Marcos 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 တစ်ဖန် ကိုယ်တော်သည် ပင်လယ်ကမ်းနား၌ သွန်သင်တော်မူ၏။ ထိုအခါ အလွန်များပြား သောလူအစုအဝေးကြီးသည် အထံတော်၌ လာရောက် စုဝေးကြသဖြင့် ကိုယ်တော်သည် ရေပြင်ပေါ်ရှိလှေတစ်စီး ပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအစုအဝေး မူကား ကမ်း ပေါ်တွင်ရှိနေကြ၏။-
1 Jesus começou a ensinar outra vez à beira-mar. E uma numerosa multidão se reuniu em volta dele, de modo que entrou num barco, onde se assentou, afastando-se da praia. E todo o povo estava à beira-mar, na praia.
2 ကိုယ်တော်သည်လည်း သူတို့အား များစွာသောအကြောင်းအရာတို့ကို ပုံဥပမာတို့ဖြင့် သွန် သင်တော်မူ၏။ ထိုသို့သွန်သင်ရာ တွင် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ၊-
2 Assim, ensinava-lhes muitas coisas por parábolas e, durante o seu ensino, dizia:
3 နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူတစ်ယောက်သည် မျိုးစေ့ကြဲရန် ထွက် သွားလေ၏။-
3 — Escutem! Eis que o semeador saiu a semear.
4 သူသည် မျိုးစေ့များကိုကြဲသော အခါ အချို့ သောမျိုးစေ့တို့သည် လမ်းဘေးတစ်လျှောက်၌ကျသဖြင့် ငှက်များသည် လာ၍ ၎င်းတို့ကိုစားကြ၏။-
4 E, ao semear, uma parte caiu à beira do caminho, e vieram as aves e a comeram.
5 အချို့သောမျိုး စေ့တို့သည် မြေဆီလွှာပါးသောကျောက်ခံမြေပေါ်တွင် ကျသဖြင့် မြေတိမ်သောကြောင့် အပင်များလျင်မြန်စွာ ပေါက်လာကြ၏။-
5 Outra parte caiu em solo rochoso, onde a terra era pouca, e logo nasceu, visto não ser profunda a terra.
6 နေထွက်လာသောအခါ အပင်တို့ သည် ပူလောင်၍ အမြစ်လည်းမတွယ်သောကြောင့် ညှိုးခြောက်သွားကြလေ၏။-
6 Saindo, porém, o sol, a queimou; e, porque não tinha raiz, secou-se.
7 အခြားသောမျိုးစေ့တို့သည် ဆူးချုံများအကြားတွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ သောအခါ ၎င်းတို့ကို ဖုံးအုပ်ထား သောကြောင့် ယင်းတို့သည် အသီးမသီးနိုင်ကြချေ။-
7 Outra parte caiu entre os espinhos; e os espinhos cresceram e a sufocaram, e não deu fruto.
8 အချို့သောမျိုးစေ့တို့သည်ကား ကောင်းသောမြေပေါ်တွင်ကျသဖြင့် အပင်များပေါက်လာသောအခါ ကောင်းစွာအသီး ဖြစ်ထွန်း၍ အဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးရ ရှိကြ၏။-
8 Outra, enfim, caiu em boa terra e deu fruto; a semente brotou, cresceu e produziu a trinta, a sessenta e a cem por um.
9 ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေ ဟု ကိုယ်တော်မိန့်တော်မူ၏။
9 E Jesus acrescentou:
10 ကိုယ်တော်သည် တစ်ပါးတည်းရှိတော်မူသောအခါ တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ ကိုယ်တော်၏ အနားတွင်ရှိ သောသူတို့က ပုံဥပမာစကားများအကြောင်းကို ကိုယ်တော်အား မေးလျှောက်ကြ၏။-
10 Quando Jesus ficou só, os que estavam junto dele com os doze começaram a lhe fazer perguntas a respeito das parábolas.
11 ကိုယ်တော် ကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲရာအချက်ကို သိ ခွင့်ရကြ၏။ ပြင်ပတွင်ရှိသောသူတို့အတွက်မူကား ခပ် သိမ်းသောအရာတို့ကို ပုံဥပမာအားဖြင့် ဖော်ပြထား၏။-
11 Jesus disse a eles:
12 ဤသို့ဖြင့် သူတို့သည် အကျင့်ပြောင်းလဲ၍ အပြစ်အခွင့် လွှတ်ခြင်းခံရမည်ကို စိုးရိမ်ကြသောကြောင့် ကြည့်သော် လည်း သိမြင်ကြလိမ့်မည်မဟုတ်။ ကြားသော်လည်း နားလည်သဘောပေါက်ကြလိမ့်မည်မဟုတ်ဟု မိန့်တော် မူ၏။
12 para que, vendo, vejam e não percebam; e, ouvindo, ouçam e não entendam; para que não venham a converter-se e sejam perdoados.
13 ကိုယ်တော်က သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် ဤပုံဥပမာကို နားမလည်ကြသလော။ သို့ ဖြစ်လျှင် သင်တို့သည် ပုံဥပမာအားလုံးကို မည်သို့နားလည် နိုင်ကြမည်နည်း။-
13 Então Jesus lhes perguntou:
14 မျိုးစေ့ကြဲသောသူသည် နှုတ်တော် ထွက်စကားကို မျိုးစေ့ချပေးလေ၏။-
14 O semeador semeia a palavra.
15 နှုတ်တော်ထွက် စကားကျရာလမ်းပေါ်မှ မျိုးစေ့တို့သည်ကား ဤသူတို့ပေတည်း။ သူတို့သည် ကြားနာရသောအခါ စာတန်သည် ချက်ချင်းလာ၍ သူတို့၏စိတ်နှလုံးထဲမှ နှုတ်တော်ထွက် စကားကို နုတ်ယူသွားလေ၏။-
15 Estes são os da beira do caminho, onde a palavra é semeada: quando a ouvem, logo Satanás vem e tira a palavra semeada neles.
16 ထိုနည်းတူပင် ကျောက် ခံမြေပေါ်တွင်ကျသော မျိုးစေ့တို့သည်ကား ဤသူတို့ ပေတည်း။ သူတို့သည် နှုတ်တော်ထွက်စကား ကိုကြား နာရသောအခါ ဝမ်းမြောက်ခြင်းဖြင့် ချက်ချင်းခံယူကြလေ၏။-
16 E estes são os semeados em solo rochoso, os quais, ouvindo a palavra, logo a recebem com alegria.
17 သို့သော် နှုတ်တော်ထွက်စကားသည် သူတို့၌ အမြစ် မတွယ်သောကြောင့် ခေတ္တခဏသာတည်၏။ ဤသို့ဖြင့် သူတို့သည် နှုတ်တော်ထွက်တရားတော်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခခံကြရသောအခါ ချက်ချင်းပင် တရားတော်ကို စွန့်ပစ်တတ်သူများဖြစ်ကြ၏။-
17 Mas eles não têm raiz em si mesmos, sendo de pouca duração. Quando chega a angústia ou a perseguição por causa da palavra, logo se escandalizam.
18 ဆူးချုံများ၏အလယ်တွင် ကျရောက်သောမျိုးစေ့တို့သည်ကား ဤသူတို့ပေတည်း။ သူတို့သည် နှုတ်တော်ထွက်စကား ကို ကြားခဲ့ကြ၏။-
18 Os outros, os semeados entre os espinhos, são os que ouvem a palavra,
19 သို့သော် လောကီရေးရာများ၌ စိုးရိမ် ကြောင့်ကြခြင်း၊ ချမ်းသာကြွယ်၀မှုအပေါ် သာယာခြင်းနှင့် အခြားသောအရာများကို စွဲလန်းတပ်မက်ခြင်းတို့သည် နှုတ်တော်ထွက်စကားကို လွှမ်းမိုးထားသောကြောင့် သူတို့သည် မည်သို့မျှမသီးမပွင့်နိုင်သော သူများဖြစ်ကြ၏။-
19 mas as preocupações deste mundo, a fascinação da riqueza e outras ambições aparecem e sufocam a palavra, e ela fica infrutífera.
20 ကောင်းသောမြေပေါ်၌ ကျရောက်သောမျိုးစေ့တို့သည်ကား ဤသူတို့ပေတည်း။ သူတို့သည် နှုတ်တော်ထွက် စကားကိုကြား နာ၍ လက်ခံကြသဖြင့် သူတို့၌ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာတိုးပွားအောင် အသီးသီးကြသော သူများဖြစ်ကြ ၏ဟု မိန့်တော်မူ၏။
20 Os que foram semeados em boa terra são aqueles que ouvem a palavra e a recebem, frutificando a trinta, a sessenta e a cem por um.
21 ထို့နောက် ကိုယ်တော်သည် သူတို့အား မိန့်တော်မူ သည်ကား ဆီမီးကိုထွန်း၍ တောင်းဇလားအောက်၌ လည်းကောင်း၊ ခုတင်အောက်၌လည်းကောင်း ထားလေ့ရှိကြသလော။ ၎င်းကို မီးတင်ခုံပေါ်တွင် တင်ထားရသည် မဟုတ်လော။-
21 Jesus também lhes disse:
22 အကြောင်းမူကား ဝှက်ကွယ်ထားသော အရာဟူ၍မရှိဘဲ ထုတ်ဖော်ပြရမည်။ လျှို့ဝှက်ထားသော အရာဟူ၍လည်းမရှိဘဲ အလင်း၌ထင်ရှားစေကြရမည်။-
22 Porque não há nada oculto, senão para ser manifesto; e nada escondido, senão para ser revelado.
23 ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
23 Se alguém tem ouvidos para ouvir, ouça.
24 ထို့နောက် ကိုယ်တော်က သင်တို့ ကြားနာရသည့် အရာကို သတိပြုကြလော့။ သင်တို့တိုင်းတာ၍ပေးသော ပမာဏအတိုင်း တိုင်းတာ၍ သင်တို့ပြန်ရကြလိမ့်မည်။ ထိုမျှမက သင်တို့အား ပို၍ပင် ပေးလိမ့်မည်။-
24 Então lhes disse:
25 အကြောင်း မူကား ရှိသောသူအား ထပ်မံ၍ပေးလိမ့်မည်။ မရှိသောသူ ထံမှမူကား သူ့၌ရှိသမျှကိုပင် သိမ်းယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
25 Pois ao que tem, mais será dado; e, ao que não tem, até o que tem lhe será tirado.
26 တစ်ဖန် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော် သည် မြေပေါ်၌ လူတစ်ဦးမျိုးစေ့ကြဲခြင်းနှင့်တူ၏။-
26 Jesus disse ainda:
27 သူသည် မျိုးစေ့ကိုကြဲပြီးနောက် ညနှင့်နေ့အလျောက် အိပ် သည်ဖြစ်စေ၊ နိုးနေသည်ဖြစ်စေ မျိုးစေ့သည် အပင်ပေါက် လျက် ကြီးထွားလာ၏။ အဘယ်ကဲ့သို့ကြီးထွားလာနေသည်ကိုမူ သူမသိရှိပေ။-
27 Ele dorme e acorda, de noite e de dia, e a semente germina e cresce, sem que ele saiba como.
28 အကြောင်းမူကား မြေကြီးသည် အလိုအလျောက်သီးပွင့်စေတတ်၍ ရှေးဦးစွာ အညှောက်၊ ထို့နောက် အနှံ၊ ထိုမှ အနှံအောင် ၍ အဆန်ကိုဖြစ်စေ၏။-
28 A terra por si mesma frutifica: primeiro aparece a planta, depois, a espiga, e, por fim, o grão cheio na espiga.
29 အသီးများမှည့်သောအခါတွင်မူ သူသည် တံစဉ်နှင့်ချက်ချင်းရိတ်လေ၏။ အဘယ်ကြောင့်ဆိုသော် သီးနှံရိတ်သိမ်း ချိန်ကျ ရောက်ပြီဖြစ်သောကြောင့်တည်းဟုမိန့်တော်မူ၏။
29 E, quando o fruto já está maduro, logo manda cortar com a foice, porque chegou a colheita.
30 တစ်ဖန် ကိုယ်တော်မိန့်တော်မူသည်ကား ဘုရား သခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့် ငါတို့ခိုင်းနှိုင်းရ မည်နည်း။ သို့မဟုတ် ၎င်းအတွက် မည်သည့်ပုံဥပမာကို ငါတို့အသုံးပြုရမည်နည်း။-
30 Disse mais:
31 ၎င်းသည် မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေတွင်စိုက်ပျိုးစဉ်အခါက ကမ္ဘာမြေ ပြင်ပေါ်၌ရှိသောအစေ့တကာ တို့တွင် အသေးငယ်ဆုံး မျိုးစေ့ဖြစ်၏။-
31 Ele é como um grão de mostarda, que, quando semeado, é a menor de todas as sementes sobre a terra;
32 သို့သော် ၎င်းသည် အပင်ပေါက်၍ ကြီးထွား လာသောအခါ ဟင်းသီးဟင်းရွက်ပင်အားလုံးတို့တွင် အကြီးဆုံးဖြစ်လာပြီး ကြီးမားသောအကိုင်းအခက်များ ထွက်လာသဖြင့် မိုးကောင်းကင်ငှက်တို့သည် ၎င်း၏ အရိပ်တွင် အသိုက်များပြုလုပ် နေထိုင် ကြ၏။
32 mas, uma vez semeada, cresce e se torna maior do que todas as hortaliças; cria ramos tão grandes, que as aves do céu podem se aninhar à sua sombra.
33 ကိုယ်တော်သည် သူတို့ကြားနာနိုင်သည့်ပုံဥပမာ များဖြင့် သူတို့အား နှုတ်တော်ထွက်တရားတော်ကိုဟော ပြောတော်မူ၏။-
33 E com muitas parábolas semelhantes Jesus lhes expunha a palavra, conforme podiam compreendê-la.
34 ကိုယ်တော်သည် ပုံဥပမာမပါဘဲ သူတို့ အား ဟောပြောတော်မမူ။ မိမိ၏တပည့်တော်တို့ကိုမူကား ကိုယ်တော်သည် အကြောင်းအရာအလုံးစုံကို သီး ခြားရှင်းလင်းဖော်ပြတော်မူ၏။
34 E sem parábolas não lhes falava; tudo, porém, explicava em particular aos seus próprios discípulos.
35 ထိုနေ့ညနေအချိန်ရောက်သောအခါ ကိုယ်တော် က တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ကူးကြစို့ဟုမိန့်တော်မူ၏။-
35 Naquele dia, sendo já tarde, Jesus disse aos discípulos:
36 တပည့်တော်တို့သည်လည်း လူအစုအဝေး ကိုထားခဲ့၍ လှေပေါ်သို့ရောက်ရှိနှင့်သောကိုယ်တော့် ကိုခေါ်ဆောင်သွားကြ၏။ အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။-
36 E eles, despedindo a multidão, o levaram assim como estava, no barco; e outros barcos o seguiam.
37 ထိုအခါ လေမုန်တိုင်းကြီးကျရောက်၍ လှေကို လှိုင်းတံပိုးတို့ရိုက် ခတ်သောကြောင့် လှေသည် ရေပြည့်လုမတတ်ရှိလေ၏။-
37 Ora, levantou-se grande temporal de vento, e as ondas se arremessavam contra o barco, de modo que o mesmo já estava se enchendo de água.
38 ကိုယ်တော်မူကား လှေ၏ပဲ့ပိုင်းရှိ ခုံပေါ်တွင် ကျိန်း စက်နေတော်မူ၏။ သူတို့သည်လည်း ကိုယ်တော့်ကို နှိုးကြ၍ ဆရာသခင်၊ တပည့်တော်တို့ပျက်စီးခြင်းသို့ရောက် မည်ကို ဂရုပြုတော်မမူပါသလောဟုလျှောက်ကြ၏။-
38 E Jesus estava na popa, dormindo sobre o travesseiro. Os discípulos o acordaram e lhe disseram: — Mestre, o senhor não se importa que pereçamos?
39 ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုကြိမ်းမောင်းကာ ပင်လယ်ပြင်အား ငြိမ်သက်လော့ဟု အမိန့်ပေးတော်မူလျှင် လေမုန်တိုင်းရပ်စဲပြီး ပင်လယ်ပြင်သည်လည်း လွန်စွာငြိမ်သက်သွားလေ၏။-
39 E ele, despertando, repreendeu o vento e disse ao mar: O vento se aquietou, e tudo ficou bem calmo.
40 ကိုယ်တော်က သင်တို့သည် အဘယ်ကြောင့်ကြောက်ရွံ့ ကြသနည်း။ သင်တို့၌ယုံ ကြည်ခြင်းမရှိသလောဟု သူတို့အား မေးတော်မူ၏။-
40 Então Jesus lhes perguntou:
41 ထိုအခါ သူတို့သည် အံ့ဩတုန်လှုပ်ကြလျက် ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့သည်ပင် သူ၏ အမိန့်ကို နာခံကြရပါသည်တကားဟု အချင်းချင်းပြော ဆိုကြလေ၏။
41 E eles, possuídos de grande temor, diziam uns aos outros: — Quem é este que até o vento e o mar lhe obedecem?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.