João 3
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 ဂျူးလူမျိုးတို့ကို အုပ်ချုပ်သူတစ်ဦးဖြစ်သော နီကိုဒေးမုအမည်ရှိသည့် ဖာရီဇေးဦး တစ်ယောက်ရှိ၏။-
1 Havia um fariseu chamado Nicodemos, que era líder dos judeus.
2 ဤသူသည် ညအချိန်၌ ယေဇူးထံသို့လာပြီးလျှင် ရာဘီ၊ ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ကြွလာတော်မူသော ဆရာသခင်ဖြစ်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။ အကြောင်းမူကား ကိုယ်တော်ပြုလုပ်တော်မူသော ဤအံ့ဖွယ်တန်ခိုး လက္ခဏာများကို ဘုရားသခင်နှင့် အတူမရှိသောသူ မည်သူမျှမပြုလုပ်နိုင်ပါဟု လျှောက်ထားလေ၏။-
2 Uma noite ele foi visitar Jesus e disse: — Rabi, nós sabemos que o senhor é um mestre que Deus enviou, pois ninguém pode fazer esses milagres se Deus não estiver com ele.
3 ယေဇူးက သင့်အား ငါဧကန်အမှန်ဆိုသည်ကား အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူ မည်သူမျှ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု သူ့အား ဖြေကြားတော်မူ၏။-
3 Jesus respondeu:
4 နီကိုဒေးမုကလည်း လူတစ်ဦးသည် အသက်ကြီးသောအခါ မည်ကဲ့သို့ မွေးဖွားခြင်း ခံနိုင်ပါမည်နည်း။ သူသည် အမိဝမ်းထဲသို့ ဒုတိယအကြိမ်ပြန်ဝင်၍ မွေးဖွားခြင်းကိုခံနိုင်ပါမည်လောဟု ကိုယ်တော်အား လျှောက်လေ၏။-
4 Nicodemos perguntou: — Como é que um homem velho pode nascer de novo? Será que ele pode voltar para a barriga da sua mãe e nascer outra vez?
5 ယေဇူးကလည်း သူ့အား ဖြေတော်မူသည်မှာ သင့်အား ငါဧကန်အမှန်ဆိုသည်ကား ရေဖြင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်ရာ။-
5 Jesus disse:
6 သွေးသားမှ မွေးဖွားသောသူသည် သွေးသားဖြစ်၍ ဝိညာဉ်တော်မှ မွေးဖွားသောသူသည် ဝိညာဉ်ဖြစ်၏။-
6 Quem nasce de pais humanos é um ser de natureza humana; quem nasce do Espírito é um ser de natureza espiritual.
7 သင်တို့သည် နောက်တစ်ကြိမ် မွေးဖွားခြင်းခံရမည်ဟု သင့်ကိုငါဆိုသောကြောင့် အံ့ဩခြင်းမရှိနှင့်။-
7 Por isso não fique admirado porque eu disse que todos vocês precisam nascer de novo.
8 လေသည် မိမိအလိုရှိရာအရပ်သို့ တိုက်ခတ်၏။ လေတိုက်သံကို သင်ကြားရသော်လည်း ၎င်းသည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကို သင်မသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းခံကြသူတို့ သည်လည်း ထိုနည်းတူဖြစ်ကြသည်ဟု မိန့်တော်မူ၏။
8 O vento sopra onde quer, e ouve-se o barulho que ele faz, mas não se sabe de onde ele vem, nem para onde vai. A mesma coisa acontece com todos os que nascem do Espírito.
9 နီကိုဒေးမုကလည်း ဤအမှုအရာသည် မည်သို့ဖြစ်နိုင်မည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။-
9 — Como pode ser isso? — perguntou Nicodemos.
10 ယေဇူးက သင်သည် အစ္စရာအဲလ်လူမျိုးတို့တွင် ဆရာတစ်ဦးဖြစ်လျက်နှင့်ပင် ဤအမှုအရာကို နားမလည်သလော။-
10 Jesus respondeu:
11 သင့်အား ငါဧကန်အမှန်ဆိုသည်ကား ငါတို့သိရှိသောအရာကို ငါတို့ပြောဆိုကြ၏။ ငါတို့မြင်သောအရာကို ငါတို့ သက်သေခံကြ၏။ သို့သော်လည်း သင်တို့သည် ငါတို့၏သက်သေခံချက်ကို လက်မခံကြ။-
11 Pois eu afirmo ao senhor que isto é verdade: nós falamos daquilo que sabemos e contamos o que temos visto, mas vocês não querem aceitar a nossa mensagem.
12 ကမ္ဘာမြေကြီးနှင့် ဆိုင်သောအရာကို သင်တို့အား ငါပြော၍ သင်တို့ မယုံကြည်ကြပါလျှင် ကောင်းကင်နှင့်ဆိုင်သော အရာများကို ငါပြောသောအခါ သင်တို့သည် မည်ကဲ့သို့ ယုံကြည်ကြမည်နည်း။-
12 Se vocês não creem quando falo das coisas deste mundo, como vão crer se eu falar das coisas do céu?
13 ကောင်းကင်မှ ဆင်းသက်လာသောလူသား မှတစ်ပါး မည်သူမျှ ကောင်းကင်သို့ မတက်ဖူးကြ။-
13 Ninguém subiu ao céu, a não ser o
14 မိုးဇက်သည် တောကန္တာရ၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။-
14 — Assim como Moisés, no deserto, levantou a cobra de bronze numa estaca, assim também o Filho do Homem tem de ser levantado,
15 ဤသို့ဖြင့် သူ၌ယုံကြည်သောသူဟူသမျှသည် ထာ၀ရ အသက်ကိုရလိမ့်မည်။
15 para que todos os que crerem nele tenham a vida eterna.
16 သားတော်ကို ယုံကြည်သောသူ ဟူသမျှကို ပျက်စီးခြင်းသို့ မရောက်စေဘဲ ထာ၀ရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်သည့်တိုင်အောင် ကမ္ဘာလောကသားတို့ကို ချစ်တော်မူ၏။
16 Porque Deus amou o mundo tanto, que deu o seu único Filho, para que todo aquele que nele crer não morra, mas tenha a vida eterna.
17 အကြောင်းမူကား ဘုရားသခင်သည် ဤလောကကို အပြစ်စီရင်စေခြင်းငှာ သားတော်အား လောကထဲသို့ စေလွှတ်တော်မူသည်မဟုတ်။ သားတော်အားဖြင့် ဤ လောကသည် ကယ်တင်ခြင်းခံရစေရန် စေလွှတ်တော်မူ ခြင်းသာဖြစ်၏။-
17 Pois Deus mandou o seu Filho para salvar o mundo e não para julgá-lo.
18 သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူသည်ကား အပြစ်စီရင်ခြင်းကို ခံရလေပြီ။ အကြောင်းမူကား သူသည် ဘုရားသခင်၏တစ်ပါးတည်းသော သားတော်၏နာမတော်၌ မယုံကြည်သောကြောင့်ပင်တည်း။-
18 — Aquele que crê no Filho não é julgado; mas quem não crê já está julgado porque não crê no Filho único de Deus.
19 စီရင်ချက်သည်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ ကြွလာသော်လည်း လူတို့သည် မကောင်းမှုကိုပြုနေကြ သောကြောင့် အလင်းထက် မှောင်မိုက်ကို ပို၍နှစ်သက် ကြ၏။-
19 E é assim que o julgamento é feito: Deus mandou a luz ao mundo, mas as pessoas preferiram a escuridão porque fazem o que é mau.
20 မကောင်းမှုကို ပြုသောသူတိုင်းသည် အလင်းကိုမုန်းတီးကြ၍ မိမိတို့ပြုသောမကောင်းမှု မပေါ်လွင်စေခြင်းငှာ အလင်းသို့မချဉ်းကပ်ကြ။-
20 Pois todos os que fazem o mal odeiam a luz e fogem dela, para que ninguém veja as coisas más que eles fazem.
21 သမ္မာတရားကို လိုက်နာကျင့်သုံးသောသူမူကား မိမိပြုသမျှတို့သည် ဘုရားသခင်၏ အလိုတော်အတိုင်းဖြစ်သည်ကို ထင်ရှားစွာမြင်စေခြင်းငှာ အလင်းသို့လာသည်ဟု မိန့်တော်မူ၏။
21 Mas os que vivem de acordo com a verdade procuram a luz, a fim de que possa ser visto claramente que as suas ações são feitas de acordo com a vontade de Deus.
22 ထို့နောက် ယေဇူးသည် တပည့်တော်တို့နှင့်အတူ ဂျူဒေးယနယ်သို့ကြွသွားပြီးလျှင် ထိုအရပ်၌ သူတို့နှင့် အတူနေလျက် ဆေးကြောခြင်းကို ပေးတော်မူ၏။-
22 Depois disso, Jesus e os seus discípulos foram para a região da Judeia. Ele ficou algum tempo com eles ali e batizava as pessoas.
23 ယောဟန်သည်လည်း ဆာလင်မြို့အနီး၊ ဧနွန်အရပ်၌ ဆေးကြောခြင်းကို ပေးလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရပ်၌ ရေများစွာရှိသောကြောင့်ဖြစ်၏။ လူတို့သည်လည်း လာကြ၍ ဆေးကြောခြင်းခံကြ၏။-
23 João também estava batizando em Enom, perto de Salim, porque lá havia muita água.
24 အကြောင်းမူကား ယောဟန်သည် ထောင်သွင်းအကျဉ်းချထားခြင်း မခံရသေးပေ။
24 (João ainda não tinha sido preso.)
25 ထိုအချိန်၌ ယောဟန်၏တပည့်များနှင့် ဂျူးလူမျိုးတစ်ဦးသည် စင်ကြယ်စေခြင်းနှင့်စပ်လျဉ်း၍ အငြင်းအခုံဖြစ်ကြ၏။-
25 Alguns discípulos de João tiveram uma discussão com um judeu sobre a cerimônia de purificação .
26 ထိုအခါ သူတို့သည် ယောဟန်ထံသို့လာကြ လျက် ရာဘီ၊ ကိုယ်တော်နှင့်အတူ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ ရှိခဲ့ဖူး၍ ကိုယ်တော် သက်သေခံခဲ့သောသူသည် ယခုဆေးကြောခြင်းကို ပေးလျက်ရှိသဖြင့် လူအပေါင်းတို့သည် သူ့ထံသို့ သွားကြ ပါသည်ဟု လျှောက်ကြလေ၏။-
26 Eles foram dizer a João: — Mestre, aquele homem que estava com o senhor no outro lado do rio Jordão está batizando as pessoas. O senhor falou sobre ele, lembra? E todos estão indo atrás dele.
27 ယောဟန်ကလည်း ကောင်းကင်မှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရရှိနိုင်။-
27 João respondeu: — Ninguém pode ter alguma coisa se ela não for dada por Deus.
28 ငါသည် ခရစ်တော်မဟုတ်၊ သို့သော် ကိုယ်တော်၏ရှေ့၌ ကြိုတင်စေလွှတ်ခြင်းခံရသောသူ ဖြစ်သည်ဟု ငါဆိုခဲ့ကြောင်း သင်တို့ကိုယ်တိုင်ပင်သက်သေခံကြ၏။-
28 Vocês são testemunhas de que eu disse: “Eu não sou o Messias , mas fui enviado adiante dele.”
29 မင်္ဂလာဆောင် သတို့သမီးကို ပိုင်ဆိုင်သောသူသည် မင်္ဂလာဆောင် သတို့သားဖြစ်၏။ အနီးတွင်ရပ်နေလျက် သတို့သား၏ အသံကိုကြားသော သတို့သား၏ မိတ်ဆွေသည်ကား သူ၏အသံကြောင့် လွန်စွာပင်ဝမ်းမြောက်လေ၏။ ထို့ကြောင့် ငါ၏ ဝမ်းမြောက်ခြင်းသည် ယခုပြည့်စုံခြင်းသို့ ရောက်လေပြီ။-
29 Num casamento, o noivo é aquele a quem a noiva pertence. O amigo do noivo está ali, e o escuta, e se alegra quando ouve a voz dele. Assim também o que está acontecendo com Jesus me faz ficar completamente alegre.
30 ကိုယ်တော်သည်တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်။
30 Ele tem de ficar cada vez mais importante, e eu, menos importante.
31 အထက်မှလာသောသူသည် အားလုံးတို့ထက် ကြီးမြတ်တော်မူ၏။ ကမ္ဘာမြေကြီးမှ ဖြစ်သောသူသည် ကမ္ဘာမြေကြီးနှင့် သက်ဆိုင်သဖြင့် ကမ္ဘာမြေကြီးအကြောင်းကို သာ ပြောဆိုတတ်၏။ ကောင်းကင်မှ ကြွလာသောသူ သည်ကား အားလုံးတို့ထက် ကြီးမြတ်တော်မူ၏။-
31 Aquele que vem de cima é o mais importante de todos, e quem vem da terra é da terra e fala das coisas terrenas. Quem vem do céu é o mais importante de todos.
32 ကိုယ်တော်သည် မိမိမြင်ရကြားရသမျှတို့ကို သက်သေခံတော်မူ၏။ သို့သော် ကိုယ်တော်၏သက်သေခံချက်ကို မည်သူမျှ လက်မခံကြ။-
32 Ele fala daquilo que viu e ouviu, mas ninguém aceita a sua mensagem.
33 ကိုယ်တော်၏သက်သေခံချက်ကို လက်ခံသောသူမူကား ဘုရားသခင်သည် ဖြောင့်မှန်တော်မူကြောင်းကို သက်သေခံ လေ၏။-
33 Quem aceita a sua mensagem dá prova de que o que Deus diz é verdade.
34 အကြောင်းမူကား ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားကို ပြောဆိုတတ်၏။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆ မရှိပေးတော်မူသောကြောင့်ဖြစ်၏။-
34 Aquele que Deus enviou diz as palavras de Deus porque Deus dá do seu Espírito sem medida.
35 ခမည်းတော်သည် သားတော်ကို ချစ်မြတ်နိုး၍ အရာခပ်သိမ်းတို့ကို သားတော်၏လက်သို့ ပေးအပ်တော်မူ၏။-
35 O Pai ama o Filho e pôs tudo nas mãos dele.
36 သားတော်၌ ယုံကြည်သောသူသည် ထာ၀ရအသက်ကိုရ၏။ သားတော်ကို မယုံကြည်သောသူမူကား ထာ၀ရအသက်ကို မြင်ရလိမ့်မည်မဟုတ်။ သို့သော် ဘုရားသခင်၏ အမျက်တော်သည် ထိုသူ၏အပေါ်၌ တည်လိမ့်မည်ဟု ဆိုလေ၏။
36 Por isso quem crê no Filho tem a vida eterna; porém quem desobedece ao Filho nunca terá a vida eterna, mas sofrerá para sempre o castigo de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.