Gálatas 6
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ညီအစ်ကိုတို့၊ လူတစ်ယောက် အပြစ်ကျူးလွန်နေသည်ကိုတွေ့လျှင် ဝိညာဉ်တော်၏ဆုကျေး ဇူးကိုရရှိထားသော သင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ထားနှင့် ထိုသူကို ပြန်လည်ထိန်းကျောင်းပဲ့ပြင်ပေးသင့်၏။ သင်တို့ကိုယ်တိုင်သည်လည်း အပြစ်သို့ သွေးဆောင် ခြင်းမခံရစေရန် သတိပြုကြလော့။-
1 Irmãos, se alguém for surpreendido numa falta, vós, que sois animados pelo Espírito, admoestai-o em espírito de mansidão. E tem cuidado de ti mesmo, para que não caias também em tentação!
2 သင်တို့အချင်းချင်း တစ်ဦး၏ဒုက္ခကိုတစ်ဦးက ကူညီခံထမ်း၍ ထိုကဲ့သို့ပြုမူ ခြင်းအားဖြင့် ခရစ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးကြလော့။-
2 Ajudai-vos uns aos outros a carregar os vossos fardos, e deste modo cumprireis a lei de Cristo.
3 တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်သော်လည်း မိမိကိုယ်မိမိအရေးပါသူဟုထင်မှတ်လျှင် ထိုသူသည် မိမိကိုယ်ကို လှည့်စားခြင်းဖြစ်၏။-
3 Quem pensa ser alguma coisa, não sendo nada, engana-se a si mesmo.
4 လူတိုင်းသည် မိမိအပြုအမူကို စစ်ဆေးဆင်ခြင်ကြပါစေ။ ထိုအခါ မိမိကြွားဝါခြင်း၏အကြောင်းရင်းသည် သူတစ်ပါးတို့ အတွက်မဟုတ်ဘဲ မိမိတစ်ဦးတည်းအတွက်သာဖြစ် လိမ့်မည်။-
4 Cada um examine o seu procedimento. Então poderá gloriar-se do que lhe pertence e não do que pertence a outro.
5 အကြောင်းမူကား လူတိုင်းသည် မိမိ၏ဝန် ထုပ်ကို ထမ်းရမည်ဖြစ်၏။
5 Pois cada um deve carregar o seu próprio fardo.
6 နှုတ်တော်ထွက်စကားကို သင်ယူသောသူသည် မိမိ၌ရှိသည့် ကောင်းသောအရာဟူသမျှကို သင်ကြားပေးသောသူအား ဝေမျှပေးပါစေ။
6 Aquele que recebe a catequese da palavra, reparta de todos os seus bens com aquele que o instrui.
7 သွေးဆောင်လှည့်ဖြားခြင်းကို သင်တို့မခံကြရစေနှင့်။ ဘုရားသခင်ကိုလှည့်ဖြား၍ မရနိုင်ပေ။ အကြောင်းမူ ကား လူသည် မိမိမျိုးစေ့ကြဲသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်။-
7 Não vos enganeis: de Deus não se zomba. O que o homem semeia, isso mesmo colherá.
8 အဘယ်ကြောင့်ဆိုသော် မိမိသွေးသားဆန္ဒ၌ မျိုးစေ့ကြဲသောသူသည် ထိုသွေးသားမှ ပျက်စီးဆုံးရှုံးခြင်းကို ရိတ်သိမ်းရ လိမ့်မည်။ သို့သော် ဝိညာဉ်တော်၌ မျိုး စေ့ကြဲသောသူသည် ဝိညာဉ်တော်မှ ထာ၀ရအသက်ကို ရိတ်သိမ်းရလိမ့်မည်။-
8 Quem semeia na carne, da carne colherá a corrupção; quem semeia no Espírito, do Espírito colherá a vida eterna.
9 ငါတို့သည် ကောင်းသောအကျင့် ကိုကျင့်ကြံရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား ငါတို့သည် လက်မလျှော့လျှင် အချိန်တန်သောအခါ ရိတ်သိမ်းကြရလိမ့်မည်။-
9 Não nos cansemos de fazer o bem, porque a seu tempo colheremos, se não relaxarmos.
10 သို့ဖြစ်၍ ငါတို့ ၌ အခွင့် အခါသင့်သည့်အခါတိုင်း လူအားလုံးတို့အတွက် ကောင်းကျိုးပြုကြကုန်စို့။ အထူးသဖြင့် ငါတို့သည် ယုံ ကြည်သူမိသားစုများအတွက် ဆောင်ရွက်ပေးကြစို့။
10 Por isso, enquanto temos tempo, façamos o bem a todos os homens, mas particularmente aos irmãos na fé.
11 ဤမျှကြီးမားသောစာလုံးများဖြင့် သင်တို့ထံသို့ ငါ၏လက်ဖြင့် စာရေးသည်ကို ကြည့်ကြလော့။-
11 Vede com que tamanho de letras vos escrevo, de próprio punho!
12 သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်တိုက်တွန်း သောသူတို့သည် လူတို့အသိုင်းအဝိုင်းတွင် ပေါ်လွင်ထင် ရှားလိုပြီး ခရစ်တော်၏လက်ဝါးကပ်တိုင်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံလိုကြသောကြောင့်သာဖြစ်၏။-
12 Os que vos obrigam à circuncisão são homens que se querem impor, só para não serem perseguidos por causa da cruz de Cristo.
13 အကြောင်းမူကား အရေဖျားလှီးခြင်းခံသောသူတို့ကိုယ် တိုင်ပင်လျှင် ပညတ်တရားကိုလိုက်နာစောင့်ထိန်းကြ သည်မဟုတ်။ သူတို့သည် သင်တို့၏ခန္ဓာကိုယ်အပေါ်၌ ကြွားဝါဂုဏ်ယူလိုသောကြောင့် သင်တို့အား အရေဖျားလှီးခြင်းကို ခံစေလိုကြခြင်း ဖြစ်၏။-
13 Pois nem os próprios circuncisos observam a lei. E se fazem questão de que vos mandeis circuncidar, é para terem motivo de se gloriarem na vossa carne.
14 သို့သော် ငါတို့၏ ယေဇူးသခင်ခရစ်တော်၏လက်ဝါးကပ်တိုင်မှလွဲ၍ ငါ၌ အခြားကြွားဝါစရာအကြောင်းမရှိပါစေနှင့်။ ထိုလက်ဝါး ကပ်တိုင်တော်အားဖြင့် ကမ္ဘာလောကသည် ငါ့ ၌ လက်ဝါး ကပ်တိုင်တင်ခံရသကဲ့သို့ ငါသည်လည်း ကမ္ဘာလောက၌ လက်ဝါးကပ်တိုင်တင်ခြင်းကိုခံရလေပြီ။-
14 Quanto a mim, não pretendo, jamais, gloriar-me, a não ser na cruz de nosso Senhor Jesus Cristo, pela qual o mundo está crucificado para mim e eu para o mundo.
15 အကြောင်း မူကား အရေဖျားလှီးခြင်းခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အသစ်တစ်ဖန် ဖန်ဆင်းခံရခြင်းသာလျှင် အရေးကြီးပေ၏။-
15 Porque a circuncisão e a incircuncisão de nada valem, mas sim a nova criatura.
16 ဤလမ်းစဉ်ကို လျှောက်လှမ်းသောသူအပေါင်း တို့နှင့် ဘုရားသခင်၏အစ္စရာအဲလ်လူမျိုးအပေါ်သို့ ငြိမ်း ချမ်းသာယာခြင်းနှင့် ကရုဏာတော်သက်ရောက်ပါစေ။
16 A todos que seguirem esta regra, a paz e a misericórdia, assim como ao Israel de Deus.
17 ယခုမှစ၍ မည်သူမျှ ငါ့ကိုဒုက္ခမပေးပါစေနှင့်။ အကြောင်းမူကား ငါသည် ယေဇူး၏ဒဏ်ရာဒဏ်ချက်များကို ငါ၏ခန္ဓာကိုယ် ပေါ်တွင်ခံယူထားသောကြောင့်ဖြစ်၏။
17 De ora em diante ninguém me moleste, porque trago em meu corpo as marcas de Jesus.
18 ညီအစ်ကိုတို့၊ ငါတို့၏သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ တည်ရှိတော် မူပါစေသော်။ အာမင်။
18 A graça de nosso Senhor Jesus Cristo esteja com vosso espírito, irmãos. Amém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gálatas 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.