João 21
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ထို့နောက် ယေဇူးသည် တိဘေးရိယအိုင်အနီးတွင် မိမိကိုယ်ကို တပည့်တော်တို့အား တစ်ဖန်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် မိမိကိုယ်ကို ဤသို့ထင်ရှားပြတော်မူ၏။-
1 Depois disso, tornou Jesus a manifestar-se aos seus discípulos junto ao lago de Tiberíades. Manifestou-se deste modo:
2 စီမွန်ပေတရု၊ ဒီးဒီမုဟု အမည်တွင်သော သောမ၊ ဂါလေလေးယနယ် ကာနာမြို့သား နာသာနာအဲလ်၊ ဇေဘေဒေးဦး၏ သားများနှင့် အခြားတပည့် တော်နှစ်ဦးတို့သည် အတူရှိနေကြ၏။-
2 Estavam juntos Simão Pedro, Tomé {chamado Dídimo}, Natanael {que era de Caná da Galiléia}, os filhos de Zebedeu e outros dois dos seus discípulos.
3 စီမွန်ပေတရုက အကျွန်ုပ် ငါးသွားဖမ်းမည်ဟုဆိုသော် သူတို့က အကျွန်ုပ်တို့သည်လည်း သင်နှင့်အတူလိုက်မည်ဟု ဆိုကြ၏။ သို့ဖြစ်၍ သူတို့သည် ထွက်သွားကြပြီးလျှင် လှေပေါ်သို့ တက်ကြ၏။ သို့သော် သူတို့သည် ထိုညတစ်ညလုံး ငါးတစ်ကောင်မျှ မဖမ်းမိကြချေ။
3 Disse-lhes Simão Pedro: Vou pescar. Responderam-lhe eles: Também nós vamos contigo. Partiram e entraram na barca. Naquela noite, porém, nada apanharam.
4 နံနက်အချိန်ရောက်သောအခါ ယေဇူးသည် ကမ်းစပ်တွင်ရပ်လျက်နေ၏။ သို့သော် တပည့်တော်တို့သည် ယေဇူး ဖြစ်တော်မူမှန်း မသိကြချေ။-
4 Chegada a manhã, Jesus estava na praia. Todavia, os discípulos não o reconheceram.
5 ယေဇူးက ချစ်သားတို့၊ စားစရာအဖို့ ငါးဖမ်းမိကြပြီလောဟုမေးတော်မူလျှင် သူတို့က မဖမ်းမိသေးပါဟု ကိုယ်တော်အား ပြန်ဖြေကြ ၏။-
5 Perguntou-lhes Jesus: Amigos, não tendes acaso alguma coisa para comer? Não, responderam-lhe.
6 ကိုယ်တော်က ပိုက်ကွန်ကို လှေ၏လက်ယာဘက်သို့ ပစ်လော့။ သင်တို့သည် ငါးအချို့ကိုရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။ သို့ဖြစ်၍ သူတို့သည် ပိုက်ကွန်ကိုပစ်လျှင် မြောက်မြားစွာသော ငါးတို့ကို ဖမ်းမိသောကြောင့် ပိုက်ကွန်ကို ဆွဲတင်၍မရနိုင်ဘဲရှိကြ၏။-
6 Disse-lhes ele: Lançai a rede ao lado direito da barca e achareis. Lançaram-na, e já não podiam arrastá-la por causa da grande quantidade de peixes.
7 ထိုအခါ ယေဇူး ချစ်တော်မူသောတပည့်တော်က သခင်ဘုရားဖြစ်သည်ဟု ပေတရုအား ဆို၏။ သခင်ဘုရားဖြစ်သည်ဟု ပေတရုကြားလျှင် အင်္ကျီကိုဝတ်၍ ရေထဲသို့ခုန်ဆင်းလေ၏။ အကြောင်းမူကား သူသည် အလုပ်လုပ်ရန် အဝတ်ကိုချွတ် ထားသောကြောင့်ဖြစ်၏။-
7 Então aquele discípulo, que Jesus amava, disse a Pedro: É o Senhor! Quando Simão Pedro ouviu dizer que era o Senhor, cingiu-se com a túnica {porque estava nu} e lançou-se às águas.
8 အခြားသော တပည့်တော်တို့ မူကား ငါးများနှင့်ပြည့်နှက်နေသော ပိုက်ကွန်ကိုဆွဲလျက် လှေဖြင့်လာကြ၏။ အကြောင်းမူကား သူတို့သည် ကမ်းနှင့်မဝေးကွာလှဘဲ ကိုက်တစ်ရာခန့်သာ ရှိသောကြောင့် ဖြစ်၏။
8 Os outros discípulos vieram na barca, arrastando a rede dos peixes {pois não estavam longe da terra, senão cerca de duzentos côvados}.
9 သူတို့သည် ကုန်းပေါ်သို့ ရောက်ကြသောအခါ ပေါင်မုန့်ကိုလည်းကောင်း၊ မီးဖိုနှင့်မီးဖိုအပေါ်တွင် ကင်ထားသော ငါးကိုလည်းကောင်း တွေ့ကြလေ၏။-
9 Ao saltarem em terra, viram umas brasas preparadas e um peixe em cima delas, e pão.
10 ယေဇူးကလည်း သင်တို့ ယခုဖမ်းမိသော ငါးအချို့ကိုယူခဲ့ကြလော့ ဟု မိန့်တော်မူ၏။-
10 Disse-lhes Jesus: Trazei aqui alguns dos peixes que agora apanhastes.
11 သို့ဖြစ်၍ စီမွန်ပေတရုသည် လှေပေါ်သို့တက်၍ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့် ပြည့်နေသောပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်လေ၏။ ငါးများဤမျှလောက်များပြားသော်လည်း ပိုက်ကွန်သည် မစုတ်မပြဲဘဲ ရှိလေ၏။-
11 Subiu Simão Pedro e puxou a rede para a terra, cheia de cento e cinqüenta e três peixes grandes. Apesar de serem tantos, a rede não se rompeu.
12 ယေဇူးက လာကြ၍ နံနက်စာစားကြလော့ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့တွင် တစ်ဦးတစ်ယောက်ကမျှ ကိုယ်တော်အား သင်မည်သူဖြစ်သနည်းဟု မမေးလျှောက်ဝံ့ကြ။ အကြောင်းမူကား သူတို့သည် ကိုယ်တော်ဖြစ်ကြောင်းကို သိကြလေ၏။-
12 Disse-lhes Jesus: Vinde, comei. Nenhum dos discípulos ousou perguntar-lhe: Quem és tu?, pois bem sabiam que era o Senhor.
13 ယေဇူးသည် လာပြီးလျှင် မုန့်ကိုယူ၍ သူတို့အား ပေးတော်မူ၏။ ငါးကိုလည်း ထိုနည်းအတိုင်း ပေးတော်မူ၏။-
13 Jesus aproximou-se, tomou o pão e lhos deu, e do mesmo modo o peixe.
14 ဤသည်ကား ယေဇူးသည် သေသူတို့အစုမှထမြောက်ပြီးနောက် မိမိကိုယ်ကို တပည့်တော်တို့အား သုံးကြိမ်မြောက် ထင်ရှားပြတော်မူခြင်း ဖြစ်သတည်း။
14 Era esta já a terceira vez que Jesus se manifestava aos seus discípulos, depois de ter ressuscitado.
15 သူတို့သည် နံနက်စာစားပြီးကြသောအခါ ယေဇူးက စီမွန်ပေတရုအား ယောန၏သား စီမွန်၊ သင်သည် ငါ့ကို ဤသူတို့ထက် ပို၍ချစ်သလောဟု မေးတော်မူ၏။ ပေတရုက ချစ်ပါ၏သခင်ဘုရား၊ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော် သိတော်မူပါသည်ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း ငါ၏သိုးများကို ကျွေးမွေးလော့ဟု သူ့အား မိန့်တော်မူ၏။-
15 Tendo eles comido, Jesus perguntou a Simão Pedro: Simão, filho de João, amas-me mais do que estes? Respondeu ele: Sim, Senhor, tu sabes que te amo. Disse-lhe Jesus: Apascenta os meus cordeiros.
16 ထို့နောက် ကိုယ်တော်က ယောန၏သား စီမွန်၊ ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင် ပေတရုက ချစ်ပါ၏သခင် ဘုရား၊ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော်သိပါသည်ဟု ပြန်လျှောက်လေ၏။ ကိုယ် တော်ကလည်း ငါ၏သိုးများကို ထိန်းသိမ်းစောင့်ရှောက် လော့ဟု သူ့အား မိန့်တော်မူ၏။-
16 Perguntou-lhe outra vez: Simão, filho de João, amas-me? Respondeu-lhe: Sim, Senhor, tu sabes que te amo. Disse-lhe Jesus: Apascenta os meus cordeiros.
17 တစ်ဖန် ကိုယ်တော်က ယောန၏သား စီမွန်၊ ငါ့ကိုချစ်သလောဟု သူ့အား တတိယအကြိမ်မေးတော်မူ၏။ သင်သည် ငါ့ကိုချစ်သလောဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသောကြောင့် ပေတရုသည် ဝမ်းနည်းလျက် သခင်ဘုရား၊ ကိုယ်တော်သည် အရာအားလုံးကို သိမြင်တော်မူပါ၏။ တပည့်တော်သည် ကိုယ်တော့်ကိုချစ်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟု လျှောက်လေ၏။ ယေဇူးကလည်း ငါ၏သိုးများကို ကျွေးမွေးလော့။-
17 Perguntou-lhe pela terceira vez: Simão, filho de João, amas-me? Pedro entristeceu-se porque lhe perguntou pela terceira vez: Amas-me?, e respondeu-lhe: Senhor, sabes tudo, tu sabes que te amo. Disse-lhe Jesus: Apascenta as minhas ovelhas.
18 သင့်အား ငါဧကန်အမှန်ဆိုသည်ကား သင်သည် ငယ်ရွယ်စဉ်အခါက သင်၏ခါးစည်းကို ကိုယ်တိုင်စည်းလျက် သင်အလိုရှိရာ အရပ်သို့ သွားလာခဲ့၏။ သို့သော် သင်အိုမင်းလာသောအခါ၌မူ သင်၏လက်များကို ဆန့်သဖြင့် အခြားသောသူသည် သင်၏ ခါးစည်းကို စည်းပေး၍ သင်မသွားလိုသော အရပ်သို့ သင့်ကိုသယ်ဆောင်သွားလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
18 Em verdade, em verdade te digo: quando eras mais moço, cingias-te e andavas aonde querias. Mas, quando fores velho, estenderás as tuas mãos, e outro te cingirá e te levará para onde não queres.
19 ကိုယ်တော် ဤသို့မိန့်တော်မူသည်ကား ပေတရုသည် မည်ကဲ့သို့သောသေခြင်းဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေမည့်အကြောင်း ဖော်ပြလိုသောကြောင့်ဖြစ်၏။ ထို့နောက် ကိုယ်တော်က ငါ့နောက်သို့ လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။
19 Por estas palavras, ele indicava o gênero de morte com que havia de glorificar a Deus. E depois de assim ter falado, acrescentou: Segue-me!
20 ပေတရုသည် နောက်သို့လှည့်ကြည့်လျှင် ယေဇူးချစ်တော်မူသော တပည့်တော်သည် မိမိတို့နောက်မှ လိုက်ပါလာသည်ကို မြင်လေ၏။ ထိုသူသည်ကား ညစာစားပွဲ၌ ကိုယ်တော်၏ရင်ခွင်ကိုမှီလျက် သခင်ဘုရား၊ ကိုယ်တော့်ကို အပ်နှံမည့်သူကား မည်သူဖြစ်သနည်းဟု မေးလျှောက်ခဲ့သောသူဖြစ်၏။-
20 Voltando-se Pedro, viu que o seguia aquele discípulo que Jesus amava {aquele que estivera reclinado sobre o seu peito, durante a ceia, e lhe perguntara: Senhor, quem é que te há de trair?}.
21 ပေတရုသည် သူ့ကိုမြင်လျှင် သခင်ဘုရား၊ ဤသူ၌ မည်ကဲ့သို့ဖြစ်လိမ့်မည်နည်းဟု ယေဇူးအား မေးလေ၏။-
21 Vendo-o, Pedro perguntou a Jesus: Senhor, e este? Que será dele?
22 ယေဇူးက ငါကြွလာမည့်ကာလတိုင်အောင် သူ့အား အသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း။ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
22 Respondeu-lhe Jesus: Que te importa se eu quero que ele fique até que eu venha? Segue-me tu.
23 ထို့ကြောင့် ထိုတပည့် တော်သည် မသေနိုင်ဟူသောစကားသည် ညီအစ်ကိုတို့ အကြားတွင်ပျံ့နှံ့လေ၏။ သို့သော် ယေဇူးက သူ့အား ဤသူသည် မသေနိုင်ဟုဆိုခဲ့ခြင်းမဟုတ်ဘဲ ငါကြွလာမည့် ကာလတိုင်အောင် သူ့အား အသက်ရှင်စေရန် ငါအလို ရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်းဟူ၍သာ မိန့် တော်မူခဲ့ခြင်းဖြစ်၏။
23 Correu por isso o boato entre os irmãos de que aquele discípulo não morreria. Mas Jesus não lhe disse: Não morrerá, mas: Que te importa se quero que ele fique assim até que eu venha?
24 ဤတပည့်တော်သည်ကား ဤအကြောင်းအရာများကို သက်သေခံ၍ ရေးသားထားသောသူဖြစ်၏။ သူ၏ သက်သေခံချက် မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။
24 Este é o discípulo que dá testemunho de todas essas coisas, e as escreveu. E sabemos que é digno de fé o seu testemunho.
25 သို့သော် ယေဇူးပြုလုပ်တော်မူခဲ့သော အခြားအရာ များစွာရှိသေး၏။ ထိုအမှုအရာ တစ်ခုစီကို ရေးသားမှတ်တမ်း တင်ရမည်ဆိုလျှင် ရေးသားရမည့် စာစောင်များကို ထားရှိရန် ဤကမ္ဘာမြေတွင် နေရာရှိတော့မည် မဟုတ်ဟု ငါထင်မြင်မိပါသတည်း။
25 Jesus fez ainda muitas outras coisas. Se fossem escritas uma por uma, penso que nem o mundo inteiro poderia conter os livros que se deveriam escrever.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.