Mateus 26

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ယေဇူးသည် ဤတရားတော်များကို ဟောပြောပြီးနောက် တပည့်တော်တို့အား မိန့်တော်မူ သည်မှာ၊-
1 Quando Jesus terminou de falar todas essas coisas, disse a seus discípulos:
2 နောက်နှစ်ရက်လွန်လျှင် ပါစကားပွဲကျရောက် မည်ကို သင်တို့သိကြ၏။ ထိုအခါ လူသားကို လက်ဝါး ကပ်တိုင်တင်၍ သတ်ခြင်းငှာ အပ်နှံကြလိမ့်မည်ဟု မိန့် တော်မူ၏။
2 “Como vocês sabem, a Páscoa começa daqui a dois dias, e o Filho do Homem será entregue para ser crucificado”.
3 ထိုအချိန်၌ ရဟန်းအကြီးအကဲများနှင့် သက်ကြီး ဝါကြီးတို့သည် ကာအိဖအမည်ရှိသောရဟန်းချုပ်၏အိမ် တော်တွင ်စုဝေးကြပြီးလျှင်၊-
3 Naquela mesma hora, os principais sacerdotes e líderes do povo estavam reunidos na residência de Caifás, o sumo sacerdote,
4 ယေဇူးကို ပရိယာယ်ဖြင့် ဖမ်းဆီးသတ်ဖြတ်ရန် တိုင်ပင်ကြ၏။-
4 tramando uma forma de prender Jesus em segredo e matá-lo.
5 သို့သော် သူတို့ သည် လူအများရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ကြ သဖြင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြ နှင့်ဟု ဆိုကြ၏။
5 “Mas não durante a festa da Páscoa, para não haver tumulto entre o povo”, concordaram entre eles.
6 ဘက်သနီရွာတွင် အနာကြီးရောဂါသည် စီမွန်၏ အိမ်၌ ယေဇူးရှိတော်မူစဉ်၊-
6 Enquanto isso, Jesus estava em Betânia, na casa de Simão, o leproso.
7 အမျိုးသမီးတစ်ဦးသည် တန် ဖိုးကြီးသောဆီမွှေးကျောက်ဖြူဘူးတစ်လုံးနှင့် အထံ တော်သို့ချဉ်းကပ်၍ စားပွဲတွင် ရှိနေသောကိုယ်တော်၏ ဦးခေါင်းပေါ်၌ ဆီမွှေးကိုသွန်းလောင်းလေ၏။-
7 Quando ele estava à mesa, uma mulher entrou com um frasco de alabastro contendo um perfume caro e derramou o perfume sobre a cabeça dele.
8 တပည့် တော်တို့မူကား ဤအခြင်းအရာကိုမြင်ကြလျှင် အမျက် ထွက်ကြ၍ အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း၊-
8 Ao ver isso, os discípulos ficaram indignados. “Que desperdício!”, disseram.
9 ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်းချပြီး ဆင်းရဲသားတို့ အား ပေးကမ်းနိုင်သည်ဟုဆိုကြ၏။-
9 “O perfume poderia ter sido vendido por um alto preço, e o dinheiro, dado aos pobres!”
10 သို့သော် ယေဇူး သည် ဤအကြောင်းအရာကိုသတိပြုမိတော်မူ၍ သင်တို့ သည် အဘယ်ကြောင့် ဤအမျိုးသမီးအား စိတ်အနှောင့် အယှက်ဖြစ်စေကြသနည်း။ အကြောင်းမူကား သူမသည် ငါ့၌ ကောင်းသောအမှုကိုပြုလေပြီ။-
10 Jesus, sabendo do que falavam, disse: “Por que criticam esta mulher por ter feito algo tão bom para mim?
11 အဘယ်ကြောင့်ဆို သော် ဆင်းရဲသားတို့သည် သင်တို့နှင့် အစဉ်ရှိကြ၏။ ငါမူ ကား သင်တို့နှင့်အစဉ်ရှိလိမ့်မည်မဟုတ်။-
11 Vocês sempre terão os pobres em seu meio, mas nem sempre terão a mim.
12 ငါ၏ကိုယ် ပေါ်၌ ဆီမွှေးကိုသွန်းလောင်းခြင်းဖြင့် သူမသည် ငါ့ကို သင်္ဂြိုဟ်ရန်အလို့ငှာ ပြင်ဆင်ခြင်းဖြစ်၏။-
12 Ela derramou este perfume em mim a fim de preparar meu corpo para o sepultamento.
13 သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာတစ်ဝန်းလုံးတွင် ဧဝံဂေလိ သတင်းကောင်းကိုဟောကြားသည့်နေရာတိုင်း၌ သူမ ကို အောက်မေ့သတိရကြစေရန် သူမ ပြုခဲ့သောကောင်းမှု သည် ကြေညာဟောပြောခြင်းခံရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
13 Eu lhes garanto: onde quer que as boas-novas sejam anunciadas pelo mundo, o que esta mulher fez será contado, e dela se lembrarão”.
14 ထိုအခါ တစ်ဆယ့်နှစ်ပါးထဲမှတစ်ဦးဖြစ်သော ဂျုဒ အစ္စကာရီယုဒ်သည် ရဟန်းအကြီးအကဲများထံသို့ သွား၍၊-
14 Então Judas Iscariotes, um dos Doze, foi aos principais sacerdotes
15 ထိုသူကို သင်တို့လက်သို့ ငါအပ်လျှင် သင်တို့သည် ငါ့အား မည်သည့်အရာကိုပေးမည်နည်းဟုဆိုသော် သူ တို့သည် သူ့အား ငွေဒင်္ဂါးသုံးဆယ်ပေးလိုက်ကြ၏။-
15 e perguntou: “Quanto vocês me pagarão se eu lhes entregar Jesus?”. E eles lhe deram trinta moedas de prata.
16 ထို အချိန်မှစ၍ သူသည်လည်း ကိုယ်တော့်ကိုအပ်နှံခြင်းငှာ အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
16 Daquele momento em diante, Judas começou a procurar uma oportunidade para trair Jesus.
17 တဆေးမပါသောပေါင်မုန့်ပွဲတော်၏ပထမနေ့၌ တပည့်တော်တို့သည် ယေဇူးထံတော်သို့ ချဉ်းကပ်ကြပြီး လျှင် ကိုယ်တော်သည် ပါစကားပွဲညစာကိုသုံးဆောင်ရန် တပည့်တော်တို့ကို မည်သည့်နေရာတွင် ပြင်ဆင်စေလို သနည်းဟု မေးလျှောက်ကြ၏။-
17 No primeiro dia da Festa dos Pães sem Fermento, os discípulos vieram a Jesus e perguntaram: “Onde quer que preparemos a refeição da Páscoa?”.
18 ကိုယ်တော်ကလည်း မြို့ထဲရှိ ဤမည်သောသူထံသို့သွားကြ၍ ဆရာသခင်မှာ လိုက်သည်ကား ငါ၏အချိန်နီးပြီ၊ ငါ၏တပည့်တော်တို့ နှင့်အတူ သင်၏အိမ်၌ ပါစကားပွဲကိုကျင်းပမည်ဟူ၍ သူ့အား ပြောကြားကြလော့ဟုမိန့်တော်မူ၏။-
18 Ele respondeu: “Assim que entrarem na cidade, verão determinado homem. Digam-lhe: ‘O Mestre diz: Meu tempo chegou e comerei em sua casa a refeição da Páscoa, com meus discípulos’”.
19 ထိုအခါ တပည့်တော်တို့သည် မိမိတို့အား ယေဇူးမိန့်မှာတော်မူ သည့်အတိုင်းပြုလုပ်ကြ၍ ပါစကားပွဲကိုကျင်းပရန် ပြင် ဆင်ကြလေ၏။
19 Então os discípulos fizeram como Jesus os havia instruído e ali prepararam a refeição da Páscoa.
20 ညနေအချိန်ရောက်သောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ထိုင် တော်မူ၏။-
20 Ao anoitecer, Jesus estava à mesa com os doze discípulos.
21 ထို့နောက် သူတို့သည် ညစာစားလျက်နေ ကြစဉ် ယေဇူးက သင်တို့အား ငါအမှန်ဆိုသည်ကား သင် တို့ထဲမှတစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
21 Enquanto comiam, disse: “Eu lhes digo a verdade: um de vocês vai me trair”.
22 ထိုအခါ သူတို့သည် အလွန်ပင် ဝမ်းနည်းကြ သဖြင့် သခင်၊ တပည့်တော်ဖြစ်သလောဟု အသီးသီး မေးလျှောက်ကြ၏။-
22 Muito aflitos, eles protestaram, um após o outro: “Certamente não serei eu, Senhor!”.
23 ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင်လက်နှိုက်သောသူသည် ငါ့ကို သစ္စာဖောက် လိမ့်မည်။-
23 Jesus respondeu: “Um de vocês que acabou de comer da mesma tigela comigo vai me trair.
24 လူသားသည် မိမိနှင့်ပတ်သက်၍ ကျမ်းစာ တော်မြတ်၌ရေးထားသည့်အတိုင်း သွားရသည်မှန်၏။ သို့သော် လူသားအပေါ်၌ သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သာ၍ ကောင်း၏ဟုမိန့်တော်မူ၏။-
24 O Filho do Homem deve morrer, como as Escrituras declararam há muito tempo. Mas que terrível será para aquele que o trair! Para esse homem seria melhor não ter nascido”.
25 ကိုယ်တော်ကို သစ္စာ ဖောက်သော ဂျုဒကလည်း သခင်ဘုရား၊ တပည့်တော် ဖြစ်သလောဟု မေးလျှောက်လျှင် ကိုယ်တော်က သူ့ အား သင်ဆိုလေပြီဟု မိန့်တော်မူ၏။
25 Judas, aquele que o trairia, também disse: “Certamente não serei eu, Rabi!”. E Jesus respondeu: “É como você diz”.
26 သူတို့ညစာစားနေကြစဉ်တွင် ယေဇူးသည် ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးတော်မူပြီးလျှင် ဖဲ့၍ မိမိ၏ တပည့်တော်ကြီးတို့အား ပေးလျက် ဤအရာသည် ငါ၏ ခန္ဓာကိုယ်ဖြစ်၏၊ ယူ၍ စားကြလော့ဟုမိန့်တော်မူ၏။-
26 Enquanto comiam, Jesus tomou o pão e o abençoou. Em seguida, partiu-o em pedaços e deu aos discípulos, dizendo: “Tomem e comam, porque este é o meu corpo”.
27 ထို့နောက် ကိုယ်တော်သည် ခွက်တော်ကိုလည်း ယူတော်မူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် တပည့်တော်တို့ အား ပေးလျက် မိန့်တော်မူသည်ကား သင်တို့အားလုံး ဤ ခွက်မှသောက်ကြလော့။-
27 Então tomou o cálice de vinho e agradeceu a Deus. Depois, entregou-o aos discípulos e disse: “Cada um beba dele,
28 ဤသည်ကား လူအားလုံးတို့ အတွက် အပြစ်ဖြေလွှတ်ခြင်းငှာ သွန်းလောင်းခံရမည့် ပဋိညာဉ်သစ်နှင့်ဆိုင်သောငါ၏သွေးဖြစ်၏။-
28 porque este é o meu sangue, que confirma a aliança. Ele é derramado como sacrifício para perdoar os pecados de muitos.
29 သင်တို့ အားငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်တွင် ဤစပျစ်နွယ်၏အသီးမှ စပျစ်ရည်သစ်ကို သင်တို့နှင့် အတူသောက်ရသည့်နေ့တိုင်အောင် ၎င်းကို နောက် တစ်ဖန် ငါသောက်လိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
29 Prestem atenção ao que eu lhes digo: não voltarei a beber vinho até aquele dia em que, com vocês, beberei vinho novo no reino de meu Pai”.
30 ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆို ကြပြီးလျှင် သံလွင်တောင်သို့ထွက်သွားကြ၏။
30 Então cantaram um hino e saíram para o monte das Oliveiras.
31 ထို့နောက် ယေဇူးက တပည့်တော်တို့အား မိန့် တော်မူသည်မှာ ဤည၌ သင်တို့အားလုံးသည် ငါ့ကိုစွန့်ခွာ သွားကြလိမ့်မည်။ အကြောင်းမူကား ကျမ်းစာတော်မြတ် ၌ ရေးထားသည်ကား သိုးထိန်းကို ငါတိုက်ခိုက်မည်။ ထို အခါ သိုးစုထဲမှ သိုးတို့သည် တကွဲတပြားဖြစ်ကြလိမ့် မည်ဟူ၍ဖြစ်သတည်း။-
31 No caminho, Jesus disse: “Esta noite todos vocês me abandonarão, pois as Escrituras dizem: ‘Deus ferirá e as ovelhas do rebanho serão dispersas’.
32 သို့သော်လည်း ငါသည် သေ ခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် သင်တို့ရှေ့မှကြို၍ ဂါလေလေးယနယ်သို့သွားနှင့်မည်ဟု မိန့်တော်မူ၏။-
32 Mas, depois de ressuscitar, irei adiante de vocês à Galileia”.
33 ထိုအခါ ပေတရုက သူတို့အားလုံးသည် ကိုယ်တော့်ကို စွန့်ခွာသွားကြသော်လည်း တပည့်တော်သည် မည်သည့် အခါမျှစွန့်ခွာသွားလိမ့်မည်မဟုတ်ဟု လျှောက်လေ၏။-
33 Pedro declarou: “Pode ser que todos os outros o abandonem, mas eu jamais o abandonarei”.
34 ယေဇူးကလည်း သင့်အား ငါအမှန်ဆိုသည်ကား ဤည၌ ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်ငြင်းပယ်လိမ့် မည်ဟု မိန့်တော်မူ၏။-
34 Jesus respondeu: “Eu lhe digo a verdade: esta mesma noite, antes que o galo cante, você me negará três vezes”.
35 ပေတရုက အကယ်၍ တပည့် တော်သည် ကိုယ်တော်နှင့်အတူ အသက်သေရမည်ဆို လျှင်ပင် ကိုယ်တော့်ကို ငြင်းပယ်လိမ့်မည် မဟုတ်ပါဟု လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
35 Pedro, no entanto, insistiu: “Mesmo que eu tenha de morrer ao seu lado, jamais o negarei!”. E todos os outros discípulos disseram o mesmo.
36 ထိုအခါ ယေဇူးသည် တပည့်တော်တို့နှင့်အတူ ဂျက်ဆေမာနီအမည်ရှိသော ဥယျာဉ်သို့ရောက်တော်မူ လျှင် သူတို့အား ငါသည် ထိုနေရာသို့သွား၍ ဆုတောင်း စဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့ဟု မိန့်တော်မူပြီးမှ၊-
36 Então Jesus foi com eles a um lugar chamado Getsêmani e disse: “Sentem-se aqui enquanto vou ali orar”.
37 ပေတရုနှင့် ဇေဘေဒေးဦး၏သားနှစ်ယောက်တို့ကို အတူ ခေါ်သွားတော်မူ၏။ ဤတွင် ကိုယ်တော်သည် ပူဆွေးညှိုး ငယ်၍ ပူပန်ခြင်းကို စတင်ခံစားရတော်မူ၏။-
37 Levou consigo Pedro e os dois filhos de Zebedeu e começou a ficar triste e angustiado.
38 ထိုအခါ ကိုယ်တော်က ငါ၏စိတ်နှလုံးသည် သေလုမတတ်ပူ ဆွေးခြင်းကို ခံစားရ၏။ သင်တို့ ဤအရပ်တွင်နေကြ၍ ငါနှင့်အတ ူနိုးကြားစွာ စောင့်နေကြလော့ဟု မိန့်တော် မူ၏။-
38 “Minha alma está profundamente triste, a ponto de morrer”, disse ele. “Fiquem aqui e vigiem comigo.”
39 ထို့နောက် ကိုယ်တော်သည် ထိုနေရာမှ ရှေ့သို့ အနည်းငယ်ကြွတော်မူ၍ မျက်နှာကိုမြေတွင်အပ်ကာ ပျပ်ဝပ်လျက် ဆုတောင်း တော်မူသည်မှာ အိုအဖ၊ ဖြစ်နိုင် လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ။ သို့ရာ တွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ၊ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်ပါစေသော်ဟု ဆုတောင်း တော်မူ၏။-
39 Ele avançou um pouco, curvou-se com o rosto no chão e orou: “Meu Pai! Se for possível, afasta de mim este cálice. Contudo, que seja feita a tua vontade, e não a minha”.
40 ထို့နောက် ကိုယ်တော်သည် တပည့်တော် တို့ထံသို့လာတော်မူ၍ သူတို့အိပ်ပျော်လျက်ရှိကြသည် ကိုတွေ့လျှင် ပေတရုအား သင်တို့သည် တစ်နာရီမျှ မအိပ် ဘဲ ငါနှင့်အတူမစောင့်နိုင်ကြပြီလော။-
40 Depois, voltou aos discípulos e os encontrou dormindo. “Vocês não puderam vigiar comigo nem por uma hora?”, disse ele a Pedro.
41 စုံစမ်းနှောင့်ယှက် ခြင်းသို့မပါဝင်ရစေရန် ဆုတောင်းလျက် နိုးကြားစွာ စောင့်နေကြလော့။ စိတ်ဆန္ဒသည် ပြင်းပြသော်လည်း ကိုယ်ခန္ဓာမူကား အားနည်းလှသည်ဟုမိန့်တော်မူ၏။-
41 “Vigiem e orem para que não cedam à tentação, pois o espírito está disposto, mas a carne é fraca.”
42 တစ်ဖန် ကိုယ်တော်သည် ဒုတိယအကြိမ်ထွက်သွား တော်မူ၍ အကျွန်ုပ်၏အဖ၊ ဤခွက်ကိုလွှဲဖယ်ရန်မဖြစ်နိုင် ဘဲ အကျွန်ုပ် သောက်ရမည်ဆိုလျှင် ကိုယ်တော်၏အလို တော်အတိုင်းဖြစ်ပါစေဟု ဆုတောင်းပြန်၏။-
42 Então os deixou pela segunda vez e orou: “Meu Pai! Se não for possível afastar de mim este cálice sem que eu o beba, faça-se a tua vontade”.
43 ထိုမှတစ်ဖန် ကိုယ်တော်သည် ပြန်လာသောအခါ တပည့်တော်တို့ အိပ်ပျော်လျက်ရှိကြသည်ကို တွေ့တော်မူ၏။ အကြောင်း မူကား သူတို့၏မျက်စိများသည် လေးလံသောကြောင့်ဖြစ်၏။-
43 Quando voltou pela segunda vez, encontrou-os dormindo de novo, pois não conseguiam manter os olhos abertos.
44 ဤသို့ဖြင့် ကိုယ်တော်သည် သူတို့ကို တစ်ဖန် ထားခဲ့၍ ထွက်သွားပြီးလျှင် ယခင်ကမြွက်ဆိုခဲ့သည့် အတိုင်းပင် သုံးကြိမ်မြောက် ဆုတောင်းတော်မူ၏။-
44 Foi orar pela terceira vez, dizendo novamente as mesmas coisas.
45 ထို့ နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍ သင်တို့သည် အိပ်စက်အနားယူဆဲပင် ရှိသေးသလော။ လူသားကို အပြစ်သားတို့၏လက်သို့ အပ်နှံသောအချိန် နာရီရောက်လာပြီ။-
45 Em seguida, voltou aos discípulos e lhes disse: “Como é que vocês ainda dormem e descansam? Vejam, chegou a hora. O Filho do Homem está para ser entregue nas mãos de pecadores.
46 ထကြ၊ သွားကြစို့၊ ငါ့ကို အပ်နှံမည့် သူသည် အနီးသို့ရောက်လာပြီဟု မိန့်တော်မူ၏။
46 Levantem-se e vamos. Meu traidor chegou”.
47 ထိုသို့ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါး တို့တွင်တစ်ဦးအပါအဝင်ဖြစ်သော ဂျုဒနှင့်အတူ ရဟန်း အကြီးအကဲများနှင့် သက်ကြီးဝါကြီးများက စေလွှတ် လိုက်သည့် များပြားသောလူအစုအဝေးတို့သည် တုတ်၊ ဓားများကိုကိုင်ဆောင် လျက် လာကြ၏။-
47 Enquanto Jesus ainda falava, Judas, um dos Doze, chegou com uma grande multidão armada de espadas e pedaços de pau. Tinham sido enviados pelos principais sacerdotes e líderes do povo.
48 ကိုယ်တော့်ကို သစ္စာဖောက်သောသူက ငါနမ်း၍ နှုတ်ဆက်သောသူ သည် ထိုသူပင်ဖြစ်၏၊ သူ့ကိုဖမ်းကြလော့ဟု ကြိုတင်၍ အချက်ပေးထားလေ၏။-
48 O traidor havia combinado com eles um sinal: “Vocês saberão a quem devem prender quando eu o cumprimentar com um beijo”.
49 ထို့နောက် ဂျုဒသည် ယေဇူး ထံတော်သို့ ချက်ချင်းပင် ချဉ်းကပ်၍ အာဝေ၊ ရဗ္ဗီဟုဆို လျက် ကိုယ်တော့်ကို နမ်းလေ၏။-
49 Então Judas veio diretamente a Jesus. “Saudações, Rabi!”, exclamou ele, e o beijou.
50 ယေဇူးကလည်း မိတ်ဆွေ၊ သင်ပြုလုပ်ရန်လာသည့်အမှုကိစ္စကို ပြုလုပ်ပါ လော့ဟုမိန့်တော်မူလျှင် သူတို့သည် လာကြ၍ ကိုယ် တော့်ကိုဖမ်းဆီးချုပ်နှောင်ကြ၏။-
50 Jesus disse: “Amigo, faça de uma vez o que veio fazer”. Então os outros agarraram Jesus e o prenderam.
51 ထိုအခါ ယေဇူးနှင့် အတူရှိနေသောသူတစ်ဦးသည် လက်ကိုဆန့်၍ ဓားကို ဆွဲထုတ်ပြီးလျှင် ရဟန်းချုပ်၏အစေခံတစ်ဦးကိုခုတ် သဖြင့် ထိုသူ၏နားရွက်ပြတ်လေ၏။-
51 Um dos que estavam com Jesus puxou a espada e feriu o servo do sumo sacerdote, cortando-lhe a orelha.
52 ယေဇူးကလည်း ထိုသူအား သင့်ဓားကို ဓားအိမ်၌ ပြန်သွင်းထားလော့။ အကြောင်းမူကား ဓားကိုကိုင်သောသူတို့သည် ဓားဖြင့် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။-
52 “Guarde sua espada”, disse Jesus. “Os que usam a espada morrerão pela espada.
53 ငါ့ထံသို့ ယခုချက်ချင်း ကောင်းကင်တမန်တော်တစ်ဆယ့်နှစ်တပ်မျှမက စေ လွှတ်ရန်အတွက် ငါ့ခမည်းတော်ထံ ငါမတောင်းခံ နိုင်ဟု သင်ထင်သလော။-
53 Você não percebe que eu poderia pedir a meu Pai milhares de anjos para me proteger, e ele os enviaria no mesmo instante?
54 သို့ရာတွင် ထိုသို့ပြုပါက ဤကဲ့သို့ ဖြစ်ရမည်ဟု ဆိုထားသောကျမ်းချက်များသည် မည်သို့ ပြည့်စုံနိုင်ပါမည်နည်းဟု မိန့်တော်မူ၏။-
54 Se eu o fizesse, porém, como se cumpririam as Escrituras, que descrevem o que é necessário que agora aconteça?”
55 ထိုအချိန်နာရီ၌ ယေဇူးသည် လူအစုအဝေးတို့အား ဆိုသည်မှာ သင်တို့ သည် တုတ်၊ ဓားများကိုကိုင်ဆောင်လျက် ဓားပြဖမ်း သကဲ့သို့ ငါ့ကိုဖမ်းဆီးရန် ထွက်လာကြသလော။ ငါသည် ဗိမာန်တော်၌ ထိုင်၍ နေ့စဉ်နေ့တိုင်းသွန်သင်ဟောပြော နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။-
55 Em seguida, Jesus disse à multidão: “Por acaso sou um revolucionário perigoso para que venham me prender com espadas e pedaços de pau? Por que não me prenderam no templo? Ali estive todos os dias, ensinando.
56 သို့ရာတွင် ဤ အဖြစ်အပျက်အားလုံးသည် ပရောဖက်ကျမ်းများပြည့်စုံ စေမည့် အကြောင်းဖြစ်သတည်းဟုမိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော့်ကိုထားခဲ့၍ ထွက်ပြေးကြလေ၏။
56 Mas tudo isto está acontecendo para que se cumpram as palavras dos profetas registradas nas Escrituras”. Nesse momento, todos os discípulos o abandonaram e fugiram.
57 ထိုအခါ ယေဇူးကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော့်ကို ကျမ်းတတ်ဆရာများနှင့် သက်ကြီးဝါကြီး တို့စုဝေးလျက်ရှိသော ရဟန်းချုပ်ကာအိဖ၏အိမ်သို့ ခေါ် ဆောင်သွားကြ၏။-
57 Então os que haviam prendido Jesus o levaram para a casa de Caifás, o sumo sacerdote, onde estavam reunidos os mestres da lei e os líderes do povo.
58 ပေတရုမူကား ရဟန်းချုပ်၏အိမ် တော်ဝင်းတိုင်အောင် နောက်တော်သို့ မလှမ်းမကမ်းမှ လိုက်ပါလျက် အတွင်းသို့ဝင်ပြီးလျှင် ထိုအမှုအခင်းကို အဆုံးတိုင်အောင် သိမြင်နိုင်ရန် အစောင့်များနှင့်အတူ ထိုင်နေလေ၏။-
58 Enquanto isso, Pedro seguia Jesus de longe, até chegar ao pátio do sumo sacerdote. Entrou ali, sentou-se com os guardas e esperou para ver o que aconteceria.
59 ရဟန်းအကြီးအကဲများနှင့် တရားစီရင် သောအဖွဲ့တစ်ခုလုံးသည် ယေဇူးကို သေဒဏ်စီရင်အံ့ သောငှာ မမှန်သောသက်သေ အထောက်အထားများ ကိုရှာကြ၏။-
59 Lá dentro, os principais sacerdotes e todo o conselho dos líderes do povo tentavam encontrar testemunhas que mentissem a respeito de Jesus, para que pudessem condená-lo à morte.
60 မမှန်သောသက်သေခံသူများလာကြ သော်လည်း မည်သည့်သက်သေအထောက်အထားမျှ သူတို့မတွေ့ ကြချေ။ နောက်ဆုံး၌ ကား မမှန်သောသက် သေခံသူနှစ်ဦးလာကြ၍၊-
60 Embora muitos estivessem dispostos a dar falso testemunho, não puderam usar o depoimento de ninguém. Por fim, apresentaram-se dois homens,
61 ဤသူက ငါသည် ဘုရားသခင် ၏ဗိမာန်တော်ကိုဖျက်ဆီး၍ ၎င်းကို သုံးရက်အတွင်း ပြန် လည်တည်ဆောက်နိုင်စွမ်းရှိသည်ဟု ပြောခဲ့ကြောင်း ထွက်ဆိုကြ၏။-
61 que declararam: “Este homem disse: ‘Sou capaz de destruir o templo de Deus e reconstruí-lo em três dias’”.
62 ထိုအခါ ရဟန်းချုပ်သည်ထ၍ သင်၌ ဖြေကြားစရာမရှိသလော။ သင့်ကို စွပ်စွဲ၍ ထွက်ဆိုကြ သော ဤသူတို့၏သက်သေခ ံချက်များကား မည်သည့် အရာကိုဆိုလ်ိုသနည်းဟု ကိုယ်တော်အား မေးလေ၏။-
62 Então o sumo sacerdote se levantou e disse a Jesus: “Você não vai responder a essas acusações? O que tem a dizer em sua defesa?”.
63 ယေဇူးမူကား တိတ်ဆိတ်စွာနေတော်မူ၏။ ရဟန်းချုပ်က လည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင် ၏သားတော်ဟုတ်၊ မဟုတ်ကို ငါတို့အား ပြောပြမည့်အ ကြောင်း အသက်ရှင်တော်မူသောဘုရားသခင်ကိုတိုင် တည်၍ သင့်အား ငါအမိန့်ရှိသည်ဟုဆို၏။-
63 Jesus, porém, permaneceu calado. O sumo sacerdote lhe disse: “Exijo em nome do Deus vivo que nos diga se é o Cristo, o Filho de Deus”.
64 ယေဇူးက လည်း သင်ဆိုလေပြီ။ သို့သော် သင်တို့အား ငါဆိုသည် ကား လူသားသည် တန်ခိုးတော်ရှင်၏လက်ယာဘက်၌ ထိုင်လျက် မိုးတိမ်ပေါ်မှကြွလာသည်ကို နောင်ကာလ၌ သင်တို့မြင်ကြရလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
64 Jesus respondeu: “É como você diz. Eu lhes digo que, no futuro, verão o Filho do Homem sentado à direita do Deus Poderoso e vindo sobre as nuvens do céu”.
65 ထို အခါ ရဟန်းချုပ်သည် မိမိ၏ဝတ်ရုံတို့ကိုဆုတ်လျက် သူသည်ဘုရားသခင်အား ထိခိုက်သောစကားကို ပြော ဆိုခဲ့လေပြီ။ မည်သည့်သက်သေများ ငါတို့လိုပါသေး သနည်း။ ဘုရားသခင်အားထိခိုက်သော သူ၏စကားကို ယခုပင် သင်တို့ကြားကြရလေပြီ။-
65 Então o sumo sacerdote rasgou as vestes e disse: “Blasfêmia! Que necessidade temos de outras testemunhas? Todos ouviram a blasfêmia.
66 သင်တို့မည်သို့ထင် မြင်ကြသနည်းဟုဆိုလျှင် သူတို့က ဤသူသည် သေ ထိုက်၏ဟု ပြန်ဖြေကြ၏။-
66 Qual é o veredicto?”. “Culpado!”, responderam. “Ele merece morrer!”
67 ထို့နောက် သူတို့သည် ကိုယ် တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၍ ကိုယ် တော့်ကို လက်သီးနှင့်ထိုးကြ၏။ တချို့သည် ကိုယ်တော် ၏ပါးကိုရိုက်ကြလျက်၊-
67 Então começaram a cuspir no rosto de Jesus e a dar-lhe socos. Alguns lhe davam tapas
68 အသင်ခရစ်တော်၊ သင့်အား မည်သူရိုက်သည်ကို အကျွန်ုပ်တို့အား ပရောဖက်ဉာဏ် နှင့်ဟောတော်မူပါဟုဆိုကြ၏။
68 e zombavam: “Profetize para nós, Cristo! Quem foi que lhe bateu desta vez?”.
69 ပေတရုမူကား အိမ်တော်ဝင်းအပြင်ဘက်၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် သူ့ထံသို့လာ၍ သင် သည်လည်း ဂါလေလေးယနယ်သား ယေဇူးနှင့်အတူရှိ ခဲ့သည်ဟု ဆို၏။-
69 Enquanto isso, Pedro estava sentado do lado de fora, no pátio. Uma criada foi até ele e disse: “Você é um dos que estavam com Jesus, o galileu”.
70 သို့သော် သူက သင်မည်သည့်အရာ ကိုပြောဆိုကြောင်း ငါမသိဟုဆို၍ လူအပေါင်းတို့၏ရှေ့ ၌ ငြင်းဆိုလေ၏။-
70 Mas Pedro o negou diante de todos. “Não sei do que você está falando”, disse.
71 ထို့နောက် သူသည် အိမ်တော်ဝင်းတံခါး ဆီသို့ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီး တစ်ဦးသည် သူ့ကိုမြင်၍ ထိုနေရာ ၌ရှိသောသူတို့အား ဤသူသည် နာဇရက်မြို့သားယေဇူးနှင့်အတူရှိခဲ့ပါသည် ဟုဆိုလျှင်၊-
71 Mais tarde, junto ao portão, outra criada o viu e disse aos que estavam ali: “Este homem estava com Jesus de Nazaré”.
72 သူက ထိုသူကို ငါမသိပါဟုကျိန်ဆို၍ တစ်ဖန်ငြင်းဆိုပြန်၏။-
72 Novamente, Pedro o negou, dessa vez com juramento. “Nem mesmo conheço esse homem!”, disse ele.
73 အချိန်အနည်းငယ်ကြာပြီးနောက် အနီးတွင်ရပ်နေသောသူများသည် ပေတရုထံသို့ လာကြ ၍ အမှန်စင်စစ် သင်သည်လည်း ထိုသူတို့တွင် တစ်ဦး အပါအဝင်ဖြစ်၏။ အကြောင်းမူကား သင်ပြောဆိုသော စကားသံကပင် သိသာထင်ရှားစေသည်ဟုဆိုကြ၏။-
73 Pouco depois, alguns dos outros ali presentes vieram a Pedro e disseram: “Você deve ser um deles; percebemos pelo seu sotaque galileu”.
74 ထိုအခါ သူက ထိုသူကို ငါမသိဟု မိမိကိုယ်ကို ကျိန်တွယ် ပြောဆိုလေ၏။ ထိုခဏချင်းတွင်ပင် ကြက်တွန်လေ ၏။-
74 Pedro jurou: “Que eu seja amaldiçoado se estiver mentindo. Não conheço esse homem!”. Imediatamente, o galo cantou.
75 ဤတွင် ပေတရုသည် ကြက်မတွန်မီ သင်သည် ငါ့ အား သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်ဟု ယေဇူးမိန့် တော်မူသောစကား ကို အောက်မေ့သတိရသဖြင့် အပြင် သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။
75 Então Pedro se lembrou das palavras de Jesus: “Antes que o galo cante, você me negará três vezes”. E saiu dali, chorando amargamente.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.