Mateus 22
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 တစ်ဖန် ယေဇူးသည် ပုံဥပမာများအားဖြင့် သူ တို့အား မိန့်တော်မူသည်မှာ၊-
1 Então Jesus tornou a falar-lhes por parábolas, dizendo:
2 ကောင်းကင်နိုင်ငံ တော်ကို မိမိသားအတွက် မင်္ဂလာဆောင်ပွဲကျင်းပပေး သောရှင်ဘုရင်နှင့်ပုံခိုင်းနှိုင်းနိုင်၏။-
2 O reino dos céus é semelhante a um rei, que celebrou as bodas de seu filho.
3 ဘုရင်သည် မင်္ဂလာ ဆောင်ပွဲသို့ ဖိတ်ကြားထားသူတို့အား ခေါ်ဆောင်လာရန် မိမိ၏အစေခံများကို စေလွှတ်လိုက်သော်လည်း ထိုသူ တို့သည် လိုက်မလာဘဲနေကြ၏။-
3 Enviou os seus servos a chamar os convidados para a festa, e estes não quiseram vir.
4 တစ်ဖန် အခြားသော အစေခံများကိုစေလွှတ်လျက် ဖိတ်ကြားထားသူတို့အား ပြောကြားလော့၊ ငါသည် ငါ၏ညစာစားပွဲကို ခင်းကျင်းပြီး လေပြီ၊ ငါ၏နွားများနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ် ထားလေပြီ၊ အစစအရာရာအသင့်ရှိပြီဖြစ်၍ မင်္ဂလာပွဲသို့ ကြွကြပါဟု ပြောရန်မှာလိုက်လေ၏။-
4 Enviou ainda outros servos com este recado: Dizei aos convidados: Tenho já preparado o meu banquete; as minhas reses e os meus cevados estão mortos, e tudo está pronto; vinde às bodas.
5 သို့သော် ထိုသူတို့ သည် ဤအမှုကိုအလေးမထားကြဘဲ တစ်ဦးသည် မိမိ ၏လယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည်လည်း မိမိ လုပ်ငန်းရှိရာသို့လည်းကောင်း ထွက်သွားကြ၏။-
5 Mas eles não fizeram caso e foram, um para o seu campo, outro para o seu negócio;
6 ကျန် သောသူတို့မူကား သူ၏အစေခံတို့ကိုဖမ်းဆီး၍ အရှက် တကွဲဖြစ်အောင်ပြုမူကြပြီးလျှင် သတ်ဖြတ်ကြလေ၏။-
6 e os outros, agarrando os servos, os ultrajaram e mataram.
7 ဘုရင်သည် အမျက်ထွက်သဖြင့် မိမိ၏တပ်များကို စေ လွှတ်၍ ထိုလူသတ်သမားတို့ကို သုတ်သင်ပြီးလျှင် သူ တို့၏မြို့ကို မီးရှို့ ဖျက်ဆီးလေ၏။-
7 Irou-se o rei, e mandou as suas tropas exterminar aqueles assassinos e incendiar a sua cidade.
8 ထို့နောက် သူက မိမိ၏ အစေခံတို့အား ဆိုသည်မှာ မင်္ဂလာပွဲသည် အသင့်ရှိပြီ။ သို့သော် ခေါ်ဖိတ်ခြင်းခံရသောသူတို့သည် ပွဲနှင့်မထိုက် တန်ကြ။-
8 Então disse aos servos: As bodas estão preparadas, mas os convidados não eram dignos;
9 ထို့ကြောင့် လမ်းဆုံလမ်းမများသို့ သင်တို့ သွားကြ၍ တွေ့လေသမျှသောသူတို့ကို မင်္ဂလာပွဲသို့ခေါ် ဖိတ်ကြလော့ဟုဆို၏။-
9 ide, pois, às encruzilhadas dos caminhos e chamai para as bodas a quantos encontrardes.
10 ထိုအစေခံတို့သည်လည်း လမ်း များပေါ်သို့ထွက်သွားကြ၍ အဆိုးအကောင်းမခွဲခြားဘဲ တွေ့သမျှသောလူတို့ကို စုရုံးခေါ်ဆောင်ခဲ့ကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်လျက်ရှိ၏။
10 Indo aqueles servos pelos caminhos, reuniram todos os que encontraram, maus e bons; e a sala nupcial ficou cheia de convivas.
11 သို့သော် ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာအခမ်းအနားဝတ်စုံ ကို ဝတ်ဆင် မထားသောသူတစ်ဦးကိုမြင်လျှင်၊-
11 Mas entrando o rei para ver os convivas, notou ali um homem que não trajava veste nupcial,
12 ထိုသူ အား မိတ်ဆွေ၊ မင်္ဂလာပွဲဝတ်စုံမဝတ်ဆင်ဘဲ အဘယ် ကြောင့်ဤနေရာသို့ဝင်လာသနည်းဟု မေးလေ၏။ ထို သူသည် စကားတစ်ခွန်းကိုမျှ ပြန်၍မပြောနိုင်ချေ။-
12 e perguntou-lhe: Amigo, como entraste aqui sem veste nupcial? Ele, porém, emudeceu.
13 ထို အခါ ဘုရင်က မင်းလုလင်တို့အား ဤသူ၏ခြေနှင့် လက် တို့ကို ချည်နှောင်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်ချကြ လော့။ ထိုနေရာ၌ ငိုကြွေး၍ အံကြိတ်ရလိမ့်မည်ဟု ဆို လေ၏။-
13 Então o rei disse aos servos: Atai-o de pés e mãos, e lançai-o nas trevas exteriores; ali haverá o choro e o ranger de dentes.
14 အကြောင်းမူကား ခေါ်တော်မူခြင်းခံရသောသူ တို့မှာ များပြားသော်လည်း ရွေးကောက်ခြင်းခံရသော သူတို့မူကား နည်းကြ၏ဟု မိန့်တော်မူ၏။
14 Pois muitos são chamados, mas poucos escolhidos.
15 ထို့နောက် ဖာရီဇေးဦးတို့သည် ထွက်သွားပြီးလျှင် ကိုယ်တော်ပြောဆိုသောစကားအပေါ် မည်သို့အပြစ် ရှာရမည့်အကြောင်း တိုင်ပင်ကြ၏။-
15 Então os fariseus se retiraram e consultaram entre si como o apanhariam em alguma palavra;
16 သူတို့သည် မိမိတို့ ၏တပည့်များကို ဟေရုဒ်၏ဘက်တော်သားများနှင့်အတူ အထံတော်သို့စေလွှတ်ကြ၍ ဆရာသခင်၊ ကိုယ်တော် သည် သစ္စာသမာဓိရှိသူဖြစ်ပြီး လူ့မျက်နှာကိုမထောက်၊ အဆင့်အတန်းလည်း မခွဲခြားဘဲ ဘုရားသခင်၏တရား တော်ကို မှန်ကန်စွာ သွန်သင်သောသူဖြစ်ကြောင်းကို အကျွန်ုပ်တို့သိရှိကြပါ၏။-
16 Enviaram os seus discípulos, juntamente com os herodianos, a perguntar: Mestre, sabemos que és verdadeiro e que ensinas o caminho de Deus segundo a verdade, e não se te dá de ninguém, porque não te deixas levar de respeitos humanos;
17 သို့ဖြစ်၍ ကိုယ်တော်သည် မည်သို့ထင်မြင်ပါသနည်း။ ဆီဇာဘုရင်အား အခွန်တော် ဆက်သအပ်သလော၊ မဆက်သအပ် သလော၊ အကျွန်ုပ် တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။-
17 dize-nos, pois, qual é o teu parecer; é lícito ou não pagar o tributo a César?
18 သို့သော် ယေဇူးသည် သူတို့၏ကောက်ကျစ်သောအကြံအစည် ကိုသိမြင်သဖြင့် မိန့်တော်မူသည်ကား သူတော်ကောင်း ယောင်ဆောင်သူတို့၊ အဘယ်ကြောင့် ငါ့ကို ကောက်ကျစ်စွာစမ်းသပ်ကြသနည်း။-
18 Porém Jesus, tendo percebido a malícia deles, respondeu-lhes: Por que me experimentais, hipócritas?
19 အခွန်ဆောင်သောဒင်္ဂါး တစ်ပြားကို ငါ့အားပြကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်အား ဒေနာရီတစ်ပြား ကို ထုတ်ပေးကြ၏။-
19 Mostrai-me uma moeda de tributo. Trouxeram-lhe um denário.
20 ယေဇူးကလည်း ဤပုံနှင့် ကမ္ပည်းစာသည် မည်သူ၏ပုံနှင့် မည်သူ၏ကမ္ပည်းစာဖြစ်သနည်းဟု သူ တို့အား မေးတော်မူ၏။-
20 Ele perguntou: De quem é esta efígie e inscrição?
21 ထိုသူတို့ကလည်း ဆီဇာဘုရင် ၏ပုံနှင့် သူ၏ကမ္ပည်းစာဖြစ်ပါသည်ဟု လျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က သို့ဖြစ်လျှင် ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အားလည်းကောင်း ပေးဆက်ကြလော့ဟု မိန့်တော်မူ၏။-
21 Responderam: De César. Então lhes disse Jesus: Dai, pois, a César o que é de César, e a Deus o que é de Deus.
22 ထိုသူတို့သည် ဤစကားကိုကြားလျှင် အံ့ဩကြ၍ အထံတော်မှ ထွက်သွားကြလေ၏။
22 Ao ouvirem isto, admiraram-se e, deixando-o, foram-se.
23 သေရာမှ ရှင်ပြန်ထမြောက်ခြင်းကို လက်မခံကြ သောဇာဒူခေးဦးတို့သည် ထိုနေ့၌ပင် အထံတော်သို့ ချဉ်း ကပ်ကြ၍ ကိုယ်တော့်ကို မေးလျှောက်ကြသည်ကား၊-
23 No mesmo dia vieram alguns saduceus, que dizem não haver ressurreição, e o interrogaram, dizendo:
24 ဆရာသခင်၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏အမျိုးအနွယ်ဆက်လက်တည်တံ့ စေခြင်းငှာ သူ၏ညီဖြစ်သူသည် ထိုမုဆိုးမကိုယူစေဟု မိုးဇက်သွန်သင်ခဲ့ပါ၏။-
24 Mestre, Moisés disse: Se alguém morrer sem deixar filhos, seu irmão casará com a viúva e dará sucessão ao falecido.
25 အကျွန်ုပ်တို့အလယ်တွင် ညီ အစ်ကိုခုနစ်ယောက်ရှိခဲ့ပါ၏။ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး သားသမီးမရဘဲ သေဆုံးသွားသော ကြောင့် သူ၏ဇနီးကို ညီဖြစ်သူနှင့်အိမ်ထောင်ဆက်စေ ခဲ့ပါ၏။-
25 Ora havia entre nós sete irmãos: o primeiro, depois de ter casado, morreu e, não havendo sucessão, deixou sua mulher a seu irmão;
26 ဒုတိယညီနှင့် တတိယညီမှစ၍ သတ္တမညီတိုင် အောင် ထိုနည်းအတိုင်းသေဆုံးခဲ့ကြပါ၏။-
26 do mesmo modo também o segundo e o terceiro, até o sétimo.
27 နောက်ဆုံး ၌ ထိုမိန်းမသည်လည်း သေဆုံးခဲ့ပါ၏။-
27 Depois de todos eles morreu a mulher.
28 သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်သောကာလ၌ သူမသည် ထိုသူခုနစ် ယောက်တို့အနက် မည်သူ၏ဇနီးဖြစ်မည်နည်း။ အဘယ် ကြောင့်ဆိုသော် ထိုသူအားလုံးတို့သည် သူမနှင့်စုံဖက်ခဲ့ ကြပါပြီဟု လျှောက်ကြ၏။
28 Na ressurreição, pois, a qual dos sete pertencerá a mulher? porque todos foram casados com ela.
29 ယေဇူးကလည်း သင်တို့သည် ကျမ်းစာတော်မြတ် ကိုလည်း နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို လည်း မသိကြ သောကြောင့် အယူလွဲမှားကြ၏။-
29 Respondeu-lhes Jesus: Errais, não sabendo as Escrituras, nem o poder de Deus.
30 အ ကြောင်းမူကား ရှင်ပြန်ထမြောက်သောကာလ၌ လူတို့ သည် ထိမ်းမြားခြင်းလည်းမပြု၊ ပေးစားခြင်းလည်း မခံကြ ရဘဲ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ကောင်းကင်တမန် တော်များကဲ့သို့ဖြစ်ကြလိမ့်မည်။-
30 Pois na ressurreição nem os homens casam, nem as mulheres são dadas em casamento porém são como os anjos no céu.
31 သေလွန်သောသူတို့ ၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင် တို့အား ဘုရားသခင်မိန့်မှာတော်မူချက်ကို သင်တို့မဖတ် ဖူးကြသလော။-
31 E, quanto à ressurreição dos mortos, não lestes o que foi dito por Deus:
32 မိန့်မှာတော်မူချက်ကား ငါသည် အာဘ ရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ် တော်မူ၏ ဟူသတည်း။ ကိုယ်တော်သည် သေသောသူ တို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်၏ဟု ပြန်လည်မိန့်ကြားတော်မူ၏။-
32 Eu sou o Deus de Abraão, o Deus de Isaque, e o Deus de Jacó? Ora, ele não é Deus de mortos, mas de vivos.
33 လူအစုအဝေးတို့ သည်လည်း ထိုစကားကိုကြားသောအခါ ကိုယ်တော်၏ သွန်သင်တော်မူချက်ကို အလွန်အံ့အားသင့်ကြလေ၏။
33 E as multidões, ouvindo isso, se maravilhavam da sua doutrina.
34 ယေဇူးသည် ဇာဒူခေးဦးတို့မချေပနိုင်အောင် ဤသို့ ဖြေကြားတော်မူသည်ကို ဖာရီဇေးဦးတို့ ကြားလျှင် အထံ တော်သို့စုဝေး လာကြ၏။-
34 Os fariseus, quando souberam, que ele fizera emudecer os saduceus, reuniram-se todos;
35 ၎င်းတို့အထဲမှ ကျမ်းတတ် ဆရာတစ်ဦးသည် ကိုယ်တော့်ကို စမ်းသပ်လိုသဖြင့်၊-
35 e um deles, doutor da lei, para o experimentar, interrogou-o, dizendo:
36 ဆရာသခင်၊ ပညတ်တရားကျမ်း၌ အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်းဟု ကိုယ်တော်အား မေး လျှောက်လေ၏။-
36 Mestre, qual é o grande mandamento na lei?
37 ကိုယ်တော်ကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အား ရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့် ချစ်လော့။-
37 Respondeu-lhe Jesus: Amarás ao Senhor teu Deus de todo o teu coração, de toda a tua alma, e de todo o teu entendimento.
38 ဤသည်ကား အကြီးမြတ်ဆုံးနှင့် ပထမပညတ်ဖြစ်၏။-
38 Este é o grande e primeiro mandamento.
39 ဒုတိယပညတ် သည်ကား ပထမပညတ်နည်းတူဖြစ်၍ သင်နှင့်နီးစပ် သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟု လာ၏။-
39 E o segundo, semelhante a este, é: Amarás ao teu próximo como a ti mesmo.
40 ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းရှိသမျှ တို့သည် ဤပညတ်နှစ်ပါးအပေါ်တွင် အခြေခံသည်ဟု သူ့အား မိန့်တော်မူ၏။
40 Destes dois mandamentos dependem toda a lei e os profetas.
41 ဖာရီဇေးဦးတို့သည် စုဝေးလျက်ရှိကြစဉ် ယေဇူး က သူတို့အား၊-
41 Ora, enquanto os fariseus estavam reunidos, interrogou-os Jesus, dizendo:
42 သင်တို့သည် ခရစ်တော်ကို မည်ကဲ့သို့ ထင်မြင်ယူဆ ကြသနည်း၊ သူသည် မည်သူ၏သားဖြစ် သနည်းဟူသောမေးခွန်းကိုမေးတော်မူလျှင် သူတို့က ဒါဝိဒ်၏သားတော်ဖြစ်ပါသည်ဟု ပြန်ဖြေကြ၏။-
42 Que pensais vós do Cristo? De quem é filho? Responderam-lhe: De Davi.
43 ကိုယ် တော်ကလည်း သို့ဖြစ်လျှင် ဒါဝိဒ်သည် ဝိညာဉ်တော်၏ နှိုးဆော်ခြင်းအားဖြင့် သူ့အား သခင်ဟုအဘယ်ကြောင့် ခေါ်သနည်း။-
43 Replicou-lhes ele: Como é então que Davi, no Espírito, lhe chama Senhor, dizendo:
44 သူကဆိုခဲ့သည်မှာ ထာ၀ရဘုရားသခင် က ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါး အောက်၌ ငါမချထားမီ တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ဟု မိန့်တော်မူသည်ဟူ၍ဖြစ်သတည်း။-
44 Disse o Senhor ao meu Senhor: Assenta-te à minha direita, até que eu ponha os teus inimigos de baixo dos teus pés?
45 ဤသို့ဖြင့် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင် သူသည် မည်ကဲ့သို့ သူ၏သားတော်ဖြစ်မည်နည်းဟု မေး တော်မူလေ၏။-
45 Se Davi, pois, lhe chama Senhor, como é ele seu filho?
46 ထိုအခါ မည်သူမျှ ကိုယ်တော်အား စကားတစ်ခွန်းကိုမျှ ပြန်မဖြေနိုင်ကြ။ ထိုနေ့မှစ၍ မည်သူ ကမျှ ကိုယ်တော့်ကို နောက်တစ်ဖန် မေးခွန်းများမမေးဝံ့ တော့ချေ။
46 E ninguém podia responder-lhe palavra; nem desde aquele dia jamais ousou alguém interrogá-lo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.