João 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ထို့နောက် ဂျူးလူမျိုးတို့၏ ပွဲတော်နေ့ ကျရောက်သဖြင့် ယေဇူးသည် ဂျေရုဆလင်မြို့သို့ ကြွသွားတော်မူ၏။-
1 Depois disto havia uma festa entre os judeus, e Jesus subiu a Jerusalém.
2 ဂျေရုဆလင်မြို့ရှိ၊ သိုးတံခါးအနီးတွင် ဟေဗြေဦးဘာသာစကားဖြင့် ဘက်ဇိုင်းဒါဟုခေါ်ဆိုသော ရေကန်တစ်ကန်ရှိ၏။ ထိုရေကန်၌ မုခ်ဦးငါးဆောင်ရှိ၏။-
2 Ora, em Jerusalém há, próximo à porta das ovelhas, um tanque, chamado em hebreu Betesda, o qual tem cinco alpendres.
3 ထိုမုခ်ဦးဆောင်များအောက်၌ မျက်စိမမြင်သောသူ၊ ခြေမသန်သောသူနှင့် လေဖြတ်သောသူစသည့် နာမကျန်း ဖြစ်နေသူ များစွာတို့သည် လဲလျောင်းလျက်ရှိကြ၏။-
3 Nestes jazia grande multidão de enfermos, cegos, mancos e ressicados, esperando o movimento da água.
4 အကြောင်းမူကား အချိန်တန်လျှင် ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် ရေကန်အတွင်းသို့ ဆင်းသက်၍ ရေပြင်ကို လှုပ်ရှားလေ့ရှိ၏။ ထိုသို့ရေလှုပ်ရှားပြီးချိန်တွင် ရေကန်အတွင်းသို့ ပထမဦးဆုံး ဆင်းသောသူသည် မိမိ၌ စွဲကပ်နေသော အနာရောဂါဟူသမျှ ပျောက်ကင်းချမ်းသာရသောကြောင့်ဖြစ်၏။-
4 Porquanto um anjo descia em certo tempo ao tanque, e agitava a água; e o primeiro que ali descia, depois do movimento da água, sarava de qualquer enfermidade que tivesse.
5 သုံးဆယ့်ရှစ်နှစ် ပတ်လုံး နာမကျန်းဖြစ်နေသောလူတစ်ဦးသည်လည်း ထို နေရာ၌ ရှိလေ၏။-
5 E estava ali um homem que, havia trinta e oito anos, se achava enfermo.
6 ယေဇူးသည် ထိုသူ့ကိုမြင်လျှင် သူသည် ထိုနေရာ၌ ကြာမြင့်စွာ လဲလျောင်းနေခဲ့ကြောင်းကို သိသဖြင့် သင်သည် ဝေဒနာပျောက်ကင်းလိုသလောဟု သူ့အား မေးမြန်းတော်မူ၏။-
6 E Jesus, vendo este deitado, e sabendo que estava neste estado havia muito tempo, disse-lhe: Queres ficar são?
7 နာမကျန်းဖြစ်သောသူကလည်း သခင်၊ ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကို ရေကန်ထဲသို့ ချပေးမည့်သူမရှိပါ။ အကျွန်ုပ် သွားနေစဉ်တွင် အခြားတစ်ယောက်သည် အကျွန်ုပ်ရှေ့မှ ဆင်းသွားပါသည်ဟု လျှောက်လေ၏။-
7 O enfermo respondeu-lhe: Senhor, não tenho homem algum que, quando a água é agitada, me ponha no tanque; mas, enquanto eu vou, desce outro antes de mim.
8 ထိုအခါ ယေဇူးက ထလော့၊ သင့်အိပ်ရာကိုယူ၍ လျှောက်လှမ်းသွားလော့ဟု သူ့အား မိန့်တော်၏။-
8 Jesus disse-lhe: Levanta-te, toma o teu leito, e anda.
9 ထိုသူသည်လည်း ချက်ချင်းပင် အကောင်း ပကတိဖြစ်၍ မိမိ၏အိပ်ရာကို သယ်ဆောင်လျက် လမ်း လျှောက်သွားလေ၏။
9 Logo aquele homem ficou são; e tomou o seu leito, e andava. E aquele dia era sábado.
10 ထိုနေ့သည်ကား ဥပုသ်နေ့ဖြစ်၏။ ထို့ကြောင့် ဂျူးလူမျိုးတို့က ဤနေ့သည် ဥပုသ်နေ့ဖြစ်၏။ သင့်အိပ်ရာကို မသယ်ဆောင်အပ်ဟု ရောဂါပျောက်ကင်းသွားသူအား ဆိုကြ၏။-
10 Então os judeus disseram àquele que tinha sido curado: É sábado, não te é lícito levar o leito.
11 သို့သော် ထိုသူက အကျွန်ုပ်ကို ရောဂါပျောက်ကင်းစေသောသူက သင့်အိပ်ရာကိုယူပြီး လျှောက်လှမ်းသွားလော့ဟူ၍ အကျွန်ုပ်အား မိန့်မှာသည်ဟု ပြန်ပြောလေ၏။-
11 Ele respondeu-lhes: Aquele que me curou, ele próprio disse: Toma o teu leito, e anda.
12 သူတို့ကလည်း သင့်အိပ်ရာကိုယူပြီး လျှောက်လှမ်းသွားလော့ဟု သင့်အား ပြောသောသူကား မည်သူနည်းဟု မေးကြ၏။-
12 Perguntaram-lhe, pois: Quem é o homem que te disse: Toma o teu leito, e anda?
13 ရောဂါပျောက်ကင်းသောသူသည် ထိုသူမည်သူဖြစ်မှန်းမသိပေ။ အကြောင်းမူကား ထိုအရပ်၌ လူများစွာ စုဝေးလျက် ရှိသည်ဖြစ်၍ ယေဇူးသည် ထွက်ခွာသွားသောကြောင့်တည်း။-
13 E o que fora curado não sabia quem era; porque Jesus se havia retirado, em razão de naquele lugar haver grande multidão.
14 ထို့နောက် ယေဇူးသည် ဗိမာန်တော်၌ သူ့ကိုတွေ့သောအခါ ကြည့်လော့၊ ယခု သင်သည် ကျန်းမာလျက်ရှိပြီ။ ပို၍ဆိုးသော ဘေးဒုက္ခနှင့် မကြုံတွေ့စေရန် နောက်တစ်ဖန်အပြစ်မပြုလေနှင့်ဟု သူ့အား မိန့်တော်မူ၏။-
14 Depois Jesus encontrou-o no templo, e disse-lhe: Eis que já estás são; não peques mais, para que não te suceda alguma coisa pior.
15 ထိုသူသည် ဂျူးလူမျိုးတို့ထံသို့သွား ၍ မိမိကိုကျန်းမာစေသောသူသည် ယေဇူးဖြစ်ကြောင်းကို ပြောလေ၏။-
15 E aquele homem foi, e anunciou aos judeus que Jesus era o que o curara.
16 ယေဇူးသည် ဤအမှုကို ဥပုသ်နေ့၌ ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကို ရန်ရှာကြ၏။-
16 E por esta causa os judeus perseguiram a Jesus, e procuravam matá-lo, porque fazia estas coisas no sábado.
17 သို့သော် ယေဇူးက ငါ၏ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည့်အတိုင်း ငါသည်လည်း အလုပ်လုပ်လျက်ရှိသည်ဟု သူတို့အား ပြန်ဖြေတော်မူ၏။-
17 E Jesus lhes respondeu: Meu Pai trabalha até agora, e eu trabalho também.
18 ထို့ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကိုသတ်ရန် ပို၍ပင် ကြိုးစားကြလေ၏။ အကြောင်းမူကား ကိုယ်တော်သည် ဥပုသ်နေ့ကိုဖောက်ဖျက်သည် သာမက ဘုရားသခင်ကို မိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့် တန်းတူ ဖြစ်စေတော်မူသောကြောင့်တည်း။
18 Por isso, pois, os judeus ainda mais procuravam matá-lo, porque não só quebrantava o sábado, mas também dizia que Deus era seu próprio Pai, fazendo-se igual a Deus.
19 ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သားတော်သည် မိမိအလိုအလျောက်မည် သည့်အရာကိုမျှ မပြုနိုင်။ သူသည် ခမည်းတော်ပြုတော်မူသည်ကို မြင်ရသလောက်သာပြု၏။ အဘယ်ကြောင့်ဆိုသော် ခမည်းတော် ပြုတော်မူသမျှအတိုင်းပင် သားတော်သည်လည်း ပြု၏။-
19 Mas Jesus respondeu, e disse-lhes: Na verdade, na verdade vos digo que o Filho por si mesmo não pode fazer coisa alguma, se o não vir fazer o Pai; porque tudo quanto ele faz, o Filho o faz igualmente.
20 အကြောင်းမူကား ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့် မိမိကိုယ်တော်တိုင် ပြုတော်မူသမျှကို သားတော်အား ပြတော်မူ၏။ ထို့အတူ သင်တို့ အံ့ဩခြင်းရှိကြစေရန် ခမည်းတော်သည် ဤထက်မက ကြီးကျယ်သော အမှုအရာတို့ကိုပင် သားတော်အား ပြတော်မူလိမ့်မည်။-
20 Porque o Pai ama o Filho, e mostra-lhe tudo o que faz; e ele lhe mostrará maiores obras do que estas, para que vos maravilheis.
21 အကြောင်းမူကား ခမည်းတော်သည် သေသောသူတို့ကို ထမြောက်စေ၍ အသက်ပေးတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို အသက်ရှင်စေတော်မူ၏။-
21 Pois, assim como o Pai ressuscita os mortos, e os vivifica, assim também o Filho vivifica aqueles que quer.
22 ခမည်းတော်သည် မည်သူ့ကိုမျှ တရားစီရင်တော်မမူ။ သို့သော် ကိုယ်တော်သည် တရားစီရင်ပိုင်ခွင့်ရှိသမျှကို သားတော်အား ပေးတော်မူ၏။-
22 E também o Pai a ninguém julga, mas deu ao Filho todo o juízo;
23 ဤသို့ဖြင့် ခပ်သိမ်းသောသူတို့သည် ခမည်းတော်ကို ရိုသေသကဲ့သို့ပင် သားတော်ကိုလည်း ရိုသေကြရမည်ဖြစ်၏။ သားတော်ကို မရိုသေသောသူသည် သူ့အား စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေ။-
23 Para que todos honrem o Filho, como honram o Pai. Quem não honra o Filho, não honra o Pai que o enviou.
24 သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏စကားကို နားထောင်လျက် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကို ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။ ထိုသူသည် အပြစ်စီရင်ခြင်းသို့မရောက်ရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းလေပြီ။
24 Na verdade, na verdade vos digo que quem ouve a minha palavra, e crê naquele que me enviou, tem a vida eterna, e não entrará em condenação, mas passou da morte para a vida.
25 သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သေလွန်သောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားကြရမည့် အချိန်နာရီမှာ ကျရောက်လာမည်ဖြစ်ရာ ယခုတွင်ပင် ကျရောက်လေပြီ။ ကြားရသောသူတို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
25 Em verdade, em verdade vos digo que vem a hora, e agora é, em que os mortos ouvirão a voz do Filho de Deus, e os que a ouvirem viverão.
26 အကြောင်းမူကား ခမည်းတော်သည် အသက်ကို ပိုင်ဆိုင်တော်မူသကဲ့သို့ သားတော်သည်လည်း အသက်ကို ပိုင်ဆိုင် စေခြင်းငှာ အခွင့်ပေးတော်မူ၏။-
26 Porque, como o Pai tem a vida em si mesmo, assim deu também ao Filho ter a vida em si mesmo;
27 ခမည်းတော်သည် တရားစီရင်ရန် အခွင့်အာဏာကိုလည်း သူ့အား အပ်နှင်းထားတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သူသည် လူသားဖြစ်တော်မူသောကြောင့်တည်း။-
27 E deu-lhe o poder de exercer o juízo, porque é o Filho do homem.
28 ဤအကြောင်းအရာကို အံ့ဩခြင်းမရှိကြနှင့်။ အကြောင်းမူကား သခင်္ျိုင်းများအတွင်း၌ ရှိကြသောသူအပေါင်းတို့သည် သူ၏အသံကိုကြားရမည့် အချိန်နာရီရောက်လာလိမ့်မည်။-
28 Não vos maravilheis disto; porque vem a hora em que todos os que estão nos sepulcros ouvirão a sua voz.
29 ကောင်းသောအကျင့်ကို ကျင့်ကြံသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း၊ မကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း ရောက်ကြလိမ့် မည်။
29 E os que fizeram o bem sairão para a ressurreição da vida; e os que fizeram o mal para a ressurreição da condenação.
30 ငါသည် ငါ့အလိုအတိုင်း မည်သည့်အရာကိုမျှ မပြုနိုင်။ ငါကြားရသည့်အတိုင်း တရားစီရင်၏။ ငါ၏စီရင်ခြင်းသည်လည်း တရားမျှတ၏။ အကြောင်းမူကား ငါသည် ငါ့အလိုဆန္ဒကိုမလိုက်ဘဲ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုသာ လိုက်နာ၏။-
30 Eu não posso de mim mesmo fazer coisa alguma. Como ouço, assim julgo; e o meu juízo é justo, porque não busco a minha vontade, mas a vontade do Pai que me enviou.
31 ငါသည် ငါ့အကြောင်းကို သက်သေခံလျှင် ငါ၏သက်သေခံချက်သည် မမှန်။-
31 Se eu testifico de mim mesmo, o meu testemunho não é verdadeiro.
32 ငါ၏အကြောင်းကို သက်သေခံသောသူ အခြားတစ်ပါးရှိ၍ ငါ့အပေါ် သက်သေခံသောသူ၏ သက်သေခံချက်သည် မှန်ကန်ကြောင်း ငါသိ၏။-
32 Há outro que testifica de mim, e sei que o testemunho que ele dá de mim é verdadeiro.
33 သင်တို့သည် ယောဟန်ထံသို့ တမန်များကို စေလွှတ်ခဲ့ကြ၏။ သူသည်လည်း သမ္မာတရားဘက်မှ သက်သေခံခဲ့လေပြီ။-
33 Vós mandastes mensageiros a João, e ele deu testemunho da verdade.
34 ငါခံယူသော သက်သေခံချက်သည် လူတို့ထံမှမဟုတ်။ သို့သော် သင်တို့ သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ဤအရာကို ငါပြော၏။-
34 Eu, porém, não recebo testemunho de homem; mas digo isto, para que vos salveis.
35 သူသည် ထွန်းလင်းတောက်လောင်နေသော ဆီမီးဖြစ်၏။ သင်တို့မူကား သူ၏အလင်း၌ ခေတ္တခဏမျှ မွေ့လျော်ခြင်းငှာ အလိုရှိကြ၏။-
35 Ele era a candeia que ardia e alumiava, e vós quisestes alegrar-vos por um pouco de tempo com a sua luz.
36 သို့သော် ငါ၌ရှိသော သက်သေခံချက်သည် ယောဟန်၏သက်သေခံချက် ထက်သာ၍ကြီးမြတ်၏။ အကြောင်းမူကား ပြီးမြောက်အောင် ဆောင်ရွက်စေခြင်းငှာ ခမည်းတော်က ငါ့အား ပေးအပ်တော်မူသောအမှုတော်များကို ငါသည် ပြုလုပ်ဆောင် ရွက်လျက်ရှိ၍ ၎င်းတို့သည် ငါ့အား ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြလေ၏။-
36 Mas eu tenho maior testemunho do que o de João; porque as obras que o Pai me deu para realizar, as mesmas obras que eu faço, testificam de mim, que o Pai me enviou.
37 ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်လည်း ကိုယ်တော်တိုင် ငါ့ကိုသက်သေခံတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ အသံကို တစ်ခါမျှမကြားဖူးကြ။ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်ကိုလည်း သင်တို့မမြင်ဖူးကြပေ။-
37 E o Pai, que me enviou, ele mesmo testificou de mim. Vós nunca ouvistes a sua voz, nem vistes o seu parecer.
38 ကိုယ်တော်၏ နှုတ်တော်ထွက်စကားသည်လည်း သင်တို့၌မတည်ပေ။ အကြောင်းမူကား သင်တို့သည် ကိုယ်တော်စေလွှတ် တော်မူသောသူကိုမယုံကြည်ကြသောကြောင့်တည်း။
38 E a sua palavra não permanece em vós, porque naquele que ele enviou não credes vós.
39 ကျမ်းစာတော်မြတ်အားဖြင့် ထာ၀ရအသက်ကို ရရှိမည်ဟု သင်တို့ခံယူကြလျက် ၎င်းကို သင်တို့လေ့လာကြ၏။ ထိုကျမ်းစာတော်မြတ်သည်ပင်လျှင် ငါ့ကို သက်သေခံ၏။-
39 Examinais as Escrituras, porque vós cuidais ter nelas a vida eterna, e são elas que de mim testificam;
40 သို့သော် သင်တို့သည် အသက်ကိုပိုင်ဆိုင်ခြင်းငှာ ငါ့ထံသို့လာရန် အလိုမရှိကြ။-
40 E não quereis vir a mim para terdes vida.
41 ငါသည် လူတို့၏ ချီးမွမ်းဂုဏ်ပြုခြင်းကို မခံယူ။-
41 Eu não recebo glória dos homens;
42 သို့သော် သင်တို့၌ ဘုရားသခင်ကို ချစ်မြတ်နိုးစိတ်မရှိကြောင်း ငါသိ၏။-
42 Mas bem vos conheço, que não tendes em vós o amor de Deus.
43 ငါသည် ငါ့ခမည်းတော်၏ နာမတော်၌ လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသူတစ်ဦးသည် မိမိ၏ နာမ၌လာလျှင် သင်တို့သည် ထိုသူ့ကို လက်ခံကြလိမ့်မည်။-
43 Eu vim em nome de meu Pai, e não me aceitais; se outro vier em seu próprio nome, a esse aceitareis.
44 သင်တို့သည် လူသားအချင်းချင်းထံမှ ချီးမွမ်းဩဘာပေးခြင်းကို လက်ခံ၍ ဘုရားသခင်ကသာ ပေးတော်မူသော ဘုန်းဂုဏ်တော်ကို အလိုမရှိကြလျှင် မည်ကဲ့သို့ ယုံကြည်နိုင်ကြမည်နည်း။-
44 Como podeis vós crer, recebendo honra uns dos outros, e não buscando a honra que vem só de Deus?
45 ငါသည် ခမည်းတော်ဘုရား၏ ရှေ့တော်၌ သင်တို့ကို အပြစ်တင်စွပ်စွဲမည်ဟု မထင်မှတ်ကြနှင့်။ သင်တို့ မျှော်လင့်အားကိုးသော မိုးဇက်သည် သင်တို့ကို အပြစ်တင်စွပ်စွဲလိမ့်မည်။-
45 Não cuideis que eu vos hei de acusar para com o Pai. Há um que vos acusa, Moisés, em quem vós esperais.
46 သင်တို့သည် မိုးဇက်ကို ယုံကြည်လျှင် ငါ့ကိုလည်း ယုံကြည်ပေလိမ့်မည်။ အကြောင်းမူကား သူသည် ငါ၏အကြောင်းကို ရေးထားခဲ့၏။-
46 Porque, se vós crêsseis em Moisés, creríeis em mim; porque de mim escreveu ele.
47 သို့သော် သင်တို့သည် သူ၏ကျမ်းတို့ကို မယုံကြည်လျှင် ငါ့စကားကို မည်သို့ယုံကြည်ကြမည်နည်းဟု သူတို့အား မိန့်တော်မူ၏။
47 Mas, se não credes nos seus escritos, como crereis nas minhas palavras?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.