João 6
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 ထို့နောက် ယေဇူးသည် တိဘေးရိယအိုင်ဟု အမည်တွင်သော ဂါလေလေးယပင်လယ်တစ် ဖက်ကမ်းသို့ ကြွတော်မူ၏။-
1 Depois destas coisas, atravessou Jesus o mar da Galileia, que é o de Tiberíades.
2 များစွာသော လူအစုအဝေးတို့သည်လည်း နာမကျန်းဖြစ်နေသူတို့အပေါ်၌ ကိုယ်တော်ပြုလုပ်တော်မူသော အံ့ဖွယ်တန်ခိုး လက္ခဏာများကို တွေ့မြင်ကြသဖြင့် ကိုယ်တော်၏နောက်တော်သို့ လိုက်ကြလေ၏။-
2 Seguia-o numerosa multidão, porque tinham visto os sinais que ele fazia na cura dos enfermos.
3 ယေဇူးသည်လည်း တောင်ပေါ်သို့ ကြွတော်မူ၍ တပည့်တော်တို့နှင့်အတူ ထိုနေရာ၌ ထိုင်တော်မူ၏။-
3 Então, subiu Jesus ao monte e assentou-se ali com os seus discípulos.
4 ထိုအချိန်သည်ကား ဂျူးလူမျိုးတို့၏ ပွဲတော်ဖြစ်သော ပါစကားပွဲကျင်းပရန် အချိန်နီးကပ်လာပြီဖြစ် ၏။-
4 Ora, a Páscoa, festa dos judeus, estava próxima.
5 ကိုယ်တော်သည် လှမ်း၍ကြည့်သောအခါ များပြားလှသော လူအစုအဝေးသည် အထံတော်သို့ လာနေကြသည်ကို မြင်သောကြောင့် ဤသူတို့စားသုံးရန် မုန့်ကို ငါတို့မည်ကဲ့သို့ဝယ်နိုင်မည်နည်းဟု ဖိလိပုအား မိန့်တော်မူ၏။-
5 Então, Jesus, erguendo os olhos e vendo que grande multidão vinha ter com ele, disse a Filipe: Onde compraremos pães para lhes dar a comer?
6 ကိုယ်တော်သည် သူ့ကိုစုံစမ်းခြင်းငှာ ဤကဲ့သို့ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်တိုင် မည်သည့်အရာ ပြုရမည်ကိုသိတော်မူ၏။-
6 Mas dizia isto para o experimentar; porque ele bem sabia o que estava para fazer.
7 ဖိလိပုကလည်း လူတိုင်းတစ်ယောက်လျှင် ပေါင်မုန့်တစ်ဖဲ့ စီရနိုင်ရန် ဒေနာရီနှစ်ရာဖိုးဝယ်လျှင်ပင် လုံလောက်မည် မဟုတ်ပါဟု ကိုယ်တော်အား ပြန်လျှောက်လေ၏။-
7 Respondeu-lhe Filipe: Não lhes bastariam duzentos denários de pão, para receber cada um o seu pedaço.
8 ကိုယ်တော်၏ တပည့်တော်တစ်ပါးဖြစ်၍ စီမွန်ပေတရု၏ ညီဖြစ်သော အန္ဒြေးယက ကိုယ်တော်အား လျှောက်ထား သည်မှာ၊-
8 Um de seus discípulos, chamado André, irmão de Simão Pedro, informou a Jesus:
9 မုယောဆန်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိသော သူငယ်တစ်ယောက် ဤနေရာတွင်ရှိပါ၏။ သို့သော် ဤမျှ များပြားသော လူအစုအဝေးအတွက် မပြောပလောက်ပါဟုဆို၏။-
9 Está aí um rapaz que tem cinco pães de cevada e dois peixinhos; mas isto que é para tanta gente?
10 ယေဇူးကလည်း လူတို့ကိုထိုင်ပါစေဟု မိန့်တော်မူ၏။ ထိုနေရာ၌ မြက်ခင်းများရှိ၏။ ယောက်ျားများချည်းပင် ငါးထောင်ခန့်ရှိသော လူတို့သည်လည်း ထိုင်ကြလေ၏။-
10 Disse Jesus: Fazei o povo assentar-se; pois havia naquele lugar muita relva. Assentaram-se, pois, os homens em número de quase cinco mil.
11 ထို့နောက် ယေဇူးသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် ထိုင်နေကြသော လူတို့အား ဝေငှတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ဝေငှတော်မူ၏။-
11 Então, Jesus tomou os pães e, tendo dado graças, distribuiu-os entre eles; e também igualmente os peixes, quanto queriam.
12 သူတို့စား၍ ၀ကြပြီးသောအခါ ကိုယ်တော်သည် တပည့်တော်တို့အား ကြွင်းကျန်သော အကျိုးအပဲ့များကို မပျောက်မပျက်စေခြင်းငှာ ကောက်သိမ်းကြလော့ဟု မိန့်တော်မူ၏။-
12 E, quando já estavam fartos, disse Jesus aos seus discípulos: Recolhei os pedaços que sobraram, para que nada se perca.
13 ထို့ကြောင့် လူတို့စားပြီးသည့်နောက် မုယောဆန်မုန့်ငါးလုံးမှ ကျန်ရှိ သောအပိုင်းအစများကို ကောက်သိမ်းကြရာ တောင်း တစ်ဆယ့်နှစ်လုံးအပြည့်ရကြ၏။-
13 Assim, pois, o fizeram e encheram doze cestos de pedaços dos cinco pães de cevada, que sobraram aos que haviam comido.
14 လူတို့သည် ကိုယ်တော်ပြုတော်မူသော တန်ခိုးလက္ခဏာကို မြင်ကြလျှင် ဤသူသည်ကား ဤလောကသို့ ကြွလာမည့် ပရောဖက် ဧကန်မုချဖြစ်သည် ဟုဆိုကြ၏။
14 Vendo, pois, os homens o sinal que Jesus fizera, disseram: Este é, verdadeiramente, o profeta que devia vir ao mundo.
15 ထိုသူတို့သည် လာကြ၍ မိမိအား ဘုရင်အရာသို့ အတင်းအဓမ္မ တင်မြှောက်ကြမည်ကို ယေဇူးသိသောကြောင့် မိမိတစ်ပါးတည်း တောင်ပေါ်သို့တိမ်းရှောင်သွား တော်မူ၏။
15 Sabendo, pois, Jesus que estavam para vir com o intuito de arrebatá-lo para o proclamarem rei, retirou-se novamente, sozinho, para o monte.
16 ညနေအချိန်ရောက်သောအခါ တပည့်တော်တို့သည် ဂါလေလေးယပင်လယ်သို့ဆင်းကြ၍၊-
16 Ao descambar o dia, os seus discípulos desceram para o mar.
17 လှေပေါ်သို့တက်ကြပြီးမှ ပင်လယ်တစ်ဖက်ကမ်းရှိ ကာဖာနာအုမ်မြို့သို့သွားကြ၏။ ထိုအချိန်၌ မှောင်လာပြီဖြစ်သော်လည်း ယေဇူးသည် သူတို့ထံသို့ရောက်လာတော်မမူသေးပေ။-
17 E, tomando um barco, passaram para o outro lado, rumo a Cafarnaum. Já se fazia escuro, e Jesus ainda não viera ter com eles.
18 လေပြင်းတိုက်ခတ်နေသောကြောင့် ပင်လယ်၌ လှိုင်းတံပိုး ထလျက်ရှိလေ၏။-
18 E o mar começava a empolar-se, agitado por vento rijo que soprava.
19 သူတို့သည် ခရီးသုံးမိုင်၊ လေးမိုင်ခန့် လှော်ခတ်လာကြပြီးသော် ယေဇူးသည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေအနားသို့ ချဉ်းကပ်လာသည်ကို မြင်ကြသဖြင့် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
19 Tendo navegado uns vinte e cinco a trinta estádios, eis que viram Jesus andando por sobre o mar, aproximando-se do barco; e ficaram possuídos de temor.
20 သို့သော် ကိုယ်တော်က မကြောက်ကြနှင့်။ ငါပင်ဖြစ်၏ဟု သူတို့အား မိန့်တော်မူ၏။-
20 Mas Jesus lhes disse: Sou eu. Não temais!
21 ထိုအခါ သူတို့သည် ကိုယ်တော့်ကို လှေပေါ်သို့ ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ကြ၏။ ထိုခဏချင်းတွင်ပင် လှေသည် သူတို့သွားကြမည့်အရပ်သို့ ဆိုက်ရောက်လေ၏။
21 Então, eles, de bom grado, o receberam, e logo o barco chegou ao seu destino.
22 နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် ကျန်ရစ်ခဲ့ကြသော လူအစုအဝေးတို့သည် ထိုနေရာ၌ လှေတစ်စီးသာ ရှိကြောင်းနှင့် ယေဇူးသည် လှေပေါ်သို့လိုက်ပါ သွားခြင်းမရှိဘဲ တပည့်တော်များသာ ထွက်ခွာသွားကြ ကြောင်းကိုမြင်ကြ၏။-
22 No dia seguinte, a multidão que ficara do outro lado do mar notou que ali não havia senão um pequeno barco e que Jesus não embarcara nele com seus discípulos, tendo estes partido sós.
23 သို့သော်လည်း တိဘေးရိယမြို့မှ လှေများသည် သခင်ဘုရား ကျေးဇူးတော်ချီးမွမ်းပြီးနောက် မိမိတို့ မုန့်စားခဲ့ကြသော နေရာအနီးသို့ ဆိုက်ရောက်လာကြ၏။-
23 Entretanto, outros barquinhos chegaram de Tiberíades, perto do lugar onde comeram o pão, tendo o Senhor dado graças.
24 သူတို့သည် ယေဇူးနှင့် တပည့်တော်တို့ ထိုအရပ်၌မရှိကြောင်းကို သိမြင်ကြသောအခါ လှေများပေါ်သို့တက်ကြပြီး ကာဖာနာအုမ်မြို့သို့ သွားကြ၍ ယေဇူးကိုရှာကြ၏။
24 Quando, pois, viu a multidão que Jesus não estava ali nem os seus discípulos, tomaram os barcos e partiram para Cafarnaum à sua procura.
25 သူတို့သည် ကိုယ်တော့်ကို ပင်လယ်တစ်ဖက်ကမ်း၌ တွေ့မြင်ကြလျှင် ရာဘီ၊ မည်သည့်အချိန်က ဤအရပ်သို့ ရောက်လာ ခဲ့ပါသနည်းဟု ကိုယ်တော်အား မေးကြ၏။-
25 E, tendo-o encontrado no outro lado do mar, lhe perguntaram: Mestre, quando chegaste aqui?
26 ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆို သည်ကား သင်တို့သည် တန်ခိုးလက္ခဏာကိုမြင်ကြရ သောကြောင့်မဟုတ်။ ပေါင်မုန့်ကိုစား၍ ၀သောကြောင့်သာ ငါ့ကိုရှာကြ၏။-
26 Respondeu-lhes Jesus: Em verdade, em verdade vos digo: vós me procurais, não porque vistes sinais, mas porque comestes dos pães e vos fartastes.
27 ပျက်စီးတတ်သော အစာအတွက် မကြိုးစားကြနှင့်။ ထာ၀ရအသက်၌ တည်စေခြင်းငှာ လူသားသည် သင်တို့အား ပေးမည့်အစာအတွက် ကြိုးစား အားထုတ်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် သူ့အပေါ် ၌ မိမိ၏တံဆိပ်ကို ခတ်နှိပ်တော်မူ လေပြီဟု မိန့်တော်မူ၏။-
27 Trabalhai, não pela comida que perece, mas pela que subsiste para a vida eterna, a qual o Filho do Homem vos dará; porque Deus, o Pai, o confirmou com o seu selo.
28 ထိုအခါ သူတို့က ဘုရားသခင်၏ အမှုတော်များကို ဆောင်ရွက်နိုင်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုလုပ်ရမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
28 Dirigiram-se, pois, a ele, perguntando: Que faremos para realizar as obras de Deus?
29 ယေဇူးကလည်း ထာ၀ရဘုရား သခင်နှစ်သက်တော်မူသော အမှုအရာသည်ကား ကိုယ်တော်ရှင် စေလွှတ်တော်မူသောသူကို သင်တို့ယုံကြည်ခြင်းပင် ဖြစ်သတည်းဟု သူတို့အား ပြန်ဖြေတော်မူ၏။-
29 Respondeu-lhes Jesus: A obra de Deus é esta: que creiais naquele que por ele foi enviado.
30 ထို့ကြောင့် သူတို့က အကျွန်ုပ်တို့မြင်၍ ကိုယ်တော့်ကို ယုံကြည်နိုင်ကြရန် ကိုယ်တော်သည် မည်သည့်တန်ခိုး လက္ခဏာကိုပြပါမည်နည်း။ ကိုယ်တော်သည် မည်သည့် အမှုကို ပြုပါမည်နည်း။-
30 Então, lhe disseram eles: Que sinal fazes para que o vejamos e creiamos em ti? Quais são os teus feitos?
31 ကျမ်းစာတော်မြတ်၌ ကိုယ်တော်သည် သူတို့စားရန် ကောင်းကင်မှမုန့်ကိုပေးတော်မူ၏ဟူ၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နာမုန့်ကိုစားခဲ့ကြရသည်ဟု ကိုယ်တော်အား ပြန်လျှောက်ကြ၏။-
31 Nossos pais comeram o maná no deserto, como está escrito: Deu-lhes a comer pão do céu.
32 ထိုအခါ ယေဇူးက သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သောသူသည် မိုးဇက်မဟုတ်။ ငါ၏ခမည်းတော်သည် ကောင်းကင်မှ မုန့်အစစ်အမှန်ကို သင်တို့အား ပေးတော်မူ၏။-
32 Replicou-lhes Jesus: Em verdade, em verdade vos digo: não foi Moisés quem vos deu o pão do céu; o verdadeiro pão do céu é meu Pai quem vos dá.
33 အကြောင်းမူကား ဘုရားသခင်၏ မုန့်တော်သည် ကောင်းကင်မှဆင်းလာ၍ ဤလောကကို အသက်ပေးသောမုန့် ဖြစ်သတည်းဟု သူတို့အား မိန့်တော်မူ၏။-
33 Porque o pão de Deus é o que desce do céu e dá vida ao mundo.
34 သူတို့ကလည်း သခင်၊ ဤမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု ကိုယ်တော်အား လျှောက်ကြလေ၏။
34 Então, lhe disseram: Senhor, dá-nos sempre desse pão.
35 ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်ကား ငါသည် အသက်၏မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်။ ငါ၌ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။-
35 Declarou-lhes, pois, Jesus: Eu sou o pão da vida; o que vem a mim jamais terá fome; e o que crê em mim jamais terá sede.
36 သို့သော် သင်တို့သည် ငါ့ကိုမြင်ကြလျက် မယုံကြည်ကြဟု သင်တို့အား ငါဆိုခဲ့လေပြီ။-
36 Porém eu já vos disse que, embora me tenhais visto, não credes.
37 ငါ့အား ခမည်းတော်ပေးသမျှအရာအားလုံးသည် ငါ့ထံသို့ လာလိမ့်မည်။ ငါ့ထံသို့ လာသောသူကိုလည်း ငါသည် နှင်ထုတ် လိမ့်မည်မဟုတ်။-
37 Todo aquele que o Pai me dá, esse virá a mim; e o que vem a mim, de modo nenhum o lançarei fora.
38 အကြောင်းမူကား ငါသည် ငါ၏အလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကို ဆောင်ရွက်ခြင်းငှာ ကောင်းကင်မှဆင်းလာခြင်းဖြစ်၏။-
38 Porque eu desci do céu, não para fazer a minha própria vontade, e sim a vontade daquele que me enviou.
39 ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်သည်ကား ငါ့အား ကိုယ်တော်ပေးထားတော်မူသော အရာအားလုံးထဲမှ တစ်ခုကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသောနေ့၌ ၎င်းတို့ကို ထမြောက်စေရန်ဖြစ်သတည်း။-
39 E a vontade de quem me enviou é esta: que nenhum eu perca de todos os que me deu; pelo contrário, eu o ressuscitarei no último dia.
40 အဘယ်ကြောင့်ဆိုသော် ငါ့ခမည်းတော်၏ အလိုတော်သည်ကား သားတော်ကိုဖူးမြင်၍ သူ့ကိုယုံကြည်သော သူတိုင်းအား ထာ၀ရအသက်ကိုရရှိစေမည့် အကြောင်းဖြစ်သတည်း။ ငါသည်လည်း ထိုသူ့ကို နောက်ဆုံးသောနေ့၌ ထမြောက်စေမည်ဟု မိန့်တော်မူ၏။
40 De fato, a vontade de meu Pai é que todo homem que vir o Filho e nele crer tenha a vida eterna; e eu o ressuscitarei no último dia.
41 ငါသည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏ဟု ကိုယ်တော်မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်အပေါ် ဝေဖန်ပြောဆိုကြ၏။-
41 Murmuravam, pois, dele os judeus, porque dissera: Eu sou o pão que desceu do céu.
42 သူတို့က ဤသူသည် ဂျိုးဇက်၏သား ယေဇူးမဟုတ်လော။ သူ၏မိဘများကို ငါတို့သိကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ငါသည် ကောင်းကင်မှဆင်းသက်လာသည်ဟု သူမည် ကဲ့သို့ဆိုနိုင်သနည်းဟု ပြောဆိုကြ၏။-
42 E diziam: Não é este Jesus, o filho de José? Acaso, não lhe conhecemos o pai e a mãe? Como, pois, agora diz: Desci do céu?
43 ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့အချင်းချင်းအကြား ဝေဖန်ပြောဆိုခြင်းမပြုကြနှင့်။-
43 Respondeu-lhes Jesus: Não murmureis entre vós.
44 ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်က ခေါ်ယူသောသူမှတစ်ပါး မည်သူမျှ ငါ့ထံသို့မလာနိုင်။ ငါသည် ထိုသူ့ကို နောက်ဆုံးသောနေ့တွင် ထမြောက်စေမည်။-
44 Ninguém pode vir a mim se o Pai, que me enviou, não o trouxer; e eu o ressuscitarei no último dia.
45 ပရောဖက်ကျမ်းများတွင် ရေးထားလျက်ရှိသည်ကား ထိုသူအပေါင်းတို့သည် ဘုရားသခင်၏ သွန်သင်ခြင်းကို ခံကြရလိမ့်မည်ဟူ ၍ဖြစ်၏။ ခမည်းတော်ထံမှကြားရ၍ သွန်သင်ခြင်းခံရသောသူတိုင်းသည် ငါ့ထံသို့လာ၏။-
45 Está escrito nos profetas:
46 ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး မည်သူမျှခမည်းတော်ကို မြင်ဖူးသည်မဟုတ်။ သူသာလျှင် ခမည်းတော်ကို မြင်ဖူးခဲ့၏။-
46 Não que alguém tenha visto o Pai, salvo aquele que vem de Deus; este o tem visto.
47 သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။-
47 Em verdade, em verdade vos digo: quem crê em mim tem a vida eterna.
48 ငါသည် အသက်၏မုန့်ဖြစ်၏။-
48 Eu sou o pão da vida.
49 သင်တို့၏ ဘိုးဘေးတို့သည် တောကန္တာရ၌ မန္နာမုန့်ကိုစားကြရလျက် သေဆုံးခဲ့ကြ၏။-
49 Vossos pais comeram o maná no deserto e morreram.
50 ဤသည်ကား ကောင်းကင်မှဆင်းလာသော မုန့်ဖြစ်သဖြင့် လူသည် ထိုမုန့်ကိုစား၍ သေခြင်းသို့မရောက်နိုင်။-
50 Este é o pão que desce do céu, para que todo o que dele comer não pereça.
51 ငါသည် ကောင်းကင်မှဆင်းသက်လာသည့် အသက်ရှိသော မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူသည် အစဉ်ထာ၀ရ အသက်ရှင်လိမ့်မည်။ ဤလောက၏အသက်အဖို့ ငါပေးမည်ဖြစ်သောမုန့်သည် ငါ၏အသားပေတည်းဟု မိန့်တော်မူ၏။
51 Eu sou o pão vivo que desceu do céu; se alguém dele comer, viverá eternamente; e o pão que eu darei pela vida do mundo é a minha carne.
52 ထိုအခါ ဂျူးလူမျိုးတို့က ဤသူသည် ငါတို့အား သူ၏အသားကိုစားရန် မည်ကဲ့သို့ပေးနိုင်မည်နည်းဟူ၍ မိမိတို့ အချင်းချင်းငြင်းခုံကြလေ၏။-
52 Disputavam, pois, os judeus entre si, dizendo: Como pode este dar-nos a comer a sua própria carne?
53 ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆို သည်ကား လူသား၏အသားကို သင်တို့မစား၊ သူ၏သွေးကိုလည်း သင်တို့မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုင်ရာ။-
53 Respondeu-lhes Jesus: Em verdade, em verdade vos digo: se não comerdes a carne do Filho do Homem e não beberdes o seu sangue, não tendes vida em vós mesmos.
54 ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ထာ၀ရအသက်ကိုရ၏။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်စေမည်။-
54 Quem comer a minha carne e beber o meu sangue tem a vida eterna, e eu o ressuscitarei no último dia.
55 အကြောင်းမူကား ငါ၏အသားသည် စားစရာအမှန်ဖြစ်၏။ ငါ၏သွေးသည်လည်း သောက်စရာအမှန် ဖြစ်၏။-
55 Pois a minha carne é verdadeira comida, e o meu sangue é verdadeira bebida.
56 ငါ၏အသားကိုစား၍ ငါ၏သွေးကို သောက်သောသူသည် ငါ၌တည်နေ၏။ ငါသည်လည်း ထိုသူ၌တည်နေ၏။-
56 Quem comer a minha carne e beber o meu sangue permanece em mim, e eu, nele.
57 အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည့်အတိုင်း ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်၏။ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။-
57 Assim como o Pai, que vive, me enviou, e igualmente eu vivo pelo Pai, também quem de mim se alimenta por mim viverá.
58 ဤသည်ကား ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်သတည်း။ ဤမုန့်သည် သင်တို့၏ဘိုးဘေးများ စားခဲ့ကြ၍ သေဆုံးခဲ့ကြသော မန္နာမုန့်ကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူမူကား အစဉ်ထာ၀ရ အသက်ရှင်လိမ့်မည်ဟု မိန့်တော်မူ၏။-
58 Este é o pão que desceu do céu, em nada semelhante àquele que os vossos pais comeram e, contudo, morreram; quem comer este pão viverá eternamente.
59 ကိုယ်တော်သည် ဤအကြောင်းအရာများကို ကာဖာနာအုမ် မြို့ရှိ တရားဇရပ်၌ သွန်သင်တော်မူခြင်းဖြစ်၏။
59 Estas coisas disse Jesus, quando ensinava na sinagoga de Cafarnaum.
60 များစွာသော တပည့်တော်တို့သည် ဤအကြောင်းအရာကို ကြားကြလျှင် ဤသွန်သင်ချက်သည် ခက်ခဲလှပေ၏။ မည်သူသည် ဤအချက်ကို နာယူနိုင်မည်နည်းဟု ဆိုကြလေ၏။-
60 Muitos dos seus discípulos, tendo ouvido tais palavras, disseram: Duro é este discurso; quem o pode ouvir?
61 ကိုယ်တော်မူကား ဤအကြောင်းအရာအပေါ် မိမိ၏တပည့်တော်များ ဝေဖန်ပြောဆိုနေကြသည်ကို သိသောကြောင့် သူတို့အား မိန့်တော်မူသည်ကား ဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။-
61 Mas Jesus, sabendo por si mesmo que eles murmuravam a respeito de suas palavras, interpelou-os: Isto vos escandaliza?
62 သို့ဖြစ်လျှင် အကယ်၍ လူသားသည် မိမိယခင်ကရှိတော်မူခဲ့ သောအရပ်သို့ တက်ကြွသွားသည်ကို သင်တို့မြင်ကြရပါက မည်သို့ရှိမည်နည်း။-
62 Que será, pois, se virdes o Filho do Homem subir para o lugar onde primeiro estava?
63 ဝိညာဉ်သည် အသက်ကိုပေး၏။ ကာယသည်ကား မည်သို့မျှမတတ်နိုင်။ သင်တို့အား ငါပြောသောစကားများသည် ဝိညာဉ်နှင့် အသက် ဖြစ်ကြ၏။-
63 O espírito é o que vivifica; a carne para nada aproveita; as palavras que eu vos tenho dito são espírito e são vida.
64 သို့သော် သင်တို့အလယ်တွင် မယုံကြည်သောသူ အချို့ရှိ၏ဟု မိန့်တော်မူ၏။ အကြောင်းမူကား မည်သူတို့သည် မယုံကြည်သော သူများဖြစ်ကြ၍ မည်သူသည် မိမိကိုသစ္စာဖောက်မည်ကို အစဦးကပင် ယေဇူးသိတော်မူ၏။-
64 Contudo, há descrentes entre vós. Pois Jesus sabia, desde o princípio, quais eram os que não criam e quem o havia de trair.
65 သို့ဖြစ်၍ ကိုယ်တော်က ဤအကြောင်းကြောင့် ငါ၏ခမည်းတော် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်ကြောင်း သင်တို့အား ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။
65 E prosseguiu: Por causa disto, é que vos tenho dito: ninguém poderá vir a mim, se, pelo Pai, não lhe for concedido.
66 ထိုအချိန်မှစ၍ များစွာသော တပည့်တော်တို့သည် ထွက်ခွာသွားကြ၍ ကိုယ်တော်နှင့်အတူ သွားလာခြင်း မရှိကြတော့ချေ။-
66 À vista disso, muitos dos seus discípulos o abandonaram e já não andavam com ele.
67 ထိုအခါ ယေဇူးက တပည့်တော်တစ်ဆယ့်နှစ်ပါးတို့အား သင်တို့သည်လည်း ထွက်ခွာသွားရန် အလိုရှိကြသလောဟု မေးတော်မူလျှင်၊-
67 Então, perguntou Jesus aos doze: Porventura, quereis também vós outros retirar-vos?
68 စီမွန်ပေတရုက သခင်ဘုရား၊ တပည့်တော်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ကိုယ်တော်၌ ထာ၀ရအသက်နှင့် ဆိုင်သောစကားရှိပါ၏။-
68 Respondeu-lhe Simão Pedro: Senhor, para quem iremos? Tu tens as palavras da vida eterna;
69 ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာသည့် သန့်ရှင်းမြင့်မြတ်သောသူ ဖြစ်တော်မူသည်ကို တပည့်တော်တို့ ယုံကြည်သိမှတ်ခဲ့ကြပါပြီဟု ပြန်လျှောက်လေ၏။-
69 e nós temos crido e conhecido que tu és o Santo de Deus.
70 ယေဇူးက ငါသည် တစ်ဆယ့်နှစ်ပါးတို့ကို ရွေးချယ်ခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် တစ်ယောက်သည် နတ်ဆိုးဖြစ်၏ဟု သူတို့အား ပြန်ဖြေတော်မူ၏။-
70 Replicou-lhes Jesus: Não vos escolhi eu em número de doze? Contudo, um de vós é diabo.
71 ကိုယ်တော်သည် စီမွန်၏သား ဂျုဒအစ္စ ကာရီယုဒ်ကို ရည်ညွန်း၍ ဤသို့မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား သူသည် တစ်ဆယ့်နှစ်ပါးတို့တွင် ကိုယ်တော့်ကို အပ်နှံမည့်သူဖြစ်၏။
71 Referia-se ele a Judas, filho de Simão Iscariotes; porque era quem estava para traí-lo, sendo um dos doze.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.