Efésios 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘများကို နာခံကြလော့။ အကြောင်းမူကား ဤကဲ့သို့ ပြုမူခြင်းသည် မှန်ကန် သင့်မြတ်သောကြောင့်ဖြစ်၏။-
1 Vós, filhos, sede obedientes a vossos pais no Senhor, porque isto é justo.
2 သင်၏မိဘတို့အား ရိုသေခြင်းကိုပြုလော့။ ဤသည်ကား ကတိတော်နှင့်ယှဉ်သောပထမပညတ်တော်ဖြစ်၏။-
2 Honra a teu pai e a tua mãe {que é o primeiro mandamento com promessa},
3 ကတိတော်သည်ကား သင်သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းစားလျက် အသက်ရှည်လိမ့်မည်ဟူ၍ဖြစ်၏။-
3 para que te vá bem, e sejas de longa vida sobre a terra.
4 ဖခင်တို့၊ သင်တို့၏သားသမီးများကို အမျက်မထွက်စေ ကြနှင့်။ သို့သော် သူတို့ကို သခင်ဘုရား၏ဆုံးမသွန်သင် ချက်အတိုင်း ပြုစုပျိုးထောင်ကြလော့။
4 E vós, pais, não provoqueis à ira vossos filhos, mas criai-os na disciplina e admoestação do Senhor.
5 ကျွန်များတို့၊ သင်တို့သည် ခရစ်တော်ကိုနာခံသကဲ့ သို့ သင်တို့၏လောကီသခင်များကို ကြောက်ရွံ့ရိုသေ လျက် စိတ်နှလုံး ဖြောင့်မှန်စွာဖြင့် နာခံကြလော့။-
5 Vós, servos, obedecei a vossos senhores segundo a carne, com temor e tremor, na sinceridade de vosso coração, como a Cristo,
6 သင်တို့သည် လူသားတို့ကျေနပ်နှစ်သက်စေရုံသဘောမျိုးဖြင့် သူတို့၏မျက်စိရှေ့တွင်သာ နာခံခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့လိုက် နာဆောင်ရွက်ကြသော ခရစ်တော်၏အစေခံများကဲ့သို့ နာခံကြလော့။-
6 não servindo somente à vista, como para agradar aos homens, mas como servos de Cristo, fazendo de coração a vontade de Deus,
7 သင်တို့သည် လူတို့အတွက်မဟုတ်ဘဲ ဘုရားသခင်အတွက် စိတ်ကောင်းနှလုံးကောင်းဖြင့် အမှုတော်ကိုထမ်းရွက်သကဲ့သို့ အစေခံကြလော့။-
7 servindo de boa vontade como ao Senhor, e não como aos homens.
8 ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ မိမိပြုသောကောင်းမှုအတွက် သခင်ဘုရားထံတော်မှ ညီမျှသောဆုလာဘ်တော်ကို ရရှိ မည့်အကြောင်း သိထားကြလော့။-
8 Sabendo que cada um, seja escravo, seja livre, receberá do Senhor todo bem que fizer.
9 သခင်တို့၊ သင်တို့ ၏ကျွန်များကို အထက်ပါအတိုင်းဆက်ဆံကြလော့။ ခြိမ်းခြောက်ခြင်းမပြု ကြနှင့်။ ထိုသူတို့နှင့် သင်တို့၏ သခင် သည် ကောင်းကင်ဘုံ၌ရှိတော်မူ၍ ထိုသခင်သည် မျက် နှာလိုက်ခြင်းမရှိကြောင်းကို သတိပြုကြလော့။
9 E vós, senhores, fazei o mesmo para com eles, deixando as ameaças, sabendo que o Senhor tanto deles como vosso está no céu, e que para com ele não há acepção de pessoas.
10 နောက်ဆုံးအနေနှင့်ကား သခင်ဘုရား၌လည်း ကောင်း၊ ကိုယ်တော်၏တန်ခိုးတော်အရှိန်အဝါ၌လည်းကောင်း တည်ကြည်ခိုင်မာခြင်းရှိကြလော့။-
10 Finalmente, fortalecei-vos no Senhor e na força do seu poder.
11 သင်တို့သည် နတ်ဆိုး၏ပရိယာယ်များကို ခုခံတွန်းလှန်နိုင်ရန် ဘုရားသခင်၏ချပ်ဝတ်တန်ဆာတစ်ခုလုံးကို ဆင်မြန်း ကြလော့။-
11 Revesti-vos de toda a armadura de Deus, para poderdes permanecer firmes contra as ciladas do Diabo;
12 အကြောင်းမူကား ငါတို့သည် လူသားရန်သူများကို ရင်ဆိုင်တိုက်ခိုက်နေကြခြင်းမဟုတ်ဘဲ အမှောင်ကမ္ဘာထဲမှ အာဏာပိုင်များ၊ တန်ခိုးဩဇာရှိသူများ၊ အုပ်စိုးသူများ၊ ကောင်းကင်အရပ်မှ ဆိုးယုတ်ခြင်း၏ဝိညာဉ်များ ကို တွန်းလှန်တိုက်ခိုက် နေကြခြင်းဖြစ်၏။-
12 pois não é contra carne e sangue que temos que lutar, mas sim contra os principados, contra as potestades, conta os príncipes do mundo destas trevas, contra as hostes espirituais da iniqüidade nas regiões celestes.
13 ထို့ကြောင့် ဘုရားသခင်၏ချပ်ဝတ်တန်ဆာတစ်ခုလုံးကို ဆင်မြန်း ကြလော့။ ဤသို့ဖြင့် သင်တို့သည် မကောင်းမှု၏နေ့ရက် ၌ ကြံ့ကြံ့ခံနိုင်ကြ၍ အရာအားလုံးပြီးစီးသွားသည်အထိ ရပ်တည်နိုင်ကြပေလိမ့်မည်။
13 Portanto tomai toda a armadura de Deus, para que possais resistir no dia mau e, havendo feito tudo, permanecer firmes.
14 ထို့ကြောင့် သမ္မာတရားတည်းဟူသော သင်၏ခါး ပန်းကြိုးကိုစည်း၍ ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ် တန်ဆာကို ဝတ်ဆင်ကာ၊-
14 Estai, pois, firmes, tendo cingidos os vossos lombos com a verdade, e vestida a couraça da justiça,
15 ငြိမ်းချမ်းသာယာခြင်း၏ သတင်းကောင်းကိုကြေညာရန် စိတ်အားထက်သန်ခြင်း တည်းဟူသောဖိနပ်ကိုစီးလျက် ရပ်နေကြလော့။-
15 e calçando os pés com a preparação do evangelho da paz,
16 ဤအရာတို့အပြင် ယုံကြည်ခြင်း၏ဒိုင်းလွှားကိုလည်း ကိုင်ဆောင်ကြလော့။ ထိုဒိုင်းလွှားဖြင့် နတ်ဆိုး၏မီးမြားလက် နက်ရှိသမျှတို့ကို သင်တို့ငြှိမ်းသတ်နိုင်ကြလိမ့်မည်။-
16 tomando, sobretudo, o escudo da fé, com o qual podereis apagar todos os dardos inflamados do Maligno.
17 ထို့နောက် ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို ဆောင်း၍ ဝိညာဉ်တော်၏ဓားလက်နက်တည်းဟူသော ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုလည်း ကိုင်ဆောင်ကြလော့။-
17 Tomai também o capacete da salvação, e a espada do Espírito, que é a palavra de Deus;
18 အမျိုးမျိုးသောဆုတောင်းပတ္ထနာများနှင့်အသနားခံတောင်းလျှောက်ခြင်းတို့ဖြင့် ဝိညာဉ်တော်၌ အစဉ်မပြတဆုတောင်း ကြလော့။ သူတော်သူမြတ် အပေါင်းတို့အတွက် အသနားခံဆုတောင်းကြလျက် မဆုတ်မနစ်ကြိုးစား၍ နိုးနိုးကြားကြားရှိ ကြလော့။-
18 com toda a oração e súplica orando em todo tempo no Espírito e, para o mesmo fim, vigiando com toda a perseverança e súplica, por todos os santos,
19 ငါသည်လည်း ဧဝံဂေလိသတင်းကောင်း၏နက်နဲရာကို ဟောပြောရာ၌ နှုတ်ကိုရဲဝံ့စွာဖွင့်၍ သွန်သင်နိုင်သော အခွင့်ကို ရပါမည့်အကြောင်း ငါ့အတွက်လည်း ဆုတောင်း ပေးကြလော့။-
19 e por mim, para que me seja dada a palavra, no abrir da minha boca, para, com intrepidez, fazer conhecido o mistério do evangelho,
20 သို့မှသာ ငါသည် ဟောပြောရန် ဝတ္တရားရှိသည့်အတိုင်း ဧဝံဂေလိသတင်းကောင်းကို ရဲဝံ့စွာဟောပြောနိုင်မည်ဖြစ်၏။ ငါသည် ဤသတင်းကောင်းအတွက် ချုပ်နှောင်ခံနေရသောသံတမန်တစ်ဦးဖြစ်၏။
20 pelo qual sou embaixador em cadeias, para que nele eu tenha coragem para falar como devo falar.
21 ငါ၌ဖြစ်ပျက်နေသောအကြောင်းအရာနှင့် ငါပြုမူသမျှတို့ကို သင်တို့သိရှိနိုင်ရန် ငါတို့ချစ်သောညီဖြစ်သူ သခင်ဘုရား၏ သစ္စာရှိသော အမှုတော်ဆောင် တိခိကုသည် အလုံးစုံကို သင်တို့အား ပြောပြလိမ့်မည်။-
21 Ora, para que vós também possais saber como estou e o que estou fazendo, Tíquico, irmão amado e fiel ministro no Senhor, vos informará de tudo;
22 ငါတို့၌ ဖြစ်ပျက်နေသောအကြောင်းအရာများကို သင်တို့သိစေ ရန်နှင့် သင်တို့၏ စိတ်နှလုံးကို အားပေးနှစ်သိမ့်ရန် ရည် ရွယ်၍ ငါသည် သူ့ကို သင်တို့ထံသို့ စေလွှတ်လိုက်၏။
22 o qual vos envio para este mesmo fim, para que saibais do nosso estado, e ele vos conforte o coração.
23 အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်သည် ငြိမ်းချမ်းသာယာခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်း တို့ကို ညီအစ်ကိုအပေါင်းတို့အား ပေးသနားတော်မူပါစေ။-
23 Paz seja com os irmãos, e amor com fé, da parte de Deus Pai e do Senhor Jesus Cristo.
24 ထာ၀ရတည်သောချစ်ခြင်းမေတ္တာဖြင့် ငါတို့၏ သခင်ယေဇူးခရစ်တော်ကို ချစ်မြတ်နိုးသောသူအပေါင်းတို့၌ ဘုရားသခင်၏ ကျေးဇူးတော်သက်ရောက်ပါစေ သော်။
24 A graça seja com todos os que amam a nosso Senhor Jesus Cristo com amor incorruptível.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Efésios 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.