Gálatas 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 အို မိုက်မဲသောဂါလားဆီယာပြည်သားတို့၊ ယေဇူးခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ခြင်းကိုခံတော်မူကြောင်း သင်တို့မျက်မှောက်တွင် ပေါ်လွင်ထင်ရှားခဲ့ပြီးဖြစ်ပါလျက် မည်သူသည် သင်တို့ ကိုလှည့်ဖြားပြောဆိုခဲ့ပါသနည်း။-
1 Ó insensatos gálatas! quem vos fascinou a vós, ante cujos olhos foi representado Jesus Cristo como crucificado?
2 သင်တို့သည် ပညတ်တရားကို လိုက်နာစောင့်ထိန်းခြင်းဖြင့် ဝိညာဉ်တော်ကို ခံယူရရှိခဲ့ကြသလော။ သို့တည်းမဟုတ် သင်တို့သည် သတင်းကောင်းကို ယုံကြည်ခြင်းဖြင့် ကြားနာခဲ့ကြသော ကြောင့်လော။ သင်တို့ထံမှ ဤအချက်ကိုသာ ငါသိလိုပါ ၏။-
2 Só isto quero saber de vós: Foi por obras da lei que recebestes o Espírito, ou pelo ouvir com fé?
3 သင်တို့သည် ဤမျှမိုက်မဲကြပါသလော။ သင်တို့ သည် ဝိညာဉ်တော်အားဖြင့် အစပြုခဲ့ကြပြီးမှ ယခုမူကား ကိုယ်ကာယဖြင့် အဆုံးသတ်ကြမည်လော။-
3 Sois vós tão insensatos? tendo começado pelo Espírito, é pela carne que agora acabareis?
4 အကယ် စင်စစ် ဤအရာသည် အကျိုးမရှိပါလျှင် သင်တို့သည် အမျိုးမျိုးသောဆင်းရဲဒုက္ခများကို အကျိုးမဲ့ခံစားခဲ့ကြ သလော။-
4 Será que padecestes tantas coisas em vão? Se é que isso foi em vão.
5 သင်တို့အား ဝိညာဉ်တော်ကို ပေးသနား၍ သင်တို့အလယ်၌ အံ့ဖွယ်အမှုများကိုလုပ်ဆောင်ခဲ့သော အရှင်သည် သင်တို့ ပညတ်တရားကို စောင့်ထိန်းသောကြောင့် ဤသို့ပြုလုပ်တော်မူသလော။ သို့တည်းမဟုတ် သင်တို့သည် သတင်းကောင်းကို ယုံကြည်ခြင်းဖြင့်ကြား နာခဲ့ကြသောကြောင့် ဤသို့ပြုလုပ်တော်မူသလော။
5 Aquele pois que vos dá o Espírito, e que opera milagres entre vós, acaso o faz pelas obras da lei, ou pelo ouvir com fé?
6 ထိုနည်းတူပင် အာဘရာဟံသည် ဘုရားသခင်ကို ယုံကြည်ခဲ့၍ သူ၏ယုံကြည်ခြင်းကြောင့် သူ့အား ဖြောင့် မတ်သူအဖြစ် သတ်မှတ်ခဲ့၏။-
6 Assim como Abraão creu a Deus, e isso lhe foi imputado como justiça.
7 သို့ဖြစ်၍ ယုံကြည်ခြင်းရှိ သောသူတို့သည် အာဘရာဟံ၏သားသမီးများဖြစ်ကြသည်ကို သင်တို့သိမှတ်ကြလော့။-
7 Sabei, pois, que os que são da fé, esses são filhos de Abraão.
8 ဘုရားသခင်သည် ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့ကို ဖြောင့်မတ်ခြင်းသို့ ရောက်စေတော်မူမည့်အကြောင်းကို ကျမ်းစာတော်မြတ်က ကြိုတင်သိမြင်သဖြင့် အာဘရာဟံအား လူမျိုးတကာတို့သည် သင့်၌ ကောင်းချီးမင်္ဂလာခံကြရ လိမ့်မည်ဟူ၍ သတင်းကောင်းကို ကြိုတင်ဟောထားခဲ့လေ၏။-
8 Ora, a Escritura, prevendo que Deus havia de justificar pela fé os gentios, anunciou previamente a boa nova a Abraão, dizendo: Em ti serão abençoadas todas as nações.
9 သို့ ဖြစ်၍ ယုံကြည်သောသူတို့သည် ယုံကြည်ခြင်းရှိသော အာဘရာဟံနှင့်အတူ ကောင်းချီးမင်္ဂလာကိုခံစားကြရ၏။
9 De modo que os que são da fé são abençoados com o crente Abraão.
10 ပညတ်တရားကို လိုက်နာစောင့်ထိန်းခြင်းအပေါ် မှီခိုအားထားသောသူအပေါင်းတို့သည် ကျိန်ဆိုခြင်း ဒဏ်ကိုခံကြရလေပြီ။ အကြောင်းမူကား ပညတ်တရားတွင် ရေးသားပြဋ္ဌာန်းထားသမျှကို လိုက်နာစောင့်ထိန်း ခြင်းမပြုသောသူသည် ကျိန်ဆိုခြင်းကို ခံစေဟု ရေးထားသောကြောင့်ဖြစ်၏။-
10 Pois todos quantos são das obras da lei estão debaixo da maldição; porque escrito está: Maldito todo aquele que não permanece em todas as coisas que estão escritas no livro da lei, para fazê-las.
11 ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သောသူသည် အသက်ရှင်ရလိမ့်မည်ဟု ဆိုထားသောကြောင့် ပညတ်တရား ကိုစောင့်ထိန်းခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်၏ရှေ့တော်၌ ဖြောင့်မတ် ခြင်းသို့မရောက်ကြောင်း ယခုထင်ရှားလေပြီ။-
11 É evidente que pela lei ninguém é justificado diante de Deus, porque: O justo viverá da fé;
12 သို့ရာ တွင် ပညတ်တရားသည် ယုံကြည်ခြင်းအပေါ်တွင် အမှီပြုသည်မဟုတ်ပေ။ အကြောင်းမူကား ပညတ်တရားကို ကျင့်သောသူသည် ထိုပညတ်တရားအတိုင်း နေထိုင်ကျင့်ကြံရမည်ဖြစ်သောကြောင့်တည်း။-
12 ora, a lei não é da fé, mas: O que fizer estas coisas, por elas viverá.
13 သစ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်း ခံရသော သူတိုင်းသည် ကျိန်ဆိုခြင်းကိုခံရ လေပြီဟု ကျမ်းစာတော်မြတ်တွင်ရေးထားသည့် အတိုင်း ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ဆိုခြင်းကို ခံရသောသူဖြစ်လာပြီးလျှင် ငါတို့အား ပညတ်တရား၏ ကျိန်ဆိုခြင်းမှ ရွေးနုတ်ကယ်တင်တော်မူခဲ့၏။-
13 Cristo nos resgatou da maldição da lei, fazendo-se maldição por nós; porque está escrito: Maldito todo aquele que for pendurado no madeiro;
14 ဤသို့ဖြင့် အာဘရာဟံခံစားရသောကောင်းချီးတော်သည် ယေဇူး ခရစ်တော်အားဖြင့် လူမျိုးခြားတို့ အပေါ်သို့သက်ရောက် ပြီး ငါတို့သည်လည်း ကတိထားတော်မူသောဝိညာဉ် တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိကြပေလိမ့်မည်။
14 para que aos gentios viesse a bênção de Abraão em Jesus Cristo, a fim de que nós recebêssemos pela fé a promessa do Espírito.
15 ညီအစ်ကိုတို့၊ လူတို့ပြောလေ့ရှိသည့်အတိုင်း ပြောရမည်ဆိုလျှင် လူတို့ဖွဲ့ဆိုကြသော ပဋိညာဉ်စာချုပ်သည် အခိုင်အမာ အတည်ပြုပြီးဖြစ်ပါက မည်သူကမျှပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်းကိုမပြုလုပ်နိုင်ပေ။-
15 Irmãos, como homem falo. Um testamento, embora de homem, uma vez confirmado, ninguém o anula, nem lhe acrescenta coisa alguma.
16 ယခုမူကား အာဘရာဟံနှင့် သူ၏အမျိုးအနွယ်အတွက် ကတိ တော်များပေးထားလျက်ရှိ၏။ ဤသို့ဆိုရာတွင် အမျိုး အနွယ်များဟူ၍ လူအများကိုရည်ညွှန်းပြောဆိုထားခြင်း မဟုတ်ဘဲ သင်၏အမျိုးအနွယ်ဟူ၍ လူတစ်ဦးတည်းကိုသာ ရည်ညွှန်း ပြောဆိုထားခြင်းဖြစ်၏။ ထိုသူသည်ကား ခရစ်တော်ပင်ဖြစ်သတည်း။-
16 Ora, a Abraão e a seu descendente foram feitas as promessas; não diz: E a seus descendentes, como falando de muitos, mas como de um só: E a teu descendente, que é Cristo.
17 ငါဆိုလိုသည်မှာ ဤသို့ဖြစ်၏။ နှစ်ပေါင်းလေးရာ့သုံးဆယ်ကြာ မြင့်ပြီးနောက်တွင်မှ ပေါ်ပေါက်လာသောပညတ်တရားသည် ယင်းမတိုင်မီက ဘုရားသခင်အတည်ပြုထားတော်မူသောပဋိညာဉ်ကို မပယ်ဖျက်နိုင်ပေ။ သို့ဖြစ်၍ ၎င်းသည် ကတိတော်ကို မပျက်ပြယ်စေနိုင်ပေ။-
17 E digo isto: Ao testamento anteriormente confirmado por Deus, a lei, que veio quatrocentos e trinta anos depois, não invalida, de forma a tornar inoperante a promessa.
18 အကြောင်းမူကား အမွေတော်ကို ပညတ်တရားအားဖြင့် ရရှိခဲ့ပါလျှင် ၎င်းကို ကတိတော် အားဖြင့် မရနိုင်တော့ပေ။ သို့သော် ဘုရားသခင်သည် အာ ဘရာဟံအား ဤအမွေကို ကတိတော်အားဖြင့် ပေး သနားတော်မူခဲ့ခြင်းဖြစ်၏။
18 Pois se da lei provém a herança, já não provém mais da promessa; mas Deus, pela promessa, a deu gratuitamente a Abraão.
19 ဤသို့ဖြစ်လျှင် အဘယ်ကြောင့်ပညတ်တရားပေါ် ပေါက်လာခဲ့ရသနည်း။ ပညတ်တရားကို ထပ်မံဖြည့်စွက် ပေးခဲ့ရခြင်းမှာ ကတိထားတော်မူခြင်းခံရသော အမျိုးအနွယ်မပေါ်ထွန်းမီချိုးဖောက် ကျူးလွန်ခဲ့ကြသောအပြစ်များကြောင့်ဖြစ်၏။ ကောင်းကင် တမန်တော်များသည် ပညတ်တရားကို ကြားခံလူတစ်ဦးမှတစ်ဆင့် ပေးအပ် ခဲ့ခြင်းဖြစ်၏။-
19 Logo, para que é a lei? Foi acrescentada por causa das transgressões, até que viesse o descendente a quem a promessa tinha sido feita; e foi ordenada por meio de anjos, pela mão de um mediador.
20 တစ်ဦးတစ်ယောက်ထက် ပိုသည့်အခါ၌ သာ ကြားခံလူရှိလာရ၏။ သို့သော် ဘုရားသခင်သည် တစ်ပါးတည်းဖြစ်တော်မူ၏။
20 Ora, o mediador não o é de um só, mas Deus é um só.
21 ဤသို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်များကို ဆန့်ကျင်လျက်ရှိသလော။ မည်သို့မျှ မဖြစ်နိုင်ပေ။ အကြောင်းမူကား ပညတ်တရားသည် အသက်ရှင်စေနိုင်သောတရားကို ပေးပါလျှင် လူတို့သည် ဖြောင့်မတ်ခြင်းကို ဤပညတ် တရားအားဖြင့် ရခဲ့ကြပေလိမ့်မည်။-
21 É a lei, então, contra as promessas de Deus? De modo nenhum; porque, se fosse dada uma lei que pudesse vivificar, a justiça, na verdade, teria sido pela lei.
22 သို့သော် အရာခပ်သိမ်းတို့သည် မကောင်းမှု ၏အောက်တွင် ကျရောက်နေခဲ့သည်ဟု ကျမ်းစာတော် မြတ်တွင် ဖော်ပြထား၏။ ထို့ကြောင့် ယုံကြည်သူတို့ သည် ယေဇူးခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကတိ တော်ကိုခံစားရရှိကြပေလိမ့်မည်။
22 Mas a Escritura encerrou tudo debaixo do pecado, para que a promessa pela fé em Jesus Cristo fosse dada aos que crêem.
23 ယုံကြည်ခြင်းတရားမရှိမီက ငါတို့သည် ပညတ်တရား၏အနှောင်အဖွဲ့အောက်တွင် ရှိနေခဲ့ကြရပြီး ယုံ ကြည်ခြင်းတရားအား ထင်ရှားစွာ ဖော်ပြလာသည့်အချိန် တိုင်အောင် ချည်နှောင်ခြင်း ခံခဲ့ကြရ၏။-
23 Mas, antes que viesse a fé, estávamos guardados debaixo da lei, encerrados para aquela fé que se havia de revelar.
24 ဤသို့ဖြင့် ငါတို့ သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်နိုင် ကြစေရန် ပညတ်တရားသည် ခရစ်တော်ကြွလာ သည့် အချိန်တိုင်အောင် ငါတို့ကို ထိန်းသိမ်းစောင့်ရှောက်ထား ခဲ့၏။-
24 De modo que a lei se tornou nosso aio, para nos conduzir a Cristo, a fim de que pela fé fôssemos justificados.
25 သို့သော် ယခုယုံကြည်ခြင်းတရားရောက်ရှိလာပြီ ဖြစ်၍ ငါတို့သည် ထိန်းသိမ်းစောင့်ရှောက်သူ၏လက် အောက်၌ မရှိကြတော့ပေ။-
25 Mas, depois que veio a fé, já não estamos debaixo de aio.
26 အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ယေဇူးခရစ်တော်၌ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။-
26 Pois todos sois filhos de Deus pela fé em Cristo Jesus.
27 အကြောင်းမူကား ခရစ်တော်၌ဆေးကြောခြင်းမင်္ဂလာကိုခံ ယူသောသူမှန်သမျှသည် ခရစ်တော်ကို အဝတ်တန်ဆာ ကဲ့သို့ ဝတ်ဆင်ကြသောကြောင့်ဖြစ်၏။-
27 Porque todos quantos fostes batizados em Cristo vos revestistes de Cristo.
28 ခရစ်တော်၌ ဂျူးလူမျိုးနှင့် ဂရိလူမျိုးဟူ၍မရှိ။ ကျေးကျွန်နှင့် လွတ်လပ် သူဟူ၍လည်းမရှိ။ ယောက်ျားနှင့် မိန်းမဟူ၍လည်း မရှိတော့ပေ။ အကြောင်းမူကား သင်တို့အားလုံးသည် ယေဇူးခရစ်တော်၌ တစ်လုံးတစ်၀ တည်းဖြစ်ကြ၏။-
28 Não há judeu nem grego; não há escravo nem livre; não há homem nem mulher; porque todos vós sois um em Cristo Jesus.
29 သင်တို့သည် ခရစ်တော်နှင့်သက်ဆိုင်ကြပါလျှင် အာဘ ရာဟံ၏အမျိုးအနွယ်ဖြစ်ကြ၍ ကတိတော်အတိုင်း အမွေ စားအမွေခံများဖြစ်ကြ၏။
29 E, se sois de Cristo, então sois descendência de Abraão, e herdeiros conforme a promessa.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gálatas 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.