Marcos 7

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ဖာရီဇေးဦးတို့နှင့် ဂျေရုဆလင်မြို့မှလာကြသော ကျမ်းတတ်ဆရာအချို့တို့သည် အထံတော်၌ စုဝေးကြသောအခါ၊-
1 Ora, reuniram-se a Jesus os fariseus e alguns escribas, vindos de Jerusalém.
2 ကိုယ်တော်၏ တပည့်တော်အချို့သည် မသန့်ရှင်းသောလက်များ၊ တစ်နည်းအားဖြင့်ဆိုရသော် မဆေးထားသော လက်များ ဖြင့် အစာစားနေ ကြသည်ကိုမြင်ကြ၏။-
2 E, vendo que alguns dos discípulos dele comiam pão com as mãos impuras, isto é, por lavar
3 (အကြောင်းမူကား ဖာရီဇေးဦးတို့နှင့် ဂျူးလူမျိုးတို့သည် ရှေးလူကြီးတို့၏ထုံးတမ်းစဉ် လာကိုလိုက်နာသောအားဖြင့် မိမိတို့၏ လက်ကိုမဆေးဘဲ အစာစားလေ့မရှိကြ။-
3 (pois os fariseus e todos os judeus, observando a tradição dos anciãos, não comem sem lavar cuidadosamente as mãos;
4 ဈေးမှပြန်လာသောအခါတွင် လည်း မိမိတို့ကိုယ်ကို သန့်စင်ခြင်းမပြုဘဲ အစာစားလေ့ မရှိကြ။ ထို့ပြင် ခွက်များ၊ အိုးများ၊ ကြေးဝါပန်းကန်များ စသည်တို့ကို ဆေးကြောခြင်းနှင့်ပတ်သက်၍ ၎င်းတို့ လိုက်နာသည့် အခြားသောရှေးထုံးတမ်းစဉ်လာ များစွာ လည်းရှိသေး၏)။-
4 quando voltam da praça, não comem sem se aspergirem; e há muitas outras coisas que receberam para observar, como a lavagem de copos, jarros e vasos de metal [e camas]),
5 ထို့ကြောင့် ဖာရီဇေးဦးတို့နှင့်ကျမ်းတတ်ဆရာတို့က ကိုယ်တော်၏တပည့်တော်တို့သည် အဘယ်ကြောင့် ရှေးကလူကြီး သူမတို့၏ထုံးတမ်းစဉ်လာအတိုင်း မလိုက်နာကြဘဲ မသန့်ရှင်းသောလက်ဖြင့် အစာစားကြပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
5 interpelaram-no os fariseus e os escribas: Por que não andam os teus discípulos de conformidade com a tradição dos anciãos, mas comem com as mãos por lavar?
6 ထိုအခါ ကိုယ်တော်က သူတို့အား ပြန်ပြော တော်မူသည်မှာ သူတော်ကောင်းယောင်ဆောင်သော သင်တို့၏အကြောင်းကို ရညွှန်း၍ ပရောဖက်အီဇာယက ဤကဲ့သို့ မှန်ကန်သင့်လျော်စွာ ဟောထားခဲ့၏။ ဤလူမျိုးသည် ငါ့ကို နှုတ်ဖြင့်သာရိုသေဂုဏ် ပြုကြ၏။ သူတို့ ၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှပေ၏။-
6 Respondeu-lhes: Bem profetizou Isaías a respeito de vós, hipócritas, como está escrito:
7 သူတို့သည် လူ တို့၏ထုံးတမ်းစဉ်လာများကို အယူဝါဒများအဖြစ် သွန် သင်ကြပြီး ငါ့အား ဝတ်ပြုကိုးကွယ်ခြင်းကို အချည်းနှီး ဖြစ်စေကြပြီဟူ၍ ရေးထား၏။-
7 E em vão me adoram, ensinando doutrinas que são preceitos de homens.
8 သင်တို့သည် ဘုရား သခင်၏ပညတ်တော်ကိုပယ်ထားကြ၍ လူတို့၏ထုံး တမ်းစဉ်လာများကိုလိုက်နာကြ၏ဟု မိန့်တော်မူ၏။
8 Negligenciando o mandamento de Deus, guardais a tradição dos homens.
9 တစ်ဖန် ကိုယ်တော်က သူတို့အား သင်တို့သည် မိမိတို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်အတွက် ဘုရားသခင်၏ ပညတ်တော်ကို ပါးနပ်စွာပစ်ပယ်ထား ကြလေပြီ။-
9 E disse-lhes ainda: Jeitosamente rejeitais o preceito de Deus para guardardes a vossa própria tradição.
10 အကြောင်းမူကား မိုးဇက်က သင်၏မိဘတို့ အားရိုသေခြင်းကိုပြုလော့။ မိမိ၏မိဘကိုကျိန်ဆိုသော သူသည် ဧကန်မုချသေ ထိုက်၏ဟု စီရင်ထားခဲ့၏။-
10 Pois Moisés disse:
11 သို့သော် သင်တို့က တစ်စုံတစ်ယောက်သည် မိမိ၏အမိနှင့်အဖတို့အား ကျွန်ုပ်ထံမှ သင်တို့ရရှိမည့် အထောက်အပံ့သည် ကော်ဗန်(ဘုရားသခင်အတွက် လှူဖွယ်ပစ္စည်း)ဖြစ် ၏ဟုဆိုလျှင်၊-
11 Vós, porém, dizeis: Se um homem disser a seu pai ou a sua mãe: Aquilo que poderias aproveitar de mim é Corbã, isto é, oferta para o Senhor,
12 ထိုသူသည် မိဘတို့အတွက် ပြုအပ်သော ဝတ္တရားကို ဆောင်ရွက်ရန်မလိုဟု သွန်သင်ကြ၏။-
12 então, o dispensais de fazer qualquer coisa em favor de seu pai ou de sua mãe,
13 သင်တို့သည် သင်တို့လက်ဆင့်ကမ်းသွန်သင်လာကြသော ရှေးထုံးစဉ်လာများဖြင့် ဘုရားသခင်၏ပညတ်တော်များကို အချည်းနှီးဖြစ်စေကြ၏။ ထိုကဲ့သို့သောဓလေ့ထုံးစံ များစွာကိုလည်း သင်တို့ဖန်တီးကြ၏ဟု မိန့်တော်မူ၏။
13 invalidando a palavra de Deus pela vossa própria tradição, que vós mesmos transmitistes; e fazeis muitas outras coisas semelhantes.
14 တစ်ဖန် ကိုယ်တော်သည် လူအစုအဝေးတို့ကို မိမိအထံတော်သို့ ခေါ်တော်မူ၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် ငါ့ကိုနားထောင်၍ နားလည်သိမှတ် ကြလော့။-
14 Convocando ele, de novo, a multidão, disse-lhes: Ouvi-me, todos, e entendei.
15 လူ၏ပြင်ပမှ လူ့ခန္ဓာကိုယ်အတွင်းသို့ဝင်၍ လူကိုညစ်ညူးစေနိုင်သောအရာတစ်ခုမျှမရှိ။ သို့သော် လူ၏အတွင်းမှထွက်လာ သောအရာတို့မူကား လူကို ညစ်ညူးစေနိုင်၏။-
15 Nada há fora do homem que, entrando nele, o possa contaminar; mas o que sai do homem é o que o contamina.
16 ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
16 [Se alguém tem ouvidos para ouvir, ouça.]
17 ကိုယ်တော်သည် လူအစုအဝေးထံမှထွက်ခွာ၍ အိမ်အတွင်းသို့ဝင်တော်မူသောအခါ တပည့်တော်တို့က ထိုပုံဥပမာ အကြောင်းကိုမေးမြန်းကြ၏။-
17 Quando entrou em casa, deixando a multidão, os seus discípulos o interrogaram acerca da parábola.
18 ကိုယ်တော်က သင်တို့သည်လည်း နားမလည်နိုင်ကြသလော။ လူ၏ ပြင်ပမှ လူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သမျှအရာသည် လူကို မညစ်ညူးစေကြောင်း သင်တို့မသိမမြင်ကြသလော။-
18 Então, lhes disse: Assim vós também não entendeis? Não compreendeis que tudo o que de fora entra no homem não o pode contaminar,
19 အကြောင်းမူကား ဝင်လာသောအရာသည် စိတ်နှလုံးထဲ သို့မဝင်ဘဲ ဝမ်းထဲသို့ဝင်ပြီး ပြင်ပသို့ရောက်သွားသည် မဟုတ် လောဟုမိန့်တော်မူ၏။ (ဤသို့ဆိုခြင်းဖြင့် အစား အစာအားလုံးမှာ သန့်ရှင်းသည်ဟု ကိုယ်တော်မိန့်တော် မူခြင်းဖြစ်၏။)-
19 porque não lhe entra no coração, mas no ventre, e sai para lugar escuso? E, assim, considerou ele puros todos os alimentos.
20 တစ်ဖန် ကိုယ်တော်က လူ၏အတွင်းမှ လာသမျှသည် လူကိုညစ်ညူးစေ၏။-
20 E dizia: O que sai do homem, isso é o que o contamina.
21 အကြောင်းမူကား လူ့အတွင်းရှိ စိတ်နှလုံးထဲမှမကောင်းသောအကြံအစည် များ၊ ကာမဂုဏ်ကျူးလွန်ခြင်း၊ သူတစ်ပါး၏ ပစ္စည်းကို ခိုးယူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူတစ်ပါးသားမယား ကိုပြစ်မှားခြင်း၊-
21 Porque de dentro, do coração dos homens, é que procedem os maus desígnios, a prostituição, os furtos, os homicídios, os adultérios,
22 လောဘကြီးခြင်း၊ ကောက်ကျစ်စဉ်းလဲ ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ကိလေသာစိတ်ပြင်းပြ ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်း၊ မာနထောင်လွှား ခြင်းနှင့် မိုက်မဲခြင်း စသည်တို့ထွက်ပေါ်လာကြ၏။-
22 a avareza, as malícias, o dolo, a lascívia, a inveja, a blasfêmia, a soberba, a loucura.
23 မကောင်းသော ဤအရာအားလုံးသည် လူ၏အတွင်းမှ ထွက်လာ၍ လူကိုညစ်ညူးစေကြ၏ဟု မိန့်တော်မူ၏။
23 Ora, todos estes males vêm de dentro e contaminam o homem.
24 ကိုယ်တော်သည် ထိုအရပ်မှ ထ၍ ထွက်ခွာပြီးလျှင် တီရာနှင့်စီဒွန်နယ်များသို့ကြွတော်မူ၏။ ကိုယ်တော်သည် အိမ်တစ်အိမ် သို့ဝင်ပြီးလျှင် ထိုနေရာ၌ မိမိရှိသည်ကို မည်သူ့ကိုမျှမသိစေလိုသော်လည်း ပုန်းရှောင်၍ မဖြစ်နိုင်ချေ။-
24 Levantando-se, partiu dali para as terras de Tiro [e Sidom]. Tendo entrado numa casa, queria que ninguém o soubesse; no entanto, não pôde ocultar-se,
25 အကြောင်းမူကား ညစ်ညူးသောနတ်ဆိုး ပူးနေသည့်သူငယ်မတစ်ဦး၏မိခင်သည် ကိုယ်တော်၏ အကြောင်းကိုကြားလျှင် ချက်ချင်းလာ၍ ခြေတော်ရင်း၌ ပျပ်ဝပ်ရှိခိုးလေ၏။-
25 porque uma mulher, cuja filhinha estava possessa de espírito imundo, tendo ouvido a respeito dele, veio e prostrou-se-lhe aos pés.
26 ဤမိန်းမသည်ကား ဂရိလူမျိုး ဆီရိုဖွေ နိစိယအနွယ်ဝင်ဖြစ်ပြီး မိမိသမီးတွင် ပူးကပ်နေသောနတ် ဆိုးကို နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းပန်လေ၏။-
26 Esta mulher era grega, de origem siro-fenícia, e rogava-lhe que expelisse de sua filha o demônio.
27 ကိုယ်တော်ကလည်း သားသမီးတို့သည် ဦးစွာ၀အောင် စားကြပါစေ။ သားသမီးတို့၏အစားအစာကိုယူ၍ ခွေးတို့အား ချမကျွေးသင့်ဟု သူမအားမိန့်တော်မူ၏။-
27 Mas Jesus lhe disse: Deixa primeiro que se fartem os filhos, porque não é bom tomar o pão dos filhos e lançá-lo aos cachorrinhos.
28 သို့သော် သူမကမှန်ပါ၏အရှင်သခင်၊ သို့ရာတွင် စားပွဲအောက်မှခွေးတို့ပင်လျှင် သားသမီးတို့ထံမှမုန့်အစအန များကိုစားကြ ရပါသေးသည်ဟု လျှောက်လေ၏။-
28 Ela, porém, lhe respondeu: Sim, Senhor; mas os cachorrinhos, debaixo da mesa, comem das migalhas das crianças.
29 ထိုအခါ ကိုယ်တော်က သင်ဤသို့ဆိုသောကြောင့် အိမ်သို့ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထံမှ ထွက်ခွာသွားလေပြီဟု မိန့်တော်မူ၏။-
29 Então, lhe disse: Por causa desta palavra, podes ir; o demônio já saiu de tua filha.
30 သူမသည်လည်း မိမိ၏အိမ်သို့ ပြန်သွားလျှင် သူငယ်မသည် အိပ်ရာပေါ်၌ လဲလျောင်း လျက်ရှိ၍ နတ်ဆိုးသည်လည်း ထွက်ခွာသွားပြီးဖြစ်သည်ကို တွေ့လေ၏။
30 Voltando ela para casa, achou a menina sobre a cama, pois o demônio a deixara.
31 ထို့နောက် ကိုယ်တော်သည် တီရာနယ်မှ ပြန်လာရာတွင် စီဒွန်နယ်နှင့် ဒေကာပိုလစ်နယ်တို့ကိုဖြတ်သန်း၍ ဂါလေလေးယ ပင်လယ်သို့ကြွလာတော်မူ၏။-
31 De novo, se retirou das terras de Tiro e foi por Sidom até ao mar da Galileia, através do território de Decápolis.
32 ထိုအခါ နားပင်း၍ စကားမပြောနိုင်သူတစ်ဦးကို လူတို့သည် အထံတော်သို့ခေါ်ဆောင်ခဲ့ကြပြီး သူ့အပေါ်၌ လက်တော်ကို တင်တော်မူပါမည့်အကြောင်း ကိုယ်တော်အား တောင်းပန်လျှောက်ထားကြ၏။-
32 Então, lhe trouxeram um surdo e gago e lhe suplicaram que impusesse as mãos sobre ele.
33 ကိုယ်တော်သည်လည်း သူ့ကို လူအစုအဝေးထဲမှ သီးခြားခေါ်ဆောင်သွားပြီးလျှင် မိမိလက်ချောင်းကို သူ၏နားထဲသို့ သွင်းတော်မူ၏။ တစ်ဖန် ကိုယ်တော်သည် တံတွေးထွေးလျက် သူ၏လျှာကိုတို့ တော်မူ၏။-
33 Jesus, tirando-o da multidão, à parte, pôs-lhe os dedos nos ouvidos e lhe tocou a língua com saliva;
34 ထို့နောက် ကိုယ်တော်သည် ကောင်းကင်သို့မျှော်ကြည့်၍ သက်ပြင်းချကာ အက်ဖဲတာဟုမိန့်တော်မူ၏။ အဓိပ္ပာယ်ကား ပွင့်စေလော့ဟူသတည်း။-
34 depois, erguendo os olhos ao céu, suspirou e disse: Efatá!, que quer dizer: Abre-te!
35 ထိုခဏချင်းတွင် သူ၏နားတို့သည် ပွင့်လာပြီး သူ၏လျှာသည်လည်း ဆွံ့အခြင်းမှကင်းဝေးကာ သူသည် ပီသစွာ စကားပြော လေ၏။-
35 Abriram-se-lhe os ouvidos, e logo se lhe soltou o empecilho da língua, e falava desembaraçadamente.
36 ထိုအခါကိုယ်တော်သည် သူတို့အား ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် မိန့်မှာတော်မူ၏။ သို့သော် ကိုယ်တော်ဤသို့ မိန့်မှာသည်နှင့်အမျှ သူတို့သည် ပို၍စိတ်အားထက်သန်စွာ သတင်းကိုလွှင့်ကြလေ၏။-
36 Mas lhes ordenou que a ninguém o dissessem; contudo, quanto mais recomendava, tanto mais eles o divulgavam.
37 လူတို့သည်လည်း အတိုင်းမသိအံ့အားသင့်ကြလျက် ကိုယ်တော်သည် အလုံးစုံကိုကောင်းစွာပြုတော်မူ ပြီ၊ ကိုယ်တော်သည် နားပင်းသောသူကိုနားကြားစေ၍ ဆွံ့အသောသူကို စကားပြောစေလေပြီဟု ဆိုကြ၏။
37 Maravilhavam-se sobremaneira, dizendo: Tudo ele tem feito esplendidamente bem; não somente faz ouvir os surdos, como falar os mudos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.