João 15
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ယေဇူးက ငါသည် စစ်မှန်သောစပျစ်နွယ်ပင်ဖြစ်၍ ငါ၏ခမည်းတော်သည် စပျစ်ဥယျာဉ်မှူး ဖြစ်တော်မူ၏။-
1 Eu sou a videira verdadeira, e meu Pai é o viticultor.
2 ကိုယ်တော်သည် ငါ၌အသီးမသီးသော အကိုင်းအခက်ဟူသမျှတို့ကို ဖြတ်တောက်ပစ်၍ အသီးသီးသော အကိုင်းအခက် ဟူသမျှတို့ကိုမူကား ပို၍သီးစေရန် ရှင်းလင်းပြုပြင်ပေးတော်မူလိမ့်မည်။-
2 Toda vara em mim que não dá fruto, ele a corta; e toda vara que dá fruto, ele a limpa, para que dê mais fruto.
3 သင်တို့သည်လည်း သင်တို့အား ငါဟောပြောခဲ့သောစကားအားဖြင့် ရှင်းလင်းပြုပြင်ခြင်းခံခဲ့ကြရပြီးဖြစ်၏။-
3 Vós já estais limpos pela palavra que vos tenho falado.
4 ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ စပျစ်ပင်၏ အကိုင်းအခက်တို့သည် အပင်နှင့် တစ်ဆက်တည်း မတည်ရှိလျှင် မိမိတို့အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်ရှိလျှင် အသီး မသီးနိုင်ကြ။-
4 Permanecei em mim, e eu permanecerei em vós; como a vara de si mesma não pode dar fruto, se não permanecer na videira, assim também vós, se não permanecerdes em mim.
5 ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်နေလျှင် သူသည် အသီးများစွာ သီးလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ငါနှင့် ကင်းကွာလျှင် မည်သည့် အရာကိုမျှ မတတ်နိုင်ကြ။-
5 Eu sou a videira; vós sois as varas. Quem permanece em mim e eu nele, esse dá muito fruto; porque sem mim nada podeis fazer.
6 အကြင်သူသည် ငါ၌ မတည်ရှိလျှင် သူသည် အကိုင်းအခက်ကဲ့သို့ လွှင့်ပစ်ခြင်းခံရ၍ ညှိုးခြောက်သွားလိမ့်မည်။ ထိုအခါ လူတို့သည် ထိုအကိုင်းအခက်တို့ကို စုသိမ်း၍ မီးထဲသို့ပစ်ချပြီး ရှို့ကြလိမ့်မည်။-
6 Quem não permanece em mim é lançado fora, como a vara, e seca; tais varas são recolhidas, lançadas no fogo e queimadas.
7 သင်တို့သည် ငါ၌တည်နေကြ၍ ငါ၏တရားတော်သည်လည်း သင်တို့၌တည်နေလျှင် သင်တို့အလိုရှိသော အရာမှန်သမျှကို တောင်းလျှောက်ပါက ထိုအရာကို သင်တို့အား ပေးတော်မူလိမ့်မည်။-
7 Se vós permanecerdes em mim, e as minhas palavras permanecerem em vós, pedi o que quiserdes, e vos será feito.
8 သင်တို့သည် များစွာသေ ာအသီးတို့ကို သီး၍ ငါ၏တပည့်များဖြစ်ကြောင်း သက်သေပြခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းဂုဏ်တော်သည် ထင်ရှားလေ၏။-
8 Nisto é glorificado meu Pai, que deis muito fruto; e assim sereis meus discípulos.
9 ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။-
9 Como o Pai me amou, assim também eu vos amei; permanecei no meu amor.
10 ငါသည် ခမည်းတော်၏ ပညတ်တော်များကို စောင့်ထိန်း၍ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့ သည်လည်း ငါ၏ပညတ်တော်များကို စောင့်ထိန်းကြပါလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။-
10 Se guardardes os meus mandamentos, permanecereis no meu amor; do mesmo modo que eu tenho guardado os mandamentos de meu Pai, e permaneço no seu amor.
11 ငါ၏ ဝမ်းမြောက်ခြင်းသည် သင်တို့၌ တည်ရှိစေခြင်းငှာလည်းကောင်း၊ သင်တို့၏ ဝမ်းမြောက်ခြင်းသည်လည်း ပြည့်စုံ စေခြင်းငှာလည်းကောင်း ဤအကြောင်းအရာများကို သင်တို့အား ငါဟောပြော၏။
11 Estas coisas vos tenho dito, para que o meu gozo permaneça em vós, e o vosso gozo seja completo.
12 ငါ၏ပညတ်သည်ကား ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့။-
12 O meu mandamento é este: Que vos ameis uns aos outros, assim como eu vos amei.
13 မိမိ၏ မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွှတ်သော ချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ။-
13 Ninguém tem maior amor do que este, de dar alguém a sua vida pelos seus amigos.
14 သင်တို့ကို ငါပညတ်ထားသည့်အတိုင်း လိုက်နာကျင့်ကြံကြလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။-
14 Vós sois meus amigos, se fizerdes o que eu vos mando.
15 ငါသည် ယခုမှစ၍ သင်တို့အား အစေခံဟူ၍ ခေါ်ဆိုတော့မည်မဟုတ်။ အကြောင်းမူကား အစေခံသည် မိမိသခင်ပြုသော အမှုအရာကို မသိသောကြောင့်ဖြစ်၏။ ငါသည် သင်တို့ကို မိတ်ဆွေဟုခေါ်၏။ အကြောင်းမူကား ငါ၏ခမည်းတော်ထံမှ ငါကြားသိရသမျှ တို့ကို သင်တို့အား ငါသိစေလေပြီ။-
15 Já não vos chamo servos, porque o servo não sabe o que faz o seu senhor; mas chamei-vos amigos, porque tudo quanto ouvi de meu Pai vos dei a conhecer.
16 သင်တို့သည် ငါ့ကို ရွေးကောက်ခဲ့ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်ခဲ့ခြင်းဖြစ်ပြီး သင်တို့သည် သွား၍ အသီးသီးကြလျက် သင်တို့၏အသီးသည် အစဉ်အမြဲတည်နေမည့်အကြောင်းနှင့် ငါ၏နာမ၌ ခမည်းတော်ထံတော်သို့ သင်တို့ တောင်းလျှောက်သမျှကို ကိုယ်တော်သည် ပေးသနားတော်မူမည့်အကြောင်း သင်တို့အား ငါခန့်ထား၏။-
16 Vós não me escolhestes a mim mas eu vos escolhi a vós, e vos designei, para que vades e deis frutos, e o vosso fruto permaneça, a fim de que tudo quanto pedirdes ao Pai em meu nome, ele vo-lo conceda.
17 ထို့ကြောင့် သင်တို့သည် အချင်းချင်းချစ်ကြရန် သင်တို့အား ငါပညတ်၏။
17 Isto vos mando: que vos ameis uns aos outros.
18 ဤလောကသည် သင်တို့ကို မုန်းတီးလျှင် သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းတီးခဲ့ကြောင်း သိမှတ်ကြလော့။-
18 Se o mundo vos odeia, sabei que, primeiro do que a vós, me odiou a mim.
19 သင်တို့သည် ဤလောကနှင့် သက်ဆိုင်သူများ ဖြစ်ကြပါလျှင် ဤလောကသည် မိမိနှင့်သက်ဆိုင်သော သင်တို့ကို ချစ်လိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်သက် ဆိုင်သည်မဟုတ်။ ငါသည်လည်း သင်တို့ကို ဤလောကထဲမှ ရွေးကောက်ခဲ့သောကြောင့် ဤလောကသည် သင်တို့ကို မုန်းတီး၏။-
19 Se fôsseis do mundo, o mundo amaria o que era seu; mas, porque não sois do mundo, antes eu vos escolhi do mundo, por isso é que o mundo vos odeia.
20 အစေခံသည် မိမိ၏သခင်ထက် မကြီးမြတ်ဟူ၍ သင်တို့အား ငါပြောခဲ့သည်ကို သတိရကြလော့။ လောကသားတို့သည် ငါ့ကို ညှဉ်းဆဲခဲ့ကြပါလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ သူတို့သည် ငါ့စကားကို လိုက်နာစောင့်ထိန်းခဲ့ကြပါလျှင် သင်တို့၏ စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။-
20 Lembrai-vos da palavra que eu vos disse: Não é o servo maior do que o seu senhor. Se a mim me perseguiram, também vos perseguirão a vós; se guardaram a minha palavra, guardarão também a vossa.
21 သို့သော် သူတို့သည် ငါ့အတွက်ကြောင့် သင်တို့၌ ဤအရာများကိုပြုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ငါ့အား စေလွှတ်တော်မူသောအရှင်ကို မသိကြ။ -
21 Mas tudo isto vos farão por causa do meu nome, porque não conhecem aquele que me enviou.
22 ငါသည် ကြွလာ၍ သူတို့အား မဟောပြောခဲ့ပါလျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမူကား သူတို့သည် မိမိတို့၏ အပြစ်အတွက် မည်သို့မျှအကြောင်း မပြနိုင်တော့ချေ။-
22 Se eu não viera e não lhes falara, não teriam pecado; agora, porém, não têm desculpa do seu pecado.
23 ငါ့ကိုမုန်းတီးသောသူသည် ငါ့ခမည်းတော်ကိုလည်း မုန်းတီး၏။-
23 Aquele que me odeia a mim, odeia também a meu Pai.
24 အကယ်၍ ငါသည် မည်သူမျှ မပြုဖူးသေးသော အမှုအရာများကို သူတို့အလယ်တွင် မပြုခဲ့လျှင် သူတို့၌ အပြစ်ရှိလိမ့်မည် မဟုတ်။ ယခုမူကား သူတို့သည် မြင်ကြရလျက် ငါ့ကိုလည်းကောင်း၊ ငါ၏ခမည်းတော်ကိုလည်းကောင်း မုန်းတီးကြ၏။-
24 Se eu entre eles não tivesse feito tais obras, quais nenhum outro fez, não teriam pecado; mas agora, não somente viram, mas também odiaram tanto a mim como a meu Pai.
25 ဤသည်ကား သူတို့သည် ငါ့ကို အကြောင်းမဲ့ မုန်းတီးကြ၏ဟူသော ပညတ်တရားကျမ်းတွင် ရေးထားသည့်အချက်ကို ပြည့်စုံစေမည့် အကြောင်းတည်း။-
25 Mas isto é para que se cumpra a palavra que está escrita na sua lei: Odiaram-me sem causa.
26 ခမည်းတော်ဘုရားထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီစောင်မသူတည်းဟူသော သမ္မာတရားနှင့် သက်ဆိုင်သည့် ဝိညာဉ်တော်သည် ခမည်းတော်ထံမှ ထွက်ပေါ်လာ၍ ကြွလာတော်မူသောအခါ သူသည် ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။-
26 Quando vier o Ajudador, que eu vos enviarei da parte do Pai, o Espírito da verdade, que do Pai procede, esse dará testemunho de mim;
27 ထို့အတူ သင်တို့သည်လည်း အစဦးကပင် ငါနှင့်အတူ ရှိနေခဲ့ကြသောကြောင့် ငါ၏သက်သေခံများဖြစ်ကြ၏။
27 e também vós dareis testemunho, porque estais comigo desde o princípio.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.