Judas 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ယေဇူးခရစ်တော်၏အစေခံနှင့် ယာကုပ်၏ညီဖြစ်သူ ဂျုဒထံမှ၊ ရွေးကောက်ခြင်းခံထားရပြီး အဖခမည်းတော်ဘုရား၌ ချစ်ခြင်း မေတ္တာခံစားရ၍ ယေဇူး ခရစ်တော်အတွက် ကာကွယ်စောင့်ရှောက်ခြင်းခံရသူ တို့ထံသို့ စာရေးလိုက်ပါ၏။
1 Judas, servo de Jesus Cristo e irmão de Tiago, aos chamados, queridos em Deus Pai e conservados por Jesus Cristo:
2 သနားကရုဏာတော်၊ ငြိမ်းချမ်းသာယာခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် သင်တို့၌ တိုးပွားပြည့်စုံပါစေ သော်။
2 a misericórdia, e a paz, e o amor vos sejam multiplicadas.
3 ချစ်မိတ်ဆွေတို့၊ ငါတို့အားလုံးနှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို သင်တို့ထံစာရေးရန် စိတ်အား ထက်သန်လျက် ရှိသည်ဖြစ်၍ သူတော်သူမြတ်တို့အား တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ပေးသနားတော်မူခဲ့သော ယုံကြည်ခြင်းအတွက် ခုခံ ကာကွယ်စေခြင်းငှာ သင်တို့အား စာရေး၍ တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါခံယူခဲ့၏။-
3 Amados, procurando eu escrever-vos com toda a diligência acerca da comum salvação, tive por necessidade escrever-vos e exortar-vos a batalhar pela fé que uma vez foi dada aos santos.
4 အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေး ဇူးတော်ကို ညစ်ညူးသောအပျော်အပါးခံစားခြင်းအဖြစ် သို့ မှောက်လှန်ပြောင်း လဲလျက် ငါတို့၏တစ်ပါးတည်းသော အရှင်သခင်ဖြစ်တော်မူသည့် ယေဇူးခရစ်တော်ကို ငြင်းပယ်ကြသောဘုရားမဲ့သူတို့သည် သင်တို့အထဲသို့ လျှို့ ဝှက်စွာ ဝင်ရောက်ခဲ့ကြလေပြီ။ ထိုသူတို့သည် အပြစ် ဒဏ်စီရင်ခြင်းခံရရန် ရှေးကာလကပင် သတ်မှတ်ထား ခြင်းခံရသူများဖြစ်ကြ၏။
4 Porque se introduziram alguns, que já antes estavam escritos para este mesmo juízo, homens ímpios, que convertem em dissolução a graça de Deus e negam a Deus, único dominador e Senhor nosso, Jesus Cristo.
5 ထာ၀ရဘုရားသခင်သည် လူမျိုးတော်ကို အီဂျစ်ပြည်မှ ကယ်တင်ပြီးနောက် မယုံကြည်သောသူတို့ကို ဖျက်ဆီးတော်မူခဲ့သည့် အကြောင်း သင်တို့သိခဲ့ကြပြီး ဖြစ်သော်လည်း ငါသည် သင်တို့ကိုသတိပေးလိုပါ၏။-
5 Mas quero lembrar-vos, como a quem já uma vez soube isto, que, havendo o Senhor salvo um povo, tirando-o da terra do Egito, destruiu, depois, os que não creram;
6 မိမိတို့ရရှိထားသော မူလအခွင့်အာဏာကို မထိန်းသိမ်းဘဲ မိမိတို့၏နေရင်းဌာနကိုစွန့်ခွာသွားခဲ့ကြသော ကောင်းကင် တမန်တော်များသည် အပြစ်ဒဏ်စီရင်ခြင်းခံရမည့် နေ့ရက်ကြီးရောက်လာသည်အထိ မှောင်မိုက်ရာအရပ်တွင် ကိုယ်တော်၏ ထာ၀ရသံကြိုးများဖြင့် ချည်နှောင်ခြင်းကိုခံကြရ၏။-
6 e aos anjos que não guardaram o seu principado, mas deixaram a sua própria habitação, reservou na escuridão e em prisões eternas até ao juízo daquele grande Dia;
7 ထိုကဲ့သို့ပင် ဆောဒိုမာမြို့၊ ဂေါ်မောရာမြို့နှင့် ပတ်ဝန်းကျင်ရှိမြို့တို့သည်လည်း သဘာ၀နှင့်ဆန့်ကျင် သောကာမဂုဏ်အမှုကို လိုက်စားကြပြီး ညစ်ညူးစွာပြုမူ ကြသောကြောင့် ထာ၀ရမီးတွင် အပြစ်ဒဏ်ခံရခြင်းအား ဖြင့် ပုံစံနမူနာပြလျက်ရှိကြ၏။
7 assim como Sodoma, e Gomorra, e as cidades circunvizinhas, que, havendo-se corrompido como aqueles e ido após outra carne, foram postas por exemplo, sofrendo a pena do fogo eterno.
8 ထိုနည်းတူ ဤလူတို့သည် မိမိတို့၏အိပ်မက်ရူပါရုံ များတွင် ကိုယ်ကာယကို ညစ်ညူးစေ၍ အခွင့်အာဏာတော်ကို ငြင်းပယ်ကြသည်သာမက ဘုန်းဂုဏ်တော် အရှင်တို့ကိုပါ ထိခိုက်စော်ကားကြ၏။-
8 E, contudo, também estes, semelhantemente adormecidos, contaminam a sua carne, e rejeitam a dominação, e vituperam as autoridades.
9 သို့သော် ကောင်းကင်တမန်တော်တို့၏အကြီးအမှူး မီကာအဲလ်သည်ပင်လျှင် မိုးဇက်၏ကိုယ်ခန္ဓာကိုအကြောင်းပြု၍ နတ်ဆိုးနှင့် ရင်ဆိုင်ပြောဆိုရသောအခါ နတ်ဆိုးအပေါ်အပြစ်တင် ရှုတ်ချသောစကားကိုမပြောဝံ့ဘဲ ထာ၀ရဘုရားသခင် သည် သင့်ကို ဆုံးမပြစ်တင်တော်မူပါစေဟူ၍သာ ပြော ဆိုခဲ့၏။
9 Mas o arcanjo Miguel, quando contendia com o diabo e disputava a respeito do corpo de Moisés, não ousou pronunciar juízo de maldição contra ele; mas disse: O Senhor te repreenda.
10 သို့သော် ဤလူတို့သည် မိမိတို့မသိနားမလည် သောအရာဟူသမျှကို ထိခိုက်စော်ကားကြ၏။ သူတို့သည် အသိဉာဏ် ကင်းမဲ့သော တိရစ္ဆာန်များကဲ့သို့ မိမိတို့၏ပင်ကိုအသိစိတ်ဖြင့် သိရှိကြသောအရာများအားဖြင့် ပျက်စီးခြင်းသို့ ရောက်ကြ လေ၏။-
10 Estes, porém, dizem mal do que não sabem; e, naquilo que naturalmente conhecem, como animais irracionais, se corrompem.
11 ထိုသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကိန္န ၏လမ်းစဉ်ကိုလိုက်ကြပြီး ဘာလမ်၏အမှားအတိုင်း အကျိုးအမြတ်ရရန်အတွက် မည်သည့်အရာကိုမဆို ပြုလုပ်ကြလျက် ကိုရ၏တော်လှန်ပုန်ကန်ခြင်း၌ ပျက်စီး ခြင်းသို့ရောက်ကြ လေ၏။-
11 Ai deles! Porque entraram pelo caminho de Caim, e foram levados pelo engano do prêmio de Balaão, e pereceram na contradição de Corá.
12 သူတို့သည် သင်တို့၏ချစ် ခြင်းမေတ္တာစားပွဲတော်များသို့ လာကြ၍ ရှက်ကြောက် ခြင်းမရှိဘဲ မိမိတို့အတွက်သာ ပျော်ပါးသောက်စားကြပြီးလျှင် သင်တို့၏စားပွဲတော်များကို စွန်းထင်းစေကြ၏။ သူတို့သည် လေတိုက်ရာသို့ လွင့်ပါသွား တတ်သည့် ရေ ငွေ့မပါသောမိုးတိမ်များကဲ့သို့လည်းကောင်း၊ ဆောင်း ကုန်ခါနီးတွင် အသီးမသီးဘဲ အမြစ်လန်နေသောကြောင့် နှစ်ခါပြန်သေသောသစ်ပင်များကဲ့သို့လည်းကောင်း၊-
12 Estes são manchas em vossas festas de fraternidade, banqueteando-se convosco e apascentando-se a si mesmos sem temor; são nuvens sem água, levadas pelos ventos de uma para outra parte; são como árvores murchas, infrutíferas, duas vezes mortas, desarraigadas;
13 မိမိ တို့၏ရှက်ဖွယ်ရာအမြှုပ်များကိုပွက်စေသော ပင်လယ်လှိုင်းတံပိုးရိုင်းများကဲသို့လည်းကောင်း၊ မှောင်မိုက်ခြင်း၏ အောက်ဆုံးအရပ်တွင် ထာ၀ရသိမ်းဆည်းထားခြင်းခံရသည့် အတည်တကျမရှိသောကြယ်များနှင့်တူကြ၏။
13 ondas impetuosas do mar, que escumam as suas mesmas abominações, estrelas errantes, para os quais está eternamente reservada a negrura das trevas.
14 အာဒံမှဆင်းသက်သည့် သတ္တမမြောက်မျိုးဆက်ဖြစ်သော ဧနော့သည် ဤသူများနှင့်ပတ်သက်၍ ကြိုတင် ဟောထားသည် ကား ကြည့်လော့၊ ထာ၀ရဘုရားသခင်သည် အတိုင်းမသိများစွာသောသန့်ရှင်းသူတို့နှင့်ကြွ လာတော်မူ၍၊-
14 E destes profetizou também Enoque, o sétimo depois de Adão, dizendo: Eis que é vindo o Senhor com milhares de seus santos,
15 လူခပ်သိမ်းတို့ကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ဘုရားတရားမဲ့သူသောအပေါင်းတို့အား ၎င်းတို့၏ မတရားသောလမ်းစဉ်၌ ကျူးလွန် သမျှသောဆိုးယုတ်မှုများအတွက်သော်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့က ကိုယ်တော့်ကို စော်ကားပြောဆိုခဲ့ကြသည့် ကြမ်းတမ်းသောစကားများ အတွက်သော်လည်းကောင်း အပြစ်စီရင်တော်မူလိမ့် မည်ဟူ၍ဖြစ်၏။-
15 para fazer juízo contra todos e condenar dentre eles todos os ímpios, por todas as suas obras de impiedade que impiamente cometeram e por todas as duras palavras que ímpios pecadores disseram contra ele.
16 ဤသူတို့သည် ညည်းတွားတတ်သူများ၊ သူတစ်ပါးကို အပြစ်တင်ပြောဆိုသူများ၊ မိမိတို့၏ အလိုရမ္မက်နောက်သို့ လိုက်သူများ၊ လွန်ကဲစွာကြွားဝါသူ များနှင့် မိမိတို့၏အကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့် ပြောဆိုသူများဖြစ်ကြ၏။
16 Estes são murmuradores, queixosos da sua sorte, andando segundo as suas concupiscências, e cuja boca diz coisas mui arrogantes, admirando as pessoas por causa do interesse.
17 ချစ်မိတ်ဆွေတို့၊ ငါတို့၏သခင် ယေဇူးခရစ်တော် ၏တမန်တော်တို့ကြိုတင်ဟောပြောထားသောစကား တို့ကိုမူ သတိရ ကြလော့။-
17 Mas vós, amados, lembrai-vos das palavras que vos foram preditas pelos apóstolos de nosso Senhor Jesus Cristo,
18 သူတို့က သင်တို့အား ပြောဆိုခဲ့သည်ကား နောက်ဆုံးသောကာလတွင် လှောင်ပြောင်ကဲ့ရဲ့ကြသောသူများ ထွက်ပေါ် လာကြပြီး ထိုသူတို့သည် မိမိတို့၏တရားမဲ့သောအလိုရမ္မက်အတိုင်း ကျင့်ကြံကြလိမ့်မည်ဟူ၍ဖြစ်၏။-
18 os quais vos diziam que, no último tempo, haveria escarnecedores que andariam segundo as suas ímpias concupiscências.
19 ဤသူတို့သည်ကား စိတ်ဝမ်းကွဲပြားခြင်းကို ဖြစ်ပေါ်စေကြပြီး ဝိညာဉ်တော်နှင့် ကင်းသောလောကသားများဖြစ်ကြ၏။-
19 Estes são os que causam divisões, sensuais, que não têm o Espírito.
20 ချစ်မိတ်ဆွေတို့၊ သင်တို့မူကား သင်တို့၏အလွန်သန့်ရှင်းမြင့်မြတ်သော ယုံကြည်ခြင်းအပေါ်အခြေခံ၍ သင်တို့ကိုယ်ကို ပိုမိုကြံ့ ခိုင်အောင်ပြုလုပ်ကြလော့။ ဝိညာဉ်တော်မြတ်အားဖြင့် ဆုတောင်းကြလော့။-
20 Mas vós, amados, edificando-vos a vós mesmos sobre a vossa santíssima fé, orando no Espírito Santo,
21 မိမိတို့ကိုယ်ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ တည်ရှိစေကြလော့။ ထာ၀ရ အသက်ကိုရအံ့သောငှာ ငါတို့၏သခင် ယေဇူးခရစ်တော်၏သနားကရုဏာတော်ကို စောင့်မျှော်ကြလော့။-
21 conservai a vós mesmos no amor de Deus, esperando a misericórdia de nosso Senhor Jesus Cristo, para a vida eterna.
22 ယုံမှား သံသယဖြစ်နေသူအချို့တို့ကို ကရုဏာထားကြလော့။-
22 E apiedai-vos de alguns que estão duvidosos;
23 အချို့သောသူတို့ကို မီးထဲမှကယ်နုတ်ကြလော့။ အချို့တို့ကိုမူကား ကြောက်ရွံ့စိတ်နှင့်သနားကရုဏာကို ပြကြလော့။ အသွေးအသားအညစ်အကြေးတို့ဖြင့် စွန်းထင်း လျက်ရှိသောအဝတ်အစားတို့ကို စက်ဆုပ်ရွံရှာကြ လော့။
23 e salvai alguns, arrebatando-os do fogo; tende deles misericórdia com temor, aborrecendo até a roupa manchada da carne.
24 သင်တို့ကို လမ်းလွဲခြင်းမှ ကာကွယ်နိုင်စွမ်းရှိ၍ အပြစ်ကင်းစင်စေပြီး မိမိ၏ဘုန်းဂုဏ်တော်ရှေ့မှောက်၌ သင်တို့ကို ဝမ်းမြောက်စွာ ဆက်ကပ်နိုင်စွမ်းရှိတော်မူ သောအရှင်ဖြစ်သည့်၊-
24 Ora, àquele que é poderoso para vos guardar de tropeçar e apresentar-vos irrepreensíveis, com alegria, perante a sua glória,
25 ငါတို့၏ကယ်တင်ရှင်၊ တစ်ပါး တည်းသောဘုရားသခင်အား ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ရှေးကာလမှစ၍ ယခုအချိန်နှင့် ကာလ အဆက်ဆက် ဘုန်းဂုဏ်တော်၊ တန်ခိုးအာနုဘော်တော်၊ အုပ်စိုးမှုနှင့် အာဏာတော်တည်ပါစေသော်။ အာမင်။
25 ao único Deus, Salvador nosso, por Jesus Cristo, nosso Senhor, seja glória e majestade, domínio e poder, antes de todos os séculos, agora e para todo o sempre. Amém!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Judas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.