Mateus 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ထိုနေ့ရက်တို့၌ ယောဟန်ဘတ္တိဇံသည် ရောက်လာ၍ ဂျူဒေးယပြည်၊ တောကန္တာရတွင် ဟော
1 Naqueles dias, apareceu João Batista, pregando no deserto da Judéia.
2 ပြောသည်မှာ၊- နောင်တရကြလော့၊ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီဟူ၍တည်း။-
2 Dizia ele: Fazei penitência porque está próximo o Reino dos céus.
3 ပရောဖက်အီဇာယဟောထားခဲ့သည့်အတိုင်း၊ ထာ၀ရ ဘုရားသခင်ကြွလာတော်မူမည့်လမ်းကိုပြင်ဆင်ကြ လော့၊ ကိုယ်တော်၏ လမ်းများကို ဖြောင့်တန်းစေကြ လော့ဟူ၍ တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံသည်ကား ဤသူပင်ဖြစ်သတည်း။-
3 Este é aquele de quem falou o profeta Isaías, quando disse: Uma voz clama no deserto: Preparai o caminho do Senhor, endireitai as suas veredas {Is 40,3}.
4 ယောဟန်သည် ကုလားအုတ်မွေးဖြင့် ရက်လုပ်သောအဝတ်ကိုဝတ်ဆင်ကာ ခါး၌ သားရေခါးစည်းကြိုးကိုစည်းထား၏။ သူ၏အစာသည်ကား ကျိုင်းကောင်နှင့် တောပျားရည်တို့သာဖြစ်၏။-
4 João usava uma vestimenta de pêlos de camelo e um cinto de couro em volta dos rins. Alimentava-se de gafanhotos e mel silvestre.
5 ထိုအခါ ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယနယ်တစ်နယ် လုံးနှင့် ဂျော်ဒန်မြစ်တစ်လျှောက်ရှိဒေသမှ လူအပေါင်း တို့သည် သူ့ထံသို့ လာကြ၏။-
5 Pessoas de Jerusalém, de toda a Judéia e de toda a circunvizinhança do Jordão vinham a ele.
6 ထိုသူတို့သည် မိမိတို့၏ အပြစ်များကို ထုတ်ဖော်ဝန်ခံကြလျက် ဂျော်ဒန်မြစ်တွင် သူ့အားဖြင့် ဆေးကြောခြင်းကို ခံယူကြ၏။
6 Confessavam seus pecados e eram batizados por ele nas águas do Jordão.
7 သူသည် ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့ ဆေးကြော ခြင်းခံယူရန်လာကြသည်ကိုမြင်သောအခါတွင်မူ သူတို့အား အချင်းမြွေဆိုး အမျိုးတို့၊ ကျရောက်လာမည့်အမျက် တော်မှလွတ်မြောက်စေရန် မည်သူသည် သင်တို့ကို သတိပေးသနည်း။-
7 Ao ver, porém, que muitos dos fariseus e dos saduceus vinham ao seu batismo, disse-lhes: Raça de víboras, quem vos ensinou a fugir da cólera vindoura?
8 နောင်တသံဝေဂရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။-
8 Dai, pois, frutos de verdadeira penitência.
9 အာဘရာဟံသည် ငါ တို့၏အဖဖြစ်သည်ဟု သင်တို့ကိုယ်သင်တို့မပြောဆိုကြ နှင့်။ အကြောင်း မူကား ဘုရားသခင်သည် ဤကျောက်ခဲ များကို အာဘရာဟံ၏သားများအဖြစ်ဖန်ဆင်းနိုင်စွမ်းရှိတော်မူသည်ဟု သင်တို့အား ငါအမှန်ဆို၏။-
9 Não digais dentro de vós: Nós temos a Abraão por pai! Pois eu vos digo: Deus é poderoso para suscitar destas pedras filhos a Abraão.
10 ယခုတွင် ပင်သစ်ပင်တို့၏အမြစ်ကို ပုဆိန်ဖြင့်ချိန်ရွယ်ထားလျက် ရှိသည်ဖြစ်၍ ကောင်းသောအသီးမသီးသည့်အပင်မှန် သမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချလိမ့်မည်။
10 O machado já está posto à raiz das árvores: toda árvore que não produzir bons frutos será cortada e lançada ao fogo.
11 နောင်တသံဝေဂရခြင်းငှာ ငါသည် သင်တို့ကို ရေ ဖြင့် ဆေးကြော၏။ ငါ့နောက်တွင် ကြွလာမည့်သူမူကား ငါ့ထက် တတ်စွမ်းနိုင်၏။ သူ၏ခြေနင်းတော်ကိုမျှ သယ် ဆောင်ခြင်းငှာ ငါမထိုက်။ သူသည် သင်တို့ကို ဝိညာဉ် တော်မြတ်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း ဆေးကြောတော်မူလိမ့်မည်။-
11 Eu vos batizo com água, em sinal de penitência, mas aquele que virá depois de mim é mais poderoso do que eu e nem sou digno de carregar seus calçados. Ele vos batizará no Espírito Santo e em fogo.
12 ကိုယ်တော်သည် လက်တော်တွင် ဆန်ကောပါလျက် မိမိ၏တလင်းကိုရှင်းလင်းပြီးလျှင် မိမိ၏ ဂျုံစပါးကို ကျီတွင် စုသိမ်းတော်မူလိမ့်မည်။ အဖျင်းကိုမူကား ကိုယ်တော်သည် မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်ဟု ဟော ပြေ လေ၏။
12 Tem na mão a pá, limpará sua eira e recolherá o trigo ao celeiro. As palhas, porém, queimá-las-á num fogo inextinguível.
13 ထိုအခါ ယေဇူးသည် ယောဟန်အားဖြင့် ဆေးကြောခြင်းခံယူရန် ဂါလေလေးယနယ်မှနေ၍ သူရှိရာ ဂျော်ဒန်မြစ်ကမ်း သို့ကြွလာတော်မူ၏။-
13 Da Galiléia foi Jesus ao Jordão ter com João, a fim de ser batizado por ele.
14 ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော့်ထံမှ ဆေးကြောခြင်းကိုခံယူရမည့် သူဖြစ် ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ် ထံသို့ ကြွလာတော်မူပါသလောဟုဆိုကာ ကိုယ်တော့်ကို တားမြစ်လေ၏။-
14 João recusava-se: Eu devo ser batizado por ti e tu vens a mim!
15 သို့သော် ယေဇူးက သူ့အား ယခု အခါတွင်မူ ဤသို့ရှိပါစေ။ အကြောင်းမူကား ဖြောင့်မှန်ရာ အလုံးစုံတို့ကို ငါတို့လိုက်နာ သင့်သည် ဟုမိန့်တော်မူသဖြင့် ယောဟန်သည်လည်း လက်ခံလေ၏။-
15 Mas Jesus lhe respondeu: Deixa por agora, pois convém cumpramos a justiça completa. Então João cedeu.
16 ယေဇူးသည် ဆေးကြောခြင်းခံတော်မူပြီး ရေထဲမှတက်လာ သည်နှင့် တစ်ပြိုင်နက် ကောင်းကင်သည် ပွင့်လာပြီးလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် မိမိအပေါ်သို့ ချိုးငှက် သဏ္ဌာန်ဖြင့် ဆင်းသက် လာသည်ကို ကိုယ်တော်မြင်တော်မူ၏။-
16 Depois que Jesus foi batizado, saiu logo da água. Eis que os céus se abriram e viu descer sobre ele, em forma de pomba, o Espírito de Deus.
17 ထို့နောက် ဤသူသည် ငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သားပေတည်းဟူ၍ ကောင်းကင်မှပြောဆို သောအသံသည် ရုတ်တရက် ထွက်ပေါ်လာလေ၏။
17 E do céu baixou uma voz: Eis meu Filho muito amado em quem ponho minha afeição.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.