Mateus 19

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ယေဇူးသည် ဤသို့မိန့်တော်မူပြီးသောအခါဂါလေလေးယနယ်မှထွက်ခွာ၍ ဂျော်ဒန်မြစ်၏တစ်ဖက်ကမ်းရှိ ဂျူဒေးယနယ်သို့ ရောက်တော်မူ၏။-
1 Tendo Jesus concluído estas palavras, partiu da Galiléia, e foi para os confins da Judéia, além do Jordão;
2 များစွာသောလူအစုအဝေးတို့သည်လည်း နောက်တော် သို့လိုက်ကြ၍ ကိုယ်တော်သည် ထိုအရပ်၌ သူတို့၏ အနာရောဂါများကို ပျောက်ကင်းစေတော်မူ၏။
2 e seguiram-no grandes multidões, e curou-os ali.
3 ထိုအခါ ဖာရီဇေးဦးတို့သည် ကိုယ်တော့်ကိုစမ်းသပ် လိုသောကြောင့် အထံတော်သို့ချဉ်းကပ်ကြ၍ လူတစ်ဦးသည် မည်သည့် အကြောင်းကြောင့်မဆို မိမိ၏ဇနီးနှင့် ကွာရှင်းအပ်ပါသလောဟု မေးလျှောက်ကြ၏။-
3 Aproximaram-se dele alguns fariseus que o experimentavam, dizendo: É lícito ao homem repudiar sua mulher por qualquer motivo?
4 ကိုယ် တော်ကလည်း အစဦး၌ လူကို ဖန်ဆင်းသောအရှင်သည် ယောက်ျားနှင့် မိန်းမအဖြစ်ဖန်ဆင်းတော်မူ၏ဟုဆိုထား သည်ကို သင်တို့မဖတ်ဖူးကြသလော။-
4 Respondeu-lhe Jesus: Não tendes lido que o Criador os fez desde o princípio homem e mulher,
5 ဤအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိဘတို့ကိုစွန့်ခွာ၍ မိမိ၏ ဇနီးနှင့်ပေါင်းသင်းနေထိုင်ရလိမ့်မည်။ ထိုအခါ ထိုသူနှစ် ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြရလိမ့်မည်။-
5 e que ordenou: Por isso deixará o homem pai e mãe, e unir-se-á a sua mulher; e serão os dois uma só carne?
6 သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်ကြတော့ဘဲ တစ်ဦး တည်းဖြစ်၏။ ဘုရားသခင်ပေါင်းဖက်ပေးထားတော်မူ သောအရာကို လူသည် မခွဲခွာစေနှင့်ဟုမိန့်တော်မူ၏။-
6 Assim já não são mais dois, mas um só carne. Portanto o que Deus ajuntou, não o separe o homem.
7 သူ တို့ကလည်း သို့ဖြစ်လျှင် လူတစ်ဦးသည် မိမိ၏ဇနီးကို ကွာရှင်းစာချုပ်ပေး၍ စွန့်ခွာနိုင်ကြောင်း အဘယ်ကြောင့် မိုးဇက်က ပညတ်ခဲ့ပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြသော်၊-
7 Responderam-lhe: Então por que mandou Moisés dar-lhe carta de divórcio e repudiá-la?
8 ကိုယ်တော်က သင်တို့၏စိတ်နှလုံး ခက်ထန်ခြင်းကြောင့် မိုးဇက်သည် သင်တို့ကို မိမိတို့၏ ဇနီးနှင့်ကွာရှင်းရန် အခွင့်ပြုခဲ့ခြင်း ဖြစ်၏။ အစဦး၌မူကား ဤကဲ့သို့မဟုတ်။-
8 Disse-lhes ele: Pela dureza de vossos corações Moisés vos permitiu repudiar vossas mulheres; mas não foi assim desde o princípio.
9 သင်တို့အား ငါအမှန်ဆိုသည်ကား မိမိဇနီး၏အကျင့်ဖောက်ပြားခြင်းအပြစ်မှတစ်ပါး အခြား မည်သည့်အကြောင်းကြောင့်မဆို မိမိ၏ဇနီးအား ကွာရှင်း၍ အခြားအမျိုးသမီးတစ်ယောက်နှင့်ပေါင်းသင်းနေထိုင် သူသည် ဖောက်ပြားရာရောက်၏။ ကွာရှင်းထား သော အမျိုးသမီးကို လက်ထပ်ပေါင်းသင်းသူသည်လည်း သူ့ မယားကို ပြစ်မှားရာရောက်၏ဟု မိန့်တော်မူ၏။
9 Eu vos digo porém, que qualquer que repudiar sua mulher, a não ser por causa de infidelidade, e casar com outra, comete adultério; {e o que casar com a repudiada também comete adultério.}
10 တပည့်တော်တို့ကလည်း ဇနီးနှင့် ခင်ပွန်းသည်တို့ ၏ပေါင်းသင်းခြင်းသည် ဤသို့ဖြစ်ပါလျှင် အိမ်ထောင်မပြု ဘဲနေခြင်းသည် သာ၍ကောင်းပါသည်ဟုလျှောက်ကြ၏။-
10 Disseram-lhe os discípulos: Se tal é a condição do homem relativamente à mulher, não convém casar.
11 သို့သော် ကိုယ်တော်က ဤစကားကို လူတိုင်းလက် ခံနိုင်ကြသည်မဟုတ်။ ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိသူများသာလျှင် လက်ခံနိုင်ကြ၏။-
11 Ele, porém, lhes disse: Nem todos podem aceitar esta palavra, mas somente aqueles a quem é dado.
12 အချို့သောသူတို့သည် အမိဝမ်းမှမွေးစကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိကြ။ အချို့တို့မှာ လူတို့၏ဖန်တီးမှုကြောင့် အိမ်ထောင်ပြု ရန်မစွမ်းနိုင်ကြ။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်မပြုဘဲနေကြ၏။ ဤသွန်သင်ချက် ကို လက်ခံနိုင်သူ သာ လက်ခံပါစေဟု မိန့်တော်မူ၏။
12 Porque há eunucos que nasceram assim; e há eunucos que pelos homens foram feitos tais; e outros há que a si mesmos se fizeram eunucos por causa do reino dos céus. Quem pode aceitar isso, aceite-o.
13 ထိုအခါ ကလေးသူငယ်တို့အပေါ်တွင်လက်တော်တင်၍ ဆုတောင်းစေရန် သူတို့ကို ကိုယ်တော်၏အထံတော်သို့ခေါ် ဆောင်လာ ကြသောအခါ တပည့်တော်တို့သည် ထိုသူတို့ကို တားမြစ်ငေါက်ငမ်းကြ၏။-
13 Então lhe trouxeram algumas crianças para que lhes impusesse as mãos, e orasse; mas os discípulos os repreenderam.
14 သို့သော် ယေဇူးက ကလေးသူငယ်တို့ကို ငါ့ထံသို့လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်း ကင်နိုင်ငံ တော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၏။-
14 Jesus, porém, disse: Deixai as crianças e não as impeçais de virem a mim, porque de tais é o reino dos céus.
15 ထို့နောက် ကိုယ်တော်သည် ကလေးသူငယ်တို့အပေါ်တွင် မိမိ၏လက်တော်ကိုတင် ပြီးနောက် ထိုအရပ်မှထွက်ကြွတော်မူ၏။
15 E, depois de lhes impor as mãos, partiu dali.
16 ထိုအခါ လူတစ်ယောက်သည် အထံတော်သို့ချဉ်း ကပ်၍ ဆရာသခင်၊ ထာ၀ရအသက်ကိုရနိုင်ရန်အလို့ငှာ အကျွန်ုပ်သည် မည်သည့်ကောင်းမှုကိုပြုရပါမည်နည်းဟု မေးလျှောက်လေ၏။-
16 E eis que se aproximou dele um jovem, e lhe disse: Mestre, que bem farei para conseguir a vida eterna?
17 ကိုယ်တော်ကလည်း သင်သည် အဘယ်ကြောင့် ငါ့အား ကောင်းမှုပြုခြင်းအကြောင်းကို မေးသနည်း။ ကောင်းမြတ်သောအရှင် တစ်ပါးတည်းသာ ရှိ၏။ သင်သည် ထာ၀ရအသက်ကိုရလိုလျှင် ပညတ် တော်များကို စောင့်ထိန်းလော့ဟု မိန့်တော်မူ၏။-
17 Respondeu-lhe ele: Por que me perguntas sobre o que é bom? Um só é bom; mas se é que queres entrar na vida, guarda os mandamentos.
18 ထိုသူ ကလည်း အဘယ်ပညတ်များနည်းဟု ကိုယ်တော်အား မေးလျှောက်လျှင် ယေဇူးက သူ့အသက်ကို မသတ်နှင့်၊ သူ့မယား ကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုးယူနှင့်၊ မမှန် သောသက်သေမခံနှင့်၊-
18 Perguntou-lhe ele: Quais? Respondeu Jesus: Não matarás; não adulterarás; não furtarás; não dirás falso testemunho;
19 သင်၏မိဘတို့အား ရိုသေ လော့၊ သင့်ကိုယ်သင်ချစ်သကဲ့သို့ သင်နှင့်နီးစပ်သော သူကို ချစ်လော့ဟု မိန့်တော်မူ၏။-
19 honra a teu pai e a tua mãe; e amarás o teu próximo como a ti mesmo.
20 ထိုလူငယ်ကလည်း ဤပညတ်အားလုံးကို အကျွန်ုပ်စောင့်ထိန်းခဲ့ပါပြီ၊ မည် သည့်အရာလိုပါသေးသနည်းဟု ပြန်လည်လျှောက် ထား၏။-
20 Disse-lhe o jovem: Tudo isso tenho guardado; que me falta ainda?
21 ယေဇူးက သင်သည် စုံလင်ခြင်းသို့ရောက်လို လျှင် သွား၍ သင်၌ရှိသည့်ဥစ္စာကို ရောင်းချပြီးလျှင် ဆင်း ရဲသားတို့အား ပေးကမ်း လော့။ ဤသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် ငါ့ နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ ၏။-
21 Disse-lhe Jesus: Se queres ser perfeito, vai, vende tudo o que tens e dá-o aos pobres, e terás um tesouro no céu; e vem, segue-me.
22 ထိုလူငယ်သည် ဤစကားတို့ကိုကြားလျှင် စိတ်ညှိုးငယ်စွာဖြင့် ထွက်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဥစ္စာများ စွာကြွယ်၀သောသူဖြစ်၍ပင်တည်း။
22 Mas o jovem, ouvindo essa palavra, retirou-se triste; porque possuía muitos bens.
23 ယေဇူးကလည်း တပည့်တော်တို့အား မိန့်တော်မူ သည်မှာ သင်တို့အား ငါအမှန်ဆိုသည်ကား ဥစ္စာကြွယ်၀ သောသူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှ၏။-
23 Disse então Jesus aos seus discípulos: Em verdade vos digo que um rico dificilmente entrará no reino dos céus.
24 တစ်ဖန် ငါဆိုသည်ကား ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ခြင်းထက် ကုလား အုပ်သည် အပ်နဖားကိုလျှိုဝင်ရခြင်းက ပို၍လွယ်ကူ၏ ဟု မိန့်တော်မူ၏။-
24 E outra vez vos digo que é mais fácil um camelo passar pelo fundo duma agulha, do que entrar um rico no reino de Deus.
25 တပည့်တော်တို့သည် ဤစကားကို ကြားကြသောအခါ အလွန်အံ့ဩကြလျက် သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်း ရနိုင်ပါမည်နည်းဟု မေးလျှောက်ကြ၏။-
25 Quando os seus discípulos ouviram isso, ficaram grandemente maravilhados, e perguntaram: Quem pode, então, ser salvo?
26 သို့သော် ယေဇူးသည် သူတို့ကို ကြည့် ၍ မိန့်တော်မူသည်ကား ဤအရာကို လူတို့မတတ်နိုင်၊ ဘုရားသခင်မူကား ခပ်သိမ်းသော အရာတို့ကို တတ်နိုင် တော်မူ၏ဟု မိန့်တော်မူ၏။
26 Jesus, fixando neles o olhar, respondeu: Aos homens é isso impossível, mas a Deus tudo é possível.
27 ထိုအခါ ပေတရုက တပည့်တော်တို့သည် ရှိသမျှ ကိုစွန့်၍ ကိုယ်တော်၏နောက်တော်သို့ လိုက်ခဲ့ကြပါပြီ။ သို့ဖြစ်လျှင် တပည့်တော်တို့သည် မည်သည့်အကျိုးကျေး ဇူးကို ရရှိကြပါမည်နည်းဟုမေးလျှောက်လေ၏။-
27 Então Pedro, tomando a palavra, disse-lhe: Eis que nós deixamos tudo, e te seguimos; que recompensa, pois, teremos nós?
28 ယေဇူး ကလည်း သင်တို့အား ငါအမှန်ဆိုသည်ကား အရာအား လုံးအသစ်ဖြစ်လာမည့်ကာလ၌ လူသားသည် ဘုန်း ကျက်သရေ နှင့်ပြည့်စုံသောပလ္လင်ပေါ်တွင် ထိုင်တော် မူသောအခါ ငါ၏နောက်သို့လိုက်သောသင်တို့သည် လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ် ၌ ထိုင်ကြလျက် အစ္စရာ အဲလ်လူမျိုးတစ်ဆယ့်နှစ်မျိုးကို တရားစီရင်ကြရလိမ့် မည်။-
28 Ao que lhe disse Jesus: Em verdade vos digo a vós que me seguistes, que na regeneração, quando o Filho do homem se assentar no trono da sua glória, sentar-vos-eis também vós sobre doze tronos, para julgar as doze tribos de Israel.
29 ငါ၏နာမအတွက်ကြောင့် အိမ်၊ မြေ၊ ညီအစ်ကို၊ နှမ၊ အစ်မ၊ မိဘနှင့် သားသမီးတို့ကို စွန့်လွှတ်ခဲ့သောသူဟူ သမျှသည် အဆတစ်ရာသောအကျိုးကိုရရှိပြီး ထာ၀ရ အသက်ရှင်ခြင်းကိုလည်း အမွေခံရလိမ့်မည်။-
29 E todo o que tiver deixado casas, ou irmãos, ou irmãs, ou pai, ou mãe, ou filhos, ou terras, por amor do meu nome, receberá cem vezes tanto, e herdará a vida eterna.
30 ပထမဦး ဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြ၍ နောက် ဆုံးသောသူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။
30 Entretanto, muitos que são primeiros serão últimos; e muitos que são últimos serão primeiros.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.