Marcos 15
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 နံနက်အချိန်ရောက်သည်နှင့် ရဟန်းအကြီးအကဲများ၊ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ဘာသာရေးလွှတ်တော် တစ်ခုလုံးသည် ဆွေးနွေးတိုင်ပင်ကြ၏။ ထို့နောက် သူတို့သည် ယေဇူးကိုချည်နှောင်လျက် ခေါ်ဆောင်သွားကြပြီး ပီလာတုမင်း၏ လက်သို့ အပ်လိုက်ကြ၏။-
1 Logo pela manhã, os principais sacerdotes entraram em conselho com os anciãos, os escribas e todo o Sinédrio; e, amarrando Jesus, levaram-no e o entregaram a Pilatos.
2 ပီလာတုမင်းကလည်းသင်သည် ဂျူး လူမျိုးတို့၏ဘုရင်ဖြစ်သလောဟု ကိုယ်တော့်အား မေးလျှင် ကိုယ်တော်က သင်ဆိုလေပြီဟုပြန်ဖြေတော်မူ၏။-
2 Pilatos perguntou: — Você é o rei dos judeus? Jesus respondeu:
3 ထိုအခါ ရဟန်းအကြီးအကဲတို့သည် ကိုယ်တော့်အပေါ် အကြောင်းအရာများစွာဖြင့် စွပ်စွဲပြောဆိုကြ၏။-
3 E os principais sacerdotes o acusavam de muitas coisas.
4 တစ်ဖန် ပီလာတုမင်းက ကိုယ်တော်အား သင်၌ဖြေကြားစရာမရှိ သလော။ သင့်အပေါ် စွပ်စွဲထားသောပြစ်ချက်များမည်မျှ များပြားသည်ကို ကြည့်ပါလော့ဟုဆို၏။-
4 Então Pilatos tornou a perguntar: — Você não vai responder nada? Veja quantas acusações fazem contra você!
5 သို့ရာတွင် ယေဇူးသည် နောက်ထပ်စကားတစ်ခွန်းမျှပြန်ပြောတော် မမူသောကြောင့် ပီလာတုမင်းသည် အံ့ဩလေ၏။
5 Jesus, porém, não disse mais nada, a ponto de Pilatos muito se admirar.
6 ပွဲတော်အချိန်အခါတွင် ပီလာတုမင်းသည် လူတို့ တောင်းဆိုသောအကျဉ်းသားတစ်ယောက်ကို လွှတ်ပေး လေ့ရှိ၏။-
6 Ora, por ocasião da festa, era costume soltar ao povo um dos presos, aquele que eles pedissem.
7 ထိုအချိန်၌၊ ပုန်ကန်ထကြွရာတွင် လူသတ် မှုကျူးလွန်ခဲ့သောကြောင့် အကျဉ်းကျခံနေရသည့်သူ များထဲတွင် ဘာရဘဆိုသူတစ်ဦးရှိလေ၏။-
7 Havia um, chamado Barrabás, preso com rebeldes, os quais em um tumulto haviam cometido homicídio.
8 လူအစု အဝေးတို့သည်လည်း လာကြ၍ ပီလာတုမင်းအား မိမိတို့ အတွက် သူပြုလုပ်ပေးလေ့ရှိသည့်အတိုင်း ဆောင်ရွက် ပေးရန် တောင်းခံကြ၏။-
8 Vindo a multidão, começou a pedir que Pilatos lhes fizesse como de costume.
9 ထိုအခါ သူက ဂျူးလူမျိုးတို့၏ ဘုရင်ကို သင်တို့အတွက် လွှတ်ပေးစေလိုသလောဟု သူတို့အား မေးလေ၏။-
9 E Pilatos lhes respondeu, dizendo: — Vocês querem que eu lhes solte o rei dos judeus?
10 အကြောင်းမူကား ရဟန်းအကြီး အကဲတို့သည် မနာလိုသောစိတ်ဖြင့် ကိုယ်တော့်ကို အပ် နှံခဲ့ကြကြောင်း သူသိ၏။-
10 Pois ele bem percebia que era por inveja que os principais sacerdotes lhe haviam entregado Jesus.
11 သို့သော် ရဟန်းအကြီးအကဲ တို့က လူအစုအဝေးတို့အား သူတို့အတွက် ဘာရဘကို သာလွှတ်စေခြင်းငှာ တောင်းဆိုကြရန် လှုံ့ဆော်တိုက် တွန်းကြ၏။-
11 Mas os principais sacerdotes incitaram a multidão no sentido de que lhes soltasse, de preferência, Barrabás.
12 ပီလာတုမင်းကလည်း ဤသို့ဖြစ်လျှင် ဂျူးလူမျိုးတို့၏ဘုရင်ဟု သင်တို့ခေါ်သောသူကို ငါမည်သို့ပြု ရမည်နည်းဟု သူတို့အား တစ်ဖန်မေးသောအခါ၊-
12 E Pilatos lhes perguntou: — O que, então, vocês querem que eu faça com este a quem vocês chamam de rei dos judeus?
13 ထို သူတို့က သူ့ကို လက်ဝါးကပ်တိုင်တင်၍သတ်ပါဟု ဟစ်အော်ကြ၏။-
13 Eles gritaram: — Crucifique-o!
14 ပီလာတုမင်းကလည်း အဘယ်ကြောင့်နည်း။ သူသည် မည်သည့်ပြစ်မှုကိုကျူးလွန်ခဲ့မိသနည်း ဟုမေးသော်လည်း သူတို့က သူ့ကိုလက်ဝါးကပ်တိုင် တင်၍ သတ်ပါဟု ပိုမိုကျယ်လောင်စွာအော်ဟစ်ကြ၏။-
14 Mas Pilatos lhes disse: — Que mal fez ele? Porém eles gritavam cada vez mais: — Crucifique-o!
15 ဤသို့ဖြင့် ပီလာတုမင်းသည် လူအစုအဝေးကျေနပ်စေရန် အလိုရှိသောကြောင့် ဘာရဘကို သူတို့အဖို့ လွှတ် ပေး၍ ယေဇူးကို ကြိမ်နှင့်ရိုက်စေပြီးမှ လက်ဝါးကပ်တိုင် တင်စေရန် အပ်လိုက်လေ၏။
15 Então Pilatos, querendo contentar a multidão, lhes soltou Barrabás. E, depois de mandar açoitar Jesus, entregou-o para ser crucificado.
16 ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်အား ပရေ တောရီအမ်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွား ကြပြီး စစ်သူရဲတစ်ဖွဲ့လုံးကို စုရုံးစေကြ၏။-
16 Então os soldados levaram Jesus para dentro do palácio, que é o Pretório, e reuniram toda a tropa.
17 ထို့နောက် သူတို့သည် ကိုယ်တော်အား ခရမ်းရောင် ဝတ်ရုံကို ခြုံပေးကြ၍ ဆူးခက်နှင့်ခွေထားသောဦးရစ် သရဖူကိုလည်း ကိုယ်တော်၏ဦးခေါင်းပေါ်တွင် တင်ကြ၏။-
17 Vestiram Jesus com um manto púrpura e, tecendo uma coroa de espinhos, a puseram na cabeça dele.
18 ထို့နောက် သူတို့က ဂျူးလူမျိုးတို့၏ဘုရင်၊ သက် တော်ရာကျော်ရှည်ပါစေဟုဆို၍ ကိုယ်တော့်ကို နှုတ် ဆက်ဟန်ပြုကြ၏။-
18 E o saudavam, dizendo: — Salve, rei dos judeus!
19 တစ်ဖန် သူတို့သည် ကိုယ်တော်၏ ဦးခေါင်းကို ကျူလုံးနှင့်ရိုက်ကြ၍ တံတွေးနှင့်ထွေးကြပြီး ရှေ့တော်၌လည်း ဒူးထောက် လျက် ဦးညွှတ်ရှိခိုးဟန်ပြုကြ၏။-
19 Batiam na cabeça dele com um caniço, cuspiam nele e, pondo-se de joelhos, o adoravam.
20 သူတို့သည် ဤသို့ကိုယ်တော့်ကို လှောင်ပြောင် ပြက်ရယ်ပြုကြပြီးနောက် ခရမ်းရောင်ဝတ်ရုံကို ချွတ်ခွာ ကြပြီး ကိုယ်တော်၏အဝတ်များကို ပြန်ဝတ်စေကြ၏။ ထို့နောက် သူတို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင် တင်ရန် ခေါ်ဆောင်သွားကြ၏။
20 Depois de terem zombado dele, tiraram-lhe o manto púrpura e o vestiram com as suas próprias roupas. Então conduziram Jesus para fora a fim de o crucificarem.
21 စစ်သူရဲတို့သည် အလက်ဇန္ဒားနှင့် ရုဖုတို့၏ဖခင် ဖြစ်သည့်၊ လယ်တောမှပြန်လာသော ဆီရီနေမြို့သား စီမွန်အား လက်ဝါးကပ်တိုင်ကိုထမ်းရန် အတင်းအကျပ် စေခိုင်းကြ၏။-
21 E obrigaram Simão Cireneu, que passava, vindo do campo, pai de Alexandre e de Rufo, a carregar a cruz de Jesus.
22 ထို့နောက် သူတို့သည် ကိုယ်တော့်ကို ဂေါလ်ဂေါသဟုအမည်တွင် သောအရပ်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအမည်၏အနက် အဓိပ္ပာယ်ကား ဦးခေါင်း ခွံအရပ်ဟူ၍ဖြစ်သတည်း။-
22 E levaram Jesus para o Gólgota, que quer dizer “Lugar da Caveira”.
23 သူတို့သည်လည်း မီးရာနှင့် ရောစပ်ထားသောစပျစ်ရည်ကို ကိုယ်တော်အား သောက် ရန် ပေးကြ၏။ သို့သော် ကိုယ်တော်သည် မသောက်ဘဲ နေတော်မူ၏။-
23 Quiseram dar-lhe para beber vinho misturado com mirra, mas Jesus não aceitou.
24 ထို့နောက် သူတို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြပြီး ကိုယ်တော်၏အဝတ်တော်တို့ကို တစ်ဦးစီမည်သည့် အပိုင်းကိုယူရမည့်အကြောင်း သိရှိနိုင်ရန် မိမိတို့အကြား၌ မဲချ၍ ခွဲဝေယူကြ၏။
24 Então o crucificaram e repartiram entre si as roupas dele, tirando a sorte, para ver o que cada um levaria.
25 ကိုယ်တော့်ကို သူတို့လက်ဝါးကပ်တိုင်တင်သော အချိန်မှာ နံနက်ကိုးနာရီခန့်ဖြစ်၏။-
25 Eram nove horas da manhã quando o crucificaram.
26 ကိုယ်တော့်အပေါ် စွဲချက်တင်ထားသည့် ကမ္ပည်းစာတမ်းသည်ကား ဂျူးလူမျိုးတို့၏ဘုရင်ဟူ၍ဖြစ်သတည်း။-
26 E a inscrição com a acusação contra ele dizia: “ O Rei dos Judeus ”.
27 ထို့ပြင် သူတို့သည် ကိုယ်တော်နှင့်အတူ ဓားပြနှစ်ယောက်ကိုလည်း လက်ယာဘက်၌တစ်ယောက်၊ လက်ဝဲဘက်၌ တစ်ယောက် လက်ဝါးကပ်တိုင်တင်ထားကြ၏။-
27 Com ele crucificaram dois ladrões, um à sua direita e outro à sua esquerda.
28 ဤသို့ဖြင့် သူသည် ရာဇဝတ်သားတို့နှင့်အတူ စာရင်းသွင်းခြင်းခံရ၏ဟူသော ကျမ်းချက်သည်လည်း ပြည့်စုံခြင်းသို့ရောက် လေ၏။-
28 [E cumpriu-se a Escritura que diz: “Com malfeitores foi contado.” ]
29 လမ်းပေါ်တွင်ဖြတ်သွားသောသူတို့ကလည်း မိမိတို့၏ဦး ခေါင်းများကိုခါယမ်းကြလျက် ကဲ့ရဲ့ပြောဆိုကြသည်ကား ကြည့်လော့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း တည်ဆောက်မည့်သူ၊-
29 Os que iam passando blasfemavam contra ele, balançando a cabeça e dizendo: — Ah! Você que destrói o santuário e em três dias o reedifica!
30 ယခု သင့်ကိုယ်သင်ကယ်တင် ၍ လက်ဝါးကပ်တိုင်မှဆင်းလာပါလော့ဟု ဆိုကြ၏။-
30 Salve a si mesmo, descendo da cruz!
31 ထိုနည်းတူပင် ရဟန်းအကြီးအကဲများ နှင့် ကျမ်းတတ် ဆရာတို့သည်လည်း ကိုယ်တော်အား ပြက်ရယ်ပြုကြ၍ အချင်းချင်း ပြောဆိုကြသည်ကား ဤသူသည် အခြားသူ များကိုကယ်တင်ခဲ့ပြီး မိမိကိုယ်ကိုမူ မကယ်တင်နိုင်ပါ တကား။-
31 De igual modo, os principais sacerdotes com os escribas, zombando, diziam entre si: — Salvou os outros, a si mesmo não pode salvar.
32 ငါတို့မြင်ရ၍ ယုံကြည်စေခြင်းငှာ အစ္စရာအဲလ် လူမျိုး၏ဘုရင် ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်မှ ယခုဆင်းလာ ပါစေဟု ပြောဆိုကြ၏။ ကိုယ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တင်ခံရသောသူတို့သည်လည်း ကိုယ်တော်အား ကဲ့ရဲ့ ပြစ်တင်ကြ ၏။
32 Que o Cristo, o rei de Israel, desça agora da cruz para que vejamos e creiamos. Também os que com ele foram crucificados o insultavam.
33 မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေ တစ်ပြင်လုံး၌ မှောင်အတိကျလေ၏။-
33 Chegado o meio-dia, houve trevas sobre toda a terra até as três horas da tarde.
34 ထို့နောက် သုံးနာရီအချိန်တွင် ယေဇူးသည် ကျယ်လောင်သောအသံဖြင့် ဧလိ၊ ဧလိ၊ လာမားဆဘတ္တာနီဟု အော်ဟစ်တော် မူ၏။ အဓိပ္ပာယ်မှာ ကျွန်ုပ်၏ဘုရား၊ ကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်ထားတော်မူပါသနည်းဟုဆိုလိုသတည်း။-
34 E às três horas, Jesus clamou em alta voz:
35 အနားတွင်ရပ်နေကြသောသူအချို့က ဤစကားကိုကြားသောအခါ ကြည့်လော့၊ သူသည် ဧလိယ ကိုခေါ်နေသည်ဟုဆိုကြလေ၏။-
35 E alguns dos que estavam ali, ouvindo isto, diziam: — Vejam! Ele chama por Elias!
36 ထို့နောက် သူတို့တွင် တစ်ဦးသည် ပြေးသွား၍ ရေစုပ်နိုင်သောရေမြှုပ်ကို ပုံးရည် တွင်နှစ်ပြီးမှ ကျူရိုး၌တပ်ကာ ကိုယ်တော်အား သောက်ရန်ပေးလျက် ခေတ္တစောင့်ကြည့်ကြစို့၊ သူ့ကိုအောက်သို့ ချအံ့သောငှာ ဧလိယလာမည်၊ မလာမည် ကိုကြည့်ကြစို့ ဟုဆိုလေ၏။-
36 E um deles correu para embeber uma esponja em vinagre e, colocando-a na ponta de um caniço, deu-lhe de beber, dizendo: — Esperem! Vejamos se Elias vem tirá-lo!
37 ထိုအခါ ယေဇူးသည် ကျယ်လောင်သော အသံဖြင့် အော်ဟစ်လျက် အသက်တော်ကိုစွန့်တော်မူ ၏။-
37 Mas Jesus, dando um forte grito, expirou.
38 ထိုအချိန်တွင် ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင်စုတ်၍ နှစ်ပိုင်းကွဲ သွားလေ၏။-
38 E o véu do santuário se rasgou em duas partes, de alto a baixo.
39 ကိုယ်တော်၏ရှေ့တွင်ရပ်နေသော လူတစ်ရာတပ်မှူးသည်လည်း ဤသို့ကိုယ်တော်အသက် တော်ထွက်သွားသည် ကိုမြင်သောအခါ အမှန်စင်စစ် ဤသူသည် ဘုရား၏သားတော်ဖြစ်သည်ဟု ဆိုလေ၏။
39 O centurião que estava em frente de Jesus, vendo que assim havia expirado, disse: — Verdadeiramente este homem era o Filho de Deus.
40 အချို့သောအမျိုးသမီးများသည်လည်း အဝေးမှရပ်လျက် ကြည့်နေကြ၏။ ထိုသူတို့တွင် မာရိယာမာဒလေးနာ၊ ယာကုပ် အငယ်နှင့် ဂျိုးဇက်တို့၏အမိဖြစ်သူ မာရိယာ နှင့် ဆာလို့မေတို့ပါဝင်ကြ၏။-
40 Estavam também ali algumas mulheres, observando de longe. Entre elas estavam Maria Madalena, Maria, mãe de Tiago, o Menor, e de José, e ainda Salomé.
41 ထိုအမျိုးသမီးတို့သည် ဂါလေလေးယနယ်တွင် ကိုယ်တော်ရှိတော်မူခဲ့စဉ်က နောက်တော်မှလိုက်၍ လုပ်ကျွေးခြင်းအမှုကို ပြုခဲ့ကြ သောသူများဖြစ်ကြ၏။ ထို့ပြင် ကိုယ်တော်နှင့်အတူ ဂျေရု ဆလင်မြို့သို့လိုက်ပါလာကြသော အခြားအမျိုးသမီးများ လည်း ထိုနေရာတွင် ရှိကြ၏။
41 Quando Jesus estava na Galileia, essas mulheres o acompanhavam e serviam. E, além destas, havia muitas outras que tinham ido com ele para Jerusalém.
42 ထိုနေ့သည်ကား ဥပုသ်နေ့အတွက် ကြိုတင်ပြင် ဆင်ရသောအဖိတ်နေ့ဖြစ်သဖြင့် ညနေအချိန်ရောက် သောအခါ၊-
42 Ao cair da tarde, por ser o dia da preparação, isto é, a véspera do sábado,
43 လူသူလေးစားခံရသောလွှတ်တော်အရာရှိ တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေ သောသူလည်း ဖြစ်သည့် အာရီမာတေးယမြို့သား ဂျိုးဇက်သည် ပီလတုမင်းထံတော်သို့ ရဲဝံ့စွာဝင်ပြီးလျှင် ယေဇူး၏ အလောင်းတော်ကို တောင်းလေ၏။-
43 José de Arimateia, ilustre membro do Sinédrio, que também esperava o Reino de Deus, dirigiu-se ousadamente a Pilatos e pediu o corpo de Jesus.
44 ပီလာတုမင်းသည် ကိုယ်တော်အသက်ထွက်တော်မူကြောင်းကိုကြားလျှင် အံ့အားသင့်၍ လူတစ်ရာတပ်မှူးကိုခေါ်လျက် ကိုယ်တော် အသက်ထွက်တော်မူသည့်အကြောင်းကို မေးမြန်းလေ၏။-
44 Mas Pilatos admirou-se de que ele já tivesse morrido. E, tendo chamado o centurião, perguntou-lhe se havia muito que Jesus tinha morrido.
45 သူသည် ကိုယ်တော်အသက်ထွက်တော်မူကြောင်း ကို လူတစ်ရာတပ်မှူးထံမှသိရလျှင် အလောင်းတော်ကို ဂျိုးဇက်အား ပေးလေ၏။-
45 Após certificar-se, pela informação do comandante, cedeu o corpo a José.
46 ဂျိုးဇက်သည်လည်း ပိတ်ချောကိုဝယ်၍ အလောင်းတော်ကို အောက်သို့ချပြီးလျှင် ပိတ်အဝတ်နှင့်ရစ်ပတ်ကာ ကျောက်ဆောင်တွင်ထွင်းထား သောသခင်္ျိုင်းဂူအသစ်၌ ကိုယ်တော့်ကို သွင်းထားလေ၏။ ထို့နောက် သူသည် သခင်္ျိုင်းဂူအဝ၌လည်း ကျောက်တုံးကြီးတစ်တုံးကို လှိမ့်၍ပိတ်ထားလေ၏။-
46 Este, baixando o corpo da cruz, envolveu-o num lençol que tinha comprado e o depositou num túmulo que tinha sido aberto numa rocha; e rolou uma pedra para a entrada do túmulo.
47 မာရိယာ မာဒလေးနာနှင့် ဂျိုးဇက်၏အမိ မာရိယာတို့သည်လည်း အလောင်းတော်အား သင်္ဂြိုဟ်သည့်နေရာကို တွေ့ မြင် ကြ၏။
47 Maria Madalena e Maria, mãe de José, observaram onde ele foi posto.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Marcos 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.