Mateus 16
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့သည် အထံတော်သို့ ချဉ်းကပ်၍ ကိုယ်တော်အား စုံစမ်းရန်အလို့ငှာ ကောင်းကင်မှ နိမိတ်လက္ခဏာ ကို သူတို့အားပြရန် ကိုယ် တော့်ကို တောင်းဆိုကြ၏။-
1 Os fariseus e os saduceus se aproximaram de Jesus e, tentando-o, pediram-lhe que lhes mostrasse um sinal vindo do céu.
2 ကိုယ်တော်ကလည်း သင် တို့သည် ညနေစောင်းချိန်၌ ပြောလေ့ရှိသည်မှာ ရာသီ ဥတုသာယာလိမ့်မည်၊ အကြောင်းမူကား ကောင်းကင် ယံသည် နီနေသည်ဟူ၍လည်းကောင်း၊-
2 Mas Jesus respondeu:
3 တစ်ဖန် နံနက် အချိန်ရောက်လျှင်လည်း ယနေ့မိုးသက်မုန်တိုင်းကျလိမ့် မည်၊ အကြောင်းမူကား ကောင်းကင်သည်နီ၍ အုံ့မှိုင်း နေသည်ဟူ၍လည်းကောင်း ဆိုတတ်ကြ၏။ ထိုကဲ့သို့ ကောင်းကင်၏အသွင်အပြင်ကို ကြည့်၍ ရာသီဥတုကို သင်တို့သိကြပါလျှင် ခေတ်ကာလ၏နိမိတ်လက္ခဏာ တို့ကိုမူကား အဘယ်ကြောင့် အဓိပ္ပာယ်မဖွင့်ဆိုနိုင်ကြ သနည်း။-
3 E, pela manhã, vocês dizem: “Hoje teremos tempestade, porque o céu está de um vermelho sombrio.” Na verdade, vocês sabem interpretar a aparência do céu. Então como não são capazes de interpretar os sinais dos tempos?
4 ဆိုးယုတ်၍ ဖောက်ပြန်တတ်သောလူမျိုး ဆက်သည် နိမိတ်လက္ခဏာကို တောင်းကြသော်လည်း ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာကိုမျှ သူတို့အား ပေးလိမ့်မည်မဟုတ်ဟု သူတို့ အား မိန့်ဆိုပြီး သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။
4 Uma geração perversa e adúltera pede um sinal, mas nenhum sinal lhe será dado, senão o de Jonas. E, deixando-os, Jesus se retirou.
5 တပည့်တော်တို့သည် တစ်ဖက်ကမ်းသို့ရောက် ကြသောအခါ ပေါင်မုန့်ကိုယူဆောင်လာရန်မေ့လျော့ ခဲ့ကြ၏။-
5 Ora, tendo os discípulos passado para a outra margem do lago, esqueceram-se de levar pão.
6 ယေဇူးကလည်း သူတို့အား ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့၏တဆေးကို သတိပြု၍ ရှောင်ကြဉ်ကြ လော့ဟု မိန့်တော်မူ၏။-
6 E Jesus lhes disse:
7 တပည့်တော်တို့ကမူကား ငါတို့ သည် ပေါင်မုန့်ကိုမယူလာခဲ့သောကြောင့် ဤသို့ပြော ခြင်းဖြစ်တန်ရာသည်ဟု အချင်းချင်းပြော ဆိုဆွေးနွေးကြ ၏။-
7 Eles, porém, começaram a discutir entre si, dizendo: — Ele diz isso porque não trouxemos pão.
8 ထိုသို့ပြောဆိုနေကြသည်ကို ယေဇူးသိသောအခါ မိန့်တော်မူသည်ကား ယုံကြည်ခြင်းအားနည်းသူတို့၊ သင်တို့၌ပေါင်မုန့် မပါလာသည့်အကြောင်းကို အဘယ် ကြောင့် ဆွေးနွေးနေကြသနည်း။-
8 Jesus percebeu isso e perguntou:
9 ယခုတိုင်အောင် သင် တို့နားမလည်နိုင်ကြသလော။ ပေါင်မုန့်ငါးလုံးကို လူငါး ထောင်စား၍ တောင်းမည်မျှကောက်သိမ်းရသည်ကို လည်းကောင်း၊-
9 Vocês ainda não percebem, nem se lembram dos cinco pães para cinco mil homens e de quantos cestos vocês recolheram?
10 ပေါင်မုန့်ခုနစ်လုံးကို လူလေးထောင် စား၍ တောင်းမည်မျှကောက်သိမ်းရသည်ကိုလည်း ကောင်း သင်တို့သတိမရကြသလော။-
10 Nem dos sete pães para os quatro mil e de quantos cestos vocês recolheram?
11 ငါသည် ပေါင်မုန့် နှင့်ပတ်သက်၍ ပြောဆိုနေခြင်းမဟုတ်ကြောင်းကို သင် တို့အဘယ်ကြောင့်နားမလည်ကြသနည်း။ ဖာရီဇေးဦး နှင့် ဇာဒူခေးဦးတို့၏တဆေးကို သတိနှင့် ရှောင်ကြဉ်ကြ လော့ဟု မိန့်တော်မူ၏။-
11 Como não compreendem que eu não estava falando com vocês a respeito de pães? Tenham cuidado com o fermento dos fariseus e dos saduceus.
12 ထိုအခါတွင်မှ တပည့်တော်တို့ သည် ပေါင်မုန့်၏တဆေးကိုမဟုတ်ဘဲ ဖာရီဇေးဦးနှင့် ဇာဒူခေးဦးတို့၏သွန်သင်ချက်များကို သတိနှင့် ရှောင်ရှားကြ ရန် ကိုယ်တော်မိန့်မှာတော်မူခြင်းဖြစ်ကြောင်း နားလည် ကြလေ၏။
12 Então entenderam que Jesus lhes tinha dito que tivessem cuidado não com o fermento usado no pão, mas com a doutrina dos fariseus e saduceus.
13 ယေဇူးသည် ဆီဇားရိယ ဖိလိပိနယ်သို့ရောက် သောအခါ လူအပေါင်းတို့သည် လူသားကို မည်သူဖြစ် သည်ဟူ၍ ဆိုကြသနည်း ဟု သူ၏တပည့်တော်တို့အား မေးတော်မူ၏။-
13 Indo Jesus para a região de Cesareia de Filipe, perguntou a seus discípulos:
14 သူတို့ကလည်း လူအချို့က ကိုယ်တော် သည် ယောဟန်ဘတ္တိဇံ၊ အချို့က ဧလိယ၊ အချို့က ဂျေ ရေမိယ၊ သို့မဟုတ် ပရောဖက် တစ်ပါးပါးဖြစ်ကြောင်း ပြောဆိုကြပါသည်ဟု လျှောက်ကြ၏။-
14 E eles responderam: — Uns dizem que é João Batista; outros dizem que é Elias; e outros dizem que é Jeremias ou um dos profetas.
15 ကိုယ်တော်က လည်း သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ဆိုကြ သနည်း ဟု သူတို့အား မေးတော်မူလျှင်၊-
15 Ao que Jesus perguntou:
16 စီမွန်ပေတရုက ကိုယ်တော်သည် အသက်ရှင်တော်မူသည့်ဘုရားသခင် ၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်ဟု လျှောက်လေ၏။-
16 Respondendo, Simão Pedro disse: — O senhor é o Cristo, o Filho do Deus vivo.
17 ယေဇူးကလည်း ယောန၏သား စီမွန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို သင့်အား အသွေးအသားက ဖော်ပြခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်က ဖော်ပြတော်မူခြင်းသာဖြစ်၏။-
17 Então Jesus lhe afirmou:
18 သင့်အား ငါဆိုသည်မှာ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော် ကို ငရဲ၏တံခါးတို့သည် မအောင်နိုင်ရာ။-
18 Também eu lhe digo que você é Pedro, e sobre esta pedra edificarei a minha igreja, e as portas do inferno não prevalecerão contra ela.
19 ကောင်းကင်နိုင် ငံတော်၏သော့ကိုလည်း သင့်အား ငါပေးမည်။ ကမ္ဘာမြေ ပေါ်တွင် သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည် နှောင်လျက်ရှိလိမ့်မည်။ ကမ္ဘာမြေပေါ်တွင် သင်ဖြေလွှတ် သမျှသည်လည်း ကောင်းကင်ဘုံ၌ဖြေလွှတ်လျက်ရှိလိမ့် မည်ဟု မိန့်တော်မူ၏။-
19 Eu lhe darei as chaves do Reino dos Céus; o que você ligar na terra terá sido ligado nos céus; e o que você desligar na terra terá sido desligado nos céus.
20 ထို့နောက် ကိုယ်တော်က မိမိ သည် ခရစ်တော်ဖြစ်ကြောင်းကို မည်သူ့အားမျှမပြောရန် တပည့်တော်တို့အား ကြပ်တည်း စွာတားမြစ်တော်မူ၏။
20 Então Jesus ordenou aos discípulos que não dissessem a ninguém que ele era o Cristo.
21 ထိုအချိန်မှစ၍ ယေဇူးက မိမိသည် ဂျေရုဆလင် မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ဆရာများ နှင့် ရဟန်းအကြီးအကဲတို့၏လက်တွင် ဒုက္ခဝေဒနာ များစွာခံစားရပြီး အသတ်ခံရမည့်အကြောင်းကိုလည်း ကောင်း၊ တတိယနေ့၌ သေခြင်းမှရှင်ပြန်ထမြောက်မည့် အကြောင်းကိုလည်းကောင်း တပည့်တော်တို့အား ဖော် ပြတော်မူ၏။-
21 Desde esse tempo, Jesus começou a mostrar aos seus discípulos que era necessário que ele fosse para Jerusalém, sofresse muitas coisas nas mãos dos anciãos, dos principais sacerdotes e dos escribas, fosse morto e, no terceiro dia, ressuscitasse.
22 ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိ နှင့်အတူ တစ်နေရာသို့ခေါ်ဆောင်၍ သခင်ဘုရား၊ ဤ အဖြစ်အပျက်သည် ကိုယ်တော့်အပေါ် မကျရောက်စေ ရန် ဘုရားသခင်တားမြစ်တော်မူပါစေဟု ကန့်ကွက်ပြော ဆိုလေ၏။-
22 Então Pedro, chamando-o à parte, começou a repreendê-lo, dizendo: — Que Deus não permita, Senhor! Isso de modo nenhum irá lhe acontecer.
23 သို့သော် ကိုယ်တော်သည် လှည့်၍ ပေတရု အား အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် အတားအဆီး ဖြစ်၏။ အကြောင်းမူကား သင် သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မတွေး တောဘဲ လူနှင့်ဆိုင်သောအရာများကိုသာ တွေးတော လျက်ရှိသည်ဟု မိန့်တော်မူ၏။
23 Mas Jesus, voltando-se, disse a Pedro:
24 ထိုအခါ ယေဇူးက တပည့်တော်တို့အား ငါ့နောက် သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်၍ မိမိ ၏လက်ဝါးကပ်တိုင် ကိုထမ်းကာ ငါ့နောက်သို့လိုက် စေ။-
24 Então Jesus disse aos seus discípulos:
25 အကြောင်းမူကား မိမိ၏အသက်ကို ကယ်လိုသော သူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက် အသက် ဆုံးရှုံးသူသည် အသက်ကို ပြန်၍ရလိမ့်မည်။-
25 Pois quem quiser salvar a sua vida a perderá; e quem perder a vida por minha causa, esse a achará.
26 လူသည် ကား ဤစကြ၀ဠာတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏ အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း၊ သို့မဟုတ် မိမိ၏အသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်မည်နည်း။-
26 De que adiantará uma pessoa ganhar o mundo inteiro e perder a sua alma? Ou que dará uma pessoa em troca de sua alma?
27 အကြောင်းမူကား လူသားသည် မိမိအဖခမည်းတော်၏ဘုန်းဂုဏ်တော်၌ ကောင်းကင် တမန်တော်များခြံရံလျက် ကြွလာ တော် မူ သောအခါ လူ အသီးသီးတို့အား မိမိတို့ပြုကျင့်ခဲ့သည့်အတိုင်း ပြန်၍ပေး တော်မူလိမ့်မည်။-
27 Porque o Filho do Homem há de vir na glória de seu Pai, com os seus anjos, e então retribuirá a cada um conforme as suas obras.
28 သင်တို့အား ငါအမှန်ဆိုသည်ကား လူသားသည် မိမိ၏နိုင်ငံတော်နှင့်အတူကြွလာတော်မူ သည်ကို မြင်ရသည့်တိုင်အောင် အသက်မသေဘဲနေရ မည့်သူအချို့သည် ဤနေရာတွင် ရပ်နေကြသည်ဟုမိန့် တော်မူ၏။
28 Em verdade lhes digo que, dos que aqui se encontram, existem alguns que não passarão pela morte até que vejam o Filho do Homem vir no seu Reino.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Mateus 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.