João 18
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ယေဇူးသည် ဤစကားများကို မြွက်ဆိုပြီးသောအခါ တပည့်တော်တို့နှင့်အတူ ကီဒရွန်ချောင်း တစ်ဖက်သို့ကြွတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်နှင့် တပည့်တော်တို့သည် ဥယျာဉ်ထဲသို့ ဝင်ကြ၏။-
1 Depois dessas palavras, Jesus saiu com os seus discípulos para além da torrente de Cedron, onde havia um jardim, no qual entrou com os seus discípulos.
2 ကိုယ်တော့်ကိုအပ်နှံမည့် ဂျုဒသည်လည်း ထိုနေရာကိုသိလေ၏။ အကြောင်းမူကား ယေဇူးသည် တပည့်တော်တို့နှင့်အတူ ထိုနေရာ၌ မကြာခဏ တွေ့ဆုံလေ့ရှိ သောကြောင့်တည်း။-
2 Judas, o traidor, conhecia também aquele lugar, porque Jesus ia freqüentemente para lá com os seus discípulos.
3 ထို့ကြောင့် ဂျုဒသည် ရောမစစ်သူရဲတစ်စုကိုလည်းကောင်း၊ ရဟန်းအကြီးအကဲတို့နှင့် ဖာရီဇေးဦးတို့ထံမှ အစောင့် အချို့တို့လည်းကောင်း ခေါ်ဆောင်၍ မီးအိမ်၊ မီးတုတ်နှင့် လက်နက်များကို ကိုင်ဆောင်ကာ ထိုနေရာသို့လာကြ၏။-
3 Tomou então Judas a coorte e os guardas de serviço dos pontífices e dos fariseus, e chegaram ali com lanternas, tochas e armas.
4 ယေဇူးသည်လည်း မိမိ၌ဖြစ်လတ္တံ့သော အကြောင်းအရာအလုံးစုံတို့ကို သိမြင်ပြီးဖြစ်၍ ရှေ့သို့ထွက်လာပြီးလျှင် သင်တို့သည် မည်သူ့ကို ရှာကြသနည်းဟု သူတို့အား မေးတော်မူ၏။-
4 Como Jesus soubesse tudo o que havia de lhe acontecer, adiantou-se e perguntou-lhes: A quem buscais?
5 သူတို့က နာဇရက်မြို့သား ယေဇူးကိုရှာကြပါသည်ဟု ဆိုကြ၏။ ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော့်ကို အပ်နှံသော ဂျုဒသည်လည်း သူတို့နှင့်အတူ ရပ်လျက်နေ၏။-
5 Responderam: A Jesus de Nazaré. Sou eu, disse-lhes. {Também Judas, o traidor, estava com eles.}
6 ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု မိန့် တော်မူသောအခါ သူတို့သည် နောက်သို့လန်၍ မြေပေါ် သို့လဲကျကြ၏။-
6 Quando lhes disse Sou eu, recuaram e caíram por terra.
7 ထို့နောက် ယေဇူးက သင်တို့သည် မည်သူ့ကိုရှာကြသနည်းဟု တစ်ဖန်ပြန်၍မေးတော်မူ၏။ သူတို့ကလည်း နာဇရက်မြို့သား ယေဇူးကိုရှာကြပါသည်ဟု ဆိုကြ၏။-
7 Perguntou-lhes ele, pela segunda vez: A quem buscais? Disseram: A Jesus de Nazaré.
8 ယေဇူးက ငါသည် ထိုသူဖြစ်၏ဟု သင်တို့အား ငါပြောခဲ့လေပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့ကို သွားခွင့်ပေးကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
8 Replicou Jesus: Já vos disse que sou eu. Se é, pois, a mim que buscais, deixai ir estes.
9 ဤကဲ့သို့မိန့်တော်မူခြင်းမှာ အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူ တစ်စုံတစ်ယောက်မျှ ပျက်စီးခြင်းသို့ မရောက်ရဟု ကိုယ်တော်မိန့်ဆိုခဲ့သည့် စကားပြည့်စုံစေမည့်အကြောင်းတည်း။-
9 Assim se cumpriu a palavra que disse: Dos que me deste não perdi nenhum {Jo 17,12}.
10 ထိုအခါ စီမွန်ပေတရုသည် မိမိ၌ ဓားပါလာသဖြင့် ဓားကိုဆွဲထုတ်၍ ရဟန်းအကြီးအကဲ၏ အစေခံတစ်ယောက်ကို ခုတ်သဖြင့် ထိုသူ၏ လက်ယာနားရွက် ပြတ်လေ၏။ ထိုအစေခံ၏ အမည်ကား မာလကုဖြစ်သတည်း။-
10 Simão Pedro, que tinha uma espada, puxou dela e feriu o servo do sumo sacerdote, decepando-lhe a orelha direita. {O servo chamava-se Malco.}
11 ယေဇူးကလည်း သင်၏ဓားကို ဓားအိမ်၌ ပြန်သွင်းလော့။ ငါ့အား ခမည်းတော် ပေးတော်မူသော ခွက်ဖလားကို ငါမသောက်ဘဲ နေရမည်လောဟု ပေတရုအား မိန့်တော်မူ၏။
11 Mas Jesus disse a Pedro: Enfia a tua espada na bainha! Não hei de beber eu o cálice que o Pai me deu?
12 ထို့နောက် ရောမစစ်သူရဲများ၊ ၎င်းတို့၏တပ်မှူးနှင့် ဂျူးလူမျိုးတို့ထံမှ အစောင့်တို့သည် ယေဇူးကို ဖမ်းဆီးချည်နှောင်ကာ၊-
12 Então a coorte, o tribuno e os guardas dos judeus prenderam Jesus e o ataram.
13 အန္နားထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နားသည် ထိုနှစ်တွင် ရဟန်းအကြီးအကဲဖြစ်သော ကာအိဖ၏ ယောက္ခမ ဖြစ်သောကြောင့်တည်း။-
13 Conduziram-no primeiro a Anás, por ser sogro de Caifás, que era o sumo sacerdote daquele ano.
14 ကာအိဖသည်ကား လူအပေါင်းတို့အဖို့ လူတစ်ဦးအသေခံရခြင်းသည် ပို၍ကောင်း၏ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူ ဖြစ်သတည်း။
14 Caifás fora quem dera aos judeus o conselho: Convém que um só homem morra em lugar do povo.
15 စီမွန်ပေတရုနှင့် အခြားတပည့်တော်တစ်ဦးသည် ယေဇူး၏နောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ရဟန်းအကြီးအကဲနှင့် သိကျွမ်းသဖြင့် ယေဇူးနှင့်အတူ ရဟန်းအကြီးအကဲ၏ အိမ်တော်ဝင်းအတွင်းသို့ ဝင်လေ၏။-
15 Simão Pedro seguia Jesus, e mais outro discípulo. Este discípulo era conhecido do sumo sacerdote e entrou com Jesus no pátio da casa do sumo sacerdote,
16 ပေတရုမူကား ဝင်းတံခါးအပြင်တွင် ရပ်နေခဲ့ရသောကြောင့် ရဟန်းအကြီးအကဲနှင့် သိကျွမ်းသော တပည့်တော်သည် ဝင်းတံခါးအပြင်သို့ ထွက်သွားပြီးလျှင် တံခါးစောင့်အမျိုးသမီးအား ပြော၍ ပေတရုကို အိမ်တော်ဝင်းအတွင်းသို့ ခေါ်ဆောင်ခဲ့လေ၏။-
16 porém Pedro ficou de fora, à porta. Mas o outro discípulo {que era conhecido do sumo sacerdote} saiu e falou à porteira, e esta deixou Pedro entrar.
17 ထိုအခါ တံခါးစောင့်အမျိုးသမီးက ပေတရုအား သင်သည်လည်း ထိုသူ၏ တပည့်များထဲမှ တစ်ဦးဖြစ်သည် မဟုတ်လောဟု မေးလျှင် ပေတရုက ငါမဟုတ်ဟုဆို၏။-
17 A porteira perguntou a Pedro: Não és acaso também tu dos discípulos desse homem? Não o sou, respondeu ele.
18 ထို့နောက် ရဟန်းအကြီးအကဲ၏ အစေခံများနှင့် အစောင့်တို့သည် ချမ်းအေးသောကြောင့် မီးသွေးဖြင့်မီးဖို၍ ပတ်လည်တွင်ရပ်လျက် မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေလေ၏။
18 Os servos e os guardas acenderam um fogo, porque fazia frio, e se aqueciam. Com eles estava também Pedro, de pé, aquecendo-se.
19 ထိုအခါ ရဟန်းအကြီးအကဲသည် ယေဇူးအား တပည့်တော်တို့၏ အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ တရားတော်အကြောင်းကိုလည်းကောင်း မေးမြန်းလေ၏။-
19 O sumo sacerdote indagou de Jesus acerca dos seus discípulos e da sua doutrina.
20 ယေဇူးက သူ့အား ပြန်ပြောတော်မူသည်ကား ငါသည် လူအပေါင်းတို့၏ရှေ့တွင် ပွင့်လင်းစွာဟောပြောခဲ့ပါ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာ တရားဇရပ်များနှင့် ဗိမာန်တော်တွင် အစဉ်ဟောပြောသွန်သင်ခဲ့၏။ ငါသည် မည်သည့်အရာကိုမျှ လျှို့ဝှက်စွာ မဟောပြောခဲ့ပေ။-
20 Jesus respondeu-lhe: Falei publicamente ao mundo. Ensinei na sinagoga e no templo, onde se reúnem os judeus, e nada falei às ocultas.
21 သင်တို့သည် အဘယ်ကြောင့် ငါ့ကိုမေးမြန်းကြသနည်း။ ငါဟောပြောခဲ့သည့် အကြောင်းအရာများကို ကြားနာခဲ့ပြီးသော သူတို့အား မေးမြန်းကြပါလော့။ သူတို့သည် ငါဟောပြောသမျှကို သိကြ၏ဟု မိန့်တော်မူ၏။-
21 Por que me perguntas? Pergunta àqueles que ouviram o que lhes disse. Estes sabem o que ensinei.
22 ကိုယ်တော်သည် ဤသို့မိန့်တော်မူလျှင် အနီး၌ရပ်လျက် နေသော အစောင့်များထဲမှ တစ်ယောက်က ယေဇူး၏ပါးကိုရိုက်၍ သင်သည် ရဟန်းအကြီးအကဲကို ဤသို့ဖြေကြားရသလောဟု ဆိုလေ၏။-
22 A estas palavras, um dos guardas presentes deu uma bofetada em Jesus, dizendo: É assim que respondes ao sumo sacerdote?
23 ယေဇူးက ငါပြောသော စကားမှားလျှင် မှားကြောင်းကို ထောက်ပြပါလော့။ ငါ၏ စကားမှန်လျှင်မူကား အဘယ်ကြောင့် ငါ့ကိုရိုက်သနည်းဟု ပြန်ပြောတော်မူ၏။-
23 Replicou-lhe Jesus: Se falei mal, prova-o, mas se falei bem, por que me bates?
24 ထို့နောက် အန္နားသည် ကိုယ်တော့်ကို ချည်နှောင်စေလျက် ရဟန်းအကြီးအကဲဖြစ်သူ ကာအိဖထံသို့ ပို့စေ၏။
24 {Anás enviou-o preso ao sumo sacerdote Caifás.}
25 စီမွန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ်တွင် သူတို့က သင်သည်လည်း ထိုသူ၏တပည့်များထဲမှ တစ်ဦးဖြစ်သည် မဟုတ်လောဟု မေးကြပြန်လျှင် ပေတရုက ငါမဟုတ်ဟု ငြင်းဆိုလေ၏။-
25 Simão Pedro estava lá se aquecendo. Perguntaram-lhe: Não és porventura, também tu, dos seus discípulos? Negou-o, dizendo: Não!
26 ပေတရုဓားနှင့် ခုတ်သဖြင့် နားရွက်ပြတ်သောသူ၏ ဆွေမျိုးဖြစ်ပြီး ရဟန်းအကြီးအကဲ၏ အစေခံတစ်ဦးလည်း ဖြစ်သူက သင့်ကို ထိုသူနှင့်အတူ ဥယျာဉ်၌ ငါမြင်ခဲ့ရသည်မဟုတ်လောဟု ဆို၏။-
26 Disse-lhe um dos servos do sumo sacerdote, parente daquele a quem Pedro cortara a orelha: Não te vi eu com ele no horto?
27 ပေတရုကလည်း ငါမဟုတ်ဟု တစ်ဖန်ငြင်းဆို၏။ ထိုခဏချင်းတွင် ကြက်ဖတွန်လေ၏။
27 Mas Pedro negou-o outra vez, e imediatamente o galo cantou.
28 ထို့နောက် သူတို့သည် ယေဇူးကို ကာအိဖထံမှ ရောမဘုရင်ခံ၏ အိမ်တော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ ဂျူးလူမျိုးတို့သည် ပါစကားညစာစားပွဲတွင် ပါဝင်စားသောက်နိုင်ရန် မိမိတို့ကိုယ်ကို ညစ်ညူးခြင်းသို့ မရောက်စေလိုသဖြင့် အိမ်တော်ထဲသို့ ကိုယ်တိုင်မဝင်ကြ။-
28 Da casa de Caifás conduziram Jesus ao pretório. Era de manhã cedo. Mas os judeus não entraram no pretório, para não se contaminarem e poderem comer a Páscoa.
29 သို့ဖြစ်၍ ပီလာတုမင်းသည် သူတို့ထံသို့ ထွက်လာပြီးလျှင် သင်တို့သည် ဤသူ့အပေါ် မည်သည့်စွပ်စွဲချက်ကို တင်လိုကြသနည်းဟု မေးလေ၏။-
29 Saiu, por isso, Pilatos para ter com eles, e perguntou: Que acusação trazeis contra este homem?
30 ထိုအခါ သူတို့က ဤသူသည် ပြစ်မှုကျူးလွန်သူ မဟုတ်ပါလျှင် အကျွန်ုပ်တို့သည် သူ့ကို အရှင့်ထံသို့ အပ်မည်မဟုတ်ပါဟု ပြန်ဖြေကြ၏။-
30 Responderam-lhe: Se este não fosse malfeitor, não o teríamos entregue a ti.
31 ပီလာတုမင်းကလည်း သင်တို့ကိုယ်တိုင်ပင် သူ့ကိုခေါ်ဆောင်သွားကြ၍ သင်တို့၏ပညတ်တရားအတိုင်း စီရင်ကြလော့ဟု သူတို့အား ဆို၏။ ဂျူးလူမျိုးတို့က အကျွန်ုပ်တို့သည် မည်သူ့ကို မျှ သတ်ပိုင်ခွင့်မရှိပါဟု ပြန်ဖြေကြ၏။-
31 Disse, então, Pilatos: Tomai-o e julgai-o vós mesmos segundo a vossa lei. Responderam-lhe os judeus: Não nos é permitido matar ninguém.
32 ဤသည်ကား မိမိသည် မည်ကဲ့သို့သော သေခြင်းဖြင့် သေရမည်ကို ယေဇူးကိုယ်တော်တိုင် မိန့်မြွက်ခဲ့သော စကားပြည့်စုံခြင်းသို့ ရောက်စေမည့်အကြောင်းတည်း။
32 Assim se cumpria a palavra com a qual Jesus indicou de que gênero de morte havia de morrer {Mt 20,19}.
33 ထိုအခါ ပီလာတုမင်းသည် အိမ်တော်ထဲသို့ပြန်ဝင်၍ ယေဇူးကိုခေါ်ပြီးလျှင် သင်သည် ဂျူးလူမျိုးတို့၏ ရှင်ဘုရင် ဖြစ်သလောဟု ကိုယ်တော်အား မေးလေ၏။-
33 Pilatos entrou no pretório, chamou Jesus e perguntou-lhe: És tu o rei dos judeus?
34 ယေဇူးက မင်းကြီးသည် ဤစကားကို မိမိအလိုအလျောက် ဆိုသလော။ သို့မဟုတ်လျှင် ငါ၏အကြောင်းကို တစ်ပါးသူတို့က မင်းကြီးအား ပြောပြထားသလောဟု မေးတော်မူ၏။-
34 Jesus respondeu: Dizes isso por ti mesmo, ou foram outros que to disseram de mim?
35 ပီလာတုမင်းကလည်း ငါသည် ဂျူးလူမျိုးဖြစ်သလော။ သင်၏လူမျိုးနှင့် ရဟန်းအကြီးအကဲတို့သည် သင့်ကို ငါ့လက်သို့ အပ်ခဲ့ကြပြီ။ သင်သည် အဘယ်အမှုကို ပြုခဲ့သနည်းဟု မေးလေ၏။-
35 Disse Pilatos: Acaso sou eu judeu? A tua nação e os sumos sacerdotes entregaram-te a mim. Que fizeste?
36 ယေဇူးက ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်သည်မဟုတ်။ ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်လျှင် ငါသည် ဂျူးလူမျိုးတို့၏ လက်သို့အပ်နှံခြင်း မခံရအောင် ငါ၏အမှုထမ်းများသည် တိုက်ခိုက်ကြလိမ့်မည်။ သို့သော် ငါ၏နိုင်ငံသည် ဤလောကနှင့် သက်ဆိုင်သည် မဟုတ်ဟု မိန့်တော်မူ၏။-
36 Respondeu Jesus: O meu Reino não é deste mundo. Se o meu Reino fosse deste mundo, os meus súditos certamente teriam pelejado para que eu não fosse entregue aos judeus. Mas o meu Reino não é deste mundo.
37 ပီလာတုမင်းက ဤသို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်ဖြစ်သလောဟု မေး၏။ ယေဇူးက မင်းကြီးဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ ငါသည် သမ္မာတရားကို ဟောပြောခြင်းငှာ မွေးဖွားခြင်းခံခဲ့၍ ဤအတွက်ကြောင့် လောကသို့ ကြွလာ၏။ သမ္မာတရားနှင့် သက်ဆိုင်သူ ဟူသမျှ သည် ငါ၏စကားကိုနားထောင်ကြ၏ဟု မိန့်တော်မူ၏။-
37 Perguntou-lhe então Pilatos: És, portanto, rei? Respondeu Jesus: Sim, eu sou rei. É para dar testemunho da verdade que nasci e vim ao mundo. Todo o que é da verdade ouve a minha voz.
38 ပီလာတုမင်းက သမ္မာတရားကား အဘယ်အရာနည်းဟု မေးလေ၏။
38 Disse-lhe Pilatos: Que é a verdade?... Falando isso, saiu de novo, foi ter com os judeus e disse-lhes: Não acho nele crime algum.
39 ထိုစကားကို ဆိုပြီးမှ ပီလာတုမင်းသည် ဂျူးလူမျိုးတို့ထံသို့ တစ်ဖန်ထွက်သွားပြီးလျှင် ဤသူ၌ ပြစ်မှုတစ်စုံတစ်ခုမျှ ငါမတွေ့။ သို့သော် ပါစကားပွဲတော်အချိန်တွင် ငါသည် သင်တို့အတွက် လူတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး သောထုံးစံရှိ၏။ သို့ဖြစ်၍ ငါသည် သင်တို့အတွက် ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ကို လွှတ်ပေးစေလိုသလောဟု သူတို့အား မေးလေ၏။-
39 Mas é costume entre vós que pela Páscoa vos solte um preso. Quereis, pois, que vos solte o rei dos judeus?
40 သူတို့က ဤသူ့ကိုမဟုတ်၊ ဘာရာဘကို လွှတ်ပေးပါဟု တစ်ဖန်ဟစ်အော်ကြပြန်၏။ ဘာရာဘသည်ကား ဓားပြတစ်ဦး ဖြစ်၏။
40 Então todos gritaram novamente e disseram: Não! A este não! Mas a Barrabás! {Barrabás era um salteador.}
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.