Mateus 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ထို့နောက် ဝိညာဉ်တော်သည် ယေဇူးကို စာတန်နတ်ဆိုး၏နှောင့်ယှက်ခြင်း ခံရစေရန် တောကန္တာရ သို့ခေါ်ဆောင်သွား တော်မူ၏။-
1 Em seguida, Jesus foi conduzido pelo Espírito ao deserto para ser tentado pelo demônio.
2 ကိုယ်တော်သည်လည်း နေ့လေးဆယ်နှင့် ညလေးဆယ်ပတ်လုံး အစာရှောင် တော်မူပြီးနောက် ဆာလောင်မွတ်သိပ်နေလေ၏။-
2 Jejuou quarenta dias e quarenta noites. Depois, teve fome.
3 ထိုအခါ နှောင့်ယှက်သောသူသည် အထံတော် သို့ချဉ်းကပ်၍ သင်သည် ဘုရား သခင်၏သားတော်မှန် လျှင် ဤကျောက်ခဲများကို ပေါင်မုန့်ဖြစ်စေရန် အမိန့်ရှိ တော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။-
3 O tentador aproximou-se dele e lhe disse: Se és Filho de Deus, ordena que estas pedras se tornem pães.
4 သို့ရာတွင် ကိုယ်တော်က လူသည် အစားအစာအားဖြင့်သာ အသက်ရှင် သည် မဟုတ်၊ ဘုရားသခင်၏နှုတ်တော် ထွက်စကားရှိ သမျှဖြင့်လည်း အသက်ရှင်ရကြောင်းကို ကျမ်းစာတော်မြတ်၌ ရေးထားသည်ဟု ဖြေကြားတော် မူ၏။
4 Jesus respondeu: Está escrito: Não só de pão vive o homem, mas de toda palavra que procede da boca de Deus {Dt 8,3}.
5 ထိုအခါ နတ်ဆိုးသည် ကိုယ်တော်အား သန့်ရှင်း သောမြို့တော်သို့ ခေါ်ဆောင်သွားပြီးလျှင် ဗိမာန်တော်၏အထွတ်၌ ထားလျက်၊-
5 O demônio transportou-o à Cidade Santa, colocou-o no ponto mais alto do templo e disse-lhe:
6 သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် သင့်ကိုယ်ကို အောက်သို့ပစ်ချပါ လော့။ အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထား သည်မှာ ကိုယ်တော်သည် သင့်ကို စောင့်ရှောက်ရန် ကောင်းကင်တမန်တော်တို့အား မိန့်မှာထား တော်မူသော ကြောင့် သင်၏ခြေကို ကျောက်ခဲတစ်လုံးနှင့်မျှမထိခိုက် စေခြင်းငှာ သူတို့သည် သင့်ကို သူတို့၏လက်များဖြင့် ချီမကြလိမ့်မည်ဟုဆိုပြန်၏။-
6 Se és Filho de Deus, lança-te abaixo, pois está escrito: Ele deu a seus anjos ordens a teu respeito; proteger-te-ão com as mãos, com cuidado, para não machucares o teu pé em alguma pedra {Sl 90,11s}.
7 ယေဇူးက သူ့အား သင်၏ အရှင် ထာ၀ရဘုရားသခင်ကိုစုံစမ်းခြင်းမပြုရဟူ၍လည်း ကျမ်းစာတော် မြတ် တွင် ရေးထားသည်ဟု မိန့်တော်မူ၏။
7 Disse-lhe Jesus: Também está escrito: Não tentarás o Senhor teu Deus {Dt 6,16}.
8 တစ်ဖန် နတ်ဆိုးသည် ကိုယ်တော့်ကို အလွန်မြင့် မားသောတောင်ပေါ်သို့ခေါ်ဆောင်သွားပြန်၍ လောက တိုင်းနိုင်ငံအပေါင်းနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို
8 O demônio transportou-o uma vez mais, a um monte muito alto, e lhe mostrou todos os reinos do mundo e a sua glória, e disse-lhe:
9 ပြသလျက်၊- သင်သည် ပျပ်ဝပ်၍ ငါ့ကိုရှိခိုးလျှင် ဤအရာ အားလုံးကို သင့်အား ငါပေးမည်ဟု ကိုယ်တော်အား ပြောလေ၏။-
9 Dar-te-ei tudo isto se, prostrando-te diante de mim, me adorares.
10 ထိုအခါ ယေဇူးက ဆုတ်လော့ စာတန်၊ ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား သင်သည် သင်၏အရှင် ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်၊ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရမည်ဟူ၍ဖြစ်၏ ဟုသူ့အား မိန့်တော်မူ၏။-
10 Respondeu-lhe Jesus: Para trás, Satanás, pois está escrito: Adorarás o Senhor teu Deus, e só a ele servirás {Dt 6,13}.
11 ထိုအခါ စာတန်သည် ကိုယ် တော့်ထံပါးမှထွက်ခွာသွားလေ၏။ ဤတွင် ကောင်းကင်တမန်တော် တို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ ကိုယ်တော့်ကိုပြုစုကြလေ၏။
11 Em seguida, o demônio o deixou, e os anjos aproximaram-se dele para servi-lo.
12 ယောဟန်ဖမ်းဆီးချုပ်နှောင်ခံရကြောင်းကို ယေဇူး သည် ကြားတော်မူလျှင် ဂါလေလေးယနယ်သို့ ပြန်ကြွ သွားတော်မူ၏။-
12 Quando, pois, Jesus ouviu que João fora preso, retirou-se para a Galiléia.
13 ကိုယ်တော်သည် နာဇရက်မြို့မှထွက်ခွာ၍ ဇေဘုလွမ်နှင့် နက်ဖတာလီနယ်စပ်၊ ပင်လယ်ကမ်း ခြေတွင်ရှိသော ကာဖာနာ အုမ်မြို့သို့သွား၍ သီတင်းသုံးတော်မူ၏။-
13 Deixando a cidade de Nazaré, foi habitar em Cafarnaum, à margem do lago, nos confins de Zabulon e Neftali,
14 ဤအကြောင်းအရာသည်ကား ပရောဖက် အီဇာယ၏ဟောထားချက် ပြည့်စုံစေ ရန်ဖြစ်သတည်း။-
14 para que se cumprisse o que foi dito pelo profeta Isaías:
15 ဟောထား ချက်မူကား ဇေဘုလွမ်နှင့် နက်ဖတာလီနယ်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်၌လည်းကောင်း၊ ဂျော်ဒန် မြစ်တစ် ဖက်ကမ်း၌လည်းကောင်း လူမျိုးခြားတို့နေထိုင်ရာဂါလေလေးယနယ်၌လည်းကောင်း၊-
15 A terra de Zabulon e de Neftali, região vizinha ao mar, a terra além do Jordão, a Galiléia dos gentios,
16 မှောင်မိုက်တွင် ရှိနေကြသောလူတို့သည် ကြီးစွာသောအလင်းကို မြင် ကြရပြီ။ သေမင်းနိုင်ငံ၏အရိပ်တွင်နေထိုင်ကြသောသူ တို့အပေါ်သို့ အလင်းတော်ပေါ်ထွန်းလေပြီဟူ၍ဖြစ်သတည်း။-
16 este povo, que jazia nas trevas, viu resplandecer uma grande luz; e surgiu uma aurora para os que jaziam na região sombria da morte {Is 9,1}.
17 ထိုအချိန်မှစ၍ ယေဇူးက နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် နီးလာပြီဟုမိန့်ဆိုလျက် တရားတော်ကို စတင်ဟော ကြားတော်မူလေ၏။
17 Desde então, Jesus começou a pregar: Fazei penitência, pois o Reino dos céus está próximo.
18 ယေဇူးသည် ဂါလေလေးယပင်လယ်ကမ်းခြေ တစ်လျှောက်ကြွသွားတော်မူစဉ် ပင်လယ်၌ ပိုက်ကွန်ချ နေသော တံငါသည် ညီအစ်ကိုနှစ်ဦးဖြစ်သည့် ပေတရု ဟုအမည်ရသောစီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့ကိုမြင်တော်မူ၏။-
18 Caminhando ao longo do mar da Galiléia, viu dois irmãos: Simão {chamado Pedro} e André, seu irmão, que lançavam a rede ao mar, pois eram pescadores.
19 ထိုအခါ ကိုယ်တော်က သူတို့အား ငါ့နောက် သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါသည်များဖြစ်စေ မည်ဟု မိန့်တော်မူ၏။-
19 E disse-lhes: Vinde após mim e vos farei pescadores de homens.
20 သူတို့သည် လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကိုထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။-
20 Na mesma hora abandonaram suas redes e o seguiram.
21 ကိုယ်တော်သည် ထိုအရပ်မှ ရှေ့သို့ဆက်၍ ကြွသွားတော်မူ သောအခါ ဇေဘေဒေးဦး၏သားများဖြစ်သည့် ယာကုပ် နှင့် သူ၏ညီယောဟန်တည်းဟူသော အခြားညီအစ်ကို နှစ်ဦးသည် မိမိတို့၏ဖခင်နှင့်အတူ လှေထဲတွင် မိမိတို့၏ ပိုက်ကွန်များအား ဖာထေးနေကြသည်ကိုမြင်တော်မူ၍ သူတို့ကိုလည်း ခေါ်တော်မူ၏။-
21 Passando adiante, viu outros dois irmãos: Tiago, filho de Zebedeu, e seu irmão João, que estavam com seu pai Zebedeu consertando as redes. Chamou-os,
22 သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် မိမိတို့၏ဖခင်ကိုထားခဲ့ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့လိုက်ကြလေ၏။
22 e eles abandonaram a barca e seu pai e o seguiram.
23 ကိုယ်တော်သည် ဂါလေလေးယနယ်တစ်ခွင်လုံး သို့လှည့်လည်ကာ သူတို့၏တရားဇရပ်များ၌ ဆုံးမသွန် သင်လျက် နိုင်ငံတော်နှင့်ဆိုင်သောဧဝံဂေလိသတင်း ကောင်းကို ဟောပြော၍ လူတို့တွင်စွဲကပ်နေသောအနာ ရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။-
23 Jesus percorria toda a Galiléia, ensinando nas suas sinagogas, pregando o Evangelho do Reino, curando todas as doenças e enfermidades entre o povo.
24 ကိုယ်တော်၏သတင်းတော်သည် ဆီးရိယပြည်တစ်ပြည်လုံး သို့ပျံ့နှံ့ကျော်စောသဖြင့် လူတို့သည် အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူရှိသမျှနှင့် နတ်ဆိုးစီးသူများ၊ ဝက် ရူးနာစွဲသူများ၊ လက်ခြေသေသူများကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူတို့ကို ရောဂါပျောက်ကင်းစေတော်မူ၏။-
24 Sua fama espalhou-se por toda a Síria: traziam-lhe os doentes e os enfermos, os possessos, os lunáticos, os paralíticos. E ele curava a todos.
25 ထိုအခါ ဂါလေလေးယနှင့် ဒေကာပိုလစ်နယ်၊ ဂျေရုဆလင်မြို့၊ ဂျူဒေးယပြည်နှင့် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းမှ များစွာသော လူအစုအဝေးတို့ သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။ တောင်ပေါ်တရားတော်များ
25 Grandes multidões acompanharam-no da Galiléia, da Decápole, de Jerusalém, da Judéia e dos países do outro lado do Jordão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.