Marcos 12

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတို့ဖြင့် စတင်ဟောပြောတော်မူ၏။ ကိုယ်တော်က လူတစ်ဦးသည် စပျစ်ဥယျာဉ်တစ်ခြံကိုစိုက်ပျိုး၍ ခြံဝင်းကာပြီးလျှင် စပျစ်သီးနယ်ရန် ကျင်းကိုတူးလေ၏။ သူသည် မျှော်စင်ကိုလည်း ဆောက်ထားပြီး သီးစားလုပ်သူ တို့အား စပျစ်ခြံကို ငှားရမ်းထားခဲ့၍ ရပ်ဝေးသို့ခရီးထွက် သွားလေ၏။-
1 E começou a falar-lhes por parábolas: Um homem plantou uma vinha, e cercou-
2 အချိန်တန်သောအခါ သူသည် သီးစားချ ထားသောသူတို့ထံမှ မိမိရပိုင်သောစပျစ်သီးတချို့ရယူ ရန် အစေခံတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်၏။-
2 E, chegado o tempo, mandou um servo aos lavradores para que recebesse, dos lavradores, do fruto da vinha.
3 ထိုအခါ သူတို့သည် အစေခံကိုဖမ်းဆီး၍ ရိုက်နှက်ကြပြီး သူ့ အား လက်ချည်းပြန်လွှတ်လိုက်ကြ၏။-
3 Mas estes, apoderando-se dele,
4 တစ်ဖန် ဥယျာဉ်ရှင်သည် အခြားသောအစေခံတစ်ယောက်ကို သူတို့ထံ သို့ စေလွှတ်ပြန်လျှင် သူတို့သည် သူ့အား ဦးခေါင်းတွင် ဒဏ်ရာရစေပြီး အရှက်ရအောင်ပြုမူကြ၏။-
4 E tornou a enviar-lhes outro servo; e eles, apedrejando-o,
5 စပျစ်ဥယျာဉ် ရှင်သည်လည်း အခြားအစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် သူတို့သည် သူ့ကိုသတ်ပစ်ကြ၏။ ထို့နောက် အခြားသောအစေခံများစွာတို့ကို စေလွှတ်သောအခါ သူတို့သည် အချို့ကိုရိုက်နှက်၍ အချို့ကို သတ်ပစ်ကြ၏။-
5 E tornou a enviar-lhes outro, e a este mataram; e a outros muitos, dos quais a uns feriram e a outros mataram.
6 စပျစ်ဥယျာဉ်ပိုင်ရှင်၌ စေလွှတ်ရန် သူချစ်သောသားတစ်ဦး တည်းသာကျန်၏။ နောက်ဆုံး၌မူ သူက ထိုသူတို့သည် ငါ့သားကို လေးစားကြပေလိမ့်မည်ဟုဆိုလျက် မိမိသား ကိုသူတို့ထံသို့စေလွှတ်လေ၏။-
6 Tendo ele, pois, ainda um, seu filho amado, enviou-o também a estes por derradeiro, dizendo: Ao menos terão respeito ao meu filho.
7 သို့သော် သီးစားလုပ် သူတို့က ဤသူသည် အမွေခံသားဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြစို့။ ထိုအခါ သူ၏အမွေကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းပြောဆိုကြ၏။-
7 Mas aqueles lavradores disseram entre si: Este é o herdeiro; vamos, matemo-lo, e a herança será nossa.
8 ထို့နောက် သူတို့သည် သူ့ကိုဖမ်း၍ သတ်ကြပြီးလျှင် စပျစ်ဥယျာဉ်အပြင်၌ ပစ်ထားကြလေ၏။-
8 E, agarrando-o,
9 သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ရှင်သည် မည်သို့ပြု လိမ့်မည်နည်း။ သူသည် လာ၍ ထိုသူတို့ကို သုတ်သင် ရှင်းလင်းပြီးနောက် စပျစ်ဥယျာဉ်ကို အခြားသောသူတို့ အား ပေးလိမ့်မည်သာဖြစ်၏။
9 Que fará, pois, o Senhor da vinha? Virá, e destruirá os lavradores, e dará a vinha a outros.
10 ဤကျမ်းချက်ကို သင်တို့မဖတ်ဖူးကြသလော။ တိုက်ကိုဆောက်သောသူတို့ပယ်ထားသောကျောက်သည် ထောင့်ချုပ် ကျောက်ဖြစ်လာလေပြီ။-
10 Ainda não lestes esta Escritura: A pedra que os edificadores rejeitaram, esta foi posta por cabeça da esquina;
11 ဤအမှုအရာသည် ဘုရားသခင်ပြုတော်မူသောအမှုအရာဖြစ်၍ ငါတို့မျက်စိ ရှေ့ ၌ အံ့ဩဖွယ်ရာဖြစ်လေပြီဟု မိန့်တော်မူ၏။
11 isso foi feito pelo Senhor e é coisa maravilhosa aos nossos olhos?
12 ဤပုံဥပမာအားဖြင့် ကိုယ်တော်သည် သူတို့ကို ရညွှန်းပြောဆိုတော်မူကြောင်းသိကြသဖြင့် သူတို့သည် ကိုယ်တော့်ကို ဖမ်းဆီးရန် ကြိုးပမ်းကြ၏။ သို့သော် သူတို့သည် လူအစုအဝေးတို့ကို ကြောက်ရွံ့ ကြသောကြောင့် ကိုယ်တော့်ကိုထားခဲ့၍ ထွက်ခွာသွားကြ၏။
12 E buscavam prendê-lo, mas temiam a multidão, porque entendiam que contra eles dizia esta parábola; e, deixando-o, foram-se.
13 ထို့နောက် သူတို့သည် ကိုယ်တော်၏စကားအပေါ်တွင် အပြစ်ရှာခြင်းငှာ ဖာရီဇေးဦးများနှင့် ဟေရုဒ်၏ဘက် တော်သား များထဲမှ အချို့ကို ကိုယ်တော့်ထံသို့ စေလွှတ် လိုက်ကြ၏။-
13 E enviaram-lhe alguns dos fariseus e dos herodianos, para que o apanhassem em alguma palavra.
14 ထိုသူတို့သည်လည်း ကိုယ်တော့်ထံတော် သို့လာကြ၍ ဆရာသခင်၊ အရှင်သည် ဖြောင့်မတ်သော သူဖြစ်၍ မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်းမရှိကြောင်း ကျွန်ုပ်တို့သိကြပါ၏။ အကြောင်းမူကား အရှင်သည်လူတို့၏ မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းတော် ကို မှန်ကန်စွာသွန်သင်တော်မူသောကြောင့် ဖြစ်ပါ၏။ ဆီ ဇာဘုရင်အား အခွန်ဆက်သအပ်သလော၊ မဆက်သ အပ်သလော။-
14 E, chegando eles, disseram-lhe: Mestre, sabemos que és homem de verdade e não te importas com quem quer que seja, porque não olhas a aparência dos homens, antes, com verdade, ensinas o caminho de Deus. É lícito pagar tributo a César ou não? Pagaremos ou não pagaremos?
15 အကျွန်ုပ်တို့သည် အခွန်ပေးသင့်သလော၊ မပေးသင့်သလောဟု ကိုယ်တော့်ကို မေးမြန်းကြ၏။ သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကို သိတော်မူသဖြင့် အဘယ်ကြောင့် ငါ့ကို စမ်းသပ်လိုကြသနည်း။ ငွေဒင်္ဂါးတစ်ပြားကို ငါ့ထံသို့ယူခဲ့ကြလော့။ ယင်းကို ငါကြည့်ဦးမည်ဟု သူတို့ အားမိန့်တော်မူ၏။-
15 Então, ele, conhecendo a sua hipocrisia, disse-lhes: Por que me tentais? Trazei-me
16 သူတို့သည်လည်း ငွေဒင်္ဂါးတစ်ပြားကို ယူလာကြ၏။ ထိုအခါ ကိုယ်တော်က ဤပုံနှင့် ကမ္ပည်းလိပ်စာသည် မည်သူ၏ပုံနှင့် မည်သူ၏ ကမ္ပည်းလိပ်စာဖြစ်သနည်းဟု သူတို့အား မေးတော်မူ၏။ သူတို့ကလည်း ဆီဇာ၏ပုံနှင့်သူ၏ကမ္ပည်းလိပ်စာဖြစ်ပါ သည်ဟုဆိုကြ၏။-
16 E eles lha trouxeram. E disse-lhes: De quem é esta imagem e inscrição? E eles lhe disseram: De César.
17 ထိုအခါ ယေဇူးက ဤသို့ဆိုလျှင် ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားပေး၍ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အား ပေးကြလော့ဟု သူတို့အား မိန့် တော်မူ၏။ သူတို့သည်လည်း ကိုယ်တော့်ကို လွန်စွာအံ့ ဩကြလေ၏။
17 E Jesus, respondendo, disse-lhes: Dai, E maravilharam-se dele.
18 ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုဆိုကြသော ဇာဒူခေးဦးအချို့သည် ကိုယ်တော့်ထံတော်သို့လာကြ၍ မေးလျှောက် ကြသည်မှာ၊-
18 Então, os saduceus, que dizem que não há ressurreição, aproximaram-se dele e perguntaram-lhe, dizendo:
19 ဆရာသခင်၊ လူတစ်ယောက် ၏အစ်ကိုသည် သားသမီးမထွန်းကားဘဲလျက် သေဆုံး၍ မယားကျန်ရစ်လျှင် အစ်ကိုဖြစ် သူ၏မျိုးဆက်ပွားများစေရန် ညီဖြစ်သူသည် ကျန်ရစ်သောမယားကိုယူစေဟု မိုးဇက်က အကျွန်ုပ်တို့အတွက် စီရင်ထားခဲ့ ပါသည်။-
19 Mestre, Moisés nos escreveu que, se morresse o irmão de alguém, e deixasse mulher, e não deixasse filhos, seu irmão tomasse a mulher dele e suscitasse descendência a seu irmão.
20 တစ်ခါက ညီအစ်ကိုခုနစ်ယောက်ရှိခဲ့ပါသည်။ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ကျပြီး သားသမီးမထွန်းကားဘဲ သေဆုံး သွားခဲ့ပါသည်။-
20 Ora, havia sete irmãos, e o primeiro tomou mulher e morreu sem deixar descendência;
21 ထိုအခါ ဒုတိယအစ်ကိုသည် ကျန်ရစ်သောမယားကိုယူပြီးမှ သူသည်လည်း သားသမီး မရဘဲ သေဆုံးခဲ့ပါသည်။ တတိယ အစ်ကိုသည်လည်း ထိုနည်းတူပြုပါ၏။-
21 e o segundo também a tomou, e morreu, e nem este deixou descendência; e o terceiro, da mesma maneira.
22 ဘ ဤသို့ဖြင့် ညီအစ်ကိုခုနစ်ယောက်စလုံးသည် သူမနှင့်ပေါင်းဖက်၍ သားသမီးမထွန်းကားဘဲ သေဆုံးခဲ့ကြပါသည်။ နောက်ဆုံး၌ မိန်းမသည်လည်း သေဆုံးခဲ့ပါသည်။-
22 E tomaram-na os sete, sem, contudo, terem deixado descendência. Finalmente, depois de todos, morreu também a mulher.
23 သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာနေ့၌ သူမသည် မည်သူ၏မယားဖြစ်မည်နည်း။ အကြောင်း မူကား ထိုသူခုနစ်ယောက်သည် သူမကို မယားအဖြစ် ပေါင်းဖက်ခဲ့ကြလေပြီဟု ဆိုကြ၏။
23 Na ressurreição, pois, quando ressuscitarem, de qual destes será a mulher? Porque os sete a tiveram por mulher.
24 ယေဇူးက သင်တို့သည် ကျမ်းစာတော်မြတ်ကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်း မသိ ကြသောကြောင့် အယူအဆလွဲမှားနေကြသည်မဟုတ်လော။-
24 E Jesus, respondendo, disse-lhes: Porventura, não errais vós em razão de não saberdes as Escrituras nem o poder de Deus?
25 အကြောင်းမူကား သူတို့သည် သေရာမှရှင်ပြန် ထမြောက်ကြသောအခါ ထိမ်းမြားခြင်းလည်းမပြု၊ ပေးစားခြင်းလည်း မခံကြရဘဲ ကောင်းကင်ဘုံ၌ရှိသောကောင်း ကင်တမန်တော်များကဲ့သို့ဖြစ်ကြလိမ့်မည်။-
25 Porquanto, quando ressuscitarem dos mortos, nem casarão, nem se darão em casamento, mas serão como os anjos nos céus.
26 သေလွန် သူတို့ရှင်ပြန်ထမြောက်မည့်အကြောင်းနှင့်ပတ်သက်၍ မိုးဇက်၏ကျမ်း၌ မီးတောက်လောင်လျက်ရှိသောချုံပုတ် အကြောင်းကို ရေးထားသောကျမ်းပိုဒ်တွင် ဘုရားသခင် က ငါသည် အာဘရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာ ကုပ်၏ဘုရား ဖြစ်သည်ဟု မိုးဇက်အား မိန့်တော်မူသည် ကို သင်တို့မဖတ်ဖူးကြသလော။-
26 E, acerca dos mortos que houverem de ressuscitar, não tendes lido no livro de Moisés como Deus lhe falou na sarça, dizendo: Eu o Deus de Abraão, e o Deus de Isaque, e o Deus de Jacó?
27 ကိုယ်တော်သည် သေသောသူတို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူ တို့၏ဘုရားဖြစ်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် အလွန် ပင်လွဲမှားနေကြလေပြီဟု မိန့်တော်မူ၏။
27 Ora, Deus não é de mortos, mas sim é Deus de vivos. Por isso, vós errais muito.
28 ကျမ်းတတ်ဆရာတစ်ဦးသည် ရောက်လာ၍ ထိုသူတို့နှင့် ကိုယ်တော်ဆွေးနွေးငြင်းခုံနေကြသည်ကို ကြားပြီး ကိုယ်တော် သည် ထိုသူတို့အား ကောင်းစွာဖြေ ကြားနိုင်သည်ကိုမြင်သဖြင့် ကိုယ်တော်အား ပညတ်တော်အားလုံးတွင် မည်သည့်ပညတ် သည် အကြီးမြတ် ဆုံးဖြစ်ပါသနည်းဟု မေးလျှောက်လေ၏။-
28 Aproximou-se dele um dos escribas que os tinha ouvido disputar e, sabendo que lhes tinha respondido bem, perguntou-lhe: Qual é o primeiro de todos os mandamentos?
29 ယေဇူးက လည်း အကြီးမြတ်ဆုံးသောပညတ်တော်သည်ကား အိုအစ္စရာအဲလ်လူမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရား ဖြစ်သောထာ၀ရဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်တော်မူ၏။-
29 E Jesus respondeu-lhe: O primeiro de todos os mandamentos Israel, o Senhor, nosso Deus, é o único Senhor.
30 သင်၏အရှင် ဘုရားသခင်ကို သင်၏နှလုံးအကြွင်း မဲ့ စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှ၊ ခွန်အားရှိသမျှ ချစ်လော့။-
30 Amarás, pois, ao Senhor, teu Deus, de todo o teu coração, e de toda a tua alma, e de todo o teu entendimento, e de todas as tuas forças; este
31 ဒုတိယပညတ်သည်ကား ဤသို့လာ၏။ သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ် သကဲ့သို့ ချစ်လော့။ ဤပညတ်တို့ ထက်သာ၍ ကြီးမြတ် သောပညတ်မရှိဟူ၍ သူ့အား ဖြေကြားတော်မူ၏။-
31 E o segundo, semelhante a este, Amarás o teu próximo como a ti mesmo. Não há outro mandamento maior do que estes.
32 ထိုအခါ ကျမ်းတတ်ဆရာက မှန်ပါ၏ဆရာသခင်၊ ဟုတ်မှန် သည့်အတိုင်း ကိုယ်တော်မိန့်တော်မူပါ၏။ ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူ၍ ထာ၀ရဘုရားသခင်မှတစ်ပါး အခြားသောဘုရားမရှိပေ။-
32 E o escriba lhe disse: Muito bem, Mestre, e com verdade disseste que há um só Deus e que não há outro além dele;
33 ကိုယ်တော့်ကို နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ခြင်း နှင့် မိမိနှင့်နီးစပ်သောသူကို မိမိကိုယ်ကိုချစ်သကဲ့ သို့ချစ် ခြင်းသည် မီးရှို့ပူဇော်သောယဇ်ကောင်များနှင့် ယဇ်ပူဇော် ခြင်းအပေါင်းတို့ထက် ပို၍မြတ်ပါသည်ဟု ကိုယ်တော် အား လျှောက်လေ၏။-
33 e que amá-lo de todo o coração, e de todo o entendimento, e de toda a alma, e de todas as forças e amar o próximo como a si mesmo é mais do que todos os holocaustos e sacrifícios.
34 ဤသူသည် ပညာသတိနှင့် ဖြေကြားသည်ကို ယေဇူးမြင်တော်မူသောအခါ သင်သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဝေး လှသည်မဟုတ်ဟု သူ့ အား မိန့်တော်မူ၏။ ထို့နောက် မည်သူမျှ ကိုယ်တော့်ကို မေးခွန်းမမေးဝံ့တော့ချေ။
34 E Jesus, vendo que havia respondido sabiamente, disse-lhe: Não estás longe do Reino de Deus. E já ninguém ousava perguntar-lhe mais nada.
35 ယေဇူးသည်လည်း ဗိမာန်တော်၌ သွန်သင်နေစဉ် သူတို့အား မိန့်တော်မူသည်ကား ခရစ်တော်သည် ဒါဝိဒ် ၏သားတော်ဟု ကျမ်းတတ်ဆရာများက မည်ကဲ့သို့ဆို နိုင်ကြသနည်း။-
35 E, falando Jesus, dizia, ensinando no templo: Como dizem os escribas que o Cristo é Filho de Davi?
36 ဒါဝိဒ်ကိုယ်တိုင် ဝိညာဉ်တော်မြတ်၏နှိုး ဆော်ခြင်းခံရလျက် ဝန်ခံသည်ကား ထာ၀ရဘုရားသခင်က ငါ၏သခင်အား မိန့်တော်မူသည်မှာ သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ ဟူ၍ဖြစ်၏။-
36 O próprio Davi disse pelo Espírito Santo: O Senhor disse ao meu Senhor: Assenta-te à minha direita, até que eu ponha os teus inimigos por escabelo dos teus pés.
37 ဒါဝိဒ် ကိုယ်တိုင်က ခရစ်တော်ကို သခင်ဟုခေါ်လျှင် ခရစ်တော် သည် မည်ကဲ့သို့ သူ၏သားတော်ဖြစ်မည်နည်းဟု မေး တော်မူ၏။ များစွာသောလူအစုအဝေးတို့သည်လည်း ကိုယ်တော်၏စကားကို ဝမ်းသာအားရကြားနာကြ၏။
37 Pois, E a grande multidão o ouvia de boa vontade.
38 ကိုယ်တော်သည် သွန်သင်ရာ၌ မိန့်တော်မူသည်ကား ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည် များကိုဝတ်ဆင်လျက် သွားလာလိုကြ၍ ဈေးလယ်တွင် နှုတ်ဆက်ခံရခြင်းကို နှစ်သက်ကြ၏။-
38 E, ensinando-os, dizia-lhes: Guardai-vos dos escribas, que gostam de andar com vestes compridas, e das saudações nas praças,
39 သူတို့သည် တရားဇရပ်များတွင် အကောင်းဆုံးသော ထိုင်ခုံနေရာများနှင့် ပွဲအခမ်းအနားတွင် ဂုဏ်ရှိသောနေရာ များကို နှစ်သက်ကြ၏။-
39 e das primeiras cadeiras nas sinagogas, e dos primeiros assentos nas ceias;
40 သို့သော် သူတို့သည် မုဆိုးမတို့ ၏အိုးအိမ်ပစ္စည်းများကို မတရားသိမ်းယူတတ်ကြပြီး လူ မြင်ကောင်းစေခြင်းငှာ ရှည်လျား စွာ ဆုတောင်းပတ္ထနာပြု တတ်ကြ၏။ ထိုသူတို့သည် ပို၍ကြီးလေးသောအပြစ် ဒဏ်ကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။
40 que devoram as casas das viúvas e
41 ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်အလှူခံ သေတ္တာကိုမျက်နှာမူ၍ ထိုင်လျက် များစွာသောလူတို့သည် အလှူခံ သေတ္တာထဲသို့ အလှူငွေများထည့်ကြသည် ကိုကြည့်ရှုတော်မူ၏။ ချမ်းသာကြွယ်၀သောသူများစွာတို့သည် ငွေအမြောက် အမြားထည့်ဝင်ကြ၏။-
41 E, estando Jesus assentado defronte da arca do tesouro, observava a maneira como a multidão lançava o dinheiro na arca do tesouro; e muitos ricos depositavam muito.
42 ဆင်းရဲ သောမုဆိုးမတစ်ယောက်သည်လည်း လာ၍ တစ်ပဲနှင့်ညီမျှသောကြေးနီပြားနှစ်ပြားကို ထည့်လေ၏။-
42 Vindo, porém, uma pobre viúva, depositou duas pequenas moedas, que valiam cinco réis.
43 ထိုအခါ ကိုယ်တော်သည် မိမိ၏တပည့်တော်တို့ကို အထံတော် သို့ခေါ် ပြီးလျှင် သူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါအမှန်ဆိုသည်ကား အလှူခံသေတ္တာထဲ၌ ထည့်ဝင်ကြသောသူအားလုံးထက် ဤဆင်းရဲသူမုဆိုးမသည် ပို၍ထည့်ဝင်ခဲ့၏။-
43 E, chamando os seus discípulos, disse-lhes: Em verdade vos digo que esta pobre viúva depositou mais do que todos os que depositaram na arca do tesouro;
44 ဘအကြောင်းမူကား ထိုသူအားလုံးတို့ သည် မိမိတို့၏ပိုလျှံသောငွေထဲမှ အလှူငွေကို ထည့်ကြ၏။ သူမမူကား အလွန် ဆင်းရဲလျက်ပင် မိမိ၏ဝမ်းစာ အတွက် ရှိသမျှကို ထည့်ဝင်လေပြီဟု မိန့်တော်မူ၏။
44 porque todos que tinha, todo o seu sustento.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Marcos 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.