Filipenses 4
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ထို့ကြောင့် ငါ၏ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို ချစ်မြတ်နိုး၍ သတိရတမ်းတပါ၏။ငါ၏ဝမ်း မြောက်ခြင်းနှင့် သရဖူဖြစ်ကြ သော ငါ၏ချစ်မိတ်ဆွေတို့၊ သခင်ဘုရား၌ တည်ကြည်ခိုင်မြဲစွာ ရပ်တည်ကြလော့။
1 Portanto, meus amados e saudosos irmãos, minha alegria e coroa, permanecei assim firmes no Senhor, amados.
2 ယူအိုးဒိယနှင့် ဆင့်တိကီတို့အား သခင်ဘုရား၌ တစ်ဦးနှင့်တစ်ဦးသင့်မြတ်ကြရန် ငါတောင်းပန်ပါ၏။-
2 Rogo a Evódia, e rogo a Síntique, que sintam o mesmo no Senhor.
3 ငါ၏ စစ်မှန်သည့်လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဆိဇိဂု၊ သင်သည် လည်း ဤအမျိုးသမီးတို့ကို ကူညီစောင့်ရှောက်ပါလော့။ အကြောင်းမူကား သူတို့သည် ကလဲမင့်မှစ၍ အသက်၏ စာအုပ်တွင် အမည်စာရင်းဝင်သော ငါတို့၏အခြားလုပ် ဖော်ကိုင်ဖက် များနှင့်တကွ ဧဝံဂေလိသတင်းကောင်း အတွက် ငါနှင့်လက်တွဲလုပ်ဆောင်ခဲ့ကြသောကြောင့် ဖြစ်၏။
3 E peço também a ti, meu verdadeiro companheiro, que as ajudes, porque trabalharam comigo no evangelho, e com Clemente, e com os outros meus cooperadores, cujos nomes estão no livro da vida.
4 သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြပါလော့။-
4 Regozijai-vos sempre no Senhor; outra vez digo, regozijai-vos.
5 သင်တို့၏စိတ်ရှည်သည်းခံခြင်းကို လူအပေါင်းတို့သိကြပါစေ။ သခင်ဘုရားကြွရောက်ရန် နီးကပ်လာလေပြီ။-
5 Seja a vossa moderação conhecida de todos os homens. Perto está o Senhor.
6 မည်သည့်အမှုအတွက်မျှ စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ အမှုအရာ အားလုံးတို့၌ ကျေးဇူးတင်ချီးမွမ်းလျက် ဆုတောင်းပတ္ထ နာနှင့် အသနားခံတောင်းလျှောက်ခြင်းအားဖြင့် ဘုရားသခင်အား သင်တို့တောင်းလျှောက်သောအရာတို့ကို သိစေကြလော့။-
6 Não andeis ansiosos por coisa alguma; antes em tudo sejam os vossos pedidos conhecidos diante de Deus pela oração e súplica com ações de graças;
7 လူတို့သိနားလည်သမျှအရာအားလုံးတို့ထက် ကြီးမြတ်သောဘုရားသခင်၏ငြိမ်းချမ်းသာယာခြင်းသည်လည်း ခရစ်တော် ယေဇူး၌ သင်တို့၏စိတ်နှလုံး များနှင့် အကြံအစည်များကို ထိန်းသိမ်းစောင့်ရှောက် တော်မူလိမ့်မည်။
7 e a paz de Deus, que excede todo o entendimento, guardará os vossos corações e os vossos pensamentos em Cristo Jesus.
8 ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော် သင်တို့သည် မှန်ကန် သောအရာ၊ လေးစားဂုဏ်ယူဖွယ်သောအရာ၊ တရားမျှ တသောအရာ၊ စင်ကြယ်သောအရာ၊ နှစ်သက်မြတ်နိုး ဖွယ်သောအရာ၊ သာယာနာပျော်ဖွယ်သောအရာ၊ သာလွန်ထူးမြတ်သောအရာ၊ ချီးမွမ်း ဂုဏ်ပြုအပ်သောအရာ စသည်တို့ကိုတွေ့ရှိလျှင် ထိုအရာများကို သတိပြုဆင်ခြင်ကြလော့။-
8 Quanto ao mais, irmãos, tudo o que é verdadeiro, tudo o que é honesto, tudo o que é justo, tudo o que é puro, tudo o que é amável, tudo o que é de boa fama, se há alguma virtude, e se há algum louvor, nisso pensai.
9 သင်တို့သည် ငါ၌သင်ယူရရှိ၍ ကြားနာ သိမြင်ခဲ့သမျှတို့ကို ကျင့်ကြလော့။ ထိုအခါ ငြိမ်းချမ်းသာယာခြင်း၏ဘုရားသခင် သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
9 O que também aprendestes, e recebestes, e ouvistes, e vistes em mim, isso praticai; e o Deus de paz será convosco.
10 ငါ့အပေါ် ၌ သင်တို့၏အရေးပေးမှုကို ယခု နောက် ဆုံးတွင် ပြန်လည်ဖော်ထုတ်ပြသသည့်အတွက် ငါသည် သခင်ဘုရား၌ လွန်စွာဝမ်းမြောက်ပါ၏။ အမှန်စင်စစ် သင်တို့သည် ငါ့အပေါ် စာနာထောက်ထားခဲ့ကြသော် လည်း ထိုသို့ပြသရန် သင်တို့၌ အခွင့်အလမ်းမရခဲ့သော ကြောင့်ဖြစ်၏။-
10 Ora, muito me regozijo no Senhor por terdes finalmente renovado o vosso cuidado para comigo; do qual na verdade andáveis lembrados, mas vos faltava oportunidade.
11 ဤသို့ဆိုရာတွင် ငါ၌ တစ်စုံတစ်ရာချို့ တဲ့ကြောင်းကို ညည်းညူနေခြင်းမဟုတ်ပေ။ အကြောင်း မူကား ငါသည် မည်သည့် အခြေအနေကိုမဆို ကျေနပ် ရောင့်ရဲတတ်ရန် သင်ယူထားပြီးဖြစ်၏။-
11 Não digo isto por causa de necessidade, porque já aprendi a contentar-me com as circunstâncias em que me encontre.
12 ငါသည် နိမ့်ကျချိန်၌လည်းကောင်း၊ ပေါများကြွယ်၀ချိန်၌လည်းကောင်း မည်သို့နေထိုင်ရမည်ကိုသိ၏။ ၀လင်အောင် စားရသည် ဖြစ်စေ၊ ဆာလောင်ငတ်မွတ်သည်ဖြစ်စေ၊ ပိုလျှံနေသည် ဖြစ်စေ၊ ချို့တဲ့နေသည်ဖြစ်စေ အခြေအနေအရပ်ရပ်တို့၌ ကျေနပ်ရောင့်ရဲစွာနေနိုင်သည့်လျှို့ဝှက်ချက်ကို ငါသင် ယူခဲ့ပြီးဖြစ်၏။-
12 Sei passar falta, e sei também ter abundância; em toda maneira e em todas as coisas estou experimentado, tanto em ter fartura, como em passar fome; tanto em ter abundância, como em padecer necessidade.
13 ငါ့ကို ခွန်အားပေးတော်မူသောအရှင် အားဖြင့် ငါသည် အရာခပ်သိမ်းတို့ကို တတ်စွမ်းနိုင်၏။
13 Posso todas as coisas naquele que me fortalece.
14 မည်သို့ပင်ဖြစ်စေ၊ သင်တို့သည် ငါ၏ဆင်းရဲဒုက္ခကို မျှဝေခံစားကြခြင်းဖြင့် ကောင်းသောအမှုကိုပြုခဲ့ကြ၏။-
14 Todavia fizestes bem em tomar parte na minha aflição.
15 အသင် ဖိလိပိမြို့သူမြို့သားတို့၊ ငါသည် ဧဝံဂေလိတရားတော်ကို စတင်ဟောပြောပြီးနောက် မာစီဒိုးနိယပြည် မှထွက်ခွာ လာသောအခါ သင်တို့မှတစ်ပါး မည်သည့် အသင်းတော်ကမျှ ပေးကမ်းခြင်းနှင့် လက်ခံခြင်းအမှုတို့ ၌ ငါနှင့်အတူ ပါဝင် လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း သင်တို့ ကိုယ်တိုင်သိကြ၏။-
15 Também vós sabeis, ó filipenses, que, no princípio do evangelho, quando parti da Macedônia, nenhuma igreja comunicou comigo no sentido de dar e de receber, senão vós somente;
16 အကြောင်းမူကား သက်ဆာလောနိကမြို့၌ ငါရှိစဉ်အခါတွင်ပင် သင်တို့သည် တစ်ကြိမ် ထက်မက ငါ့ထံသို့ အကူအညီပေး ပို့ခဲ့ကြ၏။-
16 porque estando eu ainda em Tessalônica, não uma só vez, mas duas, mandastes suprir-me as necessidades.
17 ဤသို့ဆို ရခြင်းမှာ ငါသည် လက်ဆောင်ရယူလို၍မဟုတ်ဘဲ သင် တို့၏ကုသိုလ်ကောင်းမှုအား တိုးပွားစေသော အကျိုး အမြတ်ကို တန်ဖိုးထားသောကြောင့်ဖြစ်၏။-
17 Não que procure dádivas, mas procuro o fruto que cresça para a vossa conta.
18 ငါ့၌လိုအပ် သောအရာများကို ငါရရှိသည်သာမက ပိုလျှံ၍ပင်နေလေပြီ။ မွှေးကြိုင်သောရနံ့နှင့်ပြည့်စုံလျက် ဘုရားသခင် နှစ်သက်လက်ခံတော်မူသည့်ပူဇော်သကာတည်းဟူသော သင်တို့ပေးပို့သည့်အလှူများကို ဧပါဖရိုဒိတုထံမှ ငါလက်ခံရရှိ သောကြောင့် ငါ၌ ပေါများပိုလျှံလျက်ရှိနေ လေပြီ။-
18 Mas tenho tudo; tenho-o até em abundância; cheio estou, depois que recebi de Epafrodito o que da vossa parte me foi enviado, como cheiro suave, como sacrifício aceitável e aprazível a Deus.
19 ငါ၏ဘုရားသခင်သည်လည်း သင်တို့လိုအပ် သောအရာအလုံးစုံတို့ကို မိမိ၏ကြွယ်၀ပြည့်စုံသော ဘုန်းဂုဏ်တော်အတိုင်း ခရစ်တော်ယေဇူး၌ ပေးသနားတော်မူလိမ့်မည်။-
19 Meu Deus suprirá todas as vossas necessidades segundo as suas riquezas na glória em Cristo Jesus.
20 ငါတို့၏အဖ ဘုရားသခင်အား ကာလ အဆက်ဆက်ဘုန်းဂုဏ်တော်ရှိစေသတည်း။ အာမင်။
20 Ora, a nosso Deus e Pai seja dada glória pelos séculos dos séculos. Amém.
21 ခရစ်တော်ယေဇူး၌ သူတော်သူမြတ်အားလုံးကို နှုတ်ဆက်ပေးပါလော့။ ငါနှင့်အတူရှိသော ညီအစ်ကိုများကလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။-
21 Saudai a cada um dos santos em Cristo Jesus. Os irmãos que estão comigo vos saúdam.
22 သူတော် သူမြတ်အပေါင်းတို့နှင့် အထူးသဖြင့် ဆီဇာဧကရာဇ်၏ နန်းတော်ရှိ ညီအစ်ကိုတို့က သင်တို့ကို နှုတ်ဆက်လိုက် ပါ၏။
22 Todos os santos vos saúdam, especialmente os que são da casa de César.
23 ငါတို့သခင် ယေဇူးခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော်။ အာမင်။
23 A graça do Senhor Jesus Cristo seja com o vosso espírito.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Filipenses 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.