Lucas 8
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ထို့နောက် ကိုယ်တော်သည် မြို့ ရွာများသို့ လှည့်လည်တော်မူ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောသွန်သင်တော်မူ၏။ တပည့်တော်တစ်ဆယ့်နှစ်ပါးတို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါကြ၏။-
1 E aconteceu, depois disto, que andava de cidade em cidade, e de aldeia em aldeia, pregando e anunciando o evangelho do reino de Deus; e os doze iam com ele,
2 နတ်ဆိုးပူးခြင်းနှင့် အနာရောဂါများမှ ပျောက်ကင်းချမ်းသာရာရခဲ့သောအမျိုးသမီးအချို့တို့သည်လည်း လိုက်ပါလာကြ၏။ သူတို့သည်ကား နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဒလေးနာခေါ် မာရိယာ၊-
2 E algumas mulheres que haviam sido curadas de espíritos malignos e de enfermidades: Maria, chamada Madalena, da qual saíram sete demônios;
3 ဟေရုဒ်၏ဘဏ္ဍာစိုးဖြစ်သော ခုဇာ၏ဇနီး ဂျိုအန္နာ၊ ဇူဇားနာနှင့် အခြားသူများဖြစ်ပြီး ၎င်းတို့သည် မိမိတို့ ပိုင်ဆိုင်သမျှသော ဥစ္စာပစ္စည်းများဖြင့် ကိုယ်တော်နှင့် တပည့်တော်တို့အား အလုပ်အကျွေးပြုကြ၏။
3 E Joana, mulher de Cuza, procurador de Herodes, e Suzana, e muitas outras que o serviam com seus bens.
4 များစွာသောလူအစုအဝေးတို့သည် စုဝေးလာကြပြီး မြို့ရွာအသီးသီးတို့မှလူတို့သည် အထံတော်သို့လာကြသောအခါ ကိုယ်တော်သည် ပုံဥပမာဖြင့် မိန့်တော်မူသည်ကား၊-
4 E, ajuntando-se uma grande multidão, e vindo de todas as cidades ter com ele, disse por parábola:
5 မျိုးစေ့ကြဲသောသူတစ်ဦးသည် မိမိမျိုးစေ့ကိုကြဲရန် ထွက်သွားလေ၏။ သူသည် မျိုးစေ့ကြဲသောအခါ အချို့သော မျိုးစေ့တို့သည် လမ်းပေါ်၌ကျသဖြင့် ခြေဖြင့်နင်းခြေခြင်းခံကြရပြီး ကောင်းကင်ငှက်တို့သည် ၎င်းတို့ကို လာစားကြ၏။-
5 Um semeador saiu a semear a sua semente e, quando semeava, caiu alguma junto do caminho, e foi pisada, e as aves do céu a comeram;
6 အချို့မျိုးစေ့တို့သည်လည်း ကျောက်ဆောင်ပေါ်၌ကျသဖြင့် အပင်ပေါက်လာပြီးနောက် အစိုဓာတ် ကင်းမဲ့သဖြင့် ညှိုးခြောက် သွားကြလေ၏။-
6 E outra caiu sobre pedra e, nascida, secou-se, pois que não tinha umidade;
7 အချို့မျိုးစေ့တို့သည် ဆူးပင်တို့အလယ်တွင် ကျ၍ ဆူးပင်တို့သည် အတူကြီးထွားသောကြောင့် ၎င်းတို့ကို လွှမ်းမိုးကြ၏။-
7 E outra caiu entre espinhos e crescendo com ela os espinhos, a sufocaram;
8 အချို့သောမျိုးစေ့တို့သည်ကား ကောင်းသောမြေပေါ်တွင် ကျသဖြင့် ကြီးထွားပြီးလျှင် အသီးအဆတစ်ရာ သီးကြလေ၏။ ကိုယ်တော်သည် ဤသို့မိန့်တော်မူပြီးမှ ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု ကြွေးကြော်တော်မူ၏။
8 E outra caiu em boa terra, e, nascida, produziu fruto, a cento por um. Dizendo ele estas coisas, clamava: Quem tem ouvidos para ouvir, ouça.
9 ထို့နောက် တပည့်တော်တို့သည် ဤပုံဥပမာ၏ အဓိပ္ပာယ်ကို ကိုယ်တော်အား မေးလျှောက်ကြသောအခါ၊-
9 E os seus discípulos o interrogaram, dizendo: Que parábola é esta?
10 ကိုယ်တော်က သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသော အကြောင်းအရာကို သိခွင့်ရကြ၏။ အခြား သူတို့မူကား မြင်လျက်နှင့် မတွေ့နိုင်စေရန်၊ ကြားလျက်နှင့် နားမလည်နိုင်ကြစေရန် သူတို့ကို ပုံဥပမာဖြင့် ဟောပြောရခြင်း ဖြစ်၏။
10 E ele disse: A vós vos é dado conhecer os mistérios do reino de Deus, mas aos outros por parábolas, para que vendo, não vejam, e ouvindo, não entendam.
11 ပုံဥပမာ၏ အနက်အဓိပ္ပာယ်သည်ကား ဤသို့ဖြစ်၏။ မျိုးစေ့သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားဖြစ်၏။-
11 Esta é, pois, a parábola: A semente é a palavra de Deus;
12 လမ်းပေါ်၌ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာခဲ့ကြသူများဖြစ်၏။ ထို့နောက် ထိုသူတို့ ယုံကြည်၍ ကယ်တင်ခြင်းမခံရအောင် နတ်ဆိုးသည်လာ၍ သူတို့၏စိတ်နှလုံးထဲမှ နှုတ်တော်ထွက်စကားကို နုတ်ယူသွား လေ၏။-
12 E os que estão junto do caminho, estes são os que ouvem; depois vem o diabo, e tira-lhes do coração a palavra, para que não se salvem, crendo;
13 ကျောက်ဆောင်ပေါ်၌ ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာရလျှင် ဝမ်းမြောက်ဝမ်းသာ လက်ခံကြသော်လည်း အမြစ်မတွယ်နိုင်သောကြောင့် ခေတ္တခဏသာ ယုံကြည်သဖြင့် နှောင့်ယှက်ခြင်းခံရသောအခါ တရား တော်ကို စွန့်ခွာသွားသောသူတို့ကိုဆိုလို၏။-
13 E os que estão sobre pedra, estes são os que, ouvindo a palavra, a recebem com alegria, mas, como não têm raiz, apenas crêem por algum tempo, e no tempo da tentação se desviam;
14 တစ်ဖန် ဆူးပင်တို့အလယ်တွင် ကျရောက်သောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာရသော်လည်း မိမိတို့ဘ၀တွင် လောကီရေးရာတို့၌ စိုးရိမ်ကြောင့်ကြခြင်း၊ ချမ်းသာကြွယ်၀ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့က လွှမ်းမိုး သောကြောင့် အသီးမသီးနိုင်သော သူတို့ကို ဆိုလို၏။-
14 E a que caiu entre espinhos, esses são os que ouviram e, indo pordiante, são sufocados com os cuidados e riquezas e deleites da vida, e não dão fruto com perfeição;
15 ကောင်းသောမြေပေါ်၌ ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကိုကြားနာ၍ ဖြောင့်မတ်စင်ကြယ်သော နှလုံးဖြင့် စွဲမြဲစွာခံယူသောကြောင့် အဆုံးတိုင်အောင် တည်တံ့လျက် အသီးသီးသောသူများကို ဆိုလိုခြင်းဖြစ်၏။
15 E a que caiu em boa terra, esses são os que, ouvindo a palavra, a conservam num coração honesto e bom, e dão fruto com perseverança.
16 ထို့ပြင် မည်သူမျှ ဆီမီးကိုထွန်း၍ တောင်းဖြင့်အုပ်ထားလေ့မရှိ။ အိပ်ရာအောက်တွင်လည်း ထားလေ့မရှိ။ ဝင်လာသော သူတို့သည် အလင်းကိုမြင်နိုင်စေရန် ဆီမီးကို မီးခုံပေါ်၌တင်ထားလေ့ရှိကြ၏။-
16 E ninguém, acendendo uma candeia, a cobre com algum vaso, ou a põe debaixo da cama; mas põe-na no velador, para que os que entram vejam a luz.
17 အကြောင်းမူကား ဝှက်ကွယ်ထားသဖြင့် အထင်အရှားမဖော်ပြနိုင်သည့် အရာဟူ၍မရှိချေ။ လျှို့ဝှက်ထားသဖြင့် မသိမမြင်ရဘဲ အလင်းသို့မရောက်မည့်အရာဟူ၍လည်းမရှိချေ။-
17 Porque não há coisa oculta que não haja de manifestar-se, nem escondida que não haja de saber-se e vir à luz.
18 သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား ရှိသောသူအား ထပ်မံ၍ပေးဦးမည်။ မရှိသောသူထံမှ သူ့တွင်ရှိသည်ဟု ထင်ရသော အရာကိုပင် သိမ်းယူလိမ့်မည်ဟု မိန့်တော်မူ၏။
18 Vede, pois, como ouvis; porque a qualquer que tiver lhe será dado, e a qualquer que não tiver até o que parece ter lhe será tirado.
19 ထိုအခါ ကိုယ်တော်၏မယ်တော်နှင့် ညီတော်တို့သည် အထံတော်သို့လာကြ၏။ သို့သော် သူတို့သည် လူအစုအဝေး တို့ကြောင့် အထံတော်သို့ မချဉ်းကပ်နိုင်ကြချေ။-
19 E foram ter com ele sua mãe e seus irmãos, e não podiam aproximar-se dele, por causa da multidão.
20 တစ်စုံတစ်ယောက်က ကိုယ်တော်၏မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော့်ကိုတွေ့လို၍ အပြင်၌ရပ်နေ ကြပါသည်ဟု ကိုယ်တော်အား လျှောက်သော်၊-
20 E foi-lhe dito: Estão lá fora tua mãe e teus irmãos, que querem ver-te.
21 ကိုယ်တော်က ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်ကို ကြားနာ၍ လိုက်နာကျင့်သုံးသောသူတို့သည် ငါ၏အမိနှင့် ငါ၏ညီများဖြစ်ကြ၏ဟု သူတို့အား မိန့်တော်မူ၏။
21 Mas, respondendo ele, disse-lhes: Minha mãe e meus irmãos são aqueles que ouvem a palavra de Deus e a executam.
22 တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်တော်မူ၍ အိုင်တစ်ဖက်ကမ်းသို့ ကူးကြစို့ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ရွက်လွှင့်သွားကြလေ၏။-
22 E aconteceu que, num daqueles dias, entrou num barco com seus discípulos, e disse-lhes: Passemos para o outro lado do lago. E partiram.
23 ထိုသို့ သူတို့သွားကြစဉ်တွင် ကိုယ်တော်သည် ကျိန်းစက်တော်မူ၏။ ထိုအချိန်၌ အိုင်တွင် လေမုန်တိုင်းကျသဖြင့် လှေအတွင်း၌ ရေပြည့်လာသောကြောင့် တပည့်တော်တို့သည် အန္တရာယ်နှင့်တွေ့ကြုံကြ၏။-
23 E, navegando eles, adormeceu; e sobreveio uma tempestade de vento no lago, e enchiam-se de água, estando em perigo.
24 ထိုအခါ သူတို့သည် သွား၍ ကိုယ်တော့်ကိုနှိုးလျက် သခင်၊ သခင်၊ တပည့်တော်တို့ သေကြရပါတော့မည်ဟု လျှောက်ကြ၏။ ကိုယ်တော်သည်လည်း ထ၍ လေနှင့်လှိုင်းတံပိုးတို့ကို ကြိမ်းမောင်းတော်မူသောအခါ လှိုင်းလေတို့သည် ရပ်တန့်သွားပြီး ထိုနေရာ၌ ငြိမ်သက်သွားလေ၏။-
24 E, chegando-se a ele, o despertaram, dizendo: Mestre, Mestre, perecemos. E ele, levantando-se, repreendeu o vento e a fúria da água; e cessaram, e fez-se bonança.
25 ကိုယ်တော်ကလည်း သင်တို့၏ယုံကြည်ခြင်း သည် အဘယ်မှာရှိသနည်းဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့အံ့ဩကြ၍ ဤသူကား မည်သူဖြစ်သနည်း၊ သူသည် လေနှင့်လှိုင်းတံပိုးတို့ကို အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည် တကားဟု အချင်းချင်းပြောဆိုကြ၏။
25 E disse-lhes: Onde está a vossa fé? E eles, temendo, maravilharam-se, dizendo uns aos outros: Quem é este, que até aos ventos e à água manda, e lhe obedecem?
26 ထို့နောက် သူတို့သည် ဂါလေလေးယပြည်မှ အိုင်တစ်ဖက်ကမ်းတွင်ရှိသော ဂျေရာဇင်နယ်သို့ ရောက်ကြလေ၏။-
26 E navegaram para a terra dos gadarenos, que está defronte da Galiléia.
27 ကိုယ်တော်သည် ကုန်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးဝင်နေသောလူတစ်ယောက် သည် ကိုယ်တော့်ထံသို့ လာလေ၏။ သူသည် ထိုမြို့မှဖြစ်၍ ကာလကြာမြင့်စွာကပင် အဝတ်အစားမဝတ်၊ အိမ်တွင်လည်းမနေဘဲ သခင်္ျိုင်းဂူများအကြား တွင် နေထိုင်ခဲ့၏။-
27 E, quando desceu para terra, saiu-lhe ao encontro, vindo da cidade, um homem que desde muito tempo estava possesso de demônios, e não andava vestido, nem habitava em qualquer casa, mas nos sepulcros.
28 ထိုသူသည် ယေဇူးကိုမြင်သောအခါ အော်ဟစ်၍ ရှေ့တော်၌ပျပ်ဝပ်လျက် အမြင့်မြတ်ဆုံးသောဘုရား၏သား တော်ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်၌ မည်သည့် အရာကို ပြုလုပ်လိုပါသနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲ တော်မမူရန် တောင်းပန်ပါသည်ဟု ကျယ်လောင်သော အသံဖြင့် အသနားခံလေ၏။-
28 E, quando viu a Jesus, prostrou-se diante dele, exclamando, e dizendo com grande voz: Que tenho eu contigo, Jesus, Filho do Deus Altíssimo? Peço-te que não me atormentes.
29 အကြောင်းမူကား ကိုယ်တော်သည် ညစ်ညူးသောနတ်ဆိုးကို ထိုသူ့ထံမှ ထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့် တည်း။ နတ်ဆိုးသည်ကား ထိုသူ့ကို ကြိမ်ဖန်များစွာပူးဝင်ခဲ့၏။ သူ၏ခြေလက်တို့ကို သံကြိုးဖြင့်ချည်နှောင်၍ အစောင့် အကြပ်ဖြင့် ထားကြသော်လည်း သူသည် သံကြိုးများကိုချိုးဖြတ်ပြီး နတ်ဆိုးသည် သူ့ကို တောကန္တာရသို့မောင်းထုတ်တတ် လေ၏။-
29 Porque tinha ordenado ao espírito imundo que saísse daquele homem; pois já havia muito tempo que o arrebatava. E guardavamno preso, com grilhões e cadeias; mas, quebrando as prisões, era impelido pelo demônio para os desertos.
30 ယေဇူးကလည်း သင်၏အမည်ကား မည်သူနည်းဟု သူ့ကိုမေးတော်မူလျှင် သူက လေဂျင်ဖြစ်ပါသည်ဟု ပြန်ဖြေလေ၏။ အကြောင်းမူကား သူ့ ၌ နတ်ဆိုးများစွာ ပူးဝင်နေသောကြောင့်ဖြစ်၏။-
30 E perguntou-lhe Jesus, dizendo: Qual é o teu nome? E ele disse: Legião; porque tinham entrado nele muitos demônios.
31 နတ်ဆိုးတို့ကလည်း မိမိတို့ကို နက်ရှိုင်းသောငရဲထဲသို့စေလွှတ်ခြင်းမပြုပါရန် ကိုယ်တော်အား တောင်းပန်ကြ၏။
31 E rogavam-lhe que os não mandasse para o abismo.
32 ထိုအချိန်၌ ကြီးမားသော ဝက်အုပ်တစ်အုပ်သည် တောင်ကုန်းပေါ်တွင် အစာစားလျက်ရှိ၏။ နတ်ဆိုးတို့က မိမိတို့ကို ဝက်များ၌ ပူးဝင်ခွင့်ပြုပါရန် တောင်းပန်ကြလျှင် ကိုယ်တော်သည် သူတို့ကို အခွင့်ပေးတော်မူ၏။-
32 E andava ali pastando no monte uma vara de muitos porcos; e rogaram-lhe que lhes concedesse entrar neles; e concedeu-lho.
33 ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်ခွာ၍ ဝက်များထဲသို့ ဝင်ကြသဖြင့် ဝက်အုပ်တစ်အုပ်လုံးသည် မတ်စောက်သော ကမ်းပါးအတိုင်း ရေအိုင်တွင်းသို့ တစ်ဟုန်ထိုးပြေးဆင်းလေရာ ရေတွင်နစ်မြုပ်၍ သေဆုံးကြကုန်၏။
33 E, tendo saído os demônios do homem, entraram nos porcos, e a manada precipitou-se de um despenhadeiro no lago, e afogou-se.
34 ဝက်များကို ထိန်းကျောင်းနေသောသူတို့သည် ဖြစ်ပျက်သမျှ ကိုမြင်ကြသောအခါ ထွက်ပြေးကြ၍ မြို့တွင်း၊ မြို့ ပြင်အနှံ့ ဤအကြောင်းကို ပြောပြကြ၏။-
34 E aqueles que os guardavam, vendo o que acontecera, fugiram, e foram anunciá-lo na cidade e nos campos.
35 ထိုအခါ လူတို့သည် ဖြစ်ပျက်သမျှကိုကြည့်ရှုရန် ထွက်လာကြ၏။ သူတို့သည် ယေဇူး၏အထံတော်သို့ရောက်လာကြလျှင် နတ်ဆိုးတို့စွန့်ခွာသွားသောသူမှာ အဝတ်များဝတ်ဆင် လျက် မူမှန်သောစိတ်ဖြင့် ယေဇူး၏ခြေတော်ရင်း၌ ထိုင် လျက်ရှိသည်ကို တွေ့မြင်ကြသောကြောင့် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
35 E saíram a ver o que tinha acontecido, e vieram ter com Jesus. Acharam então o homem, de quem haviam saído os demônios, vestido, e em seu juízo, assentado aos pés de Jesus; e temeram.
36 အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူများကလည်း နတ်ဆိုးများပူးနေခဲ့သောသူသည် မည်ကဲ့သို့ ပျောက်ကင်းချမ်းသာရာ ရခဲ့သည်ကို သူတို့အား ပြောပြကြလေ၏။-
36 E os que tinham visto contaram-lhes também como fora salvo aquele endemoninhado.
37 ထိုအခါ ဂျေရာဇင်နယ်တစ်ခုလုံးမှ လူအပေါင်းတို့သည် လွန်စွာကြောက်ရွံ့တုန်လှုပ်ကြသဖြင့် မိမိတို့၏ဒေသမှ ထွက်ခွာ သွားတော်မူပါရန် ကိုယ်တော့်ကို တောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်ကြွသွားတော်မူ၏။-
37 E toda a multidão da terra dos gadarenos ao redor lhe rogou que se retirasse deles; porque estavam possuídos de grande temor. E entrando ele no barco, voltou.
38 နတ်ဆိုးများ စွန့်ခွာသွားခဲ့သောသူကလည်း ကိုယ်တော်နှင့် လိုက်ပါခွင့်ပြုပါရန် တောင်းပန်လေ၏။ သို့သော် ကိုယ်တော် သည် သူ့ကိုပြန်လွှတ်ပြီးလျှင်၊-
38 E aquele homem, de quem haviam saído os demônios, rogou-lhe que o deixasse estar com ele; mas Jesus o despediu, dizendo:
39 သင်၏အိမ်သို့ပြန်၍ သင့်၌ ဘုရားသခင်ပြုတော်မူသမျှကို ပြောကြားလော့ဟု မိန့်တော်မူ၏။ သူသည်လည်း ထွက်သွား၍ မိမိအတွက် ယေဇူးပြုတော်မူခဲ့သမျှကို တစ်မြို့လုံးတွင် ကြေညာလေ၏။
39 Torna para tua casa, e conta quão grandes coisas te fez Deus. E ele foi apregoando por toda a cidade quão grandes coisas Jesus lhe tinha feito.
40 ယေဇူးပြန်ကြွလာတော်မူသောအခါ လူအစုအဝေးတို့သည် ကိုယ်တော့်ကို ကြိုဆိုကြလေ၏။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် ကိုယ်တော့်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။-
40 E aconteceu que, quando voltou Jesus, a multidão o recebeu, porque todos o estavam esperando.
41 ထိုအခါ ဂျိုင်ရုအမည်ရှိသော တရားဇရပ်မှူးတစ်ဦးသည် အထံတော်သို့ရောက်လာ၍ ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် မိမိအိမ်သို့ ကြွလာတော်မူပါမည့်အကြောင်း အသနားခံတောင်းလျှောက်လေ၏။-
41 E eis que chegou um homem de nome Jairo, que era príncipe da sinagoga; e, prostrando-se aos pés de Jesus, rogava-lhe que entrasse em sua casa;
42 အကြောင်းမူကား သူ၏တစ်ဦးတည်းသော တစ်ဆယ့်နှစ်နှစ်အရွယ်သမီးငယ်သည် သေလုဆဲဆဲဖြစ်နေသောကြောင့်တည်း။ ကိုယ်တော်ကြွသွားတော်မူစဉ် လူအစုအဝေးတို့သည် ကိုယ်တော့်ကို ထိလုမတတ်တိုးဝှေ့နေကြ၏။-
42 Porque tinha uma filha única, quase de doze anos, que estava à morte. E indo ele, apertava-o a multidão.
43 ထိုအချိန်၌ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲကပ် နေသောအမျိုးသမီးတစ်ဦးရှိ၏။ သူမသည် မိမိ၌ရှိသမျှ ငွေကြေးဥစ္စာများကို ဆေးဆရာများအတွက် အကုန်အကျခံသော်လည်း မည်သူကမျှ သူမကိုပျောက်ကင်းစေရန် ကုသနိုင်ခြင်း မရှိချေ။-
43 E uma mulher, que tinha um fluxo de sangue, havia doze anos, e gastara com os médicos todos os seus haveres, e por nenhum pudera ser curada,
44 သူမသည်လည်း ကိုယ်တော်၏နောက်တော်မှ ချဉ်းကပ်လျက် ဝတ်ရုံတော်၏ ပန်းပွားစကို တို့ထိသည်နှင့်တစ်ပြိုင်နက် သူမ ခံစားနေရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။-
44 Chegando por detrás dele, tocou na orla do seu vestido, e logo estancou o fluxo do seu sangue.
45 ထိုအခါ ယေဇူးက မည်သူသည် ငါ့ကိုတို့ထိသနည်းဟု မေးတော်မူလျှင် လူအားလုံးက ငြင်းဆိုကြ၏။ ပေတရုက သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် တိုးဝှေ့နေကြပါသည်ဟု လျှောက်လေ၏။-
45 E disse Jesus: Quem é que me tocou? E, negando todos, disse Pedro e os que estavam com ele: Mestre, a multidão te aperta e te oprime, e dizes: Quem é que me tocou?
46 သို့သော် ကိုယ်တော်က တစ်စုံတစ်ယောက်သည် ငါ့ကိုတို့ထိခဲ့လေပြီ။ အကြောင်းမူကား ငါ၏ကိုယ်မှ တန်ခိုးထွက်သွား သည်ကို ငါသိလိုက်၏ဟု မိန့်တော်မူ၏။-
46 E disse Jesus: Alguém me tocou, porque bem conheci que de mim saiu virtude.
47 ထိုအမျိုးသမီးသည်လည်း မိမိမှာ ပုန်းကွယ်၍ မရနိုင်ကြောင်းကို သိရှိသဖြင့် ကြောက်ရွံ့တုန်လှုပ်စွာလာ၍ ရှေ့တော်၌ ပျပ်ဝပ်လျက် အဘယ်ကြောင့် ကိုယ်တော့်ကို တို့ထိရကြောင်းနှင့် ရုတ်တရက် ရောဂါပျောက်ကင်းသွားကြောင်းကို လူအပေါင်း တို့ရှေ့တွင် ဝန်ခံပြောဆိုလေ၏။-
47 Então, vendo a mulher que não podia ocultar-se, aproximou-se tremendo e, prostrando-se ante ele, declarou-lhe diante de todo o povo a causa por que lhe havia tocado, e como logo sarara.
48 ကိုယ်တော်ကလည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ၊ ငြိမ်ချမ်းသာယာခြင်းနှင့် သွားလော့ဟု မိန့်တော်မူ၏။
48 E ele lhe disse: Tem bom ânimo, filha, a tua fé te salvou; vai em paz.
49 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တရားဇရပ်မှူး၏ အိမ်မှလူတစ်ယောက်သည် ရောက်လာ၍ သင်၏သမီး သေဆုံးလေပြီ။ ဆရာသခင်ကို ဆက်၍ဒုက္ခမပေးပါနှင့်ဟု တရားဇရပ်မှူးအား ဆိုလေ၏။-
49 Estando ele ainda falando, chegou um dos do príncipe da sinagoga, dizendo: A tua filha já está morta, não incomodes o Mestre.
50 ယေဇူးသည်ကား ဤစကားကိုကြားသောအခါ မကြောက်လေနှင့်။ ယုံကြည်ခြင်းသာရှိလော့။ သူငယ်မသည် ကျန်းမာ လာလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
50 Jesus, porém, ouvindo-o, respondeu-lhe, dizendo: Não temas; crê somente, e será salva.
51 ကိုယ်တော်သည်လည်း ထိုအိမ်သို့ရောက်သောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် သူငယ်မ၏ မိဘများမှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ အိမ်အတွင်းသို့ဝင်ရန်ခွင့်ပြုတော်မမူချေ။-
51 E, entrando em casa, a ninguém deixou entrar, senão a Pedro, e a Tiago, e a João, e ao pai e a mãe da menina.
52 လူအပေါင်း တို့သည်လည်း သူငယ်မအတွက် ပူဆွေးငိုကြွေးလျက် ရှိကြ၏။ သို့သော် ကိုယ်တော်က မငိုကြနှင့်။ သူငယ်မ သေဆုံးသည် မဟုတ်။ အိပ်ပျော်နေသည်ဟု မိန့်တော်မူ၏။-
52 E todos choravam, e a pranteavam; e ele disse: Não choreis; não está morta, mas dorme.
53 ထိုအခါ သူတို့သည် သူငယ်မ သေဆုံးကြောင်း သိကြသည်ဖြစ်၍ ကိုယ်တော့်ကို ပြက်ရယ်ပြုကြ၏။-
53 E riam-se dele, sabendo que estava morta.
54 ကိုယ်တော်သည်ကား သူငယ်မ၏လက်ကို ဆုပ်ကိုင်လျက် သူငယ်မ၊ ထလော့ဟု မိန့်တော်မူ၏။-
54 Mas ele, pondo-os todos fora, e pegando-lhe na mão, clamou, dizendo: Levanta-te, menina.
55 ထိုအခါ သူငယ်မ၏ အသက်ဝိညာဉ်ပြန်ဝင်လာပြီးလျှင် သူမသည် ချက်ချင်းထလေ၏။ ကိုယ်တော်သည် စားစရာ တစ်စုံတစ်ခုကို သူငယ်မအား ပေးရန် မိန့်တော်မူ၏။-
55 E o seu espírito voltou, e ela logo se levantou; e Jesus mandou que lhe dessem de comer.
56 သူမ၏မိဘတို့သည်လည်း အလွန်အံ့ဩကြလေ၏။ သို့သော် ကိုယ်တော်သည် ဖြစ်ပျက်သမျှအကြောင်းကို မည်သူ့ကိုမျှ မပြောစေရန် သူတို့အား မိန့်မှာတော်မူ၏။
56 E seus pais ficaram maravilhados; e ele lhes mandou que a ninguém dissessem o que havia sucedido.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.