို့သော် လူအစုအဝေးတို့ကို အပြင်ဘက် သို့ ထွက်စေပြီးသောအခါ ကိုယ်တော်သည် အခန်းတွင်း သို့ဝင်၍ သူငယ်မကို လက်မှကိုင်လျက် ထူမတော်မူ၏။ ထိုအခါ သူငယ်မသည် ထလေ၏။-
25 Mas, afastado o povo, entrou Jesus, tomou a menina pela mão, e ela se levantou.
26 ဤသတင်းသည် လည်း ထိုဒေသအတွင်း ပျံ့နှံ့သွားလေ၏။
26 E a fama deste acontecimento correu por toda aquela terra.
27 ယေဇူးသည် ထိုအရပ်မှ ထွက်ကြွသွားတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် နောက်တော်မှလိုက်ကြ၍ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ကျယ်လောင်စွာဟစ်အော်ကြ၏။-
27 Partindo Jesus dali, seguiram-no dois cegos, clamando: Tem compaixão de nós, Filho de Davi!
28 ကိုယ်တော်သည် အိမ်သို့ဝင်တော်မူသောအခါ ထိုမျက်မမြင်နှစ်ယောက် တို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ယေဇူးကလည်း ဤအမှုကို ငါတတ်နိုင်သည်ဟု သင်တို့ယုံကြည်ကြပါ သလောဟု သူတို့အား မေးတော်မူလျှင် သူတို့က ယုံကြည်ပါသည်သခင်ဟု လျှောက်ကြ၏။-
28 Tendo ele entrado em casa, aproximaram-se os cegos, e Jesus lhes perguntou: Credes que eu posso fazer isso? Responderam-lhe: Sim, Senhor!
29 ထိုအခါ ကိုယ် တော်သည် သူတို့၏မျက်စိများကိုတို့ထိတော်မူ၍ သင်တို့ ၏ယုံကြည်ခြင်းအတိုင်း သင်တို့၌ ဖြစ်စေဟု မိန့်တော်မူ ၏။-
29 Então, lhes tocou os olhos, dizendo: Faça-se-vos conforme a vossa fé.
30 ထိုအခါ သူတို့၏မျက်စိများပွင့်လာကြ၏။ ယေဇူးကလည်း ဤအမှုကို မည်သူမျှ မသိစေနှင့်ဟု ကြပ်တည်း စွာတားမြစ် တော်မူ၏။-
30 E abriram-se-lhes os olhos. Jesus, porém, os advertiu severamente, dizendo: Acautelai-vos de que ninguém o saiba.
31 သို့ရာတွင်ထိုသူတို့သည် အထံ တော်မှထွက်သွားကြပြီး ကိုယ်တော်၏သတင်းတော် ကို ထိုဒေသတစ်ခုလုံး၌ ပျံ့နှံ့ကျော်ကြားစေကြ၏။
31 Saindo eles, porém, divulgaram-lhe a fama por toda aquela terra.
32 ထိုသူတို့ထွက်သွားကြပြီးနောက်၊ နတ်ဆိုးစီးခံရ၍ ဆွံ့အနေသောသူတစ်ဦးကို လူတို့သည် အထံတော်သို့ ခေါ်ဆောင်ခဲ့ကြပြီး၊-
32 Ao retirarem-se eles, foi-lhe trazido um mudo endemoninhado.
33 နတ်ဆိုးကို နှင်ထုတ်သောအခါတွင် ဆွံ့အသောသူသည် စကားပြောလေ၏။ လူအစုအဝေး သည်လည်း လွန်စွာအံ့ဩကြလျက် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို အစ္စရာအဲလ်ပြည်၌ တစ်ခါမျှမမြင် ဖူးပါဟုဆိုကြ၏။-
33 E, expelido o demônio, falou o mudo; e as multidões se admiravam, dizendo: Jamais se viu tal coisa em Israel!
34 ဖာရီဇေးဦးတို့မူကား သူသည် နတ်ဆိုး တို့၏အကြီးအကဲကိုအမှီပြု၍ နတ်ဆိုးများကို နှင်ထုတ် သည်ဟု ဆိုကြ၏။
34 Mas os fariseus murmuravam: Pelo maioral dos demônios é que expele os demônios.
35 ယေဇူးသည် မြို့ရွာရှိသမျှတို့ကို လှည့်လည်ကာ ၎င်းတို့၏တရားဇရပ်များတွင် သွန်သင်တော်မူ၍ နိုင်ငံ တော်၏သတင်းကောင်း ကို ဟောကြားလျက် အနာရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။-
35 E percorria Jesus todas as cidades e povoados, ensinando nas sinagogas, pregando o evangelho do reino e curando toda sorte de doenças e enfermidades.
36 ကိုယ် တော်သည် လူအစုအဝေးတို့ကို မြင်တော်မူသောအခါ သူတို့အပေါ် ကရုဏာသက်တော်မူလေ၏။ အကြောင်း မူကား ထိုသူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ အားကိုးရာမဲ့၍ ပူပင်သောကရောက်နေကြသောကြောင့်ဖြစ်၏။-
36 Vendo ele as multidões, compadeceu-se delas, porque estavam aflitas e exaustas como ovelhas que não têm pastor.
37 ထိုအခါ ကိုယ်တော်က အသီးအနှံရိတ်သိမ်းစရာ များစွာရှိ၏။ လုပ်ဆောင်သောသူတို့မူကား နည်းပါးကြ၏။-
37 E, então, se dirigiu a seus discípulos: A seara, na verdade, é grande, mas os trabalhadores são poucos.
38 ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို မိမိ၏လယ် ကွင်းသို့ စေလွှတ်တော်မူမည့်အကြောင်း လယ်ပိုင်ရှင်ထံ သို့ တောင်းလျှောက် ကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
38 Rogai, pois, ao Senhor da seara que mande trabalhadores para a sua seara.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.