Mateus 23
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 ထိုအခါ ယေဇူးသည် လူအစုအဝေးတို့နှင့် မိမိ၏ တပည့်တော်တို့အား ဟောပြောတော်မူသည် ကား၊-
1 Então Jesus falou à multidão e aos seus discípulos.
2 ကျမ်းတတ်ဆရာတို့နှင့် ဖာရီဇေးဦးတို့သည် မိုးဇက် ၏တရားပလ္လင်ပေါ်၌ နေရာယူထားကြ၏။-
2 Ele disse:
3 ထို့ကြောင့် သင်တို့အား သူတို့ဟောပြောသမျှကို လိုက်နာကျင့်ကြံ ကြလော့။ သို့သော် သူတို့ကျင့်သောအကျင့်ပုံစံကို အတု မယူကြနှင့်။ အကြောင်းမူကား သူတို့သည် ဟောပြော ကြသော်လည်း မကျင့်ကြံကြ။-
3 Por isso vocês devem obedecer e seguir tudo o que eles dizem. Porém não imitem as suas ações, pois eles não fazem o que ensinam.
4 သူတို့သည် လေးလံ၍ ထမ်းရန်ခက်ခဲသောဝန်တို့ကိုထုပ်ပိုးပြီး လူတို့၏ပခုံးပေါ် တွင် တင်တတ်ကြ၏။ သူတို့ကိုယ်တိုင်ကမူ လက်ဖျား နှင့်မျှ မရွှေ့လိုကြ။-
4 Amarram fardos pesados e os põem nas costas dos outros, mas eles mesmos não os ajudam, nem ao menos com um dedo, a carregar esses fardos.
5 သူတို့သည် မိမိတို့ပြုသမျှကို လူတို့ မြင်စေခြင်းငှာပြုကြ၏။ သူတို့သည် ကျမ်းပိုဒ်စာလွှာချပ် များကို အပြားကျယ်သော နဖူးစီးများ၌ တပ်၍လည်း ကောင်း၊ ၎င်းတို့၏ပန်းဖွားများကို ရှည်လျားစွာချုပ်၍ လည်းကောင်း ဆင်ယင်ကြ၏။-
5 Tudo o que eles fazem é para serem vistos pelos outros. Vejam como são grandes os trechos das das suas
6 သူတို့သည် ဧည့်ခံပွဲများတွင် ဦးစားပေးခံရသောနေရာများကိုလည်းကောင်း၊ တရားဇရပ်များတွင် အထွတ်အမြတ်ထား သော ထိုင်ခုံ များကိုလည်းကောင်း၊-
6 Eles preferem os melhores lugares nos banquetes e os lugares de honra nas
7 ဈေးလယ်၌ နှုတ်ဆက်ခံရခြင်း ကိုလည်းကောင်း၊ ဆရာသခင်ဟု ခေါ်ဝေါ်ခံရခြင်းကို လည်းကောင်း နှစ်သက်ကြ၏။-
7 Gostam de ser cumprimentados com respeito nas praças e de ser chamados de “mestre”.
8 သင်တို့မူကား ဆရာဟု ခေါ်ဝေါ် ခြင်းကို မခံလိုကြနှင့်။ အကြောင်းမူ ကား သင်တို့၌ ဆရာတစ်ပါးတည်းသာရှိ၏။ သင်တို့အားလုံး သည် ညီအစ်ကိုချင်းသာဖြစ်ကြ၏။-
8 Porém vocês não devem ser chamados de “mestre”, pois todos vocês são membros de uma mesma família e têm somente um Mestre.
9 ဤကမ္ဘာပေါ်တွင် မည်သူ့ကိုမျှ သင်တို့၏အဖဟု မခေါ် ကြနှင့်။ အကြောင်းမူကား ကောင်းကင် ဘုံ၌ ကိန်းဝပ်တော်မူသော အဖခမည်း တော်တစ်ပါးတည်းသာလျှင် သင်တို့၏အဖဖြစ်၏။-
9 E aqui na terra não chamem ninguém de pai porque vocês têm somente um Pai, que está no céu.
10 ဆရာဟုခေါ်ဝေါ်ခြင်းကိုလည်း မခံလိုကြနှင့်။ အကြောင်း မူကား ခရစ်တော်တစ်ပါးတည်းသာလျှင် သင်တို့၏ဆရာ သခင်ဖြစ်၏။-
10 Vocês não devem também ser chamados de “líderes” porque vocês têm um líder, o
11 သင်တို့တွင် အကြီးမြတ်ဆုံးသောသူ သည် သင်တို့၏အစေခံဖြစ်ရလိမ့်မည်။-
11 Entre vocês, o mais importante é aquele que serve os outros.
12 မိမိကိုယ်ကို ချီး မြှောက်သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ် ကို နှိမ့် ချသောသူသည်ကား ချီးမြှောက်ခြင်းခံ ရလိမ့်မည်။
12 Quem se engrandece será humilhado, mas quem se humilha será engrandecido.
13 သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့်ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော် ၏တံခါးတို့ကို လူများအတွက် ပိတ်ထားပြီး သင်တို့ကိုယ် တိုင်လည်း မဝင်ကြ၊ ဝင်လိုသောသူများအားလည်း ဝင် ခွင့်မပေးကြ။-
13 — Ai de vocês,
14 သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂ လာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မုဆိုးမတို့ ၏အိမ်ရာပစ္စည်းများကို သိမ်းယူကြပြီး ဆုတောင်းမေတ္တာ များကို ဟန်ဆောင်၍ ကြာမြင့်စွာ ရွတ်ဆိုတတ်ကြ၏။ ထို့ အတွက်ကြောင့် သင်တို့သည် ပိုမိုပြင်းထန်သောအပြစ် ဒဏ်စီရင်ခြင်းကိုခံကြရလိမ့်မည်။-
14 [— Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês exploram as viúvas e roubam os seus bens e, para disfarçarem, fazem longas orações! Por isso o castigo de vocês será pior!]
15 သူတော်ကောင်း ယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင် တို့သည် ဘာသာအယူပြောင်းလဲလာသူတစ်ဦးရရှိရေး အတွက် ကုန်းကြောင်း၊ ရေကြောင်း လှည့်လည်ကြပြီး ဘာသာအယူ ပြောင်းလဲလာ ပါကလည်း ထိုသူကို သင် တို့ထက် နှစ်ဆပို၍ ငရဲသားအဖြစ်သို့ရောက်စေကြ၏။
15 — Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês atravessam os mares e viajam por todas as terras a fim de procurar converter uma pessoa para a sua religião. E, quando conseguem, tornam essa pessoa duas vezes mais merecedora do inferno do que vocês mesmos.
16 မျက်ကန်းလမ်းပြတို့၊ သင်တို့သည် အမင်္ဂလာရှိကြ ၏။ တစ်စုံတစ်ယောက်သည် ဗိမာန်တော်ကို တိုင်တည် ၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်၊ ဗိမာန်တော်၏ရွှေကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင်မူကား တည်၏ဟု သင်တို့ဆိုတတ်ကြ၏။-
16 — Ai de vocês, guias cegos! Pois vocês ensinam assim: “Se alguém jurar pelo Templo, não é obrigado a cumprir o juramento. Mas, se alguém jurar pelo ouro do Templo, então é obrigado a cumprir o que jurou.”
17 မျက်ကန်းလူမိုက်တို့၊ အဘယ် အရာသည် သာ၍ မြတ်သနည်း။ ရွှေလော၊ သို့မဟုတ် ရွှေ ကိုသန့် ရှင်းမြင့်မြတ်စေ သော ဗိမာန်တော်လော။-
17 Tolos e cegos! Qual é mais importante: o ouro ou o Templo que
18 ထို့ပြင် တစ်စုံတစ်ယောက်သည် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန် ဆိုလျှင် မတည်၊ ထိုယဇ်ပလ္လင်ပေါ်တွင်ရှိသောလှူဖွယ် ပစ္စည်းကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်၏ဟု သင်တို့ဆိုကြ၏။-
18 Vocês também ensinam isto: “Se alguém jurar pelo altar, não é obrigado a cumprir o juramento. Mas, se jurar pela oferta que está no altar, então é obrigado a cumprir o que jurou.”
19 မျက်ကန်းလူမိုက်တို့၊ အဘယ်အရာ သည် သာ၍မြတ်သနည်း။ လှူဖွယ်ပစ္စည်းလော၊ သို့ မဟုတ် လှူဖွယ်ပစ္စည်းကို သန့်ရှင်းမြင့်မြတ်စေသော ယဇ်ပလ္လင်လော။-
19 Cegos! Qual é mais importante: a oferta ou o altar que santifica a oferta?
20 သို့ဖြစ်၍ ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန် ဆိုသောသူသည် ယဇ်ပလ္လင်နှင့်တကွ ၎င်းပေါ်၌ ရှိသမျှ တို့ကိုတိုင်တည်၍ ကျိန်ဆိုသတည်း။-
20 Por isso, quando alguém jura pelo altar, está jurando pelo altar e por todas as ofertas que estão em cima dele.
21 ထို့အတူ ဗိမာန် တော်ကိုတိုင်တည်၍ ကျိန်ဆိုသူသည် ဗိမာန်တော်နှင့် တကွ ဗိမာန်တော်၌ ကိန်းဝပ်တော်မူသောအရှင်ကိုပါ တိုင်တည်၍ ကျိန်ဆိုသတည်း။-
21 Quando alguém jura pelo Templo, está jurando pelo Templo e por Deus, que mora ali.
22 ကောင်းကင်ဘုံကို တိုင် တည်၍ ကျိန်ဆိုသောသူသည်လည်း ဘုရားသခင်၏ ပလ္လင်တော်နှင့်တကွ ၎င်းပေါ်တွင် စံပယ်တော် မူသော အရှင်ကိုတိုင်တည်၍ ကျိန်ဆိုသတည်း။
22 E, quando alguém jura pelo céu, está jurando pelo trono de Deus e pelo próprio Deus, que está sentado nele.
23 သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊ စမြိတ်နှင့် ဇီယာတို့ကို ဆယ်ဖို့တစ်ဖို့ လှူကြလျက် တရားကျမ်းတွင် ပို၍အရေးပါသော တရား မျှတခြင်း၊ သနားကြင်နာခြင်း၊ ယုံကြည်ခြင်း စသည့်သွန် သင်ချက်တို့ကိုမူကား လျစ်လျူရှုကြ၏။ ဤအချက်များ ကို သင်တို့လိုက်နာကျင့်ကြံအပ်သကဲ့သို့ အထက်တွင် ဆိုခဲ့သောအရာများကိုလည်း မလစ်ဟင်းစေရပေ။-
23 — Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês dão a Deus a décima parte até mesmo da hortelã, da erva-doce e do
24 မျက် ကန်းလမ်းပြတို့၊ သင်တို့သည် ခြင်၊ ယင်တစ်ကောင်မျှ မပါ စေရန် ရေကိုစစ်ကြလျက် ကုလားအုပ်ကိုမူကား မျိုချ တတ်ကြ၏။
24 Guias cegos! Coam um mosquito, mas engolem um camelo!
25 သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ခွက်ဖလားနှင့် လင်ပန်း တို့ကို ပြင်ပ၌ ဆေးကြောကြ၏။ သင်တို့၏အတွင်း၌မူ ကား အဓမ္မသိမ်းယူခြင်းနှင့် မစင်ကြယ်ခြင်းတို့အပြည့်ရှိ ကြ၏။-
25 — Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês lavam o copo e o prato por fora, mas por dentro estes estão cheios de coisas que vocês conseguiram pela violência e pela ganância.
26 မျက်ကန်းဖာရီဇေးဦးတို့၊ ခွက်ဖလားနှင့် လင်ပန်း ကို အတွင်း၌ ရှေးဦးစွာ ဆေးကြောလော့။ ထိုသို့ပြုလျှင် ပြင်ပသည်လည်း သန့်ရှင်းစင်ကြယ်လာလိမ့်မည်။
26 Fariseu cego! Lave primeiro o copo por dentro, e então a parte de fora também ficará limpa!
27 သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသော သချိုင်းဂူများနှင့်တူကြ၏။ ထိုသချိုင်းဂူတို့သည် ပြင်ပသဏ္ဌာန်အားဖြင့် လှပတင့်တယ်သော် လည်း အတွင်း၌ မူကား လူသေအရိုးများနှင့် အညစ်အကြေးအမျိုးမျိုးတို့ ဖြင့် ပြည့်နှက်လျက်ရှိ၏။-
27 — Ai de vocês, mestres da Lei e fariseus, hipócritas! Pois vocês são como túmulos pintados de branco, que por fora parecem bonitos, mas por dentro estão cheios de ossos de mortos e de podridão.
28 ထိုနည်းတူ သင်တို့သည် ပြင်ပ ၌ လူတို့ရှေ့တွင် ဖြောင့်မတ်ဟန်ရှိကြ၏။ အတွင်း၌မူကား အယောင်ဆောင်ခြင်း၊ မတရားပြုခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။
28 Por fora vocês parecem boas pessoas, mas por dentro estão cheios de mentiras e pecados.
29 သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ် ဆရာနှင့် ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပရောဖက်တို့၏သချိုင်း များကိုတည်ဆောက်ပေးကြ၍ ဖြောင့်မတ်သောသူတို့၏ အထိမ်းအမှတ်ကျောက်တိုင် များကို တန်ဆာဆင်ကြ လျက်၊-
29 — Ai de vocês,
30 ဆိုကြသည်ကား ငါတို့သည် ဘိုးဘေးတို့လက် ထက်၌ အသက်ရှင်ခဲ့ကြပါလျှင် ပရောဖက်တို့၏သွေး မြေကျရသည့်အဖြစ်၌ ပါဝင်ခဲ့ကြလိမ့်မည်မဟုတ်ဟု ဆို ကြ၏။-
30 E dizem: “Se tivéssemos vivido no tempo dos nossos antepassados, não teríamos feito o que eles fizeram, não teríamos matado os profetas.”
31 ထို့ကြောင့် သင်တို့သည် ပရောဖက်များကို သတ်သောသူတို့၏အမျိုးအနွယ်ဖြစ်ကြောင်း သင်တို့ ကိုယ်တိုင်သက်သေ ခံကြ လေပြီ။-
31 Assim vocês confirmam que são descendentes daqueles que mataram os profetas.
32 ထို့ကြောင့် သင်တို့ ဘိုးဘေးတို့၏အကျင့်ဆိုးများအတိုင်း ပြီးပြည့်စုံအောင် ပြုမူကြလော့။-
32 Portanto, vão e terminem o que eles começaram!
33 မြွေဆိုးတို့၊ မြွေပွေးမျိုးတို့၊ သင်တို့သည် ငရဲဒဏ်စီရင်ခံရခြင်းမှ မည်သို့လွတ်မြောက်နိုင်ကြမည် နည်း။-
33 Cobras venenosas, ninhada de cobras! Como esperam escapar da condenação do inferno?
34 ထို့ကြောင့် သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိ များနှင့် ကျမ်းတတ်ဆရာများကို ငါစေလွှတ်၏။ သင်တို့ သည် ထိုသူတို့ထဲမှ အချို့ကို အသေသတ်ခြင်း၊ လက်ဝါး ကပ်တိုင်တင်ခြင်း၊ အချို့ကို သင်တို့၏တရားဇရပ်များ၌ ကြိမ်ဖြင့်ရိုက်နှက်ခြင်း၊ တစ်မြို့မှ တစ်မြို့သို့လိုက်လံညှဉ်း ဆဲခြင်းအမှုတို့ကို ပြုကြလိမ့်မည်။-
34 Pois eu lhes mandarei profetas, homens sábios e mestres. Vocês vão matar alguns, crucificar outros, chicotear ainda outros nas
35 ဖြောင့်မတ်သောအာ ဘေးလ်၏သွေးမှစ၍ သန့်ရှင်းရာဌာနနှင့် ယဇ်ပလ္လင် အကြားတွင် သင်တို့သတ်ခဲ့ကြသည့်၊ ဘာရာကိယ၏ သား ဇခါရိယ၏သွေးတိုင်အောင် မြေသို့ကျခဲ့ရသော ဖြောင့်မတ်သူတို့၏သွေးရှိသမျှအားလုံးသည် သင်တို့ အပေါ်သို့ ကျရောက် လိမ့်မည်။-
35 Por isso Deus castigará vocês pela morte de todas as pessoas inocentes que os antepassados de vocês mataram, desde a morte do inocente Abel até a de Zacarias, filho de Baraquias, que vocês mataram entre o Templo e o altar.
36 သင်တို့အား ငါအမှန်ဆို သည်ကား ဤအရာအားလုံးတို့သည် ဤလူမျိုးဆက် အပေါ်သို့ ကျရောက်လိမ့်မည်။
36 Eu afirmo a vocês que isto é verdade: o castigo por tudo isso cairá sobre o povo de hoje.
37 အိုဂျေရုဆလင်၊ ဂျေရုဆလင်၊ သင်သည် ပရောဖက် များကိုသတ်၍ သင့်ထံသို့ စေလွှတ်ခြင်းခံရသောသူတို့ ကို ကျောက်ခဲနှင့်ပေါက်သတ်လေ၏။ ကြက်မသည် မိမိ၏ကြက်ငယ်များကို အတောင်အောက်၌ စုသွင်းထားသကဲ့သို့ သင်၏သားသမီး တို့ကိုလည်း စုရုံးခြင်းငှာ ငါ အကြိမ်ကြိမ်အလိုရှိခဲ့၏။ သင်မူကား အလိုမရှိခဲ့။-
37 Jesus terminou, dizendo:
38 သင် ၏အိမ်တော်သည် စွန့်ပစ်ခြင်းခံရ၍ လူသူကင်းမဲ့လျက်ရှိ ၏။-
38 Agora a casa de vocês ficará completamente abandonada.
39 အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ ထာ၀ရဘုရားသခင်၏နာမတော်၌ ကြွလာသောသူ သည် မင်္ဂလာရှိတော်မူ၏ဟု သင်တို့ဆိုသည့်အချိန်တိုင်အောင် သင်တို့သည် နောက်တစ်ဖန် ငါ့ကို မြင်ကြရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
39 Eu afirmo que vocês não me verão mais, até chegar o tempo em que dirão: “Deus abençoe aquele que vem em nome do Senhor!”
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.