Lucas 14
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဖာရီဇေးဦး အကြီးအကဲတစ်ဦး၏အိမ်တွင် ညစာစားရန် ကြွတော်မူသောအခါ သူတို့ သည် ကိုယ်တော့်ကိုစောင့်ကြည့် နေကြ၏။-
1 Aconteceu, num sábado, que, entrando ele em casa de um dos principais dos fariseus para comer pão, eles o estavam observando.
2 ရေဖျဉ်းစွဲသောသူတစ်ယောက်သည်လည်း ကိုယ်တော်၏ရှေ့တော်၌ရှိလေ၏။-
2 E eis que estava ali diante dele um certo homem hidrópico.
3 ထိုအခါ ယေဇူးက ဥပုသ်နေ့၌ အနာရောဂါကို ပျောက်ကင်းစေနိုင်သလောဟု ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့အား မေးတော်မူ၏။-
3 E Jesus, tomando a palavra, falou aos doutores da lei e aos fariseus, dizendo: É lícito curar no sábado?
4 သူတို့သည်ကား တိတ်ဆိတ်စွာနေကြလေ၏။ ထိုအခါကိုယ်တော်သည် ထိုသူ့ကိုခေါ်လျက် ဝေဒနာပျောက် ကင်းစေပြီးလျှင် ပြန်လွှတ်လိုက်တော်မူ၏။-
4 Eles, porém, calaram-se. E tomando- o, o curou e despediu.
5 ထို့နောက် ကိုယ်တော်က သင်တို့တွင် မည်သူသည် မိမိ၏မြည်းဖြစ် စေ၊ နွားဖြစ်စေ ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျခဲ့သော် ချက် ချင်းမဆွဲတင်ဘဲနေမည်နည်းဟု သူတို့အား မိန့်တော်မူ ၏။-
5 E disse-lhes: Qual será de vós o que, caindo-lhe num poço, em dia de sábado, o jumento ou o boi, o não tire logo?
6 သူတို့သည်လည်း ဤမေးခွန်းကို မည်သို့မျှ ပြန်မဖြေနိုင်ကြချေ။
6 E nada lhe podiam replicar sobre isso.
7 ထို့နောက် ဖိတ်ကြားထားခြင်းခံရသော ဧည့်သည်တို့သည် အကောင်းဆုံးသောနေရာများအား ရွေးချယ်ကြသည်ကို ကိုယ်တော်မြင်တော်မူသောအခါ သူတို့အား ဤပုံဥပမာစကားကို မိန့်တော်မူ၏။-
7 E disse aos convidados uma parábola, reparando como escolhiam os primeiros assentos, dizendo-lhes:
8 သင်တို့သည် မင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားခြင်းခံရသောအခါ အကောင်းဆုံးသော နေရာများတွင် မထိုင်ကြနှင့်။ အကယ်၍ သင့်ထက်ပို၍ ဂုဏ်ရှိသောသူကိုလည်း ဖိတ်ကြားထားခဲ့ပါလျှင်၊-
8 Quando por alguém fores convidado às bodas, não te assentes no primeiro lugar, para que não aconteça que esteja convidado outro mais digno do que tu,
9 သင်တို့နှစ်ဦးစလုံးကို ဖိတ်ကြားခဲ့သောပွဲရှင်သည် သင့်ထံသို့လာ၍ ဤသူ့အတွက် သင်၏နေရာကိုပေးပါဟု သင့်အား ဆိုလိမ့်မည်။ ထိုအခါ သင်သည် အရှက်ရပြီး အဆင့်အနိမ့်ဆုံးသောနေရာကို ယူရလိမ့်မည်။-
9 e, vindo o que te convidou a ti e a ele, te diga: Dá o lugar a este; e então, com vergonha, tenhas de tomar o derradeiro lugar.
10 သင်မူကား ဖိတ်ကြားခြင်းခံရသောအခါ အဆင့်အနိမ့်ဆုံးသော နေရာတွင် သွား၍ ထိုင်လော့။ ထိုအခါ ဖိတ်ကြားသောသူ သည် သင့်ထံသို့လာ၍ မိတ်ဆွေ၊ ပို၍ကောင်းသောနေရာ သို့ကြွပါဟု သင့်ကိုပြောလိမ့်မည်။ ဤသို့ဖြင့် သင်သည် သင်နှင့်အတူ စားပွဲ၌ထိုင်သောသူတို့ရှေ့တွင် ဂုဏ်သရေရှိလိမ့်မည်။-
10 Mas, quando fores convidado, vai e assenta-te no derradeiro lugar, para que, quando vier o que te convidou, te diga: Amigo, assenta-te mais para cima. Então, terás honra diante dos que estiverem contigo à mesa.
11 အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက် သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချသောသူသည်လည်း ချီးမြှောက်ခြင်းခံရလိမ့်မည်။
11 Porquanto, qualquer que a si mesmo se exaltar será humilhado, e aquele que a si mesmo se humilhar será exaltado.
12 ထို့နောက် ကိုယ်တော်က မိမိအား ဖိတ်ကြားထားသောသူကိုလည်း မိန့်တော်မူသည်ကား သင်သည် ညစာဖြစ်စေ၊ စားသောက်ပွဲဖြစ်စေ ကျွေးမွေးတည်ခင်းသောအခါ သင်၏မိတ်ဆွေ၊ ညီအစ်ကို၊ ဆွေမျိုးနှင့်ချမ်းသာ ကြွယ်၀သော အိမ်နီးချင်း များကို မဖိတ်ကြားလေနှင့်။ ထိုသို့ဖိတ်ကြားလျှင် သူတို့သည်လည်း သင့်ကိုပြန်လည် ဖိတ်ကြား၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။-
12 E dizia também ao que o tinha convidado: Quando deres um jantar ou uma ceia, não chames os teus amigos, nem os teus irmãos, nem os teus parentes, nem vizinhos ricos, para que não suceda que também eles te tornem a convidar, e te seja isso recompensado.
13 သင်မူကား ပွဲကျင်းပသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမသန်သောသူ၊ မျက်စိမမြင်သောသူတို့ကို ဖိတ်ကြား လော့။-
13 Mas, quando fizeres convite, chama os pobres, aleijados, mancos
14 ထိုသို့ဖိတ်ကြားလျှင် သင်သည် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် သင့်ကို ကျေးဇူးတုံ့ပြန်ခြင်း မပြုနိုင်ကြ သောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူတို့ရှင်ပြန်သောအခါ၌ သင်သည် ကျေးဇူးတုံ့ ပြန်ခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏။
14 e serás bem-aventurado; porque eles não têm com que to recompensar; mas recompensado serás na ressurreição dos justos.
15 ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်သောသူတစ်ဦးသည် ဤစကားကိုကြားသောအခါ ဘုရားသခင်၏ နိုင်ငံတော်၌ ပါဝင်စားသောက်ရမည့်သူသည် မင်္ဂလာရှိ၏ဟု ကိုယ်တော်အား လျှောက်လေ၏။-
15 E, ouvindo isso um dos que estavam com ele à mesa, disse-lhe: Bem-aventurado o que comer pão no Reino de Deus!
16 သို့သော် ကိုယ်တော်က သူ့အား မိန့်တော်မူသည်ကား တစ်ခါက လူတစ်ဦးသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲ တည်ခင်း၍ လူများစွာတို့ကို ဖိတ်ကြားလေ၏။-
16 Porém ele lhe disse: Um certo homem fez uma grande ceia e convidou a muitos.
17 စားသောက်ပွဲအချိန် ရောက်သောအခါ သူသည် ဖိတ်ကြားထားသူတို့ထံသို့ မိမိအစေခံကိုစေလွှတ်၍ အားလုံး အဆင့်သင့် ဖြစ်ပါပြီ၊ ကြွလာကြပါဟု မှာလိုက်လေ၏။-
17 E, à hora da ceia, mandou o seu servo dizer aos convidados: Vinde, que já tudo está preparado.
18 သို့သော် ထိုသူအားလုံးတို့သည် မလာနိုင်ကြောင်း အသီးသီးအကြောင်း ပြချက်ပေးကြ၏။ ပထမတစ်ယောက်က အကျွန်ုပ်သည် လယ်မြေတစ်ကွက်ကိုဝယ်ထားသဖြင့် သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို ခွင့်လွှတ်ပါရန် တောင်းပန်ပါသည် ဟုဆို၏။-
18 E todos à uma começaram a escusar-se. Disse-lhe o primeiro: Comprei um campo e preciso ir vê-lo; rogo-te que me hajas por escusado.
19 အခြားတစ်ယောက်ကလည်း အကျွန်ုပ်သည် နွားငါးရှဉ်းကို ဝယ်ထားသဖြင့် ကြည့်ရှုရန်သွားရပါမည်။ အကျွန်ုပ်ကို ခွင့်လွှတ်ပါရန် တောင်းပန်ပါသည်ဟုဆို၏။-
19 E outro disse: Comprei cinco juntas de bois e vou experimentá-los; rogo-te que me hajas por escusado.
20 အခြားတစ်ယောက်ကလည်း အကျွန်ုပ်သည် လက်ထပ်ပြီးစဖြစ်သောကြောင့် မလာနိုင်ပါဟုဆိုပြန်၏။-
20 E outro disse: Casei e, portanto, não posso ir.
21 သို့ဖြစ်၍ အစေခံသည် ပြန်လာပြီးလျှင် ထိုအကြောင်းကို မိမိ၏ သခင်အား ပြောပြလေ၏။ ထိုအခါ အိမ်ရှင်သည် အမျက် ထွက်၍ မြို့တွင်းရှိ လမ်းမလမ်းသွယ်များသို့ အလျင်အမြန်သွားလော့။ ဆင်းရဲသောသူ၊ ကိုယ်အင်္ဂါချို့တဲ့သောသူ၊ မျက်စိမမြင် သောသူ၊ ခြေမသန်သောသူတို့ကို ဤနေရာသို့ ခေါ်ဆောင်ခဲ့လော့ဟု မိမိ၏အစေခံအား ဆိုလေ၏။-
21 E, voltando aquele servo, anunciou essas
22 ထို့နောက် အစေခံက သခင်အမိန့်ရှိသည့်အရာကိုဆောင် ရွက်ပြီးပါပြီ။ သို့သော်လည်း နေရာလွတ်ရှိပါသေးသည်ဟု လျှောက်၏။-
22 E disse o servo: Senhor, feito está como mandaste, e ainda há lugar.
23 ထိုအခါ သခင်က မိမိ၏အစေခံအား မြို့ပြင်လမ်းမများနှင့် ရွာရိုးများသို့သွား၍ လူတို့ကို မဖြစ်မနေ ခေါ်ဆောင်လျက် ငါ၏အိမ်ကိုပြည့်စေလော့။-
23 E disse o senhor ao servo: Sai pelos caminhos e atalhos e força-
24 အကြောင်းမူကား ဖိတ်ကြားခြင်းခံရသော သူတို့အနက်မှ မည်သူမျှ ငါ၏စားသောက်ပွဲကို မမြည်းစမ်းရဟူ၍ သင့်အား ငါဆို ၏ဟု မိန့်တော်မူ၏။
24 Porque eu vos digo que nenhum daqueles varões que foram convidados provará a minha ceia.
25 များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။ ကိုယ်တော်သည်လည်း လှည့်၍ သူတို့အား မိန့်တော်မူသည်ကား၊-
25 Ora, ia com ele uma grande multidão; e, voltando-se, disse-lhe:
26 ငါ့ထံသို့လာသော သူသည် မိမိ၏မိဘ၊ ဇနီးခင်ပွန်း၊ သားသမီး၊ ညီအစ်ကို မောင်နှမစသည်တို့ကိုဖြစ်စေ၊ မိမိအသက်ကိုပင်ဖြစ်စေ မမုန်းလျှင် ငါ၏တပည့်မဖြစ်နိုင်ရာ။-
26 Se alguém vier a mim e não aborrecer a seu pai, e mãe, e mulher, e filhos, e irmãos, e irmãs, e ainda também a sua própria vida, não pode ser meu discípulo.
27 မိမိလက်ဝါးကပ်တိုင်ကို မထမ်းဘဲ ငါ့နောက်သို့လိုက်သောသူသည်လည်း ငါ၏ တပည့်မဖြစ်နိုင်ရာ။-
27 E qualquer que não levar a sua cruz e não vier após mim não pode ser meu discípulo.
28 အကြောင်းမူကား သင်တို့တွင် မည်သူသည် ရဲတိုက်ကို ဆောက်လုပ်မည်ဟုဆန္ဒရှိလျှင် မိမိ၌ပြီးစီးအောင် ဆောက်လုပ်ရန် ကုန်ကျစရိတ် အလုံအလောက်ရှိ၊ မရှိကို ရှေးဦးစွာထိုင်၍ မတွက်ချက်ဘဲ နေမည်နည်း။-
28 Pois qual de vós, querendo edificar uma torre, não se assenta primeiro a fazer as contas dos gastos,
29 ထိုသို့မဟုတ်ဘဲ အုတ်မြစ်ချပြီးမှ ပြီးစီးအောင် မဆောက်လုပ်နိုင်ပါက မြင်ရသူအပေါင်းသည် သူ့ကို စတင်၍ ကဲ့ရဲ့ကြ ကုန်လျက်၊-
29 Para que não aconteça que, depois de haver posto os alicerces e não
30 ဤသူသည် စတင်တည်ဆောက်ခဲ့သော်လည်း ပြီးစီးအောင် မလုပ်နိုင်ဟု ဆိုကြလိမ့်မည်။-
30 dizendo: Este homem começou a edificar e não pôde acabar.
31 တစ်နည်းဆိုရသော် မည်သည့်ရှင်ဘုရင်သည် အခြားရှင်ဘုရင်တစ်ပါးနှင့် စစ်ပြိုင်မည်ရှိသော် စစ်သည်နှစ်သောင်းနှင့် မိမိထံသို့ချီတက်လာသောသူကို မိမိ၏ စစ်သည်တစ်သောင်းဖြင့် ခုခံနိုင်ပါမည်လောဟု ရှေးဦးစွာ ထိုင်၍ မစဉ်းစားမဆင်ခြင်ဘဲ နေမည်နည်း။-
31 Ou qual é o rei que, indo à guerra a pelejar contra outro rei, não se assenta primeiro a tomar conselho sobre se com dez mil pode sair ao encontro do que vem contra ele com vinte mil?
32 အကယ်၍ သူသည် မခုခံနိုင်ပါလျှင် ထိုဘုရင်အဝေး၌ရှိနေစဉ်တွင် သံတမန်များစေလွှတ်၍ စစ်ပြေငြိမ်းမည့်အကြောင်း တောင်းပန်လိမ့်မည်။-
32 De outra maneira, estando o outro ainda longe, manda embaixadores e pede condições de paz.
33 ထိုနည်းတူပင် သင်တို့တွင်လည်း မည်သူမဆို မိမိ၌ရှိသမျှကို မစွန့်လွှတ်လျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်ရာ။
33 Assim, pois, qualquer de vós que não renuncia a tudo quanto tem não pode ser meu discípulo.
34 ဆားသည် ကောင်းပေ၏။ သို့သော်လည်း ဆား၌ငန်သောအရသာ ပျောက်ကွယ်ခဲ့လျှင် ထိုအငန်ဓာတ်ကို မည်ကဲ့သို့ ပြန်လည်ရရှိနိုင်မည်နည်း။-
34 Bom é o sal, mas, se ele degenerar, com que se adubará?
35 ၎င်းသည် လယ်မြေအတွက်သော်လည်းကောင်း၊ မြေဩဇာအတွက်သော်လည်းကောင်း အသုံးမဝင်တော့ချေ။ လူတို့သည် ၎င်းကို စွန့်ပစ်လိုက်ကြရ၏။ ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။
35 Nem presta para a terra, nem para o monturo; lançam-no fora. Quem tem ouvidos para ouvir, que ouça.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.