Filipenses 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 ခရစ်တော်ယေဇူး၏အစေခံများဖြစ်ကြသော ငါပေါလုနှင့် တီမောသီဦးတို့က ဖိလိပိမြို့တွင်ရှိသော သာသနာ အကြီးအမှူးများ၊ သိက္ခာရအမှုတော် ဆောင်များနှင့် ခရစ်တော်ယေဇူး၌ရှိကြသောသူတော် သူမြတ်အပေါင်းတို့ထံသို့ စာရေး လိုက်ပါ၏။
1 Paulo e Timóteo, servos de Jesus Cristo, a todos os santos em Cristo Jesus que estão em Filipos, com os bispos e diáconos:
2 ငါတို့၏အဖ ဘုရားသခင်နှင့် ယေဇူးခရစ်တော် သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့၌ ရှိပါစေသော်။
2 Graça a vós e paz, da parte de Deus, nosso Pai, e da do Senhor Jesus Cristo.
3 ငါသည် သင်တို့ကိုသတိရသည့်အခါတိုင်း ငါ၏ ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။-
3 Agradeço ao meu Deus todas as vezes que me lembro de vós.
4 ငါသည် သင်တို့အား လုံးအတွက် ဆုတောင်းသောအခါ ဝမ်းမြောက်ခြင်းဖြင့် အစဉ်အမြဲ ဆုတောင်းပေးပါ၏။-
4 Sempre, em cada oração minha por vós, fazendo súplicas com alegria,
5 အကြောင်းမူကား ငါသည် ဧဝံဂေလိသတင်းတော်ကို ကြေညာဟောပြောရာတွင် ပထမဦးဆုံးသောနေ့မှစ၍ ယနေ့တိုင်အောင် သင်တို့သည် ငါနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ကြသော ကြောင့်ကျေးဇူးတင်ရခြင်းဖြစ်၏။-
5 pela vossa cooperação no evangelho desde o primeiro dia até agora.
6 သင်တို့တွင် ကောင်းသောအမှုကိုစတင်ပြုတော်မူခဲ့သောအရှင်သည် ယေဇူး ခရစ်တော်ကြွလာတော်မူ သည့်နေ့ရက်တိုင် အောင် ဤအမှုကို ပြီးမြောက်သည်အထိ ဆောင်ရွက်တော်မူလိမ့် မည်ဟု ငါယုံကြည်စိတ်ချပါ၏။-
6 Sendo confiante nisto mesmo, que aquele que começou a boa obra em vós a realizará até ao dia de Jesus Cristo.
7 ငါသည် သင်တို့အားလုံး အတွက် ယခုကဲ့သို့ခံစားရသည်မှာ သင့်မြတ်လှပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအကျဉ်းချခံ နေရစဉ်၌လည်းကောင်း၊ ဧဝံဂေလိသတင်းကောင်းကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် တည်တံ့ခိုင်မြဲစေရာ၌လည်း ကောင်း ငါနှင့်အတူ ကျေးဇူးတော်ကို ပါဝင်ခံစားသူများဖြစ် ကြသဖြင့် ငါသည် သင်တို့ကို စိတ်နှလုံးထဲ၌ အစဉ်သတိ ရသောကြောင့်တည်း။-
7 Como tenho por justo pensar isto de vós todos, porque vos tenho em meu coração; pois, tanto nas minhas prisões como na defesa e confirmação do evangelho, todos vós fostes participantes da minha graça.
8 ငါသည် ခရစ်တော်ယေဇူး၏ကရု ဏာမေတ္တာတော်အားဖြင့် သင်တို့အားလုံးကို မည်မျှ သတိရတမ်းတကြောင်း ဘုရားသခင်သည် ငါ၏သက် သေဖြစ်တော်မူ၏။-
8 Porque Deus me é testemunha da grande saudade que tenho de todos vós, em entranhável afeição de Jesus Cristo.
9 သင်တို့၏ချစ်ခြင်းမေတ္တာသည် အသိပညာနှင့် ဝေဖန်ပိုင်းခြားတတ်ခြင်းတို့၌ ပိုမိုတိုးပွား ပြည့်စုံလာစေရန် ငါဆုတောင်းပါ၏။-
9 E isto eu oro: que o vosso amor aumente mais e mais em conhecimento e em todo o julgamento.
10 ဤသို့ဖြင့် အဘယ် အရာသည် အကောင်းမြတ်ဆုံးဖြစ်ကြောင်း သင်တို့ပိုင်း ခြားသိရှိနိုင်ပြီး ခရစ်တော်ကြွလာတော်မူသည့် နေ့ရက်၌ သင်တို့သည် ဖြူစင်သန့်ရှင်းလျက် အပြစ်တင်ခွင့်နှင့် ကင်းကြပေလိမ့်မည်။-
10 Para que aproveis as coisas excelentes, para que sejais sinceros e sem ofensa alguma até o dia de Cristo,
11 ထို့ပြင် ဘုရားသခင်၏ဘုန်းဂုဏ် တော်နှင့် ချီးမွမ်းထောမနာတိုးပွားစေရန်အတွက် သင်တို့ သည် ယေဇူးခရစ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံကြလိမ့်မည်ဖြစ်၏။
11 sendo cheios de frutos da justiça, que são por Jesus Cristo, para glória e louvor de Deus.
12 ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်ခဲ့သောအကြောင်းအရာ တို့သည် ဧဝံဂေလိသတင်းကောင်းကို ပိုမိုပြန့်ပွားစေရန် အထောက်အကူ ပြုကြောင်း ငါသည် သင်တို့ကိုသိစေလို၏။-
12 Mas quero que saibais, irmãos, que as coisas que me aconteceram contribuíram para maior proveito do evangelho.
13 ငါသည် ခရစ်တော်အတွက် အကျဉ်းချခံနေရသည် ကို နန်းတော်တစ်ခုလုံးသာမက အခြားသောလူအားလုံး ကလည်း သိရှိကြလေပြီ။-
13 De maneira que as minhas prisões em Cristo se tornaram conhecidas em todo o palácio, e em todos os demais lugares.
14 ထို့အတူ ငါအကျဉ်းချခံနေရ သည့်အတွက်ကြောင့် များစွာသောညီအစ်ကိုတို့သည် သခင်ဘုရား၌ ပိုမို၍ယုံကြည်အားကိုး လာကြပြီးလျှင် ဘုရားသခင်၏နှုတ်တော်ထွက်စကားကို မကြောက်မရွံ့ ရဲဝံ့စွာ ဟောပြောကြလေ၏။
14 E muitos dos irmãos no Senhor, adquirindo confiança com as minhas prisões, estão muito mais corajosos para falar a palavra, sem temor.
15 အမှန်စင်စစ် အချို့သောသူတို့သည် မနာလိုစိတ်နှင့် ယှဉ်ပြိုင်လိုသောစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ ခြင်းဖြစ်၏။ အခြားသောသူတို့မူကား စိတ်ကောင်းနှလုံးကောင်းဖြင့် ဟောပြောကြလေ၏။-
15 Alguns, de fato, até pregam a Cristo por inveja e contenda, e outros também de boa vontade.
16 စိတ်ကောင်းနှလုံးကောင်းဖြင့်ဟောပြောသူတို့က ငါသည် ဧဝံဂေလိသတင်းကောင်းကို ကာကွယ်ရန် ဤနေရာ၌ ရောက်ရှိနေကြောင်းကို သိကြသောကြောင့် မေတ္တာတရားအလျောက် ဟောပြောကြခြင်းဖြစ်၏။-
16 Uns pregam a Cristo por contenda, não sinceramente, julgando acrescentar aflição às minhas prisões.
17 မနာလို စိတ်ဖြင့်ဟောပြောသောသူတို့သည်ကား ခရစ်တော် အကြောင်းကိုဟောပြောရာတွင် ရိုးသားသောစိတ်နှင့် ဟောပြောခြင်းမဟုတ်ဘဲ မိမိတို့၏အကျိုးကိုရည်မှန်း၍ အကျဉ်းခံနေရသောငါ့ကို ပို၍စိတ်ဆင်းရဲဒုက္ခရောက် စေရန် ဟောပြော ကြခြင်းဖြစ်၏။-
17 Mas outros, por amor, sabendo que fui posto para defesa do evangelho.
18 သို့ဖြစ်လျှင် ငါမည်သို့ ဆိုရမည်နည်း။ မှားယွင်းသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ စစ်မှန်သောရည်ရွယ်ချက်ဖြင့်ဖြစ်စေ နည်းလမ်းနှစ်ခုစလုံးသည် ခရစ်တော်ကို ဟောပြောကြခြင်းဖြစ်သော ကြောင့် ငါသည် ယင်းအတွက်ဝမ်းမြောက်ပါ၏။
18 Mas que importa? Não obstante, de todo modo, seja na pretensão, seja na verdade, Cristo seja pregado, e nisto me regozijo, sim, e me regozijarei.
19 မှန်ပေ၏၊ ငါသည် ဝမ်းမြောက်ရဦးမည်။ အကြောင်းမူကား သင်တို့၏ဆုတောင်းပတ္ထနာများအားဖြင့်လည်းကောင်း၊ ယေဇူးခရစ်တော်၏ဝိညာဉ်တော်အကူအညီ အားဖြင့်လည်းကောင်း ဤအခြင်းအရာသည် ငါ၏လွတ် မြောက်ရာအကြောင်း ဖြစ်မည်ကို ငါသိ၏။-
19 Porque sei que disto me resultará salvação, pela vossa oração e pelo socorro do Espírito de Jesus Cristo.
20 ငါသည် မည် သည့်အရာ၌မဆို အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်ဘဲ ငါအမြဲမပြတ်ပြုလုပ်ခဲ့သည့်အတိုင်း ယခုအခါ၌လည်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ခန္ဓာကိုယ်၌ ခရစ်တော်၏ဘုန်းဂုဏ် တော်ထင်ရှား လိမ့်မည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်တောင့်တပါ၏။-
20 Segundo a minha intensa expectação e esperança, de que em nada serei envergonhado; antes, com toda a ousadia, Cristo será, tanto agora como sempre, engrandecido no meu corpo, seja pela vida, ou pela morte.
21 အကြောင်းမူကား ငါအသက်ရှင် ခြင်းသည် ခရစ်တော်အတွက်သာဖြစ်၍ သေခြင်းသည် ကောင်းသောအကျိုးကို ရရှိရန်အတွက်ဖြစ်သည်ဟု ငါခံယူထားသောကြောင့်ဖြစ်၏။-
21 Porque para mim o viver é Cristo, e o morrer é lucro.
22 အကယ်၍ ငါသည် ကိုယ် ခန္ဓာ၌ အသက်ရှင်ရပါလျှင် အကျိုးရှိသောအမှုကို ဆောင် ရွက်ရန်အခွင့်အရေးရရှိခြင်းဖြစ်သည်ဟု ခံယူထား၏။ သို့သော် ငါသည် မည်သည့်အရာအား ရွေးချယ်ရမည်ကို မသိပေ။-
22 Mas, se vivo na carne, isto é o fruto do meu trabalho; não sei, então, o que devo escolher.
23 ငါသည် ဤနှစ်ခုအကြားတွင် စိတ်နှစ်ခွဖြစ် လျက်ရှိ၏။ ငါ၏အလိုဆန္ဒသည်ကား ဤနေရာမှစွန့်ခွာ၍ ခရစ်တော်နှင့်အတ ူရှိရန်ဖြစ်၏။ အကြောင်းမူကား ထိုအရာသည် များစွာသာလွန်ကောင်းမွန်၏။-
23 Mas de ambos os lados estou em aperto, tendo desejo de partir e estar com Cristo, o que é muito melhor.
24 သို့ရာတွင် သင်တို့အတွက် ဤကိုယ်ခန္ဓာ၌ ငါအသက်ရှင်ရန် ပိုမို လိုအပ်၏။-
24 Todavia, permanecer na carne é mais necessário a vós.
25 ဤသို့ယုံကြည်သောကြောင့် သင်တို့သည် ယုံကြည်ခြင်း၌ တိုးတက်၍ ဝမ်းမြောက်ကြစေရန် ငါသည် သင်တို့အားလုံးနှင့် အတူ ဆက်လက်ရှိနေမည်။-
25 E, tendo esta confiança, sei que permanecerei e continuarei com todos vós para proveito vosso e alegria da fé,
26 သို့ဖြစ်၍ သင်တို့ထံသို့ နောက်တစ်ဖန်ငါရောက်လာခြင်းကြောင့် သင်တို့သည် ငါ့အားဖြင့် ခရစ်တော်ယေဇူး၌ ပို၍ဂုဏ်ယူ ဝမ်းမြောက်ကြပေလိမ့်မည်။
26 para que o vosso regozijo seja mais abundante por mim em Cristo Jesus, pela minha nova ida a vós.
27 သင်တို့သည် ခရစ်တော်၏ဧဝံဂေလိတရားတော် နှင့်ထိုက်တန်သောဘ၀အသက်တာ၌သာ အသက်ရှင် နေထိုင်ကြလော့။ ဤသို့ဖြင့် သင်တို့ကိုတွေ့ရန် ငါလာ သည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် ဧဝံဂေလိ တရားတော်၌ ယုံကြည်ခြင်းအတွက် စိတ်နှလုံးတစ်လုံး တစ်၀တည်းဖြင့် ခိုင်မာစွာရပ်တည်ကြလျက် အတူတကွ ယှဉ်တွဲ၍ ကြိုးစားအားထုတ်နေကြသည်ကို ငါကြားသိရ ပေလိမ့်မည်။-
27 Que a vossa conversa seja digna, conforme o evangelho de Cristo, para que, quer vá e vos veja, quer esteja ausente, ouça acerca de vós que estais num mesmo espírito, com uma só mente, combatendo juntamente pela fé do evangelho.
28 သင်တို့အား ဆန့်ကျင်သောသူတို့ပြုလုပ် သမျှကိုလည်း သင်တို့ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်မဟုတ်။ ဤသည်ကား သူတို့အတွက် ပျက်စီးခြင်းနိမိတ် ဖြစ်သည်ကိုလည်းကောင်း၊ သင်တို့အတွက် ကယ်တင် ခြင်းနိမိတ်ဖြစ်သည်ကိုလည်းကောင်း၊ ယင်းသည် ဘုရားသခင်ထံတော်မှ ကျရောက်လာခြင်းဖြစ်သည်ကိုလည်းကောင်း သူတို့ကောင်းစွာသိရှိကြလိမ့်မည်။-
28 E em nada vos aterrorizeis pelos vossos adversários, o que para eles, na verdade, é indício de perdição, mas, para vós, de salvação, e isto de Deus.
29 အကြောင်းမူကား သင်တို့သည် ခရစ်တော်အတွက် အခွင့်ထူးကိုရရှိ ကြလေပြီ။ ယင်းသည်ကား သင်တို့သည် ခရစ်တော်၌ ယုံကြည်သည်သာမက ကိုယ်တော့်အတွက် ဒုက္ခဆင်း ရဲကိုလည်း ခံထမ်းကြရမည့်အကြောင်းတည်း။-
29 Porque a vós vos foi concedido, em relação a Cristo, não somente crer nele, mas também sofrer por ele.
30 ငါသည် ကိုယ်တော့်အတွက် တိုက်ခိုက်နေသည်ကို သင်တို့မြင်ခဲ့ရပြီး ယခုငါဆက်လက်တိုက်ခိုက်လျက်ရှိသည်ကို သင်တို့ကြားကြရ၏။ သင်တို့သည်လည်း ထိုတိုက်ပွဲကို ပင် တိုက်ခိုက်ကြရလေပြီ။
30 Tendo o mesmo conflito que já tendes visto em mim e, agora, ouvis estar em mim.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Filipenses 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.