Mateus 8

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွလာတော် မူသောအခါ များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်၏ နောက်တော်သို့လိုက်ကြ၏။-
1 Quando Jesus desceu do monte, grandes multidões o seguiram.
2 ထိုအခါ အနာကြီးရောဂါစွဲကပ်နေသူတစ်ယောက်သည် လာ၍ ကိုယ်တော့်ရှေ့မှောက်၌ ဒူးထောက်လျက် သခင်၊ ကိုယ် တော်အလိုရှိတော်မူလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ် စေနိုင်ပါသည်ဟု လျှောက်ထား၏။-
2 E eis que um leproso aproximou-se e o adorou, dizendo: — Senhor, se quiser, pode me purificar.
3 ထိုအခါ ကိုယ်တော် သည် မိမိ၏လက်တော်ကိုဆန့်၍ သူ့အား တို့ထိကာ ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်စေဟု မိန့် တော်မူလျှင် သူ၏အနာကြီးရောဂါသည် ချက်ချင်းပျောက်ကင်းသွားလေ၏။-
3 E Jesus, estendendo a mão, tocou nele, dizendo: E, no mesmo instante, ele ficou limpo da sua lepra.
4 ထို့နောက် ယေဇူးက သူ့အား ဤအကြောင်းကို မည်သူ့အားမျှ မပြောမိစေရန် သတိပြု လော့၊ ယခုပင်သွား၍သင့်ကိုယ်ကို ရဟန်းအား ပြသပြီး လျှင် လူတို့အတွက် သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့် မှာထားသည့်အတိုင်း လှူဖွယ်ဝတ္ထုကို ပူဇော်ဆက်သ လော့ဟု မိန့်တော်မူ၏။
4 Então Jesus lhe disse:
5 ကိုယ်တော်သည် ကာဖာနာအုမ်မြို့သို့ကြွဝင်တော် မူသောအခါ လူတစ်ရာတပ်မှူးတစ်ယောက်သည် အထံ
5 Tendo Jesus entrado em Cafarnaum, um centurião se aproximou dele, implorando:
6 တော်သို့ချဉ်း ကပ်ပြီး လျှင်၊- သခင်၊ အကျွန်ုပ်၏အစေခံ တစ်ယောက်သည် လေဖြတ်သည့်ရောဂါဖြင့် ဝေဒနာပြင်း ထန်စွာ ခံစားလျက် အိမ်တွင် လဲလျောင်းနေပါသည်ဟု လျှောက်ထားလေ၏။-
6 — Senhor, o meu servo está na minha casa, de cama, paralítico, sofrendo horrivelmente.
7 ထိုအခါ ကိုယ်တော်က ငါလာ၍ ထိုသူကို ကုသပျောက်ကင်းစေမည်ဟု သူ့အား မိန့်တော်
7 Jesus lhe disse:
8 မူ၏။- သို့သော် လူတစ်ရာတပ်မှူးက ပြန်၍လျှောက်သည် မှာ သခင်၊ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော်ကြွ ဝင်တော်မူခြင်းကို အကျွန်ုပ်မခံထိုက်ပါ။ သို့သော် တစ်ခွန်း မျှသာ အမိန့်ရှိတော်မူပါလျှင် အကျွန်ုပ်၏အစေခံသည် ရောဂါ ပျောက် ကင်းပါလိမ့်မည်။-
8 Mas o centurião respondeu: — Senhor, não sou digno de recebê-lo em minha casa. Mas apenas mande com uma palavra, e o meu servo será curado.
9 အဘယ်ကြောင့်ဆို သော် အကျွန်ုပ်သည် မင်းအာဏာစက်အောက်တွင်နေ ရသူဖြစ်ပြီး အကျွန်ုပ်၏ လက်အောက်တွင်လည်း စစ် သားများရှိပါ၏။ အကျွန်ုပ်က တစ်ယောက်ကိုသွားလော့ ဟုဆိုလျှင် ထိုသူသည် သွားပါ၏။ အခြားတစ်ယောက် ကို လာခဲ့ဟုဆိုလျှင် ထိုသူသည် လာပါ၏။ အကျွန်ုပ်၏ အစေခံကိုလည်း ဤအမှုကိုပြုလော့ဟုဆိုလျှင် သူသည် ပြုလုပ်ပါ၏ဟု လျှောက်လေ၏။-
9 Porque também eu sou homem sujeito à autoridade, tenho soldados às minhas ordens e digo a este: “Vá”, e ele vai; e a outro: “Venha”, e ele vem; e ao meu servo: “Faça isto”, e ele o faz.
10 သူ၏စကားကို ယေဇူး ကြားလျှင် အံ့ဩ၍ မိမိနောက်တော်တွင်လိုက်ပါလာကြ သောသူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါအမှန် ဆိုသည်ကား ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရာအဲလ်လူမျိုး၌ပင် ငါမတွေ့ဖူးသေး။-
10 Ao ouvir isso, Jesus ficou admirado e disse aos que o acompanhavam:
11 သင်တို့အား ငါဆိုသည်ကား အရှေ့နှင့် အနောက်အရပ်တို့မှ လူများစွာ တို့သည် လာကြ၍ ကောင်းကင်နိုင်ငံတော်၌ အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့နှင့်အတူ စားသောက်ပွဲတွင်ထိုင်ကြလိမ့်မည်။-
11 Digo a vocês que muitos virão do Oriente e do Ocidente e tomarão lugar à mesa com Abraão, Isaque e Jacó no Reino dos Céus.
12 နိုင်ငံတော်၏သားသမီးတို့မူကား အပြင်ဘက်မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံကြရလိမ့် မည်။ ထိုအရပ်၌ လူတို့သည် ငိုကြွေး၍ အံကြိတ်ကြလိမ့် မည်ဟု မိန့်တော်မူ၏။-
12 Mas os filhos do Reino serão lançados para fora, nas trevas; ali haverá choro e ranger de dentes.
13 ထို့နောက် ယေဇူးက လူတစ်ရာ တပ်မှူးအား သွားလော့၊ သင်ယုံကြည်သည့်အတိုင်း သင် ၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်နာရီ၌ပင် အစေခံ သည် ရောဂါပျောက်ကင်းလေ၏။
13 Então Jesus disse ao centurião: E, naquela mesma hora, o servo do centurião foi curado.
14 ယေဇူးသည် ပေတရု၏အိမ်သို့ကြွဝင်သောအခါ သူ၏ယောက္ခမသည် ဖျား၍ အိပ်ရာထဲတွင် လဲနေသည်ကို မြင်တော်မူ၏။-
14 Tendo Jesus chegado à casa de Pedro, viu a sogra deste acamada, com febre.
15 ကိုယ်တော်သည် သူမ၏လက်ကို တို့ထိတော်မူလျှင် သူမသည် အဖျားပျောက်ကင်းသဖြင့် ထ၍ ကိုယ်တော် အား ဧည့်ဝတ်ပြု လေ၏။
15 Mas Jesus tomou-a pela mão, e a febre a deixou. Ela se levantou e passou a servi-lo.
16 ထိုညနေတွင် လူတို့သည် နတ်ဆိုးစီးခြင်းခံရသူ များစွာတို့ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြရာ ကိုယ် တော်သည် အမိန့်တော် တစ်ခွန်းမျှဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်၍ မကျန်းမာသူအားလုံးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။-
16 Ao cair da tarde, trouxeram a Jesus muitos endemoniados. E apenas com a palavra expulsou os espíritos e curou todos os que estavam doentes,
17 ထိုအကြောင်း အရာသည်ကား သူ သည် ငါတို့၏ဖျားနာခြင်းများကို ယူဆောင်တော်မူ၍ ငါ တို့၏ရောဂါဝေ ဒနာများကို ခံထမ်းတော်မူ၏ဟူသော ပရောဖက်အီဇာယ၏ဟောထားချက်ပြည့်စုံစေမည့် အကြောင်းဖြစ်သတည်း။
17 para se cumprir o que foi dito por meio do profeta Isaías: “Ele mesmo tomou as nossas enfermidades e carregou as nossas doenças.”
18 ယေဇူးသည် မိမိအနီးတွင် ဝိုင်းရံလျက်ရှိသောလူ အစုအဝေးတို့ကိုမြင်လျှင် တစ်ဖက်ကမ်းသို့ကူးသွားရန် အမိန့်ပေးတော်မူ၏။-
18 Vendo Jesus muita gente ao seu redor, ordenou que passassem para a outra margem.
19 ထိုအခါ ကျမ်းတတ်ဆရာတစ်ဦး သည် အထံတော်သို့ချဉ်းကပ်လာ၍ ဆရာသခင်၊ အရှင်ကြွသွားမည့်နေရာတိုင်းသို့ အကျွန်ုပ် လိုက်ပါမည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
19 Então, aproximando-se dele um escriba, disse a Jesus: — Mestre, vou segui-lo para onde quer que o senhor for.
20 ယေဇူးကလည်း မြေခွေးတို့၌ တွင်းများရှိကြ၏။ ကောင်းကင်ငှက်တို့၌ အသိုက်များရှိကြ၏။ လူသား၌မူကား မိမိ၏ခေါင်းချစရာ နေရာပင်မရှိဟု သူ့အား မိန့်တော်မူ၏။-
20 Mas Jesus lhe respondeu:
21 တပည့်တော်တို့ ထဲမှ အခြားတစ်ယောက်ကလည်း သခင်၊ ပထမဦးစွာ သွား၍ အကျွန်ုပ်၏အဖကိုသဂြိုဟ်ပါရစေဟု ကိုယ်တော် အား လျှောက်လေ၏။-
21 E outro dos discípulos lhe disse: — Senhor, deixe-me ir primeiro sepultar o meu pai.
22 သို့သော် ယေဇူးက ငါ့နောက်သို့ လိုက်လော့၊ လူသေတို့သည် မိမိတို့၏လူသေများကို သဂြိုဟ်ကြပါစေဟု မိန့်တော်မူ၏။
22 Mas Jesus respondeu:
23 ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူသော အခါ တပည့်တော်တို့သည်လည်း ကိုယ်တော်၏နောက် တော်သို့လိုက်ကြ၏။-
23 Jesus entrou no barco e os seus discípulos o seguiram.
24 ထိုအခါ ပင်လယ်တွင် ရုတ်တ ရက် မုန်တိုင်းပြင်းထန်စွာကျရောက်သဖြင့် လှေသည် လှိုင်းတံပိုးများအကြားတွင် နစ်မြုပ်လုမတတ်ဖြစ်လေ၏။ ကိုယ်တော်မူကား ကျိန်းစက်လျက်ရှိတော်မူ၏။-
24 E eis que levantou-se no mar uma grande tempestade, de modo que as ondas cobriam o barco. Jesus, porém, estava dormindo.
25 တပည့် တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ကိုယ်တော့်ကို နှိုးပြီးလျှင် သခင်၊ ကယ်တော်မူပါ၊ တပည့်တော်တို့သည် ပျက်စီးခြင်းသို့ရောက်ရပါတော့မည်ဟု အသနားခံကြ၏။-
25 Mas os discípulos foram acordá-lo, dizendo: — Senhor, salve-nos! Estamos perecendo!
26 ကိုယ်တော်ကလည်း ယုံကြည်ခြင်းအားနည်းသော သူတို့၊ အဘယ်ကြောင့်ကြောက်ရွံ့ ကြသနည်းဟု သူတို့ အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထ၍ လေနှင့် ပင်လယ်ကို ကြိမ်းမောင်းတော်မူသောအခါ ထို နေရာသည် လွန်စွာငြိမ်သက် သာယာ လာလေ၏။-
26 Então Jesus perguntou: E, levantando-se, repreendeu os ventos e o mar; e tudo ficou bem calmo.
27 သူတို့သည်လည်း အံ့ဩကြ၍ ဤသူသည် မည်သို့သော သူဖြစ်သနည်း။ လေနှင့် ပင်လယ်တို့ပင်လျှင် သူ့ကို နာခံ ကြပါသည်တကားဟု ဆိုကြလေ၏။
27 E aqueles homens ficaram admirados, dizendo: — Quem é este que até os ventos e o mar lhe obedecem?
28 ကိုယ်တော်သည် တစ်ဖက်ကမ်းရှိ ဂါဒါရာနယ်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစီးခြင်းခံရသောသူ နှစ်ဦးတို့သည် သချိုင်းဂူများ အကြားမှထွက်လာပြီးလျှင် ကိုယ်တော့်ထံသို့လာကြ၏။ သူတို့သည် လွန်စွာကြမ်း တမ်းခက်ထန်ကြသောကြောင့် ထိုလမ်းကို မည်သူမျှ ဖြတ်သန်းမသွားဝံ့ကြချေ။-
28 Quando Jesus chegou à outra margem, à terra dos gadarenos, dois endemoniados foram ao seu encontro, saindo dentre os túmulos. Eles eram tão furiosos, que ninguém podia passar por aquele caminho.
29 ထိုသူတို့က ဘုရားသခင်၏ သားတော်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ပြု လိုပါသနည်း။ အချိန်မကျမီ အကျွန်ုပ်တို့ကို ဒဏ်ခတ်ရန် ဤအရပ်သို့ကြွလာတော်မူပါသလောဟု အော်ဟစ်ကြ၏။-
29 E eis que gritaram: — O que você quer conosco, Filho de Deus? Você veio aqui nos atormentar antes do tempo?
30 ထိုသူတို့နှင့်မနီးမဝေးတွင် ဝက်အုပ်ကြီးတစ်အုပ်သည် အစာစားလျက်ရှိ၏။-
30 Ora, uma grande manada de porcos estava pastando não longe deles.
31 ထိုအခါ နတ်ဆိုးတို့က ကိုယ်တော်သည် အကျွန်ုပ်တို့ကို နှင်ထုတ်တော်မူလျှင် ဝက် အုပ်ထဲသို့ဝင်ပါရစေဟု တောင်းပန်ကြ၏။-
31 Então os demônios pediram a Jesus com insistência: — Se você vai nos expulsar, mande-nos para a manada de porcos.
32 ကိုယ်တော် ကလည်း သွားကြလော့ဟု သူတို့အား မိန့်တော်မူ၏။ ထို အခါ သူတို့သည် ထွက်၍ ဝက်များထဲသို့ဝင်ကြသဖြင့် ဝက်အုပ်တစ်အုပ်လုံးသည် ချောက်ကမ်းပါးအတိုင်း ပင် လယ်ထဲသို့ ပြေးဆင်းကာ ရေတွင်နစ်မြုပ်သေဆုံးကြ
32 Jesus disse: E eles, saindo, entraram nos porcos; e eis que toda a manada se precipitou, despenhadeiro abaixo, para dentro do mar, e morreram nas águas.
33 ကုန်၏။- ဝက်ကျောင်းသောသူတို့သည်လည်း ထွက်ပြေး ၍မြို့တွင်းသို့ဝင်ပြီးလျှင် နတ်ဆိုးစီးခံရသောသူတို့၏ အကြောင်းမှစ၍ ဖြစ်ပျက်သမျှအလုံးစုံတို့ကို ပြောပြကြလေ၏။-
33 Os que tratavam dos porcos fugiram e, chegando à cidade, anunciaram todas estas coisas e o que tinha acontecido com os endemoniados.
34 သို့ဖြစ်၍ တစ်မြို့လုံးသည် ယေဇူးကိုတွေ့ရန် ထွက်လာကြ၏။ သူတို့သည် ကိုယ်တော့်ကို တွေ့ ကြ သောအခါ မိမိတို့၏ဒေသမှ ထွက်ခွာသွားတော်မူပါမည့် အကြောင်း ကိုယ်တော်အား တောင်းပန်ကြ၏။
34 Então a cidade toda saiu para encontrar-se com Jesus. E, ao vê-lo, pediram-lhe com insistência que se retirasse da terra deles.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.