Hebreus 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 လွန်လေပြီးသောကာလ၌ ဘုရားသခင်သည် ငါတို့၏ဘိုးဘေးတို့အား ပရောဖက်များမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့်ကြိမ်ဖန် များစွာဗျာဒိတ်ပေးတော်မူခဲ့၏။-
1 Havendo Deus antigamente falado muitas vezes, e de muitas maneiras, aos pais, pelos profetas, a nós falou-nos nestes últimos dias pelo Filho,
2 သို့ရာတွင် ဤနောက်ဆုံးသောခေတ်ကာလ၌ ဘုရားသခင်သည် ငါတို့ကို သားတော်အားဖြင့် ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်သည် ထိုသားတော်ကို အရာခပ်သိမ်းတို့၏အမွေခံအဖြစ် ခန့်ထား၍ သားတော်အားဖြင့် စကြ၀ဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။-
2 A quem constituiu herdeiro de tudo, por quem fez também o mundo.
3 ထိုသားတော်သည် တန်ခိုးနှင့်ပြည့်သောမိမိ၏အမိန့်တော်ဖြင့် စကြ၀ဠာကို တည်တံ့စေလျက် ဘုရားသခင်၏ ဘုန်းဂုဏ် တော်ကို ထင်ဟပ်ပြီးလျှင် ဘုရားဇာတိပကတိအတိုင်း ပင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် အပြစ်များအတွက် သန့်စင်ခြင်းအမှုကို ဆောင်ရွက်ပြီးနောက် ကောင်းကင်ဘုံ၌ရှိတော်မူသောအနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ လက်ယာတော်ဘက်၌ စံပယ်တော ်မူ၏။-
3 O qual, sendo o resplendor da sua glória, e a expressa imagem da sua pessoa, e sustentando todas as coisas pela palavra do seu poder, havendo feito por si mesmo a purificação dos nossos pecados, assentou-se à destra da majestade nas alturas;
4 သားတော်သည် ကောင်းကင်တမန်တော်တို့၏ဘွဲ့နာမတို့ထက် ထူးမြတ်သောဘွဲ့နာမတော်ကိုခံရသဖြင့် ကောင်းကင် တမန်တော်တို့ထက် ကြီးမြတ်သောသူဖြစ်တော်မူ၏။
4 Feito tanto mais excelente do que os anjos, quanto herdou mais excelente nome do que eles.
5 အကြောင်းမူကား ဘုရားသခင်သည် မည်သည့် ကောင်းကင်တမန်တော်အား သင်သည် ငါ့သားဖြစ်၏၊ ယနေ့ပင် ငါသည် သင်၏အဖဖြစ်လာလေပြီဟူ၍လည်းကောင်း၊ သို့တည်းမဟုတ် ငါသည် သူ၏အဖဖြစ်လိမ့်မည်၊ သူသည်လည်း ငါ၏သားဖြစ်ရ လိမ့်မည်ဟူ၍လည်း ကောင်း မိန့်တော်မူခဲ့ဖူးသနည်း။
5 Porque, a qual dos anjos disse jamais: Tu és meu Filho, Hoje te gerei? E outra vez: Eu lhe serei por Pai, E ele me será por Filho?
6 တစ်ဖန်ဘုရားသခင်သည် မိမိ၏သားဦးကို ဤလောကအတွင်းသို့ ဆောင်ယူလာတော်မူသောအခါ ဘုရားသခင်၏ ကောင်းကင် တမန်တော်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးကိုးကွယ်ကြရမည်ဟု မိန့်တော်မူ၏။
6 E outra vez, quando introduz no mundo o primogênito, diz:E todos os anjos de Deus o adorem.
7 ကောင်းကင်တမန်တော်များနှင့်ပတ်သက်၍ ကိုယ်တော်က ဘုရားသခင်သည် ကောင်းကင်တမန်တော်များကို လေကဲ့သို့ ဖြစ်စေ ပြီးလျှင် မိမိ၏အမှုတော်ဆောင်များ ကို မီးလျှံများကဲ့သို့ဖြစ်စေတော်မူ၏ဟူ၍ မိန့်ဆိုထား၏။
7 E, quanto aos anjos, diz: Faz dos seus anjos espíritos, E de seus ministros labareda de fogo.
8 သားတော်ကိုမူကား ကိုယ်တော်က အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ထာ၀စဉ်တည်မြဲပါ၏။ တရားမျှတစွာစီရင် အုပ်ချုပ်သောနိုင်ငံမှာလည်း ကိုယ်တော်၏နိုင်ငံတော်ပင်ဖြစ်ပါ၏။-
8 Mas, do Filho, diz: Ó Deus, o teu trono subsiste pelos séculos dos séculos; Cetro de eqüidade é o cetro do teu reino.
9 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍ မတရားသောအမှု ကိုမုန်းတီးတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရား ဖြစ်တော်မူသော ထာ၀ရဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်တို့ထက် ကိုယ်တော့်ကိုပို၍ချီးမြှောက် ပြီး ဝမ်းမြောက်ခြင်း ဆီနှင့် ဘိသိက်ပေးတော်မူ၏ဟူ၍ မိန့် ဆိုထားလေ၏။
9 Amaste a justiça e odiaste a iniqüidade; por isso Deus, o teu Deus, te ungiuCom óleo de alegria mais do que a teus companheiros.
10 ထို့နောက်တစ်ဖန် မိန့်ဆိုသည်ကား အိုသခင်၊ ကိုယ်တော်သည် ကမ္ဘာမြေကြီးကို အစဦးကပင် ဖန်ဆင်း ခဲ့ပြီး ကောင်းကင်သည် လည်း ကိုယ်တော်၏လက်ရာ တော်ဖြစ်တော်မူ၏။-
10 E: Tu, Senhor, no princípio fundaste a terra, E os céus são obra de tuas mãos.
11 ထိုအရာအားလုံးတို့သည် ပျက်စီး ယိုယွင်းသွားကြမည်ဖြစ်သော်လည်း ကိုယ်တော်မူကား ဆက်လက်တည်ရှိတော်မူ၏။ ထိုအရာအားလုံးတို့သည် အဝတ်ကဲ့သို့ပင် ဟောင်းနွမ်းသွားကြလိမ့်မည်။-
11 Eles perecerão, mas tu permanecerás; E todos eles, como roupa, envelhecerão,
12 ကိုယ်တော်သည် ထိုအရာတို့ကို ဝတ်ရုံတစ်ခုကဲ့သို့ ခေါက်သိမ်းတော်မူ၍ ယင်းတို့သည် ဝတ်ရုံကဲ့သို့ပင် ပြောင်းလဲ သွားကြ လိမ့်မည်။ သို့သော် ကိုယ်တော်မူကား ပြောင်းလဲခြင်းမရှိပေ။ ကိုယ်တော်၏အသက်တော်သည်လည်း မည်သည့်အခါမျှ ကုန်ဆုံးခြင်းရှိလိမ့်မည်မဟုတ်ဟူ၍ ဖြစ်သတည်း။
12 E como um manto os enrolarás, e serão mudados. Mas tu és o mesmo, E os teus anos não acabarão.
13 ထို့ပြင် ဘုရားသခင်က သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာခုံအဖြစ် ငါမပြုလုပ်မီတိုင်အောင် ငါ၏လက် ယာဘက်တွင်ထိုင် နေလော့ဟူ၍ မည်သည့်ကောင်းကင် တမန်တော်ကို မိန့်တော်မူခဲ့ဖူးသနည်း။-
13 E a qual dos anjos disse jamais: Assenta-te à minha destra, Até que ponha a teus inimigos por escabelo de teus pés?
14 ဤကောင်းကင် တမန်တော်တို့သည်ကား ကယ်တင်ခြင်းကျေးဇူးကို အမွေခံမည့်သူများအား စောင့်ရှောက်ရန် စေလွှတ်ခြင်း ခံရသည့် အမှုတော်ဆောင်ဝိညာဉ်များဖြစ်ကြသတည်း။
14 Não são porventura todos eles espíritos ministradores, enviados para servir a favor daqueles que hão de herdar a salvação?
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.