Hebreus 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ထို့ကြောင့် ငါတို့သည် တရားလမ်းမှသွေဖည် မသွားစေရန် ငါတို့ကြားနာခဲ့ရသည့်အရာများကို ပို၍သတိရှိစွာ မှတ်သားထား ကြရမည်။-
1 Portanto, convém-nos atentar, com mais diligência, para as coisas que já temos ouvido, para que, em tempo algum, nos desviemos delas.
2 အကယ်၍ ကောင်းကင်တမန်တော်တို့ကြေညာမြွက်ဆိုခဲ့သော သတင်းစကားသည် မှန်ကန်သောတရားဖြစ်ပြီး တရားတော်ကို ပြစ်မှားကျူးလွန်ခြင်းနှင့် နာခံခြင်းကင်းမဲ့သော အမှုရှိသမျှတို့သည် ထိုက်သင့်သောအပြစ်ဒဏ်ကို ခံကြရလျှင်၊-
2 Porque, se a palavra falada pelos anjos permaneceu firme, e toda transgressão e desobediência recebeu a justa retribuição,
3 ငါတို့သည် ဤမျှကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုထားပါက အပြစ်ဒဏ်မခံရဘဲ နေရလိမ့်မည် မဟုတ်ပေ။ ဤတရားတော်ကို သခင်ဘုရားကိုယ်တော်တိုင် ပထမဦးစွာဟောကြားတော်မူခဲ့၍ ကိုယ်တော်၏ တရားစကားကို ကြားနာခဲ့ကြသော သူတို့က ငါတို့အား ထိုတရားတော်မှန်ကန်ကြောင်းကိုသက်သေခံခဲ့ကြ၏။-
3 como escaparemos nós, se não atentarmos para uma tão grande salvação, a qual, começando a ser anunciada pelo Senhor, foi-nos, depois, confirmada pelos que a ouviram;
4 ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများ၊ အံ့ဩ ဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးလက္ခဏာအမျိုးမျိုး တို့ကိုပြသခြင်း အားဖြင့်လည်းကောင်း၊ မိမိ၏အလိုတော် အတိုင်းဝေငှပေးသနားတော်မူသော ဝိညာဉ်တော်ဘုရား၏ကျေးဇူးတော်အားဖြင့် လည်းကောင်း ထိုသူတို့၏ ဟောပြောချက်များကို သက်သေခံတော်မူ၏။
4 testificando também Deus com eles, por sinais, e milagres, e várias maravilhas, e dons do Espírito Santo, distribuídos por sua vontade?
5 ဘုရားသခင်သည် ငါတို့ပြောဆိုနေသော နောင်အခါတွင်ရောက်ရှိလာမည့်ကမ္ဘာကို ကောင်းကင်တမန် တော်တို့၏ လက်အောက် သို့ လွှဲအပ်မထားခဲ့ပေ။-
5 Porque não foi aos anjos que sujeitou o mundo futuro, de que falamos;
6 ကျမ်းစာတော်မြတ်တစ်နေရာ၌ သက်သေခံသည်ကား လူသည် မည်ကဲ့သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို အောက်မေ့ တော်မူရပါသနည်း။ သာမန်လူသားသည် မည်ကဲ့သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့အား အရေးပေးတော်မူရပါသနည်း။-
6 mas, em certo lugar, testificou alguém, dizendo: Que é o homem, para que dele te lembres? Ou o filho do homem, para que o visites?
7 ကိုယ်တော်သည် သူ့အား ကောင်းကင်တမန်တော်တို့ထက် ခေတ္တမျှသာ နိမ့်ကျစေပြီးလျှင် ဘုန်းဂုဏ်တော်ဖြင့် သရဖ ူဆောင်းစေတော်မူ၏။-
7 Tu o fizeste um pouco menor do que os anjos, de glória e de honra o coroaste e o constituíste sobre as obras de tuas mãos.
8 ကိုယ်တော်သည် သူ့အား ခပ်သိမ်းသော အရာတို့အပေါ် အုပ်စိုးရသောအခွင့်ကိုလည်း ပေးတော် မူ၏ဟူ၍ဖြစ်သတည်း။ ကိုယ်တော်သည် သူ့အား ခပ်သိမ်းသောအရာတို့ကို အုပ်စိုးစေတော်မူရာ၌ သူ၏အုပ်စိုး ခြင်းမခံရသည့်အရာတစ်စုံတစ်ခုမျှ မရှိစေ ခဲ့ပေ။ ယခု အချိန်တွင်မူ ခပ်သိမ်းသောအရာတို့သည် သူ၏အုပ်စိုးမှု အောက်၌ ရှိသည်ကို ငါတို့မမြင်ကြရသေးပေ။-
8 Todas as coisas lhe sujeitaste debaixo dos pés. Ora, visto que lhe sujeitou todas as coisas, nada deixou que lhe não esteja sujeito. Mas, agora, ainda não vemos que todas as coisas lhe estejam sujeitas;
9 သို့သော် ကောင်းကင်တမန်တော်တို့ထက် ခေတ္တမျှနိမ့်ချခြင်းခံရသော ယေဇူးသည် အသေခံတော်မူသောကြောင့် ဘုန်းဂုဏ်တော် နှင့်ပြည့်၀လျက်ရှိသည်ကို ငါတို့မြင်ကြ၏။ ဤသို့ဖြင့် ကိုယ်တော်၏အသေခံတော်မူခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်၏။
9 vemos, porém, coroado de glória e de honra aquele Jesus que fora feito um pouco menor do que os anjos, por causa da paixão da morte, para que, pela graça de Deus, provasse a morte por todos.
10 အကြောင်းမူကား ခပ်သိမ်းသောအရာတို့တည်ရှိ ခြင်း၏အကြောင်းရင်းဖြစ်တော်မူသောဘုရားသခင် သည် မိမိ၏သားသမီး တို့ကို ဘုန်းတော်ဝင်စားစေရန် ခေါ်ဆောင်တော်မူရာတွင် ၎င်းတို့၏ကယ်တင်ခြင်းကို ရှေ့ဆောင်လမ်းပြတော်မူသောသူအား ဒုက္ခဆင်းရဲခံ ထမ်းစေခြင်းအားဖြင့် စုံလင်ခြင်းသို့ ရောက်စေသည်မှာ သင့်လျော်ပေ၏။-
10 Porque convinha que aquele, para quem são todas as coisas e mediante quem tudo existe, trazendo muitos filhos à glória, consagrasse, pelas aflições, o Príncipe da salvação deles.
11 သန့်စင်ပေးတော်မူသောသူနှင့် သန့်စင်ခြင်းခံရသောသူတို့သည် တစ်ခုတည်းသောမူလ ဇာတိမှဖြစ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ညီအစ်ကိုဟူ၍ခေါ်ခြင်းငှာ ရှက်ရွံ့ ခြင်းမရှိပေ။-
11 Porque, assim o que santifica como os que são santificados, são todos de um; por cuja causa não se envergonha de lhes chamar irmãos,
12 ကျမ်း စာတော်မြတ်၌ဆိုထားသည်ကား အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်၏ညီအစ်ကိုများအား ဟောပြော၍ ယုံကြည်သူလူတို့၏အလယ်တွင် ကိုယ်တော့်ကို အကျွန်ုပ်ချီးမွမ်းဧကျူးပါမည်ဟူ၍ဖြစ်၏။-
12 dizendo: Anunciarei o teu nome a meus irmãos, cantar-te-ei louvores no meio da congregação.
13 တစ်ဖန် ဆက်လက်၍ ငါသည် ဘုရားသခင်ကို ယုံကြည် ကိုးစားမည်။ ငါမှစ၍ ငါ့အား ဘုရားသခင်ပေးသနားတော်မူသော သားသမီးတို့သည် ဤနေရာ၌ရောက်ရှိကြလေ ပြီဟူ၍လည်း ရေးသားထားလျက်ရှိ၏။
13 E outra vez: Porei nele a minha confiança. E outra vez: Eis-me aqui a mim e aos filhos que Deus me deu.
14 ထိုသားသမီးတို့သည် တစ်ခုတည်းသောသွေး သားသဘာ၀ကို မျှဝေခံယူသူများဖြစ်ကြသောကြောင့် ကိုယ်တော်သည်လည်း ထိုသွေးသားဇာတိကိုပင် ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တော်သည် အသေခံတော်မူခြင်းဖြင့် သေခြင်း၏အာဏာကို ပိုင်စိုးသောနတ်ဆိုးကို သုတ်သင်ပြီးနောက်၊-
14 E, visto como os filhos participam da carne e do sangue, também ele participou das mesmas coisas, para que, pela morte, aniquilasse o que tinha o império da morte, isto é, o diabo,
15 သေခြင်းတရားကို ကြောက်ရွံ့ ၍ တစ်သက်ပတ်လုံးကျွန်ခံနေရသောသူတို့အား လွတ်မြောက်စေတော်မူလိမ့်မည်။-
15 e livrasse todos os que, com medo da morte, estavam por toda a vida sujeitos à servidão.
16 အမှန်စင်စစ် ကိုယ်တော် သည် ကောင်းကင်တမန်တော်တို့အား ကူညီမစရန် မဟုတ်ဘဲ အာဘရာဟံ၏ သားစဉ်မြေးဆက် တို့အား ကူညီမစရန် ကြွလာတော်မူခြင်းဖြစ်၏။-
16 Porque, na verdade, ele não tomou os anjos, mas tomou a descendência de Abraão.
17 ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အပြစ်ဖြေ လွှတ်ခြင်းပေးရန် ဘုရားသခင်၏အမှုတော်၌ ကရုဏာ၊ သစ္စာနှင့်ပြည့်စုံတော်မူသော ရဟန်းချုပ်ဖြစ်အံ့သောငှာ အရာရာ၌ မိမိ၏ညီအစ်ကိုများနှင့် တူညီရခြင်းဖြစ်၏။-
17 Pelo que convinha que, em tudo, fosse semelhante aos irmãos, para ser misericordioso e fiel sumo sacerdote naquilo que é de Deus, para expiar os pecados do povo.
18 အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲဒုက္ခနှင့် စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ကိုယ်တော်တိုင်ခံခဲ့ရသဖြင့် စုံစမ်း နှောင့်ယှက်ခြင်းခံရသောသူတို့အား ကူညီနိုင်စွမ်းရှိ တော်မူ၏။
18 Porque, naquilo que ele mesmo, sendo tentado, padeceu, pode socorrer aos que são tentados.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.