João 7
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 ထို့နောက် ယေဇူးသည် ဂါလေလေးယနယ်အတွင်း၌ လှည့်လည်တော်မူ၏။ ဂျူးလူမျိုးတို့ သည် ကိုယ်တော့်ကိုသတ်ရန် ရှာကြံနေကြသဖြင့် ကိုယ်တော်သည် ဂျူဒေးယနယ်၌ သွားလာခြင်းငှာ အလိုတော် မရှိချေ။-
1 Depois disso, Jesus viajou pela Galileia. Queria ficar longe da Judeia, onde os líderes judeus planejavam sua morte.
2 ဂျူးလူမျိုးတို့၏ တဲတော်ပွဲသည် နီးကပ်လာသောအခါ၊-
2 Logo, porém, chegou o tempo da celebração judaica chamada Festa das Cabanas,
3 ညီတော်တို့က သင်ပြုလုပ်သောအရာတို့ကို သင်၏တပည့်များ မြင်တွေ့နိုင်ကြရန် ဤအရပ်မှထွက်ခွာ၍ ဂျူဒေးယနယ်သို့ သွားပါလော့။-
3 e os irmãos de Jesus lhe disseram: “Saia daqui e vá à Judeia, onde seus seguidores poderão ver os milagres que realiza.
4 အကြောင်းမူကား ထင်ပေါ်ကျော်ကြားလိုသူသည် မည်သည့်အမှုကိုမျှ လျှို့ဝှက်စွာပြုလုပ်လေ့မရှိ။ သင်သည် ဤအမှုအရာများကို ပြုလုပ်သည်မှန်လျှင် သင့်အကြောင်းကို ကမ္ဘာသိအောင် ဖော်ပြပါလော့ဟု ကိုယ်တော်အား ဆိုကြ၏။-
4 Você não se tornará famoso escondendo-se dessa forma. Se você pode fazer coisas tão maravilhosas, mostre-se ao mundo!”.
5 အကြောင်းမူကား ကိုယ်တော်၏ညီတော်များသည်ပင်လျှင် ကိုယ်တော့်ကို မယုံကြည်ကြသောကြောင့်တည်း။-
5 Pois nem mesmo seus irmãos criam nele.
6 ယေဇူးက ငါ၏အချိန် မကျရောက်သေး။ သင်တို့၏အချိန်သည်ကား အစဉ်ကျရောက်လျက်ရှိ၏။-
6 Jesus respondeu: “Agora não é o momento certo de eu ir, mas vocês podem ir a qualquer hora.
7 ဤလောကသည် သင်တို့ကို မမုန်းနိုင်။ ငါ့ကိုမူကား မုန်း၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ၎င်း၏အကျင့် ဆိုးညစ်ကြောင်း သက်သေခံသောကြောင့်ဖြစ်၏။-
7 O mundo não pode odiá-los, mas a mim ele odeia, pois eu o acuso de fazer o mal.
8 ထိုပွဲတော်သို့ သင်တို့သာလျှင် သွားကြပါလော့။ ငါမူကား ငါ၏အချိန်အပြည့်အစုံမကျ ရောက်သေးသဖြင့် ထိုပွဲတော်သို့ သွားလိမ့်မည်မဟုတ် ဟု မိန့်တော်မူ၏။-
8 Vão vocês. Eu ainda não irei a essa festa, pois meu tempo ainda não chegou”.
9 ထိုသို့မိန့်ဆိုပြီးနောက် ကိုယ်တော်သည် ဂါလေလေးယနယ်တွင် ကျန်ရစ်တော်မူ၏။
9 Tendo dito isso, permaneceu na Galileia.
10 သို့ရာတွင် မိမိ၏ညီတော်များ ပွဲတော်သို့ ထွက်ခွာသွားကြပြီးနောက် ကိုယ်တော်သည်လည်း မထင်မရှား ကြွသွားတော်မူ၏။-
10 Contudo, depois que seus irmãos partiram para a festa, ele também foi, mas em segredo, permanecendo distante dos olhos do público.
11 ဂျူးလူမျိုးတို့သည် ပွဲတော်တွင် ကိုယ်တော့်ကိုရှာကြလျက် ထိုသူအဘယ်မှာရှိသနည်းဟု မေးကြ၏။-
11 Os líderes judeus tentavam encontrá-lo na festa e perguntavam se alguém o tinha visto.
12 ကိုယ်တော်နှင့်ပတ်သက်၍ လူအစုအဝေးသည် မိမိတို့အချင်းချင်း အမျိုးမျိုးတီးတိုး ပြောဆိုလျက်နေကြ၏။ လူအချို့တို့က သူသည် ကောင်းမြတ်သောသူတစ်ဦး ဖြစ်သည်ဟုဆိုကြ၍ အချို့ကမူ သူသည် ကောင်းမြတ်သူ မဟုတ်၊ လူတို့အား လမ်းမှားသို့ ရောက်စေသောသူဖြစ်သည်ဟု ဆိုကြ၏။-
12 Havia muita discussão a seu respeito entre as multidões. Alguns afirmavam: “Ele é um homem bom”, enquanto outros diziam: “Ele não passa de um impostor, que engana o povo”.
13 သို့ရာတွင် ဂျူးလူမျိုးတို့ကိုကြောက် ရွံ့သောကြောင့် မည်သူမျှ ကိုယ်တော်၏အကြောင်းကို အထင်အရှားမပြောကြချေ။
13 Mas ninguém tinha coragem de falar sobre ele em público, por medo dos líderes judeus.
14 ပွဲတော်ရက်များ တစ်ဝက်ခန့်ကျော်လွန်သောအခါ ယေဇူးသည် ဗိမာန်တော်သို့သွား၍ ဟောပြောသွန်သင်တော်မူ၏။-
14 Então, na metade da festa, Jesus subiu ao templo e começou a ensinar.
15 ဂျူးလူမျိုးတို့သည်လည်း လွန်စွာအံ့ဩကြလျက် ဤသူသည် ပညာမသင်ယူဘဲ ဤအရာများကို မည်ကဲ့သို့ တတ်မြောက် သနည်းဟု ဆိုကြ၏။-
15 Os judeus que estavam ali ficaram admirados ao ouvi-lo. “Como ele sabe tanto sem ter estudado?”, perguntavam.
16 သို့ဖြစ်၍ ယေဇူးက ငါဟောပြောသောတရားတော်သည် ငါ၏တရားတော်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ တရားတော်ဖြစ်၏။-
16 Jesus lhes respondeu: “Minha mensagem não vem de mim mesmo; vem daquele que me enviou.
17 ကိုယ်တော်၏အလိုတော်ကို လိုက်နာဆောင်ရွက်သောသူ မည်သည်ကား ဤတရားတော်သည် ဘုရားသခင်ထံမှ လာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက် ဟောပြောသလောဟူ၍ ခွဲခြားသိနိုင်လိမ့်မည်။-
17 Quem quiser fazer a vontade de Deus saberá se meu ensino vem dele ou se falo por mim mesmo.
18 မိမိ၏အလိုဆန္ဒအလျောက် ဟောပြောသောသူသည် မိမိ၏ဂုဏ်သရေထင်ပေါ်ကျော်ကြားခြင်းကို ရှာဖွေသောသူဖြစ်၏။ မိမိကို စေလွှတ်တော်မူသောသူ၏ ဂုဏ်သရေထင်ပေါ်ကျော်ကြားခြင်းကို ရှာဖွေသောသူမူကား ဖြောင့်မှန်သောသူဖြစ်၍ ထိုသူ၌ မှားယွင်းသော အရာမရှိ။-
18 Aquele que fala por si mesmo busca sua própria glória, mas quem procura honrar aquele que o enviou diz a verdade, e não mentiras.
19 မိုးဇက်သည် ပညတ်တရားကျမ်းကို သင်တို့အား ပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ထိုပညတ်တရားကို မလိုက်နာကြ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ရှာကြံ ကြသနည်းဟု ပြန်၍ဖြေတော်မူ၏။-
19 Moisés lhes deu a lei, mas nenhum de vocês obedece a ela. Então por que procuram me matar?”.
20 လူအစုအဝေးက သင်၌ နတ်ဆိုးရှိ၏။ မည်သူသည် သင့်ကိုသတ်ရန် ရှာ ကြံလျက်ရှိသနည်းဟု မေးကြ၏။-
20 A multidão respondeu: “Você está possuído por demônio! Quem procura matá-lo?”.
21 ယေဇူးက ငါသည် အမှုအရာတစ်ခုကိုပြုလုပ်ခဲ့၍ သင်တို့အားလုံးသည် ထိုအရာကိုအံ့ဩခဲ့ကြ၏။-
21 Jesus respondeu: “Eu fiz um milagre no sábado, e vocês ficaram admirados.
22 မိုးဇက်သည် သင်တို့အား အရေဖျားလှီးခြင်းမင်္ဂလာကိုခံယူရန် ပညတ်ခဲ့၏။ (အရေဖျား လှီးခြင်းမင်္ဂလာသည် မိုးဇက်ထံမှ လာခြင်းမဟုတ်ဘဲ ဘိုးဘေးတို့ထံမှ လာခြင်းဖြစ်၏)။ သင်တို့သည် ဥပုသ်နေ့၌ပင် လူကို အရေဖျားလှီးခြင်းပြုကြ၏။-
22 No entanto, vocês também trabalham no sábado quando obedecem à lei da circuncisão que Moisés lhes deu, embora, na verdade, a circuncisão tenha começado com os patriarcas, muito antes da lei de Moisés.
23 သို့ဖြစ်၍ လူတစ်ဦးသည် မိုးဇက်၏ပညတ်တရားကို မချိုးဖောက်ရစေဘဲ ဥပုသ်နေ့တွင် အရေဖျားလှီးခြင်းမင်္ဂလာကို ခံယူနိုင်ပါလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ယောက်အား တစ်ကိုယ်လုံး ကျန်းမာလာစေခဲ့သောကြောင့် သင်တို့ငါ့အပေါ် အမျက် ဒေါသထွက်ကြသလော။-
23 Pois, se o tempo certo de circuncidar seu filho cai no sábado, vocês realizam a cerimônia, a fim de não quebrar a lei de Moisés. Então por que ficam indignados comigo pelo fato de eu curar um homem no sábado?
24 အပေါ်ယံအသွင်အပြင်ကို ကြည့်၍ စီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်။ အမှန်တရားအတိုင်းသာ စီရင်ဆုံးဖြတ်ကြလော့ဟု မိန့်တော်မူ၏။
24 Não julguem de acordo com as aparências, mas julguem de maneira justa”.
25 ထိုအခါ ဂျေရုဆလင်မြို့သားအချို့က ဤသူသည် ကား သူတို့သတ်ရန် ရှာကြံနေကြသောသူမဟုတ်ပါ လော။-
25 Alguns do povo, que moravam em Jerusalém, começaram a perguntar uns aos outros: “Não é este o homem a quem procuram matar?
26 ကြည့်လော့၊ သူသည် ဤနေရာ၌ပင် အထင်အရှားဟောပြောသွန်သင်လျက်နေ၏။ မည်သူကမျှ သူ့ကို ပြောဆိုခြင်း မရှိပါတကား။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို အာဏာပိုင်တို့သည် အမှန်ပင်သိရှိကြပြီလော။-
26 Aqui está ele, porém, falando em público, e não lhe dizem coisa alguma. Será que nossos líderes acreditam que ele é o Cristo?
27 သို့သော် ဤသူ မည်သည့်အရပ်က လာသည်ကို ငါတို့သိကြ၏။ ခရစ်တော်ကြွလာတော်မူသောအခါ ကိုယ်တော်သည် မည်သည့်အရပ်က ကြွလာသည်ကို မည်သူမျှသိကြလိမ့်မည်မဟုတ်ဟု ဆိုကြ၏။-
27 Mas como pode ser este homem? Sabemos de onde ele vem. Quando o Cristo vier, ninguém saberá de onde ele é”.
28 ဤသို့ဖြင့် ယေဇူးသည် ဗိမာန်တော်ထဲ၌ သွန်သင်လျက်ရှိစဉ် ကြွေးကြော်တော်မူသည်ကား သင်တို့သည် ငါ့ကိုသိကြ၏။ ငါမည်သည့်အရပ်က လာသည်ကိုလည်း သင်တို့သိကြ၏။ သို့သော် ငါသည် ကိုယ့်အလိုဆန္ဒအလျောက် လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏။ ထိုသူကို သင်တို့မသိကြ။-
28 Enquanto ensinava no templo, Jesus disse em alta voz: “Sim, vocês me conhecem e sabem de onde eu venho. Mas não estou aqui por minha própria conta. Aquele que me enviou é verdadeiro, e vocês não o conhecem.
29 ငါသည် သူ့ကိုသိ၏။ အကြောင်းမူကား ငါသည် သူ့ထံမှလာ၍ သူသည်လည်း ငါ့ကိုစေလွှတ်ခဲ့၏ဟု မိန့်တော်မူ၏။-
29 Mas eu o conheço, porque venho dele, e ele me enviou a vocês”.
30 ထိုအခါ သူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့သော် ကိုယ်တော်၏ အချိန်နာရီ မရောက်သေးသဖြင့် ကိုယ်တော့်ကို မည်သူမျှလက်နှင့်မထိနိုင်ကြ။-
30 Então tentaram prendê-lo, mas ninguém pôs as mãos nele, porque ainda não havia chegado sua hora.
31 လူထုအထဲမှ များစွာသောလူတို့သည်ကား ကိုယ်တော့်ကို ယုံကြည်လာကြလေ၏။ သူတို့က ခရစ်တော်ကြွလာ တော်မူသောအခါ ဤသူပြုလုပ်ခဲ့သည်ထက် ပိုမိုများပြားသော နိမိတ်လက္ခဏာများကို ပြတော်မူလိမ့်မည်လောဟု ဆိုကြ၏။
31 Muitos entre as multidões no templo creram nele e diziam: “Afinal, alguém espera que o Cristo faça mais sinais do que este homem tem feito?”.
32 လူအစုအဝေးသည် ကိုယ်တော်နှင့်ပတ်သက်၍ ဤသို့တီးတိုးပြောဆိုနေကြသည်ကို ဖာရီဇေးဦးတို့ ကြားကြသောအခါ သူတို့နှင့် ရဟန်းအကြီးအကဲတို့သည် ကိုယ်တော်အား ဖမ်းဆီးရန် ဗိမာန်တော်အစောင့်များကို စေလွှတ်လိုက်ကြ၏။-
32 Quando os fariseus ouviram que as multidões sussurravam essas coisas, eles e os principais sacerdotes enviaram guardas do templo para prendê-lo.
33 ထိုအခါ ယေဇူးက ငါသည် သင်တို့နှင့်အတူ ခေတ္တခဏသာနေမည်။ ထို့နောက် ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ ငါသွားမည်။-
33 Jesus, porém, lhes disse: “Estarei com vocês só um pouco mais. Então voltarei para aquele que me enviou.
34 သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့သော် ငါ့ကိုသင်တို့တွေ့ ကြလိမ့်မည်မဟုတ်။ ငါရှိသောအရပ်သို့ သင်တို့မလာနိုင် ကြဟု မိန့်တော်မူ၏။-
34 Vocês procurarão por mim, mas não me encontrarão. E não poderão ir para onde eu vou”.
35 ဂျူးလူမျိုးတို့ကလည်း ငါတို့သည် သူ့ကိုရှာ၍မတွေ့နိုင်ရန် ဤသူသည် မည်သည့်အရပ်သို့ သွားရန် ရည်ရွယ်သနည်း။ သူသည် ဂရိလူမျိုးများကြားတွင် နေထိုင်ကြသော ရပ်ဝေးရောက် ငါတို့၏လူမျိုးများထံသို့သွား၍ ဂရိလူမျိုးတို့ကို ဟောပြော သွန်သင်မည်လော။-
35 Os judeus se perguntavam: “Para onde ele pretende ir? Será que planeja partir e ir aos judeus em outras terras? Talvez até ensine aos gregos!
36 သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့ကြလိမ့်မည်မဟုတ်၊ ငါရှိသောနေရာသို့ သင်တို့မလာနိုင်ကြဟု ဆိုခြင်းဖြင့် သူသည် အဘယ်အရာကို ဆိုလိုသနည်းဟူ၍ အချင်းချင်းပြောဆိုကြလေ၏။
36 O que ele quer dizer quando fala: ‘Vocês procurarão por mim, mas não me encontrarão’ e ‘Não poderão ir para onde eu vou’?”.
37 ပွဲတော်၏ အကြီးမြတ်ဆုံးနေ့ဖြစ်သော နောက်ဆုံးနေ့၌ ယေဇူးသည် ထ၍ရပ်တော်မူလျက် ရေငတ်သောသူသည် ငါ့ထံသို့လာ၍ သောက်စေ။-
37 No último dia, o mais importante da festa, Jesus se levantou e disse em alta voz: “Quem tem sede, venha a mim e beba!
38 ကျမ်းစာတော်မြတ်၌ လာသည့်အတိုင်း ငါ့ကိုယုံကြည်သောသူ၏ နှလုံးသားမှ အသက်စမ်းရေသည် မြစ်များကဲ့သို့ စီးဆင်းလိမ့်မည်ဟု ကြွေးကြော်တော်မူ၏။-
38 Pois as Escrituras declaram: ‘Rios de água viva brotarão do interior de quem crer em mim’”.
39 ယေဇူးသည် မိမိကို ယုံကြည်သောသူတို့ ခံယူကြရမည့် ဝိညာဉ်တော်အား ရည်ညွန်း၍ ဤအကြောင်းအရာကို မိန့်ဆိုတော်မူခြင်းဖြစ်၏။ အကြောင်းမူကား ထိုအချိန်၌ ယေဇူးသည် ဘုန်းဂုဏ် တော်မထင်ရှားသေးသဖြင့် ယုံကြည်သူတို့အား ဝိညာဉ်တော်ကို မပေးအပ်ရသေးသောကြောင့်ဖြစ်၏။
39 Quando ele falou de “água viva”, estava se referindo ao Espírito que seria dado mais tarde a todos que nele cressem. Naquela ocasião o Espírito ainda não tinha sido dado, pois Jesus ainda não havia sido glorificado.
40 လူတို့သည် ဤစကားများကိုကြားကြလျှင် ၎င်းတို့ထဲမှ အချို့က ဤသူသည် ဧကန်အမှန်ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။-
40 Quando as multidões o ouviram dizer isso, alguns declararam: “Certamente este homem é o profeta por quem esperávamos”.
41 အခြားသူတို့ကလည်း ဤသူသည် ခရစ်တော်ဖြစ်သည် ဟုဆိုကြ၏။ အချို့ကမူကား ခရစ်တော်သည် ဂါလေလေးယနယ်မှ ပေါ်ထွန်းရမည်လော။-
41 Outros afirmaram: “Ele é o Cristo”. E ainda outros disseram: “Não é possível! O Cristo virá da Galileia?
42 ခရစ်တော်သည် ဒါဝိဒ်၏အမျိုးအနွယ်မှ ဆင်းသက်လာမည့်အကြောင်းနှင့် ဒါဝိဒ်မင်းနေထိုင်ခဲ့သော ဘက်သလေဟင်မြို့မှ ပေါ်ထွန်းလာမည့် အကြောင်းတို့ကို ကျမ်းစာတော်မြတ်၌ ရေးထားသည်မဟုတ်လောဟု ဆိုကြ၏။-
42 As Escrituras afirmam claramente que o Cristo nascerá da linhagem real de Davi, em Belém, o povoado onde o rei Davi nasceu”.
43 ဤသို့ဖြင့် ကိုယ်တော်၏အကြောင်းနှင့် စပ်လျဉ်း၍ လူအစုအဝေးအတွင်း၌ အယူအဆကွဲလွဲလျက်ရှိ၏။-
43 Assim, a multidão estava dividida a respeito de Jesus.
44 အချို့သောသူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် အလိုရှိကြ၏။ သို့ သော် မည်သူကမျှ ကိုယ်တော့်ကိုမဖမ်းဆီးကြချေ။
44 Alguns queriam que ele fosse preso, mas ninguém pôs as mãos nele.
45 ထို့နောက် ဗိမာန်တော်အစောင့်တို့သည် ရဟန်းအကြီးအကဲများနှင့် ဖာရီဇေးဦးတို့ထံသို့ ပြန်လာကြသောအခါ သူတို့ က သင်တို့သည် အဘယ်ကြောင့် သူ့ကိုမခေါ်ဆောင်ခဲ့ကြသနည်းဟု မေးကြလေ၏။-
45 Quando os guardas do templo voltaram sem ter prendido Jesus, os principais sacerdotes e fariseus perguntaram: “Por que vocês não o trouxeram?”.
46 အစောင့်တို့ကလည်း ဤသူကဲ့သို့ မည်သူမျှမဟောပြောဖူးပါဟုဆိုကြ၏။-
46 “Nunca ouvimos alguém falar como ele!”, responderam.
47 ဖာရီဇေးဦးတို့က သင်တို့သည်လည်း လှည့်ဖြားခြင်း ခံရကြပြီလော။-
47 “Vocês também foram enganados?”, zombaram os fariseus.
48 ငါတို့၏ခေါင်းဆောင်များနှင့် ဖာရီဇေးဦးတို့တွင် တစ်စုံတစ်ယောက်သည် ထိုသူ့ကိုယုံကြည်သလော။-
48 “Por acaso um de nós que seja, entre os líderes ou fariseus, crê nele?
49 ဤလူအစုအဝေးမူကား ပညတ်တရားကို မသိကြသောကြောင့် ကျိန်ဆိုခြင်းကိုခံကြရပြီဟု ဆိုကြ၏။-
49 As multidões ignorantes o seguem, mas elas não têm conhecimento da lei. São amaldiçoadas!”
50 ဖာရီဇေးဦးတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ယေဇူး၏အထံတော်သို့ ယခင်ကလာခဲ့ဖူးသော နီကိုဒေးမုက သူတို့အား၊-
50 Então Nicodemos, o líder que antes havia se encontrado com Jesus, perguntou:
51 ငါတို့၏ပညတ်တရားသည် လူတစ်ဦး၏အကြောင်းကို ဦးစွာကြားနာခြင်းမပြုမီ သူ၏လုပ်ရပ်များကိုလည်း စစ်ဆေးခြင်း မပြုမီ သူ့ကိုစီရင်ဆုံးဖြတ်လေ့ ရှိသလောဟုဆို၏။-
51 “A lei permite condenar um homem antes mesmo de haver uma audiência?”.
52 သူတို့က သင်သည်လည်း ဂါလေလေးယနယ်သားဖြစ်သလော။ ကျမ်းစာတော်မြတ်ကို လေ့လာကြည့်လျှင် ဂါလေလေးယ နယ်မှ မည်သည့် ပရောဖက်မျှမပေါ်ထွန်းသည်ကို သင်သိရလိမ့်မည်ဟု ဆိုကြ၏။-
52 “Você também é da Galileia?”, responderam eles. “Procure e veja por si mesmo: nenhum profeta vem da Galileia!”
53 သူတို့အားလုံးသည် အသီးသီး မိမိတို့၏အိမ် သို့ပြန်သွားကြလေ၏။
53 Então todos foram para casa.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.