Mateus 15

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ထိုအခါ ဂျေရုဆလင်မြို့ မှ ကျမ်းတတ်ဆရာတို့ နှင့် ဖာရီဇေးဦးတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၍၊-
1 Então chegaram a Jesus uns fariseus e escribas vindos de Jerusalém, e lhe perguntaram:
2 ကိုယ်တော်၏တပည့်တော်တို့သည် အဘယ် ကြောင့် ရှေးထုံးစဉ်လာများကိုချိုးဖောက်ကြပါသနည်း။ အကြောင်းမူကား သူတို့ သည် အစာစားသောအခါ သူတို့ ၏လက်များကို မဆေးကြပါဟု လျှောက်ထားကြ၏။-
2 Por que transgridem os teus discípulos a tradição dos anciãos? pois não lavam as mãos, quando comem.
3 ကိုယ်တော်ကလည်း သူတို့အား ပြန်၍ မိန့်တော်မူသည် မှာ သင်တို့သည် သင်တို့၏ရှေးထုံးစဉ်လာများကိုလိုက် နာရန်အတွက် အဘယ်ကြောင့် ဘုရားသခင်၏ပညတ် တော်များကို ကျူးလွန်ကြသနည်း။-
3 Ele, porém, respondendo, disse-lhes: E vós, por que transgredis o mandamento de Deus por causa da vossa tradição?
4 အကြောင်းမူကား သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့၊ မိဘတို့အား ကျိန်ဆိုသူသည် အသေသတ်ခြင်းကိုခံစေဟု ဘုရား သခင်ပညတ်ထားတော်မူခဲ့၏။-
4 Pois Deus ordenou: Honra a teu pai e a tua mãe; e, Quem maldisser a seu pai ou a sua mãe, certamente morrerá.
5 သို့သော် သင်တို့က အကယ်၍ အကြင်သူသည် သူ၏အဖ၊ သို့မဟုတ် အမိ အား ကျွန်ုပ်ထံမှ သင်တို့ရရှိမည့်အရာမှာ လှူဖွယ် ဝတ္ထုဖြစ် လေပြီဟုဆိုလျှင် ထိုသူသည် သူ၏မိဘတို့အား ပြုရမည့် ဝတ္တရားကို ပြုရန်မလိုဟု သွန်သင်ကြ၏။-
5 Mas vós dizeis: Qualquer que disser a seu pai ou a sua mãe: O que poderias aproveitar de mim é oferta ao Senhor; esse de modo algum terá de honrar a seu pai.
6 ဤနည်းအား ဖြင့် သင်တို့သည် သင်တို့၏ရှေးထုံးစဉ်လာများကို လိုက် နာရန်အတွက် ဘုရားသခင်၏ပညတ်တော်ကို လျစ်လျူ ရှုကြ၏။-
6 E assim por causa da vossa tradição invalidastes a palavra de Deus.
7 အချင်းသူတော်ကောင်းယောင်ဆောင်သူတို့၊ အီဇာယသည် သင်တို့ကို ရညွှန်း၍၊-
7 Hipócritas! bem profetizou Isaias a vosso respeito, dizendo:
8 ဤလူမျိုးသည် ငါ့အား နှုတ်ဖျားမှသာ ရိုသေဂုဏ်ပြုကြ၏။ သူတို့၏စိတ် နှလုံးမူကား ငါနှင့်ဝေးလှပေ၏။-
8 Este povo honra-me com os lábios; o seu coração, porém, está longe de mim.
9 သူတို့သည် လူတို့၏ထုံး တမ်းစဉ်လာများကို အယူဝါဒများကဲ့သို့ သင်ကြားလျက် ရှိသဖြင့် ငါ့အား သူတို့ဝတ်ပြု ကိုးကွယ်ခြင်း သည် အချည်း နှီးဖြစ်ပေ၏ဟူ၍ဟောထားသည်မှာ မှန်ကန်လှပေသည် ဟု မိန့်တော်မူလေ၏။
9 Mas em vão me adoram, ensinando doutrinas que são preceitos de homem.
10 ကိုယ်တော်သည် လူအစုအဝေးတို့ကို အထံတော် သို့ခေါ်ဆောင်၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့ ကြားနာ၍ နားလည်ကြလော့။-
10 E, clamando a si a multidão, disse-lhes: Ouvi, e entendei:
11 လူကို ညစ်ညူးစေသည့် အရာမှာ ခံတွင်းသို့ဝင်သောအရာမဟုတ်၊ ခံတွင်းမှထွက် သောအရာသည်သာလျှင် ဖြစ်သည်ဟု မိန့်တော်မူ၏။-
11 Não é o que entra pela boca que contamina o homem; mas o que sai da boca, isso é o que o contamina.
12 ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ဤစကားကိုကြားရသဖြင့် ဖာရီဇေးဦးတို့မကျေမနပ် ဖြစ်ကြသည်ကို ကိုယ်တော်သိတော်မူပါသလောဟု လျှောက်ကြ၏။-
12 Então os discípulos, aproximando-se dele, perguntaram-lhe: Sabes que os fariseus, ouvindo essas palavras, se escandalizaram?
13 ကိုယ်တော်ကလည်း ကောင်းကင်ဘုံ ရှင် ငါ၏ခမည်းတော်မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် နုတ်ပစ်ခြင်းခံရလိမ့်မည်။-
13 Respondeu-lhes ele: Toda planta que meu Pai celestial não plantou será arrancada.
14 သူတို့၏အဖြစ်နှင့်သူတို့ရှိပါ စေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသောမျက်မမြင် များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင် တစ်ဦးကို လမ်းပြလျှင် နှစ်ဦးစလုံးတွင်းထဲသို့ကျကြလိမ့် မည်ဟု မိန့်တော်မူ၏။
14 Deixai-os; são guias cegos; ora, se um cego guiar outro cego, ambos cairão no barranco.
15 ထိုအခါ ပေတရုက ထိုပုံဥပမာကို တပည့်တော်တို့ အား ရှင်းပြတော်မူပါဟုလျှောက်၏။-
15 E Pedro, tomando a palavra, disse-lhe: Explica-nos essa parábola.
16 ကိုယ်တော်က သင်တို့သည်လည်း ယခုတိုင်အောင် နားမလည်နိုင်ကြ သလော။-
16 Respondeu Jesus: Estai vós também ainda sem entender?
17 ခံတွင်းသို့ဝင်သောအရာဟူသမျှသည် ဝမ်း ထဲသို့ရောက်၍ ပြင်ပသို့စွန့်ပစ်သည်ကို သင်တို့မသိကြ သလော။-
17 Não compreendeis que tudo o que entra pela boca desce pelo ventre, e é lançado fora?
18 ခံတွင်းမှ ထွက်လာသောအရာမူကား စိတ် နှလုံးအတွင်းမှထွက်လာသဖြင့် ၎င်းသည် လူကိုညစ် ညူးစေ၏။-
18 Mas o que sai da boca procede do coração; e é isso o que contamina o homem.
19 အကြောင်းမူကား လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေခံခြင်း၊ သူ့အသရေ ကိုဖျက်ခြင်းစသည့် ဆိုးယုတ်သောအကြံအစည်များ သည် စိတ်နှလုံးအတွင်းမှ ထွက်ပေါ် လာကြ၏။-
19 Porque do coração procedem os maus pensamentos, homicídios, adultérios, prostituição, furtos, falsos testemunhos e blasfêmias.
20 ဤ အရာတို့သည် လူကိုညစ်ညူးစေကြ၏။ ဆေးကြောသန့် စင်ထားခြင်းမရှိသောလက်ဖြင့် အစာစားခြင်းမူကား လူ ကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏။
20 São estas as coisas que contaminam o homem; mas o comer sem lavar as mãos, isso não o contamina.
21 ယေဇူးသည် ထိုအရပ်မှ ထွက်ခွာသွားပြီးလျှင် တီ ရာနှင့် စီဒွန်နယ်များသို့ကြွတော်မူ၏။-
21 Ora, partindo Jesus dali, retirou-se para as regiões de Tiro e Sidom.
22 ထိုအရပ်ဒေသမှ ကာနန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ အိုသခင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ ၏သမီးသည် နတ်ဆိုးညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံနေ ရပါသည်ဟု ဟစ်အော်လျှောက်ထားလေ၏။- ၂၃၊ သို့သော် ကိုယ်တော်သည် သူမအား စကားတစ်ခွန်းမျှ ဖြေကြား တော်မမူ။ တပည့်တော်တို့သည်လည်း အထံတော်သို့ ချဉ်းကပ်၍ ဤအမျိုးသမီးသည် အကျွန်ုပ်တို့နောက်မှ လိုက်၍ ဟစ်အော်နေသဖြင့် သူမအား ထွက်သွားစေ တော်မူပါဟု တောင်းပန်လျှောက်ထားကြ၏။-
22 E eis que uma mulher cananéia, provinda daquelas cercania, clamava, dizendo: Senhor, Filho de Davi, tem compaixão de mim, que minha filha está horrivelmente endemoninhada.
23 — ausente —
23 Contudo ele não lhe respondeu palavra. Chegando-se, pois, a ele os seus discípulos, rogavam-lhe, dizendo: Despede-a, porque vem clamando atrás de nós.
24 ကိုယ် တော်က ငါသည် အစ္စရာအဲလ်အမျိုးအနွယ်မှ ပျောက်ဆုံး နေသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရသည်ဟု မိန့်တော် မူ၏။-
24 Respondeu-lhes ele: Não fui enviado senão às ovelhas perdidas da casa de Israel.
25 သို့သော် ထိုအမျိုးသမီးသည် ကိုယ် တော်၏ရှေ့တော်သို့ လာရောက်ပျပ်ဝပ်လျက် သခင်၊ ကျွန်မကို ကူညီမစတော်မူပါဟု လျှောက်လေ၏။-
25 Então veio ela e, adorando-o, disse: Senhor, socorre-me.
26 ကိုယ် တော်ကလည်း သားသမီးတို့၏အစားအစာကိုယူ၍ ခွေး တို့အား ချမကျွေးသင့်ဟု ပြန်ဖြေတော်မူ၏။-
26 Ele, porém, respondeu: Não é bom tomar o pão dos filhos e lançá-lo aos cachorrinhos.
27 အမျိုးသမီး ကလည်း မှန်ပါ၏သခင်၊ ခွေးတို့ပင်လျှင် မိမိတို့သခင်၏ စားပွဲမှကျသောမုန့်အစအနများကို စားကြရပါသေးသည် ဟုလျှောက်ထားလေ၏။-
27 Ao que ela disse: Sim, Senhor, mas até os cachorrinhos comem das migalhas que caem da mesa dos seus donos.
28 ထိုအခါ ယေဇူးက အိုအမျိုး သမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင် ဆန္ဒရှိသည့်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထို အချိန်နာရီမှစ၍ သူမ၏သမီးသည် ရောဂါပျောက်ကင်း လေ၏။
28 Então respondeu Jesus, e disse-lhe: ó mulher, grande é a tua fé! seja-te feito como queres. E desde aquela hora sua filha ficou sã.
29 ယေဇူးသည် ထိုအရပ်မှ ထွက်ခွာပြီးလျှင် ဂါလေ လေးယပင်လယ်ကမ်းခြေတစ်လျှောက်ဖြတ်သွားတော် မူ၏။ ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုနေရာ၌ထိုင်တော်မူ၏။-
29 Partindo Jesus dali, chegou ao pé do mar da Galiléia; e, subindo ao monte, sentou-se ali.
30 ထိုအခါ များစွာသောလူအစု အဝေးတို့သည် ခြေမသန်စွမ်းသောသူ၊ ကိုယ်အင်္ဂါချို့တဲ့ သောသူ၊ မျက်စိမမြင်သောသူ၊ ဆွံ့အသောသူနှင့် အခြား သောရောဂါသည်များကို မိမိတို့နှင့်တစ်ပါတည်းခေါ်လာ ခဲ့ကြ၏။ သူတို့သည် ထိုသူတို့ကို ကိုယ်တော်၏ခြေရင်း ၌ထားသဖြင့် ကိုယ်တော်သည် ထိုသူတို့အား ရောဂါ ပျောက်ကင်းစေတော်မူ၏။-
30 E vieram a ele grandes multidões, trazendo consigo coxos, aleijados, cegos, mudos, e outros muitos, e lhos puseram aos pés; e ele os curou;
31 ဤသို့ဖြင့် လူအစုအဝေးတို့ သည် ဆွံ့အသောသူများစကားပြောနိုင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သောသူများ ကိုယ်အင်္ဂါသန်စွမ်း ပြည့်စုံလာခြင်း၊ ခြေမသန်စွမ်းသောသူများ လမ်းလျှောက်နိုင်ခြင်း၊ မျက်စိ မမြင်သောသူများ မျက်စိမြင်လာခြင်းစသည်တို့ကို မြင် လျှင် အံ့ဩကြ၍ အစ္စရာအဲလ်လူမျိုး၏ဘုရားသခင်ကို ဂုဏ်ပြုချီးမွမ်းကြလေ၏။
31 de modo que a multidão se admirou, vendo mudos a falar, aleijados a ficar sãos, coxos a andar, cegos a ver; e glorificaram ao Deus de Israel.
32 ယေဇူးသည်လည်း တပည့်တော်တို့ကို အထံတော် သို့ခေါ်၍ မိန့်တော်မူသည်ကား ငါသည် ဤလူပရိသတ်တို့ ကိုသနား၏။ အကြောင်းမူကား သူတို့သည် ငါနှင့်အတူ သုံးရက်ပတ်လုံးနေခဲ့ကြပြီး စားစရာလည်းမရှိကြ။ သူတို့ အား ဆာလောင်မွတ်သိပ်လျက် ပြန်စေခြင်းငှာ ငါအလို မရှိ။ အကြောင်းမူကား သူတို့သည် လမ်းခရီး၌ အားပြတ် ကြမည်ကို စိုးရိမ်ရ၏ဟု မိန့်တော်မူ၏။-
32 Jesus chamou os seus discípulos, e disse: Tenho compaixão da multidão, porque já faz três dias que eles estão comigo, e não têm o que comer; e não quero despedi-los em jejum, para que não desfaleçam no caminho.
33 ထိုအခါ တပည့် တော်တို့က ဤမျှများပြားသောလူအစုအဝေးကိုကျွေးရန် လုံလောက်သောအစားအစာများကို တောကန္တာရတွင် အဘယ်ကရနိုင်ပါမည်နည်းဟု ကိုယ်တော်အား လျှောက် ကြ၏။-
33 Disseram-lhe os discípulos: Donde nos viriam num deserto tantos pães, para fartar tamanha multidão?
34 ယေဇူးကလည်း သင်တို့တွင် ပေါင်မုန့်မည်မျှ ရှိသနည်းဟုမေးတော်မူလျှင် သူတို့က ပေါင်မုန့်ခုနစ်လုံး နှင့် ငါးကလေးအနည်းငယ်ရှိပါသည်ဟု ပြန်ဖြေကြလေ ၏။-
34 Perguntou-lhes Jesus: Quantos pães tendes? E responderam: Sete, e alguns peixinhos.
35 ထိုအခါ ကိုယ်တော်သည် လူအစုအဝေးတို့အား မြေပေါ်၌ထိုင်ကြစေရန် အမိန့်ပေးတော်မူလျက်၊-
35 E tendo ele ordenado ao povo que se sentasse no chão,
36 ပေါင် မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်း တော်မူပြီးမှ ၎င်းတို့ကိုဖဲ့ကာ တပည့်တော်တို့အား ပေး တော်မူ၏။ တပည့်တော်တို့ သည်လည်း ၎င်းတို့ကို လူ အစုအဝေးတို့အား ဝေငှကြလေ၏။-
36 tomou os sete pães e os peixes, e havendo dado graças, partiu-os, e os entregava aos discípulos, e os discípulos á multidão.
37 လူအပေါင်းတို့ သည် ၀အောင်စားကြပြီးမှ ကြွင်းကျန်သောအစအနတို့ ကိုစုသိမ်းကြရာ ခုနစ်တောင်းအပြည့်ရကြ၏။-
37 Assim todos comeram, e se fartaram; e do que sobejou dos pedaços levantaram sete alcofas cheias.
38 စားကြ သောသူတို့ကား အမျိုးသမီးများနှင့် သူငယ်များကို မရေ တွက်ဘဲ ယောက်ျားဦးရေလေးထောင်ရှိသတည်း။-
38 Ora, os que tinham comido eram quatro mil homens além de mulheres e crianças.
39 ထို့ နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကို ပြန်လွှတ် ပြီးလျှင် လှေပေါ်သို့တက်၍ မာဂျေဒန်နယ်သို့ ထွက်ကြွ တော်မူ၏။
39 E havendo Jesus despedido a multidão, entrou no barco, e foi para os confins de Magadã.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Mateus 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.