Filipenses 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 သို့ဖြစ်၍ သင်တို့အကြားတွင် ခရစ်တော်၌ အားပေးနှစ်သိမ့်ခြင်း၊ ချစ်ခြင်းမေတ္တာအားဖြင့် သက်သာရာရစေခြင်း၊ ဝိညာဉ်တော်၌မိတ်သဟာယဖွဲခြင်း၊ ခင်တွယ်ခြင်းနှင့် စာနာထောက်ထားခြင်းစသည်တို့ရှိလျှင်၊-
1 Portanto, se há algum conforto em Cristo, se alguma consolação de amor, se alguma comunhão no Espírito, se alguns entranháveis afetos e compaixões,
2 သင်တို့အချင်းချင်း တစ်စိတ်တစ်သဘောတည်းရှိကြ၍ အချင်းချင်းချစ်ခင်ပြီး တညီတညွတ်တည်းရှိခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။-
2 completai o meu gozo, para que sintais o mesmo, tendo o mesmo amor, o mesmo ânimo, sentindo uma mesma coisa.
3 တစ်ကိုယ်ကောင်းစိတ်နှင့် ထင်ပေါ်ကျော်စောလိုသောစိတ်တို့ဖြင့် မည်သည့်အမှုကိုမျှမပြုကြလေနှင့်။ အခြားသူတို့သည် သင်တို့ထက် သာ၍ကောင်းမြတ်သည်ဟု ခံယူလျက် နှိမ့်ချခြင်းရှိကြလော့။-
3 Nada façais por contenda ou por vanglória, mas por humildade; cada um considere os outros superiores a si mesmo.
4 သင်တို့တစ်ဦးစီသည် မိမိကိုယ်ကျိုး ကိုသာမကြည့်ဘဲ အခြားသောသူတို့၏အကျိုးကိုလည်း ငဲ့ကွက်ကြပါလော့။-
4 Não atente cada um para o que é propriamente seu, mas cada qual também para o que é dos outros.
5 ခရစ်တော်ယေဇူး၌ ရှိသောစိတ်သဘောကို သင်တို့၌လည်း တည်ရှိစေကြလော့။-
5 De sorte que haja em vós o mesmo sentimento que houve também em Cristo Jesus,
6 ကိုယ်တော်သည် ဘုရားအဖြစ်တော်၌ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူညီတူအဖြစ်ကိုရယူအပ်သည်ဟု ထင် မှတ်ခြင်းမရှိဘဲ၊-
6 que, sendo em forma de Deus, não teve por usurpação ser igual a Deus.
7 မိမိ၌ရှိသမျှကိုစွန့်လွှတ်ပြီးလျှင် အစေခံ ဘ၀ကိုယူ၍ လူတို့၏ပုံသဏ္ဌာန်အတိုင်း မွေးဖွားခြင်းကို ခံတော်မူ၏။-
7 Mas aniquilou-se a si mesmo, tomando a forma de servo, fazendo-se semelhante aos homens;
8 ကိုယ်တော်သည် လူ့အဖြစ်ကိုယူပြီးလျှင် သာမညသေခြင်းမျိုးမဟုတ်ဘဲ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည့် တိုင်အောင် နာခံလျက် မိမိကိုယ်ကို နှိမ့်ချတော်မူ၏။-
8 e, achado na forma de homem, humilhou-se a si mesmo, sendo obediente até à morte e morte de cruz.
9 ထို့ကြောင့် ဘုရားသခင်သည် ကိုယ် တော်အား ထူးကဲစွာချီးမြှောက်၍ ဘွဲ့နာမတကာတို့ ထက်ကြီးမြတ်သော ဘွဲ့နာမတော် ကို အပ်နှင်းတော်မူ၏။-
9 Pelo que também Deus o exaltou soberanamente e lhe deu um nome que é sobre todo o nome,
10 ဤသို့ဖြင့် ကောင်းကင်၊ မြေကြီးနှင့် မြေကြီးအောက် ၌ရှိကြသောသတ္တဝါအပေါင်းတို့သည် ယေဇူး၏နာမတော်၌ ရိုသေပျပ် ဝပ်ကြလျက်၊-
10 para que ao nome de Jesus se dobre todo joelho dos que estão nos céus, e na terra, e debaixo da terra,
11 ယေဇူးခရစ်တော်သည် အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ရှိသမျှတို့က ဝန်ခံကြသဖြင့် အဖဘုရားသခင်၏ ဘုန်းဂုဏ် တော်ကို ထင် ရှားစေကြလိမ့်မည်။
11 e toda língua confesse que Jesus Cristo é o Senhor, para glória de Deus Pai.
12 သို့ဖြစ်၍ ချစ်မိတ်ဆွေတို့၊ သင်တို့သည် အစဉ်အမြဲ နာခံခဲ့ကြသကဲ့သို့ ယခုအခါတွင်လည်း ငါ၏ရှေ့တွင်သာမက ငါ၏ မျက်ကွယ်၌လည်း သင်တို့၏ကယ်တင်ခြင်းအတွက် ကြောက်ရွံ့တုန်လှုပ်လျက် ကြိုးစားအားထုတ် ကြလော့။-
12 De sorte que, meus amados, assim como sempre obedecestes, não só na minha presença, mas muito mais agora na minha ausência, assim também operai a vossa salvação com temor e tremor;
13 အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ ကောင်းမွန်သောရည်ရွယ်ချက်အတွက် သင်တို့အား လုပ်ဆောင်လိုသော စိတ်နှင့် လုပ်ဆောင်နိုင်သောအစွမ်း တို့ကို ပေးသနားတော်မူသောအရှင်ဖြစ်တော်မူ၏။
13 porque Deus é o que opera em vós tanto o querer como o efetuar, segundo a sua boa vontade.
14 သင်တို့ပြုလုပ်သမျှတို့ကို မညည်းတွား မဝေဖန်ဘဲ ပြုမူဆောင်ရွက်ကြလော့။-
14 Fazei todas as coisas sem murmurações nem contendas;
15 ဤသို့ဖြင့် ကောက်ကျစ်၍ ဆိုးမိုက်သော လူမျိုးဆက်၏အလယ်တွင် အပြစ်အနာ အဆာမရှိသောသင်တို့သည် အပြစ်တင်ခွင့်ကင်းလွတ်၍ ရိုးသားဖြူစင်သော ဘုရားသခင်၏သားသမီးများဖြစ် ကြလိမ့်မည်။ သင်တို့သည် ကမ္ဘာလောကတွင် ထွန်းလင်းသောကြယ်တာရာများကဲ့သို့ ထိုသူတို့အလယ်၌ ထွန်းလင်းကြလျက်၊-
15 para que sejais irrepreensíveis e sinceros, filhos de Deus inculpáveis no meio duma geração corrompida e perversa, entre a qual resplandeceis como astros no mundo;
16 အသက်၏နှုတ်တော်ထွက်စကားကို ထိုသူတို့အား ဝေမျှပေးကြလော့။ သို့မှသာ ငါသည် အကျိုးမဲ့ပြေးခဲ့ရခြင်း၊ အပင်ပန်းခံခဲ့ရခြင်းမဟုတ်ကြောင်း ခရစ်တော်ကြွလာတော်မူသောနေ့ရက်၌ ဝမ်းမြောက် ဂုဏ်ယူနိုင်လိမ့်မည်။-
16 retendo a palavra da vida, para que, no Dia de Cristo, possa gloriar-me de não ter corrido nem trabalhado em vão.
17 ထိုမျှမက သင်တို့ယုံကြည်ခြင်း၏ ယဇ်ပူဇော်သကာပေါ်တွင် ငါ၏သွေးကို သွန်းလောင်းရမည်ဆိုလျှင်ပင် ငါသည် ပျော်ရွှင်ခြင်းဖြင့် သင်တို့အားလုံးနှင့်အတူ ဝမ်းမြောက်ပါ၏။-
17 E, ainda que seja oferecido por libação sobre o sacrifício e serviço da vossa fé, folgo e me regozijo com todos vós.
18 ထိုနည်းတူပင် သင်တို့သည် လည်း ပျော်ရွှင်ခြင်းဖြင့် ငါနှင့်အတူ ရွှင်လန်းဝမ်းမြောက် ကြပါလော့။
18 E vós também regozijai-vos e alegrai-vos comigo por isto mesmo.
19 သင်တို့၏သတင်းကြောင့် ငါသည် အားရဝမ်းသာရှိ စေရန် တီမောသေဦးကို သင်တို့ထံသို့ မကြာမီ စေလွှတ် နိုင်မည်ဟု ယေဇူးသခင်၌ ငါမျှော်လင့်ပါ၏။-
19 E espero, no Senhor Jesus, que em breve vos mandarei Timóteo, para que também eu esteja de bom ânimo, sabendo dos vossos negócios.
20 သူကဲ့သို့ သင်တို့၏အကျိုးအတွက် အမှန်စင်စစ် စိတ်အားထက် သန်သောသူတစ်ဦးမျှ ငါ့၌မရှိပေ။-
20 Porque a ninguém tenho de igual sentimento, que sinceramente cuide do vosso estado;
21 အခြားသူအားလုံး တို့သည် ယေဇူးခရစ်တော်၏အကျိုးကိုမရှာဘဲ မိမိတို့၏ အကျိုးကိုသာ ရှာဖွေကြ၏။-
21 porque todos buscam o que é seu e não o que é de Cristo Jesus.
22 သို့သော်လည်း သားဖြစ်သူသည် ဖခင်နှင့်အတူ အလုပ်လုပ်ကိုင်သကဲ့သို့ တီမောသီဦးသည် ငါနှင့်အတူ ဧဝံဂေလိ တရားတော်၌ အမှုတော်ထမ်းဆောင်ခဲ့သောကြောင့် သူ၏အရည်အချင်းကို သင်တို့သိကြ၏။-
22 Mas bem sabeis qual a sua experiência, e que serviu comigo no evangelho, como filho ao pai.
23 ထို့ကြောင့် ငါ၌မည်သို့ဖြစ်မည်ကိုသိလျှင် သိချင်း ငါသည် သူ့ကို သင်တို့ထံသို့ စေလွှတ်ရန် မျှော်လင့်ထား၏။-
23 De sorte que espero enviá-lo a vós logo que tenha provido a meus negócios.
24 ငါကိုယ်တိုင်သည်လည်း မကြာမီတွင်ပင် သင်တို့ထံသို့လာနိုင်မည်ဟု သခင်ဘုရား၌ ငါစိတ်ချယုံ ကြည်ပါ၏။
24 Mas confio no Senhor que também eu mesmo, em breve, irei ter convosco.
25 ငါ၏ညီ၊ ငါ၏လုပ်ဖော်ကိုင်ဖက်နှင့် တိုက်ပွဲဝင်ဖက် ဖြစ်၍ ငါ့ကိုပြုစုစောင့်ရှောက်ရန် သင်တို့စေလွှတ်ခဲ့သော ဧပါဖရိုဒိတုကို သင်တို့ထံသို့စေလွှတ်ရန်လိုအပ်သည်ဟု ငါထင်၏။-
25 Julguei, contudo, necessário mandar-vos Epafrodito, meu irmão, e cooperador, e companheiro nos combates, e vosso enviado para prover às minhas necessidades;
26 အကြောင်းမူကား သူသည် သင်တို့အားလုံးကို လွမ်းဆွတ်သတိရလျက်ရှိ၏။ သူဖျားနာခဲ့ကြောင်းကို သင်တို့ကြား သိသွားသည့်အတွက် သူသည် စိတ်ပူပန် လျက်ရှိ၏။-
26 porquanto tinha muitas saudades de vós todos e estava muito angustiado de que tivésseis ouvido que ele estivera doente.
27 အမှန်စင်စစ် သူသည် သေလုနီးပါးဖျားနာခဲ့ခြင်းဖြစ်၏။ သို့သော် ဘုရားသခင်သည် သူ့ကို သနားတော်မူခဲ့၏။ ကိုယ်တော်သည် သူ့ကိုသာ သနားခဲ့ခြင်း မဟုတ်ဘဲ ငါ့အားလည်း ဝမ်းနည်းပူဆွေးခြင်းကိုထပ်ဆင့် မကြုံတွေ့ရစေရန် သနားတော်မူခဲ့၏။-
27 E, de fato, esteve doente e quase à morte, mas Deus se apiedou dele e não somente dele, mas também de mim, para que eu não tivesse tristeza sobre tristeza.
28 ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့ မြင်ကြရသောအခါ ဝမ်းမြောက်ကြလျက် ငါသည်လည်း စိတ်သက်သာရာရစေ ခြင်းငှာ သင်တို့ထံသို့ သူ့ကိုစေလွှတ်ရန် ငါသည်ပို၍စိတ် အားထက်သန်၏။-
28 Por isso, vo-lo enviei mais depressa, para que, vendo-o outra vez, vos regozijeis, e eu tenha menos tristeza.
29 သို့ဖြစ်၍ သူ့အား သခင်ဘုရား၌ ဝမ်းမြောက်ဝမ်းသာလက်ခံကြပါလော့။ ဤကဲ့သို့သောသူများကို လေးစားုဏ်ပြုကြ လော့။-
29 Recebei-o, pois, no Senhor, com todo o gozo, e tende-o em honra:
30 အကြောင်းမူကား သူသည် ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါး ဖြစ်ခဲ့ရ၏။ သူသည် သင်တို့ကိုယ်တိုင်မပြုလုပ်နိုင် သည့်၊ ငါ့အားပြုစုခြင်းဝတ္တရားကို ထမ်းဆောင်ရန် မိမိအသက် ဘေးအန္တရာယ်ကိုအမှုမထားဘဲ နေခဲ့၏။
30 porque, pela obra de Cristo, chegou até bem próximo da morte, não fazendo caso da vida, para suprir para comigo a falta do vosso serviço.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Filipenses 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.