João 13
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ပါစကားပွဲတော်မတိုင်မီ ယေဇူးသည် ဤကမ္ဘာလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ကြွသွားရမည်ဖြစ်သော မိမိ၏အချိန်နာရီ ကျရောက်လာကြောင်းကို သိတော်မူသောအခါ ဤလောကရှိ မိမိ၏တပည့်များကို ချစ်တော်မူသည့်အလျောက် သူတို့အား အဆုံးတိုင်အောင် ချစ်တော်မူ၏။-
1 Ora, antes da festa da páscoa, sabendo Jesus que já era chegada a sua hora de passar deste mundo para o Pai, como havia amado os seus, que estavam no mundo, amou-os até o fim.
2 ညစာစားပွဲအချိန်၌ နတ်ဆိုးသည် ကိုယ်တော့်ကိုအပ်နှံမည့် အကြံအစည်ကို စီမွန်၏သား ဂျုဒအစ္စကာရီယုဒ်၏ စိတ်နှလုံး၌ ထည့်သွင်းထားပြီးဖြစ်၏။-
2 E, acabada a ceia, tendo já o diabo posto no coração de Judas Iscariotes, filho de Simão, que o traísse,
3 ခမည်းတော်သည် မိမိ၏လက်ထဲသို့ ခပ်သိမ်းသောအရာတို့ကို ပေးအပ်ထားတော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာ၍ ဘုရားသခင်ထံသို့ပြန်သွားမည်ကိုလည်းကောင်း ယေဇူးသိတော်မူပြီးဖြစ်၏။-
3 Jesus, sabendo que o Pai tinha depositado nas suas mãos todas as coisas, e que havia saído de Deus e ia para Deus,
4 သို့ဖြစ်၍ ကိုယ်တော်သည် ညစာစားပွဲမှထ၍ အပေါ်ဝတ်ရုံကို ချွတ်ပြီးလျှင် ပုဝါကိုယူ၍ ခါးတွင်စည်းတော်မူ၏။-
4 Levantou-se da ceia, tirou as vestes, e, tomando uma toalha, cingiu-se.
5 ထို့နောက် ကိုယ်တော်သည် ဇလုံတစ်ခုတွင် ရေထည့်၍ တပည့်တော်တို့၏ ခြေတို့ကို ဆေးပြီးလျှင် ခါးတွင်စည်းထားသော ပုဝါဖြင့် သုတ်တော်မူ၏။-
5 Depois deitou água numa bacia, e começou a lavar os pés aos discípulos, e a enxugar-lhos com a toalha com que estava cingido.
6 ကိုယ်တော်သည် စီမွန်ပေတရုထံသို့ ရောက်သောအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်သည် တပည့်တော်၏ ခြေတို့ကို ဆေးတော်မူမည်လောဟု မေးလျှောက်လေ၏။-
6 Aproximou-se, pois, de Simão Pedro, que lhe disse: Senhor, tu lavas-me os pés a mim?
7 ယေဇူးက ငါပြုသောအမှုကို ယခုအချိန်တွင် သင်နားမလည်သော်လည်း နောင်တွင် သင်နားလည်လာလိမ့်မည်ဟု ဖြေကြားတော်မူ၏။-
7 Respondeu Jesus, e disse-lhe: O que eu faço não o sabes tu agora, mas tu o saberás depois.
8 ပေတရုက ကိုယ်တော်သည် တပည့်တော်၏ ခြေတို့ကို မည်သည့်အခါမျှ မဆေးရပါဟု လျှောက်လေ၏။ ယေဇူးကလည်း သင်၏ခြေကို ငါမဆေးရလျှင် သင်သည် ငါနှင့်မသက်ဆိုင်တော့ပြီဟု မိန့်တော်မူ၏။-
8 Disse-lhe Pedro: Nunca me lavarás os pés. Respondeu-lhe Jesus: Se eu te não lavar, não tens parte comigo.
9 ထိုအခါ စီမွန်ပေတရုက သခင်ဘုရား၊ တပည့်တော်၏ခြေကိုသာမဟုတ်၊ တပည့်တော်၏လက်နှင့် ဦးခေါင်းကိုလည်း ဆေးတော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။-
9 Disse-lhe Simão Pedro: Senhor, não só os meus pés, mas também as mãos e a cabeça.
10 ယေဇူးက ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံး စင်ကြယ်သည်ဖြစ်၍ သူ၏ခြေတို့မှတစ်ပါး အခြားနေရာတို့ကို ဆေးကြောသန့်စင်ရန် မလိုအပ်ပေ။ သင်တို့သည်လည်း စင်ကြယ်ကြ၏။ သို့ရာတွင် သင်တို့ အားလုံးစင်ကြယ်သည်မဟုတ်ဟု သူ့အား မိန့်တော်မူ၏။-
10 Disse-lhe Jesus: Aquele que está lavado não necessita de lavar senão os pés, pois no mais todo está limpo. Ora vós estais limpos, mas não todos.
11 အကြောင်းမူကား ကိုယ်တော်သည် မိမိကို အပ်နှံမည့်သူမှာ မည်သူဖြစ်ကြောင်း သိတော်မူသောကြောင့်ဖြစ်၏။ ထို့ကြောင့်ပင် သင်တို့အားလုံး စင်ကြယ်ကြသည် မဟုတ်ဟု ကိုယ်တော်မိန့်တော်မူခြင်းဖြစ်၏။
11 Porque bem sabia ele quem o havia de trair; por isso disse: Nem todos estais limpos.
12 ကိုယ်တော်သည် သူတို့၏ခြေကို ဆေးပြီးသောအခါ မိမိ၏ဝတ်ရုံတော်ကို ဝတ်ဆင်ပြီးလျှင် မိမိနေရာတွင် ပြန်ထိုင်၍ သူတို့အား မိန့်တော်မူသည်ကား သင်တို့၌ ငါပြုခဲ့သည့်အမှုကို သင်တို့သိကြသလော။-
12 Depois que lhes lavou os pés, e tomou as suas vestes, e se assentou outra vez à mesa, disse-lhes: Entendeis o que vos tenho feito?
13 သင်တို့သည် ငါ့ ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ် ကြ၏။ ငါသည်လည်း ထိုသို့ဖြစ်သောကြောင့် သင်တို့ ဆိုသည်မှာ မှန်ပေ၏။-
13 Vós me chamais Mestre e Senhor, e dizeis bem, porque eu o sou.
14 သို့ဖြစ်၍ သင်တို့၏သခင်နှင့် ဆရာဖြစ်သော ငါသည် သင်တို့၏ ခြေများကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်း တစ်ဦး၏ခြေကို တစ်ဦးက ဆေးကြရမည်။-
14 Ora, se eu, Senhor e Mestre, vos lavei os pés, vós deveis também lavar os pés uns aos outros.
15 အကြောင်းမူကား သင်တို့၌ ငါပြုသကဲ့သို့ သင်တို့ပြုကြစေရန် ပုံသက်သေကို ငါပြခဲ့ပြီ။-
15 Porque eu vos dei o exemplo, para que, como eu vos fiz, façais vós também.
16 သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အစေခံသည် မိမိ၏သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေလွှတ်ခြင်းခံ ရသူသည်လည်း စေလွှတ်သောသူထက် ကြီးမြတ်သည် မဟုတ်ပေ။-
16 Na verdade, na verdade vos digo que não é o servo maior do que o seu senhor, nem o enviado maior do que aquele que o enviou.
17 သင်တို့သည် ဤအကြောင်းအရာများကို သိရှိ၍ လိုက်နာဆောင်ရွက်ကြပါလျှင် မင်္ဂလာရှိကြ၏။-
17 Se sabeis estas coisas, bem-aventurados sois se as fizerdes.
18 ငါသည် သင်တို့အားလုံးကို ပြောဆိုနေခြင်းမဟုတ်။ ငါရွေးချယ်ထားသော သူတို့ကို ငါသိ၏။ ဤသို့ဖြစ်ရခြင်းမှာ ငါနှင့်အတူ ပေါင်မုန့်ကို စားသောသူသည် ငါ့ကိုခြေဖြင့် ကန် ကျောက်လေပြီဟူသောကျမ်းချက်ပြည့်စုံမည့်အကြောင်းတည်း။-
18 Não falo de todos vós; eu bem sei os que tenho escolhido; mas para que se cumpra a Escritura: O que come o pão comigo, levantou contra mim o seu calcanhar.
19 ထိုအကြောင်းအရာမဖြစ်ပျက်မီ ငါသည် ယခု သင်တို့အား ထိုအရာကို ပြောထားလေပြီ။ သို့မှသာ ထိုအကြောင်းအရာ ဖြစ်ပျက်လာသောအခါ ငါသည် ထိုသူဖြစ်သည်ကို သင်တို့ယုံကြည်ကြလိမ့်မည်။-
19 Desde agora vo-lo digo, antes que aconteça, para que, quando acontecer, acrediteis que eu sou.
20 သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါစေလွှတ်သောသူ မည်သူ့ကိုမဆို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း လက်ခံ၏ဟု မိန့်တော်မူ၏။
20 Na verdade, na verdade vos digo: Se alguém receber o que eu enviar, me recebe a mim, e quem me recebe a mim, recebe aquele que me enviou.
21 ဤကဲ့သို့မိန့်တော်မူပြီးနောက် ယေဇူးသည် စိတ်သောကရောက်၍ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့ထဲမှတစ်ဦးသည် ငါ့ကို ရန်သူ့လက်သို့ အပ်နှံလိမ့်မည်ဟု မိန့်တော်မူ၏။-
21 Tendo Jesus dito isto, turbou-se em espírito, e afirmou, dizendo: Na verdade, na verdade vos digo que um de vós me há de trair.
22 ကိုယ်တော်သည် မည်သူ့ကို ရည်ညွန်းပြောဆိုကြောင်း သေချာမသိကြသောကြောင့် တပည့်တော်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်နေကြ၏။-
22 Então os discípulos olhavam uns para os outros, duvidando de quem ele falava.
23 ကိုယ်တော်၏ တပည့်တော်များထဲမှ ယေဇူးချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏ ရင်ခွင်အနီးတွင် လျောင်းလျက်ရှိ၏။-
23 Ora, um de seus discípulos, aquele a quem Jesus amava, estava reclinado no seio de Jesus.
24 ထို့ကြောင့် စီမွန်ပေတရုက သူ့အား ကိုယ်တော်သည် မည်သူ့ကို ရည်ညွန်းပြောဆိုကြောင်း မေးလျှောက်ရန် အရိပ်အကဲပြလေ၏။-
24 Então Simão Pedro fez sinal a este, para que perguntasse quem era aquele de quem ele falava.
25 သို့ဖြစ်၍ သူသည် ယေဇူး၏ရင်ခွင်နှင့် နီးကပ်စွာ လဲလျောင်းလျက် သခင်ဘုရား၊ ထိုသူသည် မည်သူဖြစ်မည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။-
25 E, inclinando-se ele sobre o peito de Jesus, disse-lhe: Senhor, quem é?
26 ယေဇူးက ဤပေါင်မုန့် တစ်ဖဲ့ကိုနှစ်ပြီး ငါပေးမည့်သူကား ထိုသူပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ ဤသို့ဖြင့် ကိုယ်တော်သည် ပေါင်မုန့်တစ်ဖဲ့ကို နှစ်ပြီးသောအခါ ၎င်းကို စီမွန်အစ္စကာရီယုဒ်၏သား ဂျုဒအား ပေးလေ၏။-
26 Jesus respondeu: É aquele a quem eu der o bocado molhado. E, molhando o bocado, o deu a Judas Iscariotes, filho de Simão.
27 ဂျုဒသည် ထိုပေါင်မုန့်တစ်ဖဲ့ကို ခံယူပြီးနောက် စာတန်နတ်ဆိုးသည် သူ့၌ဝင်လေ၏။ ယေဇူးကလည်း သင်ပြုလုပ်မည့် အမှုကို အလျင်အမြန် ပြုလုပ်လော့ဟု သူ့အား မိန့်တော်မူ၏။-
27 E, após o bocado, entrou nele Satanás. Disse, pois, Jesus: O que fazes, faze-o depressa.
28 ထိုအချိန်၌ ကိုယ်တော်သည် ဂျုဒအား အဘယ်ကြောင့် ဤကဲ့သို့ မိန့်တော်မူသည်ကို စားပွဲတွင် ထိုင်နေသူ တစ်ဦးမျှ မသိကြပေ။-
28 E nenhum dos que estavam assentados à mesa compreendeu a que propósito lhe dissera isto.
29 ဂျုဒသည် ငွေအိတ်ကိုကိုင်ရသူဖြစ်သောကြောင့် ယေဇူးက ပွဲတော်အတွက် လိုအပ်သည်များကိုဝယ်ယူရန်၊ သို့မဟုတ် ဆင်းရဲသားတို့အား တစ်စုံတစ်ရာ ပေးကမ်းရန်အတွက် ပြောဆိုခြင်းဖြစ်မည်ဟု အချို့ကထင်မှတ်ကြ ၏။-
29 Porque, como Judas tinha a bolsa, pensavam alguns que Jesus lhe tinha dito: Compra o que nos é necessário para a festa; ou que desse alguma coisa aos pobres.
30 ဤသို့ဖြင့်သူသည် မုန့်တစ်ဖဲ့ကို ခံယူပြီးသောအခါ အပြင်သို့ ချက်ချင်း ထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန် ဖြစ်သတည်း။
30 E, tendo Judas tomado o bocado, saiu logo. E era já noite.
31 ဂျုဒထွက်သွားသောအခါ ယေဇူးက လူသားသည် ယခုအခါ၌ ဘုန်းဂုဏ်တော်ထင်ရှားလေပြီ။ ဘုရားသခင်သည်လည်း သူ့အားဖြင့် ဘုန်းဂုဏ်တော်ထင်ရှားလေပြီ။-
31 Tendo ele, pois, saído, disse Jesus: Agora é glorificado o Filho do homem, e Deus é glorificado nele.
32 ဘုရားသခင်သည် သူ့အားဖြင့် ဘုန်းဂုဏ်တော် ထင်ရှားတော်မူလျှင် ကိုယ်တော်သည် သူ့ကို မိမိကိုယ်တော်တိုင်အားဖြင့် ဘုန်းဂုဏ်တော် ထင်ရှားစေတော်မူလိမ့်မည်။ ကိုယ်တော်သည် ယခုချက်ချင်းပင် သူ့ကိုဘုန်းဂုဏ်တော်ထင် ရှားစေလိမ့်မည်။-
32 Se Deus é glorificado nele, também Deus o glorificará em si mesmo, e logo o há de glorificar.
33 ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ တစ်ခဏမျှသာ ရှိတော့မည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ဂျူးလူမျိုးတို့အား ငါပြောခဲ့သည့်အတိုင်း ယခု သင်တို့အား ငါပြောမည်။ ငါသွားမည့်နေရာသို့ သင်တို့ မလာနိုင်ကြ။-
33 Filhinhos, ainda por um pouco estou convosco. Vós me buscareis, mas, como tenho dito aos judeus: Para onde eu vou não podeis vós ir; eu vo-lo digo também agora.
34 ငါသည် သင်တို့အား ပညတ်အသစ်ကို ပေးသည်ကား သင်တို့အချင်းချင်း ချစ်ကြလော့။ သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။-
34 Um novo mandamento vos dou: Que vos ameis uns aos outros; como eu vos amei a vós, que também vós uns aos outros vos ameis.
35 သင်တို့အချင်းချင်းချစ်ကြလျှင် လူခပ်သိမ်းတို့သည် ထိုချစ်ခြင်းမေတ္တာကို ထောက်ရှု၍ သင်တို့သည် ငါ၏တပည့်များ ဖြစ်ကြောင်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
35 Nisto todos conhecerão que sois meus discípulos, se vos amardes uns aos outros.
36 စီမွန်ပေတရုက သခင်ဘုရား၊ မည်သည့်အရပ်သို့ ကိုယ်တော် ကြွသွားတော်မူမည်နည်းဟု မေးလျှောက်လေ၏။ ယေဇူးက ငါသွားမည့်နေရာသို့ ယခုသင်မလိုက်နိုင်။ သို့သော် နောင်အခါတွင် သင်လိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။-
36 Disse-lhe Simão Pedro: Senhor, para onde vais? Jesus lhe respondeu: Para onde eu vou não podes agora seguir-me, mas depois me seguirás.
37 ပေတရုက တပည့်တော်သည် အဘယ်ကြောင့် ယခု မလိုက်နိုင်ရပါသနည်း။ တပည့်တော်သည် ကိုယ်တော့်အတွက် မိမိ၏အသက်ကိုပင် စွန့်ပါမည်ဟု လျှောက်လေ၏။-
37 Disse-lhe Pedro: Por que não posso seguir-te agora? Por ti darei a minha vida.
38 ယေဇူးက သင်သည် ငါ့ အတွက် သင်၏အသက်ကို စွန့်မည်လော။ သင့်အား ငါဧကန်အမှန်ဆို သည်ကား ကြက်ဖမတွန်မီ သင်သည် ငါ့ကို သုံးကြိမ် ငြင်းပယ်ပြီးဖြစ်လိမ့်မည်ဟု ပြန်ဖြေတော်မူ၏။
38 Respondeu-lhe Jesus: Tu darás a tua vida por mim? Na verdade, na verdade te digo que não cantará o galo enquanto não me tiveres negado três vezes.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.