Filipenses 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် သခင်ဘုရား၌ ဝမ်းမြောက်ကြပါလော့။
1 Finalmente, meus irmãos, alegrem-se no Senhor! Escrever-lhes de novo as mesmas coisas não é cansativo para mim e é uma segurança para vocês.
2 ရေးပြီးသောအကြောင်းအရာတို့ကို သင်တို့ထံသို့ ထပ်မံရေးသားခြင်းမှာ ငါ့အတွက် ဒုက္ခမဟုတ်သကဲ့သို့ သင်တို့အတွက်လည်း ဘေးဆီးရန်ကာဖြစ်၏။
2 Cuidado com os cães, cuidado com esses que praticam o mal, cuidado com a falsa circuncisão!
3 ခွေးများကိုသတိပြုကြလော့။ မကောင်းမှုပြုသော သူတို့ကို သတိပြုကြလော့။ အရေဖျားလှီးခြင်းခံရန် ပြော ဆိုသောသူတို့ကို သတိပြုကြလော့။-
3 Pois nós é que somos a circuncisão, nós que adoramos pelo Espírito de Deus, que nos gloriamos em Cristo Jesus e não temos confiança alguma na carne,
4 အကြောင်းမူကား စိတ်ဝိညာဉ်၌ ဘုရားသခင်ကို ရှိခိုးကိုးကွယ်၍ ခရစ် တော်ယေဇူး၌ ဂုဏ်ယူဝမ်းမြောက်ကြလျက် မိမိတို့၏ အသွေးအသားခန္ဓာကိုယ်အပေါ်၌ ယုံကြည်အားထား ခြင်းမရှိကြသောငါတို့သာလျှင် စစ်မှန်သောအရေဖျားလှီး ခြင်းခံသူများ ဖြစ်ကြ၏။-
4 embora eu mesmo tivesse razões para ter tal confiança. Se alguém pensa que tem razões para confiar na carne, eu ainda mais:
5 သို့သော် ခန္ဓာကိုယ်အပေါ်တွင် လည်း ယုံကြည်အားထားရန် အကြောင်းပြချက် ငါ၌ရှိ ၏။ အကယ်၍ တစ်စုံတစ်ယောက်က ခန္ဓာကိုယ်အပေါ် ယုံကြည်အားထားရန် အကြောင်းပြချက် မိမိ၌ရှိသည်ဟု ထင်ပါလျှင် ငါ၌ပို၍ အကြောင်းပြစရာရှိ၏။-
5 circuncidado no oitavo dia de vida, pertencente ao povo de Israel, à tribo de Benjamim, verdadeiro hebreu; quanto à lei, fariseu;
6 ငါသည် ရှစ်ရက်မြောက်သောနေ့တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံယူခဲ့ပြီး အစ္စရာအဲလ်လူမျိုးထဲမှ ဘင်ဂျာမင်အမျိုး အနွယ်ဝင်၊ ဟေဗြေဦးမိဘများမှ မွေးဖွားလာသော ဟေဗြေဦးလူမျိုးစစ်စစ်ဖြစ်၏။ ပညတ်တရားအရဆိုလျှင် ငါသည် ဖာရီဇေးဦးဖြစ်၏။-
6 quanto ao zelo, perseguidor da igreja; quanto à justiça que há na lei, irrepreensível.
7 ဘာသာတရားအတွက် စိတ်ထက်သန်မှုအရဆိုလျှင် ငါသည် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သောသူဖြစ်၏။ ပညတ်တရားအားဖြင့် ရရှိ သော ဖြောင့်မတ်ခြင်းတရားအရဆိုလျှင် ငါသည် အပြစ် တင်စရာမရှိသောသူဖြစ်၏။
7 Mas o que para mim era lucro, passei a considerar perda, por causa de Cristo.
8 သို့သော် ငါရရှိခဲ့သောအကျိုးအမြတ်ဟူသမျှသည် အချည်းနှီးသာဖြစ်သည်ဟု ခရစ်တော်ကိုထောက်၍ ငါ မှတ်ယူထား၏။-
8 Mais do que isso, considero tudo como perda, comparado com a suprema grandeza do conhecimento de Cristo Jesus, meu Senhor, por cuja causa perdi todas as coisas. Eu as considero como esterco para poder ganhar a Cristo
9 ထိုထက်မက ငါဆိုရသော် ငါ၏သခင်ခရစ်တော်ယေဇူးကိုသိရခြင်း၏ကြီးမြတ်သောအကျိုး ကျေးဇူးကြောင့် ခပ်သိမ်းသော အရာဟူသမျှကို အချည်းနှီးသာဖြစ်သည်ဟု ငါမှတ်ယူ၏။ ငါသည် ကိုယ်တော့်အတွက်ကြောင့် ခပ်သိမ်းသောအရာတို့ကို အဆုံးရှုံးခံခဲ့ ၏။ ငါသည် ခရစ်တော်ကို ရယူပိုင်ဆိုင်နိုင်ရန် ထိုအရာ အားလုံးကို အမှိုက်ကဲ့သို့ပင် ထင်မှတ်၏။-
9 e ser encontrado nele, não tendo a minha própria justiça que procede da lei, mas a que vem mediante a fé em Cristo, a justiça que procede de Deus e se baseia na fé.
10 ဤသို့ဖြင့် ငါသည် ပညတ်တရားအပေါ်တွင် အခြေခံသောဖြောင့်မတ် ခြင်းကိုမရရှိဘဲ ခရစ်တော်အပေါ် ယုံကြည်ခြင်း အားဖြင့် ရရှိသည့် ဖြောင့်မတ်ခြင်းတည်းဟူသော၊ ယုံကြည်ခြင်း အပေါ်တွင် အခြေခံသည့် ဘုရားသခင်ထံမှ ဖြောင့်မတ် ခြင်းကိုရရှိလျက် ကိုယ်တော်နှင့်အတူရှိနိုင်မည်ဖြစ်၏။-
10 Quero conhecer a Cristo, ao poder da sua ressurreição e à participação em seus sofrimentos, tornando-me como ele em sua morte
11 သို့မှသာ ငါသည် ကိုယ်တော်နှင့် ကိုယ်တော်၏ရှင်ပြန် ထမြောက်ခြင်းဘုန်းတန်ခိုးတော်တို့ကို သိမြင်လျက် ကိုယ်တော်၏ ဝေဒနာခံစားခြင်း၌ ပါဝင်ခံစားပြီး ကိုယ် တော်၏သေခြင်းကို ခံထမ်းခြင်းဖြင့် ကိုယ်တော်ကဲ့သို့ ဖြစ်လာ၍၊- သေသူတို့အစုမှ ရှင်ပြန်ထမြောက်ခြင်းအခွင့် ကို အမှန်တကယ်ရရှိနိုင်ပေလိမ့်မည်။
11 para, de alguma forma, alcançar a ressurreição dentre os mortos.
12 ငါသည် ဤအခွင့်ကို ပိုင်ဆိုင်ရရှိပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ သို့မဟုတ် ငါသည် ပြည့်စုံလေပြီဟူ၍လည်းကောင်း ဆိုလိုခြင်းမဟုတ်ပေ။ သို့သော် ခရစ်တော်ယေဇူးသည် ငါ့ကို မိမိ၏ပိုင်ဆိုင်ရာဖြစ်စေတော်မူသောကြောင့် ငါသည် ဤအခွင့် ကိုရယူနိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိ၏။-
12 Não que eu já tenha obtido tudo isso ou tenha sido aperfeiçoado, mas prossigo para alcançá-lo, pois para isso também fui alcançado por Cristo Jesus.
13 ညီအစ်ကိုတို့၊ ငါသည် ဤအခွင့်ကိုပိုင်ဆိုင်ရရှိပြီဟု မထင်မှတ်ချေ။ သို့သော် ငါပြုလုပ်သော အရာတစ်ခုမှာ ငါသည် အတိတ်တွင်ကျန်ရစ်သောအရာ ကိုမေ့ထား၍ ငါ့ရှေ့တွင်ရှိနေသောအရာထံသို့ အရောက် လှမ်းနိုင်ရန် ကြိုးစားခြင်းပင်ဖြစ်၏။-
13 Irmãos, não penso que eu mesmo já o tenha alcançado, mas uma coisa faço: esquecendo-me das coisas que ficaram para trás e avançando para as que estão adiante,
14 ငါသည် အထက်အရပ်သို့ခေါ်တော်မူခြင်းဆုကျေးဇူးကိုရရှိရန် ကြိုးစားအားထုတ်လျက်ရှိ၏။ ထိုခေါ်တော်မူခြင်းကို ခရစ်တော် ယေဇူးအားဖြင့် ဘုရားသခင်က ခေါ်တော်မူခြင်းဖြစ်၏။-
14 prossigo para o alvo, a fim de ganhar o prêmio do chamado celestial de Deus em Cristo Jesus.
15 ရင့်ကျက်ပြည့်စုံကြသောငါတို့သည် ဤကဲ့သို့ စဉ်းစားဆင်ခြင်သင့်၏။ အကယ်၍ သင်တို့သည် တစ်မျိုးတစ်ဖုံ ကွဲပြားစွာ စဉ်းစားနေပါလျှင် ဘုရားသခင်သည် ထိုအရာကို သင်တို့အား ထုတ်ဖော်ပြတော်မူလိမ့်မည်။-
15 Todos nós que alcançamos a maturidade devemos ver as coisas dessa forma, e se em algum aspecto vocês pensam de modo diferente, isso também Deus lhes esclarecerá.
16 မည်သို့ ပင်ဖြစ်စေ၊ မိမိတို့ရရှိထားပြီးသောလမ်းစဉ်အတိုင်း စွဲမြဲ စွာ ငါတို့ဆက်လက်လျှောက်လှမ်းကြပါစို့။
16 Tão-somente vivamos de acordo com o que já alcançamos.
17 ညီအစ်ကိုတို့၊ ငါ့အားအတုယူကြလော့။ ငါတို့ထံမှ သင်တို့ရရှိသည့်စံနမူနာအတိုင်း ပြုမူကျင့်ကြံကြသော သူတို့ကို သတိပြု၍ ကြည့်ရှုကြလော့။-
17 Irmãos, sigam unidos o meu exemplo e observem os que vivem de acordo com o padrão que lhes apresentamos.
18 အကြောင်းမူကား ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ကို ဆန့်ကျင်သောရန်သူများစွာရှိကြ၏။ ငါသည် ထိုသူတို့ အကြောင်းကို သင်တို့အား မကြာခဏပြောပြခဲ့ပြီး ယခုတွင်လည်း မျက်ရည်များဖြင့် ထပ်မံပြောပြပါ၏။-
18 Pois, como já lhes disse repetidas vezes, e agora repito com lágrimas, há muitos que vivem como inimigos da cruz de Cristo.
19 ထိုသူတို့၏လမ်းဆုံးသည် ပျက်စီးခြင်းဖြစ်၍ သူတို့၏ဘုရားမှာ သူတို့၏ ဝမ်းပင်ဖြစ်၏။ သူတို့သည် မိမိတို့အရှက်တကွဲဖြစ်ရ ချိန်၌ ဂုဏ်ယူကြလျက် လောကီအရာများကိုသာ စိတ်စွဲလမ်းကြ၏။-
19 Quanto a estes, o seu destino é a perdição, o seu deus é o estômago e têm orgulho do que é vergonhoso; eles só pensam nas coisas terrenas.
20 သို့သော် ငါတို့၏ဇာတိအရပ်သည် ကောင်းကင်နိုင်ငံတော်၌တည်ရှိ၍ ငါတို့သည် ထိုအရပ်၌ ယေဇူး ခရစ်တော်သခင်ကို စောင့်မျှော်နေကြ၏။-
20 A nossa cidadania, porém, está nos céus, de onde esperamos ansiosamente um Salvador, o Senhor Jesus Cristo.
21 ကိုယ်တော် သည် ခပ်သိမ်းသောအရာတို့ကို မိမိ၏လက်အောက်သို့ ကျရောက်စေတော်မူသောတန်ခိုးတော်ဖြင့် ငါတို့၏နိမ့် ကျသောကိုယ်ခန္ဓာကို ဘုန်းဂုဏ်တော်နှင့်ပြည့်စုံသော မိမိ၏ကိုယ်ခန္ဓာတော်ကဲ့သို့ဖြစ်စေရန် ပြောင်းလဲတော် မူလိမ့်မည်။
21 Pelo poder que o capacita a colocar todas as coisas debaixo do seu domínio, ele transformará os nossos corpos humilhados, para serem semelhantes ao seu corpo glorioso.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Filipenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.